ကျွန်တော့်ရဲ့မွေးရပ်ဇာတိမြို့ က တောင်တွင်းကြီးမြို့ကပါ။ ဘာ ဖြစ်လို့လဲဆိုတော့ (၂)နှစ်သား လောက်တည်းကစပြီး တောင်တွင်း ကြီးမြို့ကနေပြောင်းသွားခဲ့ တာဆို တော့ သိပ်မမှတ်မိတော့ဘူး။
ဒါပေမဲ့ ကြီးလာတဲ့အခါမှာ သီချင်းဆိုဖို့ အတွက် မွေးရပ်မြေကို ပြန်ရောက် ခဲ့ပါတယ်။ အဲဒီချိန်မှာ ကိုစိုးသူက စီးရီးခွေတော်တော်များများနဲ့ ရုပ် ရှင်သရုပ်ဆောင်သက်တမ်းလည်း တော်တော်ရနေတဲ့အချိန်အခါဖြစ်နေပြီပေါ့။ အဲဒီချိန်မှာ ကျွန်တော့် ရဲ့မွေးရပ်ဇာတိမြေဖြစ်တဲ့ တောင်
တွင်းကြီးမြို့မှာ စတိတ်ရှိုး ပြန်ဆိုဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံး
ကိုစိုးသူရဲ့မွေးရပ်မြေကို ကြီးပြင်းမှ ရောက်ဖြစ်ခဲ့တဲ့အချိန်ပေါ့။ တောင် တွင်းကြီးမြို့က အင်မတန်ချစ်စရာ ကောင်းတဲ့မြို့လေးတစ်မြို့ပါ။
ကျွန် တော့်ဖေဖေနဲ့မေမေက အစိုးရ၀န် ထမ်းတွေဆိုတော့ နယ်တွေပြောင်းရ တာများပါတယ်။ တောင်တွင်းကြီး မြို့မှာ ကျွန်တော့်ကိုမွေးပြီး (၂) နှစ်သားလောက်အထိပဲနေခဲ့ပါ တယ်။ တောင်တွင်းကြီးသားဖြစ်ရ တာကို အင်မတန်ဂုဏ်ယူပါတယ်။ ပညာရှိအကျော်အမော်တွေဖြစ်တဲ့  ရှင်မဟာရဋ္ဌသာရတို့လို အလွန်ထူး ခြားတဲ့ပုဂ္ဂိုလ်ကျော်တွေထွက်တဲ့မြို့ မှာမွေးရတဲ့အတွက် အဲဒီမြို့သား အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူ မိပါတယ်။
ကိုယ့်ရဲ့မွေးရပ်ဇာတိ မြေကို ကျေးဇူးတုံ့ပြန်တာမျိုးရယ် တော့မဟုတ်ဘဲနဲ့
ကောင်းကျိုးချမ်း သာဆိုတာမျိုး၊ ဘုရားစကားကို နားထောင်တာ မျိုးဟာ
မြန်မာ ပြည်မှာပဲနေနေ၊ နိုင်ငံခြားမှာပဲ နေနေ၊ နယ်မှာပဲနေနေ၊ ရွာမှာပဲ နေနေ၊ တစ်ယောက်တည်းပဲလုပ်ပါ စေ၊ အဖွဲ့အစည်းတစ်ခုတည်းပဲလုပ် ပါစေ ကောင်းကျိုးချမ်းသာဆိုတာ မျိုးကိုဦးတည်ပြီး အလှူအတန်းပဲ လုပ်လုပ်၊ သီလပဲထိန်းသိမ်း၊ ဘာဝ နာလေးပဲပွားပွား၊ ကောင်းကျိုးအ လုပ်ဆိုတာက အင်မတန်ကောင်းတဲ့ အလုပ်ဖြစ်တဲ့အတွက် မွေးရပ်ဇာတိ မြို့မှာလုပ်မှမဟုတ်ပါဘူး။
တ ကယ်လို့ ဖြစ်နိုင်ရင်တော့လည်း မွေး ရပ်မြေမှာလုပ်နိုင်ရင် ပိုကောင်းတာ ပေါ့။ ကိုစိုးသူကလည်း တောင်တွင်း ကြီးမြို့မှာ မိဘတွေရဲ့လမ်းညွှန်ပြ သမှုကြောင့် ဘုရားတွေမှာ အလှူ ခံပုံးတွေလှူခဲ့တာမျိုးတွေ၊
တောင် တွင်းကြီးမြို့မှာ သီချင်းသွားဆိုတဲ့အ ခါမှာ မွေးရပ်မြေအတွက် အလှူအ
တန်းလုပ်ဖြစ်တာမျိုးတွေ၊ ဘုရား တွေသွားဖူးတာမျိုး၊ သန့်ရှင်းရေး
လုပ်ဖြစ်တာမျိုးတွေလုပ်ဖြစ် ခဲ့ပါ တယ်။ ကျွန်တော့်ရဲ့မွေးရပ်မြေ တောင်တွင်းကြီးမြို့ကိုမရော က်ဖြစ် တာတောင် ကြာခဲ့ပါပြီ။ မွေးရပ်မြေ ကိုလည်းကျေးဇူးတင်တယ်။
အမိ မြန်မာပြည်ကိုလည်း ကျေးဇူးတင်သလို ထေရ၀ါဒဗုဒ္ဓဘာသာ ၀င် တစ် ယောက်ဖြစ်ခွင့်ရတာကိုလည်း ကျေး ဇူးတင်တယ်။
မိဘပြည်သူပရိသတ် တွေကို လေးစားချစ်ခင်စွာဖြင့် ကျေးဇူးတင်လျက်ပါလို့ နှုတ်ဆက်ပါ ရစေ။
ကလောင် - ထွန်းမြင့်ဇော်
8 DAYS A WEEK ENTERTAINMENT
ဒါပေမဲ့ ကြီးလာတဲ့အခါမှာ သီချင်းဆိုဖို့ အတွက် မွေးရပ်မြေကို ပြန်ရောက် ခဲ့ပါတယ်။ အဲဒီချိန်မှာ ကိုစိုးသူက စီးရီးခွေတော်တော်များများန
ကျွန် တော့်ဖေဖေနဲ့မေမေက အစိုးရ၀န် ထမ်းတွေဆိုတော့ နယ်တွေပြောင်းရ တာများပါတယ်။ တောင်တွင်းကြီး မြို့မှာ ကျွန်တော့်ကိုမွေးပြီး (၂) နှစ်သားလောက်အထိပဲနေခဲ့ပါ တယ်။ တောင်တွင်းကြီးသားဖြစ်ရ တာကို အင်မတန်ဂုဏ်ယူပါတယ်။ ပညာရှိအကျော်အမော်တွေဖြစ်တဲ