အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

ဗုဒ္ဓစွယ်တော်ပွားနှင့် ရတနာ စီခြယ် ရွှေကျောင်းဆောင် နေပြည်တော် ဥပ္ပါတ သန္တိ စေတီတော်၌ ဖူးမြော် နိုင်ပြီ

တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဗုဒ္ဓစွယ်တော် ပွား သုံးဆူနှင့် ရတနာစီခြယ် ရွှေကျောင်းဆောင် သုံးဆောင်တို့ကို မန္တလေး စွယ်တော်စေတီ တော်တွင် ဗုဒ္ဓစွယ်တော်ပွား တစ်ဆူနှင့် ရတနာစီခြယ်ရွှေကျောင်းဆောင် တစ်ဆောင်၊ ရန်ကုန် စွယ်တော် စေတီတော်တွင် ဗုဒ္ဓ

ဟောလီးဝုဒ်မှာ ကမ္ပည်းတင်ခဲ့တဲ့ ဂျက်ကီချန်း ရဲ့ခြေရာ

ကမ္ဘာကျော်တရုတ်မင်းသား ဂျက်ကီချန်းက ဇွန်လ ၆ ရက်နေ့မှာ ဟောလီး
ဝုဒ်ရဲ့ နာမည်ကျော် တရုတ် ပြဇာတ်ရုံမှာ သူ့ရဲ့ခြေရာ၊ လက်ရာတွေကို ဘိလပ်မြေ ပြင်ချပ်ပေါ်မှာ ဒုတိယအကြိမ် ကမ္ပည်းတင်ခဲ့ကြောင်း သိရပါတယ်။
ချန်းက နှစ်ပေါင်း ၄ဝ အတွင်း ရုပ်ရှင် ဇာတ်ကား ၁၅ဝ ကျော် သရုပ်ဆောင်ခဲ့ ပြီး သူ့ရဲ့ခြေရာ၊ လက် ရာ

Miss World ပြိုင်ပွဲမှာ Bikini ဝတ်ဆင်ယှဉ်ပြိုင်မှု တားမြစ်

အားလုံး အံ့အားသင့်စေမယ့် သတင်းတစ်ပုဒ်ကို Miss World အလှမယ် ပြိုင်ပွဲရဲ့ ပွဲစီစဉ်သူတွေက ကြေညာခဲ့ပါတယ်။ စက်တင်ဘာလ အတွင်း အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီမှာ ကျင်းပမယ့် Miss World ပြိုင်ပွဲဝင် အလှမယ်တွေကို စတိတ်စင်ပေါ်မှာ ရေကူးဝတ်စုံ ဝတ်ပြီး ရှိုးလျှောက်ဖို့ လုံးဝတားမြစ်ထားပါတယ်။မူဆလင်လူမျိုး အများစု တွေနေထိုင်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ သူတို့နဲ့

အရိုင်းဆန်သော အလှတရား နဲ့ လူးရတနာသိုက် ဇာတ်ကား

ရွှေတောင် ဗီဒီယိုထုတ်လုပ်ရေးအတွက် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က “လူးရတနာသိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို ကျော်ရဲအောင်၊ နေမင်း၊ စိုးမြတ်သူဇာ၊ သက်မွန်မြင့် ၊ ဖူးဖူးတို့နဲ့ ရွှေစက်တော်မှာ ရှုတင်များဆောက်လုပ်ကာ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ဒီလူးရတနာသိုက် ဇာတ်ကားက လူး လူမျိုးတို့ရဲ့စရိုက်သဘာဝကို အနုပညာနဲ့ ပုံဖော်ရိုက်ကူးခြင်းဖြစ်တာကြောင့် အရင်ရုပ်ရှင်ဗီဒီယို ဇာတ်ကားနဲ့ သမားရိုးကျ ဇာတ်လမ်းတွေကနေ ခွဲထွက်ပြီး ပရိသတ်ကို စိတ်ဝင်စားဖွယ်

လားရှိုးမြို့တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

မြန်မာနိုင်ငံမူးယစ်ရဲတပ်ဖွဲ့၊ အမှတ် (၉)ရပ်ကွက်ရဲကင်း၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့မှ လားရှိုးမြို့ (၉/၁၀) ရပ် ကွက်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသူဟု ယူဆရသူများနှင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူများအား သတင်းအရ ဇွန်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မူးယစ်အထူးရဲတပ်ဖွဲ့ ရဲအုပ်ဝင်းမင်းထွေး၊ ရဲအုပ်စောနိုင်အဖွဲ့နှင့် ရပ်ကွက် (၁၀)အုပ်ချုပ်ရေးအဖွဲ့တို့မှ သတင်းအရ နံနက် (၈)နာရီ အချိန်ခန့် တွင် လားရှိုးမြို့၊ ရပ်ကွက်

ဒဂုံတောင်မြို့နယ်တွင် ညစ်ညမ်းခွေနှင့်ဆင်ဆာမဲ့ခွေများ ဖမ်းဆီးရမိ

၁၁.၆.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ဒဂုံတောင်မြို့နယ်၊(၅၃)ရပ်ကွက်၊ ပုဂံလမ်းမကြီးဘေးတွင် ဆင်ဆာမဲ့ဗွီစီဒီနှင့် ညစ်ညမ်းခွေများ ရောင်းချနေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်
ွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊လုံခြုံရေးတပ်ခွဲ(၁)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ ဒဂုံတောင်မြို့နယ်နေဟန်ထွန်းရှိန်(ခ)ပြည့်ဖြိုးအား ဆင်ဆာမဲ့မြန်မာသီချင်း/အငြိမ့်ခွေ (၆၀၀)ခွေ၊နိုင်ငံခြားဇာတ်လမ်းခွေ(၈၉၅)ခွေ အခွေဖွင့်ကြည့်သော

ဟာသတွေလုပ်တတ်တာ အဖေ့ကြောင့်လို့ ပြောပြတဲ့ မိုးအောင်ရင်

မိုးအောင်ရင်က နန်းဆုရတီစိုးနဲ့ ဇာတ်ကားရိုက်ကူးနေပါတယ်။ လတ် တလော မိုးအောင်ရင် ရိုက်ကူးဖြစ်နေတဲ့ ဇာတ်ရုပ်ကအိမ်ထောင်သည် ဇာတ်ရုပ်တွေများနေတာကြောင့် “ကျွန်တော် ၅ ကားဆက်တိုက်လောက်ကို အိမ်ထောင်သည်ဇာတ်ရုပ် သရုပ်ဆောင်ရတာ။ နောက်ထပ် အသက် ၅ နှစ်လောက်နေရင် အဖေခန်းများရိုက်ရမလားလို့ တွေးမိသွားတယ်။ ကိုယ်ကပဲ အသက်ကြီးလာလို့လား၊ ပရျိုဆာကပဲ ရင့်ကျက်တဲ့ ဇာတ်ရုပ်ကို ပဲ ပေးချင်လို့လား၊ ပရိသတ်ကပဲ မိန်းမရတဲ့မိုးအောင်ရင်ကို

“မိုယက်စ်လက်ထက် ပထမဆုံးခေါ်ယူလိုက်သည့် ဗာရဲလာကို မန်ယူ မိတ်ဆက်”

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ယခုနွေရာသီ စာချုပ် ခေါ်ယူသည့် ပထမဆုံး ကစားသမားအဖြစ် ဂွီလာမို ဗာရဲလာကို မိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၂၀) အရွယ်ရှိ ဥရုဂွေး လူငယ် လက်ရွေးစင် ကစားသမားလေးသည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်ထက် ပထမဆုံး စာချုပ် ခေါ်ယူသူလည်း ဖြစ်လာသည်။ ဥရုဂွေး အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်း၏ ညာတောင်ပံ ခံစစ်သမားလေးကို ပီနဲရိုးလ် အသင်းမှ ခေါ်ယူနိုင်ခဲ့ပြီဟု ပြီးခဲ့သည့် သီတင်းပတ် အတွင်းက

တအိမ်ထောင် ကလေးနှစ်ယောက်က အကောင်းဆုံး

ထူးချွန်ထက်မြက်သော လူသားများကိုဖြစ်စေ၊ ညံ့ဖျင်းသော လူသားများကိုဖြစ်စေ မိခင်များကမွေးထုတ်ပေးခဲ့သည်ချည်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မိခင်များ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာမှ ပါဝင်နေသည်မှာ အငြင်းပွားစရာ မလိုပါ။ ထို့အပြင် မိသားစုတစု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့သည် မိခင်ဖြစ်သော အမျိုးသမီးများထံတွင် များစွာ တည်မှီ နေပေသည်။
 မိခင်များ ပညာတတ်မှသာ သားသမီးတို့ကို ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်သလို

ဘုရား ဆင်းတုတော် ၆၅ ဆူ တူးဖော်တွေ့ရှိ

ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ်(၂) ရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ရွှေနှုံးတိုး ပင်မ စေတီတော် မြတ်ကြီးအား ပြန်လည် ပြုပြင်ရန် ရွှေနှုံးတိုး ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ စန်္ဒိမာ ဦးဆောင်၍ ဂေါပက အဖွဲ့ဝင်များ၊ အလုပ်သမား များဖြင့် ဇွန် ၈ ရက် နံနက် ပိုင်းတွင် စေတီတော် ကြီး၏ မြောက်ဘက်မှ စ၍ မြေအောက်လိုဏ်ကျင်း တူးဖော်စဉ် အလျား ၃ ပေ၊ အနံ ၃ ပေ၊ အမြင့် ၂ ပေရှိ အရန်

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ငါးခု

၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ၁ဝဝ ရဲ့ စာရင်းကို မကြာမီက ထုတ်ပြန်လိုက်ပါသည်။အဲဒီ စာရင်းထဲမှာ အမေရိကန် တက္ကသိုလ် အခု ၄ဝ ပါဝင်ပါတယ်။ အင်္ဂလန်က တက္ကသိုလ် ကိုးခု ပါဝင်တဲ့ အထဲမှာ အောက်စ်ဖို့ဒ် တက္ကသိုလ်လည်း ပါဝင်လာသလို စတန်းဖို့ဒ် တက္ကသိုလ်ကတော့ အဆင့်ခြောက် နေရာမှာ ရှိနေပါတယ်။ သြစတြေးလျ နိုင်ငံက တက္ကသိုလ်

မလေးမှ ပြန်မည့် မြန်မာလုပ်သားများအား Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည်

မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာ မိသားစုများ ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။ Golden Myanmar လေကြောင်းလိုင်းသည် ဘန်ကောက် ၊ စင်ကာပူ ၊ ရန်ကုန် - မန္တလေး ခရီးစဉ် ပြေးဆွဲနေခြင်းကြောင့် ရန်ကုန် နှင့် မန္တလေး ခရီးစဉ် နှစ်ခုလုံး အား အခမဲ့

မင်းသားများ အသင်းမှာ နေဒွေး ဂိုးဖမ်းမယ်

ဇွန် ၁၄ ရက်နေ့ အောင်ဆန်း အားကစားကွင်းမှာ ကန်ကြမယ့် သရုပ်ဆောင်မင်းသားများနဲ့ အဆိုတော် ဂီတပညာရှင်များ ဘောလုံးပြိုင်ပွဲမှာ သရုပ်ဆောင် မင်းသားတွေအသင်းအတွက် ဂိုးဖမ်းမယ့်သူက မင်းသားနေဒွေးလို့ သိရပါတယ်။ “ကျနော် အရင်ကတည်းက Actor Star အသင်းမှာ ကစားခဲ့တယ်။ ကိုစွမ်းဇာနည့်အဖေ ဖွဲ့တဲ့အဖွဲ့မှာလည်း ကစားတယ်။ ကိုဖိုးချစ် ဇာတ်ထဲမှာလည်း သွားကစားတယ်၊ တပတ်မှာ နှစ်ရက် ထရိန်နင် ကစားတယ်။ ဘိုင်စကုပ်မင်းသား အသင်းကတော့ ကိုကြံ့ (ကျော်ကျော်ဗို)

မလေးရှားရောက် မြန်မာများအရေး ဖြေရှင်းရန် သမ္မတဦးသိန်းစိန် အထူး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်းဖက် သတ်ဖြတ်ခံ ရမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အကြမ်းဖက် ခံရမှုများကို ဖြေရှင်းရန် ဒုတိယဝန်ကြီး နှစ်ဦး ဦးဆောင်သည့် အထူးကိုယ်စားလှယ် အဖွဲ့ကို ဇွန်လ ၁၁ရက်နေ့တွင် မလေးရှား နိုင်ငံသို့ စေလွှတ် လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။မြန်မာနိုင်ငံသား များကို ကာကွယ်ရေးကိစ္စ များနှင့် ပတ်သက်၍ အဆိုပါ အထူးကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံတော်သမ္မတကိုယ်တိုင် မူဝါဒ တိတိကျကျ သတ်မှတ်ပေးထားပြီး ပြောဆိုခွင့်၊ လုပ်ပိုင်ခွင့်၊

ဓါးပြတိုက်မှု ဖြစ်ပွားခဲ့သည့် ရန်ကုန်-ကျိုက္ခမီလမ်းပိုင်း လုံခြုံရေး တိုးမြှင့်

ဇွန်လ(၈)ရက်နေ့က ဖြစ်ပွားခဲ့သော ရာဇာမင်းခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်း ဓါးပြတိုက်ခံရမှုနှင့် ပတ်သက် ၍ လက်ရှိတွင် ရန်ကုန်-ကျိုက္ခမီလမ်းပိုင်းအား လုံခြုံရေးတိုးမြှင့်ချထားကြောင်း ယာဉ်လိုင်းများထံမှ သိရှိရသည်။  မွန်ပြည်နယ် သထုံမြို့နယ်ရှိ တောင်စွန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ကျိုက္ခမီမှ ရန်ကုန်ဘက်သို့ ခရီးသည် (၃၀)ဦးခန့် လိုက်ပါစီးနင်းလာသည့် ရာဇာမင်း မှန်လုံအမြန်ယာဉ်အား ယာဉ်ပေါ်စီးနင်း လိုက်ပါလာသည့်

ရှေးဟောင်းရုပ်ပွားတော်များ ဆီပီပါအတွင်း လျှို့ဝှက်သယ်ဆောင်မှု ဖမ်းမိ

ရွှေတြိဂံဒေသဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဇွန်လ ၁၁ ရက် နေ့ နံနက် ၁၀ နာရီ ၃ဝ မိနစ်အချိန်ခန့်က ရှေးဟောင်းဘုရား ရုပ်ပွားတော်နှင့် ရှေးဟောင်းရုပ်တုများကို ဆီပီပါအတွင်း လျှို့ဝှက် သယ်ဆောင်လာသည့် ဒိုင်နာယာဉ် တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။
 တောင်ကြီးမြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော ဒိုင်နာ (အစိမ်း)ယာဉ် ကို လုံခြုံရေးအဖွဲ့နှင့်

အထူးအရေးပေါ် သဘောထား ထုတ်ပြန်ကြေငြာချက်

မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ}
Myanmar Nationalistic Social Network Committee, Malaysia စာအမှတ်။ ။ ၁ / ၂၀၁၃
နေ့စွဲ။ ။ ၁၂.၆.၂၀၁၃

ဖြစ်စဉ်အကျဉ်းချုပ်

ရုရှားနိုင်ငံတွင် မူဆလင်သုံးရာခန့်အား ၀တ်ပြုနေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်း

တရားဥပဒေချိုးဖောက်သည့်မူဆလင်များအား ပြင်းထန်စွာအရေးယူနေသည့် ရုရှားနိုင်ငံ၏စီမံချက်အရ မော်စကိုရဲတပ်ဖွဲ့ က ရုရှားနိုင်ငံမြို့တော် မော်စကိုတွင် ၀တ်ပြုခန်းအတွင်း ၀တ်ပြုနေစဉ်အတွင်း ၀ိုင်းရံပိတ်ဆို့၍ ၀တ်ပြုသူ အယောက်၃၀၀ ကျော်ခန့်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ကော့ကေးဆပ်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ အထူးတင်းကြပ်သည့် ထိန်းချုပ်ဆောင်ရွက်မှုများပြုလုပ်သွားမည်ကို ရုရှားသမ္မတ ဗလက်ဒီမာပူတင်က

တရုတ်ရေတပ်သင်္ဘော မြန်မာနိုင်ငံ လာရောက်မည်

မကြာသေးခင် ရက်ပိုင်းအတွင်း ဂျပန်ရေတပ်သင်္ဘော ရန်ကုန်မြို့တော်သို့ လာရောက်ပြီးနောက် တရုတ်နိုင်ငံရေတပ်ပိုင် Haixun 01 အမည်ရှိ သင်္ဘောသည် လာမည့် ဇူလိုင်လ အတွင်း မြန်မာနိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Mr. Gao Mingbo က The Voice သို့ ပြောကြားသည်
မြန်မာနိုင်ငံအပါအဝင် သြစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံ များသို့ ချစ်ကြည်ရေးခရီးစဉ်

ဗန်ကောက်ရှိ နေအိမ် တစ်အိမ်တွင် ရှားပါး ခြင်္သေ့ဖြူ ၁၄ ကောင် ရှာဖွေတွေ့ရှိ

ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ နေအိမ် တစ်အိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့ရာ မျောက်များ၊ လိပ်များနှင့် ရှားပါးသော အဖြူရောင် ခြင်္သေ့ ၁၄ ကောင် အပါအဝင် သက်ရှိ သားရဲတိရစ္ဆာန် ၂ဝဝ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဇွန် ၁ဝ ရက်တွင် ပြောကြားခဲ့သည်။ ယခုအခါ ဗန်ကောက်မြို့တော် Chatuchak ဈေးရှိ အိမ်မွေး တိရစ္ဆာန် အရောင်းဆိုင်မှ ပိုင်ရှင်တစ်ဦး အပါအဝင်

မော်လမြိုင်၌ ခရီးသည်တင် မှန်လုံယာဉ်များ၌ CCTV စောင့်ကြည့်ကင်မရာ တပ်ဆင်ရန် ညွှန်ကြား

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အဝေးပြေး ကားဝင်းရှိ ပြည်နယ် မ.ထ.သရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီက ခရီးသည်တင် မှန်လုံယာဉ်လိုင်း ပိုင်ရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနား သို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းဗိုလ်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ညိုလှနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် မော်တော် ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းထိုက်နှင့်

အဆိပ်အတောက် ရှိသော မစားကောင်းသည့် မှို

အဆိပ်အတောက် ရှိသော မစားကောင်းသည့် မှို များတွင် အောက်ပါ အမှတ် လက္ခ ဏာ များ ပါရှိမည် ဖြစ်သည်။ တယ် ရင်း တို့ ဗဟုသုတ ရအောင်
၁။ မှိုကို ချိုး ၍ လျှာ ဖြင့် တို့ ကြည့် ပါက အလွန်ပူပြီး ငရဲ မီးနံ့  ထွက် နေလျှင် မစားသင့် ပါ။
၂။ မှိုကို ချိုးလိုက်ပါက အလွန်ဖြူ ၍ ပျစ်သော နွားနို့ နှင့် တူသော အစေးများ ထွက်လာလျှင် မစားသင့် ပါ။
၃။ မှိုပေါ်တွင် ဆားအနည်း ငယ် ဖြူး ကြည့် ခြင်း၊ ဆားရည်တွင် စိမ်ကြည့် ခြင်း ဖြင့် ညို ၊ ပြာ၊ နက်

မလေးရောက်မြန်မာအတွက် Air Bagan က အလုပ်ပေးမည်

Air Bagan Facebook စာမျက်နှာမှ အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။
 မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ အတွက် Air Bagan လေကြောင်းလိုင်း အနေဖြင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက်လျက် ရှိပါသည်။မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ ပြန်နိုင်ရန်အတွက် Air Bagan အနေဖြင့်

သီလဝါ အထူးစီးပွားရေးဇုန် ပထမစီမံကိန်းမစခင် နစ်နာသူများကို လျော်ကြေးပေးမည်

သီလ၀ါ အထူးစီးပွားရေးဇုန်ကို ယခုနှစ် စက်တင်ဘာလမှစ၍ ပထမစီမံကိန်းများ စတင် အကောင်အထည် ဖော်သွားမည် ဖြစ်သောကြောင့် ဇူလိုင်လအတွင်း ဒေသခံများကို နစ်နာကြေးများ ပေးအပ်မည်ဖြစ်ကြောင်း သီလ၀ါစီမံကိန်း အကောင် အထည် ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောသည်။
ပထမ စီမံကိန်း အကောင်အထည်ဖော်မည့် နေရာများကို ဇွန်လ တတိယအပတ်တွင် အစိုးရမဟုတ်သော ပြင်ပ ပညာရှင် များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြင့် ဒေသခံများ၏ အသေးစိတ် စာရင်း၊

ကျိုက္ခမီကမ်းခြေ ကမ်းပါးပြိုမှု ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ပြင်ဆင်မည်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ ရေလယ်ဘုရားအနီး ဘုရားကုန်း ဓမ္မစေတီရပ်ကွက်မှ ဆင်ပုံးရွာအထိ ကမ်းပါးများ ပြိုဆင်းမှု ကာကွယ်ရန် မြေထိမ်းနံရံများ တည်ဆောက်ရန်အတွက် ပြည်ထောင်စု ဘတ်ဂျက်ဖြင့်သာ ပြင်ဆင်သွားမည်ဟု သံဖြူဇရပ်မြို့နယ် တာဝန်ခံ ပြည်နယ်အစိုးရ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။
"ကမ်းပါးပြိုကျမှုတွေ ကာကွယ်ဖို့အတွက် မြေထိန်းနံရံတွေ တည်ဆောက်ဖို့အတွက် ကုန်ကျငွေ

စက်မှုဇုန်များသို့ လွှတ်တော်က ကွင်းဆင်းလေ့လာရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မ ခိုင်းစေမှုများ တွေ့ရှိ

လွှတ်တော်က စက်မှုဇုန်များသို့ ကွင်းဆင်းလေ့လာရာတွင် အလုပ်သမားများအား ခေါင်းပုံဖြတ်မှုများနှင့် အဓမ္မ ခိုင်းစေမှုများကို တွေ့ရှိနေရကြောင်း ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင်မှ ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားခဲ့သည်။လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် အလုပ်ရှင် အလုပ်သမား အခွင့်အရေး လေ့လာရေး ကော်မရှင် အနေဖြင့် မေလဆန်းပိုင်းမှစ၍ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း

ပုဂ္ဂလိက LPG (ရေနံဓာတ်ငွေ့ရည်) ကုမ္ပဏီအချို့ မော်တော်ယာဉ်သုံး LPG အရောင်းဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေ

ပုဂ္ဂလိက LPG (ရေနံဓာတ်ငွေ့ရည်) ကုမ္ပဏီ မော်တော်ယာဉ်သုံး LPG အရောင်းဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ရေနံဓာတ်ငွေ့ရည် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
 "အခု ကားတွေက­­­­ိုလည်း စမ်းသပ်သွင်းနေတယ်။ ဆလင်ဒါ အိုးတွေသွင်းဖို့နဲ့ သိုလှောင်ကန် လုပ်ဖို့ကိုလည်း ဆောင်ရွက်နေပါတယ်" ဟု ရေနံဓာတ်ငွေ့ရည် ကုမ္ပဏီတစ်ခုမှ အရောင်းမန်နေဂျာ တစ်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် LPG သုံး မော်တော်ယာဉ်အချို့ ရှိနေပြီး မော်တော်ယာဉ် အများစုမှာ လမ်းဘေး

မြန်မာသည် ၂၀၁၅ ခုနှစ်တွင် အဓိက ဆန်တင်ပို့သူ တစ်ဦးအဖြစ် ပြန်လည်ရောက်ရှိ နိုင်မည်ဟု ဆန်အများဆုံး တင်ပို့သည့် ထိုင်းနိုင်ငံ ခန့်မှန်း

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အဓိက ဆန်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိ နိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ ဆန်အများဆုံး တင်ပို့နေသည့် ထိုင်းနိုင်ငံမှ The Kasikorn Research Centre က ခန့်မှန်းထားကြောင်း ထိုင်းအခြေစိုက် သတင်းဌာနများတွင် သတင်းဖော်ပြထားသည်။
The Kasikorn Research Centre က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ဆန်တန်ချိန် သုံးသန်းခန့် တင်ပို့နိုင်မည့် ကမ္ဘာ့အဓိက ဆန်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဆန်ထုတ်လုပ်မှု ပမာဏသည် ၂၀၁၁ ခုနှစ်က တစ်ဟက်တာလျှင် ၂ ဒသမ ၃၅ တန်

မြန်မာနိုင်ငံတွင် တယ်လီကွန်းလိုင်စင် ရရှိပါက ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏကို တယ်လီကွန်း ကုမ္ပဏီကြီးများ အပြိုင်အဆိုင် ပြောကြား

မြန်မာနိုင်ငံတွင် တယ်လီကွန်း ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် လိုင်စင်ရရှိပါက ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏကို လိုင်စင်လျှောက်ထားသည့် နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီကြီးများက အပြိုင်အဆိုင် ပြောကြားလျက် ရှိကြသည်။ ထိုသို့ ပြောကြားလျက် ရှိရာတွင် Digicel ကုမ္ပဏီက ၎င်းတို့ လိုင်စင်ရရှိပါက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဆိုသည်။
France Telecom Orange ကုမ္ပဏီကတော့ ၎င်းတို့ လိုင်စင်ရရှိလျှင် ဆက်သွယ်ရေး

မန္တလေးတွင် ကျပ်သိန်းတစ်ရာအောက် တိုက်ခန်း ၁၁၂၂ ခန်း ပါဝင်သော တန်ဖိုးနည်းအိမ်ရာ ၂၂ လုံး စတင်တည်ဆောက်

မန္တလေးတွင် ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံ ၂၂လုံး၊ အခန်းအရေအတွက် ၁၁၂၂ ခန်း စတင်တည်ဆောက်မည်ဖြစ်ကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သတင်းရရှိသည်။
 တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေး ကုမ္ပဏီများ စိစစ်ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီး အဆောက်အအုံ လုံးရေ ၂၂ လုံးအတွက် ကုမ္ပဏီ ၂၂ ခုမှ ဆောက်သွားမည်ဖြစ်ကာ ပထမဆုံး မမ ၁၅၊ မြရည်နန္ဒာ ကွက်သစ်တွင်

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ကျူးလွန်သူ နေ၀င်း ၄၈ နှစ်ကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက်တွင် မေ ၂၈ ရက် ညနေပိုင်း၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း ၂၄ နှစ်ကို

မိုးရွာသွန်းချိန် ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်၌ ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ဆယ်ယူခဲ့ရ

ဇွန် ၉ ရက် ညပိုင်းနှင့် ဇွန် ၁၀ ရက် နံနက်ပိုင်း မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်ရှိ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာစသော မြို့နယ်များမှ လမ်းများတွင် အနည်းဆုံး ခြောက်လက်မမှ အများဆုံး နှစ်ပေအထိ ရေလျှံခြင်း ဖြစ်ပေါ်ခဲ့ပြီး ဗိုလ်ဆွန်ပက်ကွန်ဒို ကားပါကင်တွင် ကားနှစ်စီး ရေမြုပ်၍ ကရိန်းဖြင့် ပြန်လည်ဆယ်ယူ ခဲ့ရသည်။ရေကြီးရေလျှံမှု အများဆုံးဖြစ်သော လမ်းများမှာ ဗိုလ်ဆွန်ပက်လမ်း၊ ၂၉ လမ်း၊

ကချင်စစ်ဘေး ဒုက္ခသည်များကို ထောက်ပံ့ရန် တနှစ်လုံးအတွက် ဒေါ်လာ သန်း ၄၀ ကျော် လိုအပ်

၂၀၁၃ ခုနှစ်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင် စစ်ဘေးရှောင် ဒုက္ခသည်များကို ထောက်ပံ့ရန် လိုငွေ ဒေါ်လာ ၄၄. ၂ သန်း ရှိကြောင်း သိရသည်။
 ဗြိတိန် အစိုးရက ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ၃ ဒဿမ ၅ မီလျံပေါင် (၅ ဒဿမ ၄ မီလျံဒေါ်လာ) လှူဒါန်းမည်ဟု မေလဆန်းပိုင်းက ကတိပြုခဲ့သော်လည်း စုစုပေါင်း လိုအပ်ငွေ ဒေါ်လာ

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာတော် ရုပ်ရှင်ပွဲတော် ဇွန် ၁၅ တွင် စမည်

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဦးစီးသည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း ကျင်းပမည်ဟု သိရသည်။ ဇွန် ၁၅ ညနေ ၆ နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် နေပြည်တော် ရုပ်ရှင်ရုံ၌ ကျင်းပမည်ဖြစ်ပြီး ဇွန် ၁၆၊ ၁၇၊ ၁၈ တွင် ရန်ကုန် Junction Square ရှိ ရုပ်ရှင်ရုံ ၂ ရုံတွင် ဇာတ်ကားများ ပြသသွားမည် ဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က ရန်ကုန် ၇ မိုင်ရှိ HRHDIFF ရုံးခန်းတွင် အဆိုပါ ရုပ်ရှင်ပွဲတော်နှင့် ပတ်သက်သည့်

စံရတီမိုးမြင့်က အရမ်းဟော့ရှော့ အဝတ်တွေ မကြိုက်ဘူးတဲ့

ကြော်ငြာတွေ ရိုက်ကူးရင်း ပရိသတ် သတိထားမိလာတဲ့ သရုပ်ဆောင် စံရတီမိုးမြင့်က အရမ်းကြီး ဟော့ရှော့ ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူးလို့ ဧရာဝတီကို ဖွင့်ဟ လာပါတယ်။ “ကျမက အရမ်းကြီး ဟော့ရှော့ဖြစ်အောင် ဝတ်ရတာ မကြိုက်ဘူး၊ ချစ်စရာကောင်းတဲ့ ပုံစံ ၀တ်ရတာကို သဘောကျတယ်။ Sexy ဆိုတာကလည်း အရမ်းဖော်လွန်းတိုင်း Sexy မှမဟုတ်တာ။ မျက်နှာက အစ ဆွဲဆောင်မှုရှိတဲ့ ပုံစံကို

မြန်မာပြည်မှ ဂြိုလ်တုတစ်စင်းလွှတ်တင်နိုင်ရန် Sing Tel ကူညီမည်

မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးနှင့် ပတ်သတ်၍ လုပ်ခွင့်ရမည် ဆိုပါက မြန်မာပြည်မှ ဂြိုလ်တုတစ်စင်း
လွှတ်တင်နိုင်ရန် Sing Tel မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် Sing Tel မှ GroupConsumer CEO ဖြစ်သူ Mr Mark Chong က ပြောကြားသည်။Sing Tel အနေဖြင့် ST-1, ST-2 ဂြိုဟ်တုနှစ်စင်းကိုအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး တင်ဒါ အောင်မြင်ပါကမြန်မာပြည်တွင်လည်း ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်ရန်ကူညီမည်ဟု ဆက်လက်

တရုတ်သို့လူကုန်ကူးသူအား ဖမ်းဆီအရေးယူ

လားရှိုးမြို့၌ ဒေသခံတစ်ဦး၏ သတင်းပေးချက်အရ လူပွဲစားတစ်ဦးကို လာရှိုးလူကုန်ကူး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဇွန်လ ၁၁ရက်နေ့တွင် ဖမ်းဆီး အရေးယူထားကြောင်း ၎င်းရဲဌာနမှ သိရသည်။ လူကုန်ကူးမှုဖြင့် အဖမ်းခံရသူ မအေးစံဆိုသူသည် လားရှိုးမြို့နယ်၊ ကောင်းစံကျေးရွာတွင် နေထိုင်ပြီး မိုင်းပျဉ်းကျေးရွာမှ အသက်(၁၇)အရွယ် မနန်းအေးရှန်ကို ခြံလုပ်ငန်း လုပ်ရန်ဟုဆိုကာ တရုတ်ပြည်သို့ လွန်ခဲ့သော မေလပိုင်းက ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဇွန်လနှစ်ရက်နေ့တွင် မအေးစံပြန်လည် ရောက်လာပြီး ငွေတစ်ဆယ့်ငါးသိန်းနှင့် တရုတ်လက်ကိုင်ဖုန်း တစ်လုံးကို

လူကုန်ကူးသူများ အဝေးပြေးကားဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းမိ

လူကုန်ကူးသူများကို ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းအတွင်း၌ ဇွန် ၉ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက မှုခင်းသတင်းထုတ်ပြန်သည်။ ရဲဌာနက လူကုန်ကူးသူများ၏ သတင်းကို ကြိုတင်ရရှိထားသဖြင့် မွန်းလွဲ ၃ နာရီအချိန်ကတည်းက ယင်းအဝေးပြေး ကားဂိတ်တွင် ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်သဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟုလည်း

တိုင်းပြည်စီးပွား အမှန်တကယ်တိုးတက်စေရေး ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးရန်လို

မြန်မာ့စီးပွားရေးသည် လာမည့်ဆယ်စုနှစ်စုခန့်တွင် လက်ရှိပမာဏ၏လေးဆခန့်အထိ ကြီးထွားလာမည်ဟု ခန့်မှန်းထားသော်လည်း အမှန်တကယ်မြင့်တက်ရေးအတွက် တိုင်းပြည်၏ ကုန်ထုတ်စွမ်းအားသည် အဆ များစွာမြင့်တက်ရန် လိုအပ်နေသေးကြောင်း The McKinsey Global Institute (MGI) က သုံးသပ်ချက် ထုတ်ပြန်လိုက်သည်ဟု ဇွန် ၈ ရက်ထုတ် Khaleej Times သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ပါရှိသည်။
မြန်မာနိုင်ငံ အမျိုးသားထုတ်ကုန်တန်ဖိုး GDP သည် ၂ဝ၁ဝခုနှစ်တွင် ကန်ဒေါ်လာ ၄၅ ဘီလီယံဖြစ်ရာမှ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...