လွတ်မြောက်လာတဲ့
မိသားစုနှစ်စုကို ကယ်ဆယ်လာတဲ့အဖွဲ့တွေနဲ့ အတူ ကန်ချနဘူရီ စစ်ဆေးရေး
စခန်းရှေ့မှာ မတ်လ ၂၆ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – MAT)
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲက တောအုပ်ကြီးတခုအတွင်းမှာ မတ်လ ၂၃
ရက်နေ့က ရွှေ့ပြောင်း မြန်မာအလုပ်သမား မိသားစု နှစ်စု ထိုင်းအလုပ်ရှင်တဦး
ရဲ့ အကြင်နာမဲ့ သွားရောက် စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ စွန့်ပစ်ခံ
မိသားစု နှစ်စုဟာ မွန်နဲ့ ဗမာ မိသားစုတွေ ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၁
ယောက်ပါ။မွန်ဇနီးမောင်နှံက ကလေး ၄ ယောက်ပါပြီး ဗမာ ဇနီးမောင်နှံကတော့ ကလေး ၃
ယောက်ပါပါတယ်။ အဲဒီအထဲမှာ ၄ လသား လူမမယ်