အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

18 March, 2015

ပါရာစီတမောဆေးကြောင့် နှလုံးရောဂါဖြင့် သေဆုံးနိုင်ချေပိုများ

လူတိုင်း ပါရာစီတမော သောက်တတ်လို့ မျှဝေတာပါ...အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ ပါရာစီတမော (paracetamol) ကို မကြာခဏ သောက်သုံးနေခြင်းဟာ သာမန်လူတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ ၆၃ ရာခိုင်နှုန်းပိုများကြောင့် လေ့လာစမ်းသစ်ချက် အသစ်တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။
ပါရာစီတမော ဆေးဝါးကို ပုံမှန်သောက်သုံးနေရာတဲ့ လူတွေဟာ

ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့


အက်သလက်တီကို ၁ - ၀ လေဗာကူဆင်
ပင်နယ်တီအဆုံးအဖြတ် ၃-၂ ဖြင့် အက်သလက်တီကို
နောက်တစ်ဆင့်တက်
မိုနာကို ၀ - ၂ အာဆင်နယ်
အဝေးဂိုးကွာခြားချက်ဖြင့် မိုနာကို နောက်တစ်ဆင့်တက်

အရေပြားပေါ် အဖုအပိန့် အနီကွက်ထခြင်းမှ ကင်းဝေးစေမယ့် ဆလတ်ရွက်


ဆလတ်ရွက်မှာ ဗီတာမင် A၊ B1၊ B2၊ B3၊ B6၊ C နဲ့ E ပေါကြွယ်ဝပြီး ကယ်လ်ဆီယမ်၊ ကြေးနီ၊ မက်ဂ်န်ီစီယမ်နဲ့ သံဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဆလတ်ရွက်ကို မျက်နှာလိမ်း ထုတ်ကုန် ပစ္စည်းပြုလုပ်ခြင်းအတွက် တော်တော်လေး အကြံပြုခဲ့ကြတာပါ။
၁။ ဆလတ်ရွက်လိုးရှင်း
ဒီလိုးရှင်းက နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းခြင်းနဲ့ ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒါ့အပြင်

ဦးပဉ္ဇင်းဦးကျော်ဟိန်းရဲ့  စိတ် အကြောင်းဆွေးနွေးပွ္ဒဲ

"မြန်မာ့ရုပ်ရှင်လောကမှာ အလင်းလက်ဆုံး အနုပညာရှင် ဘဝနဲ့အကယ်ဒမီဆုများစွာကိုပိုင်ဆိုင်ခဲ့သူ၊တပ်မက် တွယ်တာစရာ ထင်ရှားသူဘဝနဲ့ မိသားစုကိုအပြီး တိုင် ခွဲခွာလို့ တောထွက်ရဟန်းအဖြစ်သင်္ကန်းဝတ်ခါသာသနာ့ ဘောင်သို့ဝင် ရောက်သွားခဲ့ပြီးအရှင်ကိတ္တိသာရဘွဲ့မည်ရ (လူ့ဘဝမှ ထင်ရှားခဲ့တဲ့နာမည်နဲ့ လူအများနှုတ်ကျိုးခေါ်ဝေါ်နေဆဲရှိသူ) ဦးပဉ္စင်းကျော်ဟိန်းရဲ့  သြစတြေး လျနိုင်ငံဆစ်ဒနီမြို့မှာပြုလုပ်ခဲ့ တဲ့တရားဆွေးနွေးပွဲရုပ်သံ ကလစ် တစ်ခုကိုအင်တာနက် youtube

မြန်မာယူ -၂၂ နှင့် ထိုင်းယူ -၂၂တို့ ယနေ့ခြေစမ်းမည်

မြန်မာယူ၂၂အသင်းသည်ထိုင်းနိုင်ငံတွင်မတ်၁၃ရက်ကတည်းက လေ့ကျင့်လျက်ရှိပြီး ခြေစမ်းပွဲနှစ်ပွဲကစားရန် စီစဉ်ထားသော်လည်း လာအို အသင်းနှင့်ပွဲမှာ ပျက်ပြယ်ခဲ့သောကြောင့် ထိုင်းနှင့်ပွဲသာ ကစားရခြင်းဖြစ်သည်။ မြန်မာယူ-၂၂ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်မတိုင်မီက ဂျပန် နိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ပြီး မတ် ၁၁ ရက်က ဂျပန်ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ

ဘာသာသာသနာညှိုးနွမ်းစေမှု၊ ဒေသန္တရအမိန့် ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲခံထားရသော VGastro.Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာတို့အား ပြင်းထန်သော အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်

'ဘာသာသာသနာညှိုးနွမ်းစေမှု၊ ဒေသန္တရအမိန့် ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲခံထားရသော VGastro.Bar ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် နယူးဇီလန်နိုင်ငံသား အထွေထွေမန်နေဂျာတို့အား ပြင်းထန်သော အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်
Wednesday, March 18, 2015

တစ်ပါးသူကိုးကွယ်သော ဘာသာ၊ သာသနာအား ညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅/ ၂၉၅(က)နှင့် ဒေသန္တရအမိန့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုခံထားရသော VGastro.bar ဆိုင်ရှင်အပါအဝင် သုံးဦးအား မတ် ၁၇ ရက် နံနက်ပိုင်းတွင် ဗဟန်းတရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။
 
အဆိုပါနေ့တွင် ဗဟန်းမြို့နယ်တရားသူကြီးက ပုဒ်မ ၂၉၅ (က)ဖြင့် VGastro.bar ဆိုင်ရှင် ကိုထွန်းသူရိန်၊ ဆိုင်မန်နေဂျာ ကိုထွန်းကိုကိုလွင်နှင့် ဆိုင်အထွေထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံသား မစ္စတာဖိလစ်တို့အား အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် အသီးသီးကျစေရန် အမိန့်ချမှတ်ခဲ့ပြီး ဒေသန္တရအမိန့်ဖြစ်သော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ ဖောက်ဖျက်မှုတို့ဖြင့်လည်း ၎င်းတို့သုံးဦးအား အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
 
တရားသူကြီး အမိန့်ချမှတ်ရာ၌ ပါဝင်ခဲ့သည့် အကြောင်းအရာအကျဉ်းချုံးမှာ  ဗုဒ္ဓရုပ်ပွားတော်ပုံအား နားကြပ်တပ်ထားသည့်ပုံကို စားသောက်ဆိုင်ဘားတွင် ထားရှိခြင်းသည် သူတပါးကိုးကွယ်သော ဘာသာ သာသနာရေးစိတ်အား နာကြည်းစေကြောင်း၊ ယင်းသို့ အပြုအမူများအတွက် တောင်းပန်မှုများရှိသော်လည်း ပြုလုပ်ပြီးမှ တောင်းပန်ခြင်းဖြစ်ကြောင်း၊ မစ္စတာဖိလစ်မှ နိုင်ငံ၏ ဘာသာ၊ သာသနာ ယဉ်ကျေးမှုထုံးတမ်းများကို မသိဟုဆိုခဲ့သော်လည်း ကျူးလွန်ပြီးဖြစ်၍ ခွင့်လွှတ်၍ မရကြောင်း၊ မိမိတို့ဆိုင်သို့ အလုပ်လာရောက်လုပ်ကိုင်သော နိုင်ငံခြားသားတစ်ဦးအား မိမိတို့တိုင်းပြည် ဘာသာရေးဓလေ့ထုံးတမ်းများ၊ ဥပဒေအရ ဆောင်ရန်ရှောင်ရန် အချက်အလက်များအား ဆိုင်တွင် တာဝန်ရှိသူအသီးသီးက  ကြိုတင်အသိပေးထားသင့်ကြောင်း  ထိုသို့သော အရေးပါသည့် အကြောင်းရင်းများအား တာဝန်ရှိသူများက ပြောကြားခဲ့ခြင်းမရှိ၍ ယခုကဲ့သို့ မလိုလားအပ်သည့်ကိစ္စများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ယင်းပြစ်ဒဏ်အတွက် အယူခံဝင်နိုင်ကာ ချုပ်ရက်များအား ထုတ်နုတ်ခံစားခွင့်ရှိကြောင်း ပြောကြားသည်။
 
တရားရုံးသို့ သံဃာတော်အချို့၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများလည်း လာရောက်ခဲ့ကာ တရားရုံးမှ အမိန့်ချမှတ်ပြီးသည့်အချိန်တွင် ဆိုင်မန်နေဂျာ ကိုထွန်းကိုကိုလွင်၏ မိခင်ဖြစ်သူနှင့် သံဃာတော်တစ်ပါးတို့ စကားအချေအတင် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။
 
“တရားမျှတမှု မရှိဘူး။ တရားရုံးတော်ဆိုတာ တရားမျှတမှုကို လုပ်ပေးရမယ့်နေရာလေ။ အဖြူအမည်း သဲကွဲနေတာတောင်မှ အခုလို အမိန့်ချလိုက်တော့ အစ်မလည်း ဘယ်လိုပြောရမလဲ မသိဘူး။ ဒီအမှုနှင့်ပတ်သက်ပြီး ဥပမာတစ်ခုပြောရရင် တက္ကစီမောင်းတဲ့သူ ယာဉ်တိုက်မှုဖြစ်လို့ အရေးယူခံရရင် တက္ကစီထောင်တဲ့သူကို အရေးယူမှာလား။ အယူခံဝင်ဖို့လည်း ရှေ့နေတွေနဲ့ တိုင်ပင်သွားမှာပါ။ အခုလို မလုပ်တဲ့သူနှစ်ဦးကို တရားစွဲပြီး အမိန့်ချမှတ်ခံမှုကို ရှုတ်ချပါတယ်”ဟု ဆိုင်ရှင် ကိုထွန်းသူရိန်၏ ဇနီး မမြနန္ဒာက မီဒီယာများအား ပြောကြားခဲ့သည်။
 
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ဝ ရက် ညနေပိုင်း က VGastro.Bar, Buddha Bar ဟုရေးသားထားသည့် ပွဲဒီဇိုင်းကြော်ငြာမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက VGastro.Bar သို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဆိုင်ပိုင်ရှင် ထွန်းသူရိန် ၊မန်နေဂျာ ထွန်းကိုကိုလွင်နှင့် အထွေထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံသား ဖိလစ်တို့ အား ဖမ်းဆီးအမှုဖွင့်ခဲ့၍ ဗဟန်းမြို့နယ် လ. ဝ.က ဦးစီးမှူး /သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
 
အလားတူ ပုဒ်မဖြင့် သရုပ်ဆောင် ရဲတိုက်မှာလည်း ၂ဝ၁၃ ခုနှစ် မေလအတွင်းက ဗိုလ်တထောင်မြို့နယ် စိန့်မေရီခရစ်ယာန် ဘုရားကျောင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်း၊ ဘုရားကျောင်း တာဝန်ရှိသူများနှင့် ပြဿနာဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ပုဒ်မ-၂၉၅/၂၉၅ (က) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ဗိုလ်တထောင်တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ 
 
လူတစ်စားကိုးကွယ်သည့် ဘာသာသာသနာစော်ကားမှု ပုဒ်မ၂၉၅ /၂၉၅-ကသည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်နှစ်နှစ် ချမှတ်နိုင်ကြောင်း သိရသည်။

တရားစွဲဆိုခံထားရသော VGastro.Bar ဆိုင်ရှင်အပါဝင် သုံးဦး မတ် ၁၇ ရက် နံနက်ပိုင်းက ဗဟန်းတရားရုံးသို့ လာရောက်စဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group'
တစ်ပါးသူကိုးကွယ်သော ဘာသာ၊ သာသနာအား ညှိုးနွမ်းစေမှု ပုဒ်မ-၂၉၅/ ၂၉၅(က)နှင့် ဒေသန္တရအမိန့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုခံထားရသော VGastro.bar ဆိုင်ရှင်အပါအဝင် သုံးဦးအား မတ် ၁၇ ရက် နံနက်ပိုင်းတွင် ဗဟန်းတရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။
အဆိုပါနေ့တွင် ဗဟန်းမြို့နယ်တရားသူကြီးက ပုဒ်မ ၂၉၅ (က)ဖြင့် VGastro.bar ဆိုင်ရှင် ကိုထွန်းသူရိန်၊ ဆိုင်မန်နေဂျာ ကိုထွန်းကိုကိုလွင်နှင့် ဆိုင်အထွေထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံသား

စိတ်ကျန်းမာရေးချို့ယွင်းနေပြီး အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရ သည့် မြန်မာအမျိုးသမီး တစ်ဦးအား MATအဖွဲ့မှ စောင့်ရှောက်ထား

ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊စမွတ်ဆာခွန်ဆေးရုံးကြီးမှ စိတ်ကျန်းမာရေးချို့ ယွင်းနေပြီး အထောက် ထာမဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးသည် ဆေးရုံး သို့ရောက်ရှိလာကြောင်းယ မန်နေ့ည ၁၂နာရီ အချိန်ခန့်၌ ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှ ကိုအောင်ဆန်းဦး (မဟာချိုင်ရုံး တာဝန်ခံ)ထံသို့

ကမ္ဘောဒီးယားအလုပ်သမား ၂ ဦးအား ရိုက်နှက်မှုဖြင့် မြန်မာအလုပ်သမား ၈ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အလယ်ပိုင်း ချွန်းပူရီခရိုင်မှာ ကမ္ဘောဒီးယားအလုပ် သမား နှစ်ဦး ကို အကြမ်းဖက်ရိုက် နှက်မှုနဲ့ မြန်မာအလုပ်သမား ၈ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၁၇ ရက်နေ့ မနက်က နယ်မြေထဲမှာ ရိုက်နှက်အကြမ်းဖက်မှုဖြစ် ပွားကြောင်း အကြောင်းကြားချက်အရ တာဝန်ရှိသူနဲ့ လူနာတင်ယာဉ်

ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

ပဲခူး မတ် ၁၇
ပဲခူးမြို့ နန်းတော်ရာရပ်ကွက် အင်းဝ(၂)လမ်း အမှတ် (၂၅၁၉) ဦးအောင်ကျော်ဦး အသက် (၅၂)နှစ် နေအိမ် အပေါ်ထပ်၌ မတ် ၁၇ ရက် နံနက် ၉ နာရီက ဖုန်းအား သွင်းရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွား သည်။
မီးလောင်ရာသို့ ပဲခူးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်မြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး

သီလရှင် အဓမ္မကျင့် ခံရမှု၊ မိုဒီ စိုးရိမ်ကြောင်း ပြော

အိန္ဒိယ ခရစ်ယာန် ဘာသာဝင်တွေ အတွက် လုံခြုံရေး စိုးရိမ်လာရ 
အိန္ဒိယ နိုင်ငံမှာ ခရစ်ယာန် သီလရှင် တစ်ဦး တိုက်ခိုက် ခံရမှုနဲ့ ခရစ်ယာန် ဘုရားကျောင်း တစ်ခု ဖျက်ဆီး ခံရမှု တို့အတွက် စိုးရိမ် ပူပန်ကြောင်းနဲ့ တရားခံတွေကို ချက်ချင်း အရေးယူဖို့ တောင်းဆိုကြောင်း ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောကြားခဲ့ပါတယ်။
အနောက် ဘန်ဂေါလ် ပြည်နယ်မှာ ပြီးခဲ့တဲ့ စနေနေ့က ခရစ်ယာန် သီလရှင်ကျောင်း တိုက်ခိုက် ခံခဲ့ရပြီး

မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးအုတ်ဂူ ၊ ဒင်္ဂါးစက်ရုံတို့အား ပြုပြင်ထိန်းသိမ်းသင့်

မန္တလေးမြို့တွင် အထင်ကရဖြစ်သည့် ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့၏ အုတ်ဂူ၊ မင်းကိုးပါးရုပ်တုနှင့် ပြည်ထောင်စု ကျောက်တိုင်၊ ဒင်္ဂါးစက်ရုံတို့မှာ ဆူးပင်များ၊ ချုံနွယ်များဝိုင်းရံလျက်ရှိခြင်းကြောင့် သမိုင်းသုတေသီများ၊ နိုင်ငံခြားသားများ၊ ကျောင်းသားကျောင်းသူများ လေ့လာရန်ခက်ခဲလျက်ရှိသည်။
မန္တလေးနန်းမြို့ မြနန်းစံကျော် ရွှေနန်းတော်အနီးတွင် ရတနာပုံမြို့တည် နန်းတည်မင်းတုန်းမင်းကြီးနှင့်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...