အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 November, 2013

အမျိုးသမီးရော့ခ်သံစဉ်ပြင်းပြင်းတွေကိုခံစားရမယ့် စမိုင်းလ် ရဲ့ New Me စီးရီး

၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ကာလတွေမှာမော်ဒယ်လ် သရုပ်ဆောင်အဖြစ် ပရိသတ် အသိအမှတ်ပြုလက်ခံအား ပေး မှုကိုရရှိခဲ့တဲ့စမိုင်းလ်ကအနုပ ညာလောကနဲ့နှစ် အေ တ်ာကြာ ဝေးကွာခဲ့ပြီးနောက်မှာတော့ ၂ဝ၁၁ဝန်းကျင်မှာ မြန်မာ ပြည်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး  New Me ဆိုတဲ့ ရော့ခ်တေးအယ်လ်ဘမ် တစ်ချပ်ကို နိုဝင်ဘာ လ၃ ရက်နေ့မှာ ဖြန့် ချိတော့မှာဖြစ်ပါတယ်။ ဟန်ထူးလွင်၊ဗီနိုထွန်းတို့ပါဝင်တဲ့  Boxer Music Band နဲ့ တီးခတ်ထားတဲ့ စမိုင်းလ်ရဲ့ အခွေမှာတော့ ရွှေဂျော်ဂျော်၊ ဇဝါ၊ ကျားပေါက်၊ ဗီနိုထွန်း၊ ရေမွန် (Idiots) နဲ့ ဖော်ကာ (Wanted) တို့က

ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြိုက်ရင် ရိုက်ပါတယ် စိုင်းစိုင်းခမ်းလှိုင်

တစ်ခါတလေ အောင်မြင်ပြီး တစ်ခါတလေလည်း မအောင်မြင် ဘူး။ ကျွန်တော်က ရုပ်ရှင်ကိုဝါသနာ ပါတဲ့အပြင် ဂီတကိုလည်းလုပ်ချင် တယ်။ မစွန့်လွှတ်နိုင်တဲ့အတွက် အ ချိန်ရှိသရွေ့ ဂီတနဲ့ ရုပ်ရှင်အတွက် ကြိုးစားနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်း လှိုင်က ]ကျွန်တော် လတ်တလော မှာ ဒါရိုက်တာ ဦးမီးပွားရိုက်နေတဲ့ ]ကောင်းကင်ဘုံသို့ရေးသောစာ} ဗီ ဒီယိုဇာတ်ကားကို ပိုင်ဖြိုးသု၊ ဆန်း သစ်လတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ထားတယ်။ ဒီကားထဲမှာ ကျွန်တော့် ဃ့မေခေအနမ က ဇာတ်လမ်းအစမှာ ကတည်းက

"အနုပညာရှင် တစ် ယောက် အနေ နဲ့ စီးပွားရေးမှာ အထောက် အကူဖြစ်တယ် ဆိုတဲ့ လွင်မိုး"

အောက်တိုဘာ ၂၄ မှ ၂၆ ရက် နေ့အထိ တပ်မတော်ခန်းမမှာ ကျင်းပပြု လုပ်တဲ့ Myanmar Water Expo 2013 ပြပွဲမှာ သရုပ် ဆောင် လွင်မိုး ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့Wa Minn Group of Companies ရဲ့ Kubota Johkasoa Waste Water Treatment Plant ကိုပါ ပြသခဲ့ပါတယ်။

ဒီပြပွဲနဲ့ ပတ်သက်ပြီး လွင်မိုးက “ဒီနေ့ပြပွဲမှာ ရေဆိုး သန့်စင်စက်၊ မိသားစု တစ်ခုစာပဲဖြစ်ဖြစ် Shopping

ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု

ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် ဥပဒေကြမ်း တခုကို အောက်လွှတ်တော်က ဒီကနေ့ သောကြာနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ကိုယ်စားလှယ် ၅၀၀ ပါဝင်တဲ့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို ၁၉ နာရီကြာ အချေအတင် ဆွေးနွေးပြီး အတည်ပြုခဲ့ပေမဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ ကတော့ မဲခွဲဆုံးဖြတ်မယ့်

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်

ပတ္တရား ၊ အောက်တိုဘာ ၃၁။ ။ နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်းသူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

၂၀၀၄ခုနှစ်ကစခဲ့သော ယင်းကဲ့သို့ပြိုင် ပွဲမှာ ကိုးကြိမ် မြောက်ဖြစ်ကြောင်း စီစဉ်သူများ က ပြောကြားခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦး ပထမဆုံးအကြိမ် အဖြစ်

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား ခါးလောက်သာမြင့်သော အမျိုးသမီးနှင့်လက်ထပ်

အရပ်ရှစ်ပေကျော်ရှည် သော ကမ္ဘာ့အရပ်အရှည်ဆုံးလူ သား တူရကီနိုင်ငံသားဆူလ်တန် ကိုဆန်သည် ၎င်း၏ခါးခန့်သာရှိ သော မာဗီဒီဘိုနှင့်လက်ထပ်ခဲ့ ကြောင်း သိရသည်။ မာဗီဒီဘိုသည်လည်း အရပ် ငါးပေရှစ်လက်မရှိသဖြင့် အရပ် ပုသော အမျိုးသမီးတစ်ဦးမဟုတ် သော်လည်း အရပ်ရှစ်ပေ သုံး လက်မရှိသော ဆူလ်တန်၏ကြီး မားသောခန္ဓာကိုယ်နှင့် ယှဉ်လျှင် အလွန်သေးငယ်နေခဲ့သည်။

ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ

Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့ ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ တယ်။

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်နေတယ်လို့ ပြောပြတဲ့ ခင်ဝင့်ဝါ ရဲ့ ဇာတ်ကား

အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို

ဤဟင်းချိုသည် ဆေးလိပ်သောက်သူများ၊ အာပုပ်နံ့နံသူများ၊ ခန္ဓာကိုယ်အပူများနေသူများ၊ ချောင်းဆိုးနေသူများအတွက် ထိရောက်စွာ အကျိုးပြုနိုင်သည်။
လိုအပ်သောပစ္စည်းများ
ကန်စွန်းရွက် (၁) Kg အရိုးကိုပါ အသုံးပြုပါ။
ပျားရည်         (၄၀၀) ဂရမ်

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့

Photo: တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့
Saturday, October 2, 2013

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ပိုမိုများပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂၈ ဒသမ ၆၂၁ သန်းရှိပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၃၀၈ သန်း ရှိသဖြင့် တစ်ပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၉၂၉ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော် ရှိကြောင်း သိရသည်။ ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန် ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်းရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်းရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ငါးလသာ လိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ လျာထားချက်၏ ၅၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် အောက်တိုဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော် ရှိနေပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group 

ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ပိုမိုများပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ

အရှိန်လွန် ၁၈၈ ရွှေအင်းဝခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ ကားခုနစ်စီး ဆင့်တိုက် တစ်ဦးဒဏ်ရာရ

Photo: အရှိန်လွန် ၁၈၈ ရွှေအင်းဝခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ ကားခုနစ်စီး ဆင့်တိုက် တစ်ဦးဒဏ်ရာရ
Saturday, October 2, 2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ အင်းစိန်လမ်းမကြီးအတိုင်း အင်းစိန်ဘက်သို့သွားစဉ် ခ၀ဲခြံမှတ်တိုင်အနီး အရှိန်လွန်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၁၈၈ ရွှေအင်းဝ ယာဉ်လိုင်းစိမ်း/၀ါယာဉ်သည် ဘရိတ်ပေါက်ကာ အငှားယာဉ်ခြောက်စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးအား ဆင့်ကဲ့တိုက်မိခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀တွင် အင်းစိန်းလမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း အောင်လွင်ဟိန်းမောင်းနှင်လာသည့် ရွှေအင်းဝယာဉ်လိုင်း အမှတ် ၁၈၈သည် လမ်းဘေးတွင် ရပ်ထားသည့် အငှားယာဉ်အား တိုက်မိပြီး ဘရိတ်ပေါက်ကာ ဈေးလမ်းထိပ်တွင် BB ဆလွန်းအဖြူရောင် အငှားယာဉ်ကို နောက်မှဝင်ရောက်တိုက်မိပြီး မြဂန္နမာ ဈေးအရောက်တွင်AA ကရီးနားနက်၊ ခဲရောင်အငှားယာဉ်၊ BB ဗင်အဖြူေ၇ာင်အငှားယာဉ်၊ ၂ခ ကင်တာဘောက် အဖြူရောင် ကိုယ်ပိုင်ယာဉ်နှင့် ၆က စလွန်း မီးခိုးရောင်အငှားယာဉ်တို့အား ဆင့်ကဲ့တိုက်မိခဲ့ပြီး စတင်တိုက်မိခဲ့သည့် အငှားယာဉ်ပေါ်သို့ တက်ရန် ပြင်နေသည့် ရွှေပြည်သာမြို့နယ်နေ ကိုရွှေမြင့်(၂၅နှစ်)တစ်ဦးသာ ဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံကြီး၌ အတွင်း လူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ထားရကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် ရွှေအင်းဝယာဉ်မောင်းကို ယာဉ်ဆင်မခြင်မောင်းနှင်၍ ယာဉ်များပျက်စီးပြီး လူအားဒဏ်ရာရစေအမှုအဖြစ် တိုက်ခံရသည့် ယာဉ်ပိုင်ရှင်များက တိုင်ကြားပြီး ပြစ်မှုပုဒ်မ (ပ)၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/ ၃၃၈/၂၀၂ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါဖြစ်စဉ်အား တာဝန်ယူထားသည့် မရမ်းကုန်းရဲစခန်းမှ ယာဉ်ထိန်းရဲအုပ်ဝင်းဌေး ထံမှ သိရသည်။

“ကားက ၃စ ကို တိုက်တဲ့ အချိန်မှာ ဘရိတ်အုပ်ခါမှ ဘရိတ်ကျွံသွားပုံရတယ်၊ ဘရိတ်ပေါက်တဲ့အရှိန်နည်းရင် လမ်းဘေး ဆွဲကပ်လို့ရပေမယ့် အရှိန်များတော့ ရှောင်ရင်းနဲ့ ဆင့်ကဲတိုက်မှုတွေ ဖြစ်သွားတယ်၊ အဓိကက အရှိန်ပြင်းပြီး မဆင်မခြင် မောင်းနှင်လို့ဖြစ်တယ်” ဟု မရမ်းကုန်းရဲစခန်းမှ ယာဉ်ထိန်းရဲအုပ်ဝင်းဌေးက ပြောသည်။

အဆိုပါယာဉ်(၇)စီးဆင့်ကဲတိုက်မူကြောင့် အင်းစိန်းလမ်းမကြီး၌ (၂)နာရီခန့် ယာဉ်ကြောပိတ်ဆို့ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ကျပ် (၂၅)သိန်းကျော်ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ကျွန်တော်ကားက ရပ်ထားတာ၊ နောက်က ၀င်တိုက်ခံလိုက်ရတယ်၊ လောလောဆယ်တော့ ပိုက်ဆံကတော့ ကိုယ်အရင် ကုန်ရမှာပေါ့၊ တိုက်တဲ့ယာဉ်ရဲ့ပိုင်ရှင်ကတော့ အခုမှ သိတာ၊ ယာဉ်ထိန်းက အကြောင်းထူးရင်တော့ ဆက်သွယ်မယ်ပြောတယ်” ဟု အတိုက်ခံရသည့် ယာဉ်များမှယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ပြစ်မှုစစ်ဆေးချက်များအရ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် အင်းဝယာဉ်လိုင်းမောင်း အောင်လွင်ဟိန်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်းပူးပေါင်းကာ ဖမ်းဆီးရရှိရန် ဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။

Myit Ma Kha Media Group.
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ အင်းစိန်လမ်းမကြီးအတိုင်း အင်းစိန်ဘက်သို့သွားစဉ် ခ၀ဲခြံမှတ်တိုင်အနီး အရှိန်လွန်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၁၈၈ ရွှေအင်းဝ ယာဉ်လိုင်းစိမ်း/၀ါယာဉ်သည် ဘရိတ်ပေါက်ကာ အငှားယာဉ်ခြောက်စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးအား ဆင့်ကဲ့တိုက်မိခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀တွင်

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ


Photo: တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ
Saturday, October 2, 2013

ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ မူလက ပြေးဆွဲနေသော ' ဇ ' ရိုးရိုးရထားမှ တွဲဆိုင်းများအစား မြစ်ငယ်ရထားတွဲ စက်ရုံမှ အဆင့်မြှင့်ထားသာ တွဲသေး ၆ တွဲကို တစ်ဆက်တည်း ဖြစ်အောင် ပြုပြင်ပြင်ဆင် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ရထားတွဲဆိုင်းတွေကို တစ်ဆက်တည်း ဖြစ်အောင် ပြုလုပ်ထားပြီး ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနေ့ရထားသစ် ပြေးဆွဲမှုကို မီးရထားဝန်ကြီး ကိုယ်တိုင် မနက်က လာရောက်ဖွင့်လှစ် ပေးသွားပါတယ်။ ခရီးသည် စီးနင်းမှုကတော့ အစနေ့ဆိုပေမဲ့ တွဲဆိုင်းအပြည့် လိုက်ပါစီးနင်း ကြတာကို တွေ့ရပါတယ်'' ဟု အဆိုပါ မြို့ပတ်အထူး ရထားမှ လက်မှတ်စစ်အုပ် ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

ယင်း ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်တွင် ထိုင်ခုံများကို ဖိုင်ဘာခုံတန်း ရှည်များဖြင့် အစားထိုးပြီး တွဲဆိုင်းသေး တစ်ခုတွင် ပန်ကာ ၆ လုံးထိ တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။

စီးနင်းခအဖြစ် ခရီးသည် တစ်ဦးလျှင် ၃၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံခြားသား ခရီးသည် တစ်ဦးကိုမူ (၁) ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ ''အခုလို မြို့ပတ်ရထားကို အဆင့်မြှင့်ပြီး ပန်ကာတွေ၊ လက်ကိုင်တွေ တပ်လိုက်တော့ စီးရတာ သက်သောင့်သက်သာ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ ဒီထက်ပိုလျှော့ချ ပေးနိုင်ရင် ခရီးသွားတွေ ရထားကိုပဲ အာရုံစိုက် စီးလာနိုင်တယ်။ ကားကျတော့ လမ်းကျပ်လို့ ဘယ်အချိန် ရောက်မယ်မှန်း မသိဘူး'' ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

Eleven Media Group 

စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)

ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ မူလက ပြေးဆွဲနေသော ' ဇ ' ရိုးရိုးရထားမှ တွဲဆိုင်းများအစား မြစ်ငယ်ရထားတွဲ စက်ရုံမှ အဆင့်မြှင့်ထားသာ တွဲသေး ၆ တွဲကို တစ်ဆက်တည်း ဖြစ်အောင် ပြုပြင်ပြင်ဆင် ပြေးဆွဲခြင်း ဖြစ်ကြောင်း

ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်

Photo: ယနေ့ လူငယ်များနှင့် အနာဂတ် မြန်မာနိုင်ငံတော်
Saturday, October 2, 2013

သမ္မတ ဦးသိန်းစိန်က ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ အတွက် ကြိုတင်ပြင်ဆင် ထားမှုများကို ကြည့်ရှုပြီးသည့်နောက် နိုင်ငံတော် အတွက် အထူး အရေးကြီးသည့် အချက်တချက်ကို မိန့်ခွန်း ပြောရာ၌ ထည့်သွင်း ပြောဆို လမ်းညွှန် သွားခဲ့သည်။

“၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးက မိမိတို့ လူငယ်များ အတွက် ကောင်းမွန်သည့် အနာဂတ် တခုကို ဖန်တီးနိုင်မည်” ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ၏ လမ်းညွှန် မိန့်ကြားချက်ကို မိမိ နားလည် သဘော ပေါက်သလို အဓိပ္ပာယ် ဖွင့်ဆိုရလျှင် မြန်မာနိုင်ငံ အတွင်းရှိ လူငယ်များ အားလုံး ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကတဆင့် ရရှိကြမည့် အားကစား စိတ်ဓာတ်များဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်ကြ လိမ့်မည်ဟု သဘောရသည်။

ယနေ့ လူငယ်များတွင် သူ့လူတန်းစားနှင့် သူ၊ သူ့အဆင့်အတန်းနှင့် သူ အားကစား စိတ်ဓာတ်များ တနေ့တခြား နည်းပါး လာကြသည် ကတော့ အမှန်ပင် ဖြစ်သည်။ ငွေကြေးချမ်းသာ ကြွယ်ဝသည့် လူတန်းစားမှ ပေါက်ဖွားလာသည့် သားသမီး တချို့က နိုက်ကလပ်၊ ဒေးကလပ်၊ ကေတီဗီ အစရှိသည် တို့တွင် မှန်မှန် ပျော်မွေ့နေကြသည်။ ရန်ကုန်မြို့တွင်း၌ သိန်း ထောင်ကျော်တန် ကားများဖြင့်ပင် ပြိုင်ပွဲလုပ် မောင်းနှင် နေကြသည်။ အုပ်စုဖွဲ့၍ ရမ်းကား နေကြသည်။ ကြေးရတတ် မိဘများ၏ သားသမီးများ အားလုံးတော့ မဟုတ်ပါ။ လိမ္မာ ယဉ်ကျေးသော၊ ပညာကို လိုလို လားလား သင်ကြားနေ ကြသော ကြေးရတတ် မိသားစုမှ ပေါက်ဖွားသည့် သားသမီးများလည်း ရှိပါသည်။ သို့သော် လူနည်းစု တစု၏ လုပ်ရပ်က နတ်သုဒ္ဓါထဲ မစင် တပဲသား ကျသလိုမျိုး ဖြစ်နေပါသည်။ ငါးခုံးမပုပ် တကောင် နှစ်ကောင်ကြောင့် တလှေလုံး ပုပ်နေရခြင်း ဖြစ်ပါသည်။

နောက်ထပ် လူတန်းစား တရပ်ကတော့ ၀န်ထမ်းများ၊ လက်လုပ်လက်စား မိဘများမှ ပေါက်ဖွားလာသည့် သားသမီးများ ပင်ဖြစ်သည်။ သူတို့ကျတော့ လက်လှုပ်မှ ပါးစပ်ဟနိုင်သည့် အခြေအနေ ဖြစ်နေကြ၍ အားကစားကွင်း၊ အားကစားရုံ များသည် သူတို့နှင့် လားလားမှ မအပ်စပ်သော နေရာများ ဖြစ်နေကြသည်။ အချိန်လေး ရ၍ ဘောလုံး ကစားကြရာမှာပင် ပလတ်စတစ် ဘောလုံးကို အကောင်းစား ပြု၍ ကစားနေ ကြရသည့် လူတန်းစားများ ဖြစ်ကြသည်။

မြန်မာနိုင်ငံမှ လူငယ်ထုကို အားကစား လိုက်စားမှုနှင့် လေ့လာကြည့်ရာ အောက်ပါအတိုင်း တွေ့ရသည် -

ပညာရေးကိုသာ ရှေ့တန်းတင်ပြီး ကျောင်းမှဆင်းလျှင် ကျူရှင်၊ ကျူရှင်ပြီးလျှင် တဦးချင်း အနီးကပ် ဆရာများဖြင့် ပညာရေးတွင်သာ တ၀ဲလည်လည် ဖြစ်နေကြသည့် ကျောင်းသား လူငယ်များ။

အပျော် အပါးများ နောက်သို့ ကောက်ကောက် ပါအောင် လိုက်ကာ အားကစားကို မေ့လျော့ထား နေကြသည့် နတ်နေကိုင်းမှ သားငယ်၊ သမီးများ။

အားကစားကို စိတ်ပါဝင်စား သော်လည်း သမုဒ္ဒရာ ၀မ်းတထွာကြောင့် အားကစားကို မြတ်နိုးပါလျက် မလိုက်စား နိုင်ကြသည့် လူငယ် ကျောင်းသားများ ဟူ၍ ဖြစ်သည်။

ယင်း လူတန်းစား သုံးရပ်မှ ဖောက်ထွက်ပြီး အားကစား နယ်ပယ်ထဲ ၀င်ရောက်လာသည့် အရေအတွက်မှာ လွန်စွာ နည်းပါးသည်။

လူငယ် လူရွယ်၊ ကျောင်းသူ ကျောင်းသားတိုင်း အားကစား လေ့လာ လိုက်စားရေး အတွက် “အားကစား” ဟူသည်ကို  ရှေးဦးစွာ သိနားလည်ကြဖို့ လိုသည်။ အားကစားကို ပညာရှင်များက ဤသို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။ ပထမ ဖွင့်ဆိုချက်က “အားကစား ဟူသည် ပျော်ရွှင်မှုနှင့် ဖြေဖျော်မှုကို ပေးနိုင်သော လှုပ်ရှားမှု” ဟူ၍ ဖြစ်သည်။

ဒုတိယ ဖွင့်ဆိုချက်ကမူ “အားကစား ဟူသည် နည်းစနစ် ကျနသော လေ့ကျင့် လှုပ်ရှားမှု ဖြစ်ပြီး ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေရုံ မက၊ စိတ်ပိုင်းဆိုင်ရာ ဇွဲသတ္တိ အတိုင်း ဆောင်ရွက်တတ် စိတ်၊ မြင့်မြတ်မှု၊ သဘောထား ပြည့်ဝမှု တို့ကို ဖြစ်စေခြင်း” ဟူ၍ ဖြစ်သည်။ ဒုတိယ ဖွင့်ဆိုချက်မှာ ပိုမိုလေးနက် ခိုင်မာသည်။ ယင်း ဒုတိယ ဖွင့်ဆို ချက်မှာ အားကစားကို အခြေခံ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများပါ အကျုံးဝင် နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ အားကစား ဆိုင်ရာ လှုပ်ရှားမှုများသည် ပထမ ဖွင့်ဆိုချက် ဖြစ်သည့် “ပျော်ရွှင်မှု နှင့် ဖျော်ဖြေမှု အဆင့်သာသာပင် ရှိသေးသည်။ ဒုတိယ ဖွင့်ဆိုချက် သဘောတရား နှင့် ကင်းကွာနေဆဲပင် ဖြစ်သည်။

လူငယ် လူရွယ်၊ ကျောင်းသူ၊ ကျောင်းသားများ အားကစားတွင် စိတ်ပါဝင်စား လာအောင် ကောင်းမွန်သော ပတ်ဝန်းကျင် နေရာကိုလည်း ဖန်တီးပေးဖို့ လိုသည်။ ဦးစွာ ပထမ လူငယ် လူရွယ် ကျောင်းသူ ကျောင်းသား များအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းများတွင် လည်းကောင်း၊ မူလတန်း ကျောင်းများမှ စကာ တက္ကသိုလ်န
သမ္မတ ဦးသိန်းစိန်က ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ အတွက် ကြိုတင်ပြင်ဆင် ထားမှုများကို ကြည့်ရှုပြီးသည့်နောက် နိုင်ငံတော် အတွက် အထူး အရေးကြီးသည့် အချက်တချက်ကို မိန့်ခွန်း ပြောရာ၌ ထည့်သွင်း ပြောဆို လမ်းညွှန် သွားခဲ့သည်။

“၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးက မိမိတို့ လူငယ်များ

အရမ်းလန်းတဲ့စာသားလေးတွေနဲ့ အရမ်းကောင်းတဲ့သီချင်းလေး....

သံမဏိသံချောင်း တေးသီချင်းကို ဒေါင်းယူနားဆင်နိုင်ပါပြီ။ အရက်သမားထုကြီး အရက်သောက်ရင်း နားဆင်လိုက်ကြပါစို့... အေ့ 
https://www.dropbox.com/s/yiff6rxgr1wtyvj/Nail.mp3?mသံမဏိသံချောင်း (စ/ဆုံး)..................................
စစ်မှန်တဲ့ အရက်...လိုက်ရှာဝယ်ပြီး သောက်ပါ သူအမြဲပြောပါတယ်...

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...