အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

မြန်မာပြည်မှ ဂြိုလ်တုတစ်စင်းလွှတ်တင်နိုင်ရန် Sing Tel ကူညီမည်

မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးနှင့် ပတ်သတ်၍ လုပ်ခွင့်ရမည် ဆိုပါက မြန်မာပြည်မှ ဂြိုလ်တုတစ်စင်း
လွှတ်တင်နိုင်ရန် Sing Tel မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် Sing Tel မှ GroupConsumer CEO ဖြစ်သူ Mr Mark Chong က ပြောကြားသည်။Sing Tel အနေဖြင့် ST-1, ST-2 ဂြိုဟ်တုနှစ်စင်းကိုအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး တင်ဒါ အောင်မြင်ပါကမြန်မာပြည်တွင်လည်း ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်ရန်ကူညီမည်ဟု ဆက်လက် ပြောကြားသည်။“ရွေးချယ်ခံရတဲ့အခါ Sing Tel ရဲ့ဝန်ဆောင်မှုအဖြင့်Sim Card တန်ဖိုးတွေကော ဖုန်းတန်ဖိုးတွေပါ အားလုံးလက်လှမ်းမှီတဲ့အခြေအနေရောက်လာမယ်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ အများကြီးစဉ်းစားပါတယ်။ နည်းပညာသင်တန်းတွေ ပို့ချပေးမှာ
ဖြစ်တဲ့အတွက် နည်းပညာတွေလည်း ရရှိမှာဖြစ်ပါတယ်။ဒါကတော့ မြန်မာနိုင်ငံအတွက် အကျိုးခံစားခွင့်တွေပါ”ဟုMr Mark Chong က ပြောကြားသည်။ Sing Tel သည် ခေတ်အမှီဆုံးဂြိုလ်တု ဆက်သွယ်ရေး စနစ်များ၊ရေအောက် ဆက်သွယ်ရေးကေဘယ် စံနစ်များ၊ နိုင်ငံတကာ
ဆက်သွယ်ရေး ကွန်ယက်ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင်လည်း ပါဝင်သွားနိုင်မည်
ဖြစ်ကြောင်း သိရသည်။


ပြည့်လျှံ

မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...