အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

အင်ဒိုနှင့်ပေါင်း၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ရန် စီစဉ်နေ

အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း PT Bukit Asam (PTBA)မှ မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ခုနှင့် လက်တွဲ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံတစ်ခုတည်ဆောက်သွားရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စက်ရုံတည်ဆောက်ရန် အသေးစိတ်အချက်အလက်များ ဆွေးနွေးနေကြောင်း PTBA အတွင်းရေးမှူး Joko Pramono ထံက သိရှိရသည်။

“ ဘယ်လို စီးပွားရေး ပုံစံမျိုးနဲ့ သွားရမယ်ဆိုတာ ဆွေးနွေးနေတုန်းပါ။ဖက်စပ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ “ ဟု PTBA အတွင်းရေးမှူး Joko Pramono က ပြောသည်။

မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များနှင့် အင်ဒိုနီးရှားနိုင်ငံတော်ပိုင် PT PLN နှင့် PTBA ကုမ္ပဏီ နှစ်ခုမှ ကိုယ်စား လှယ်များအနေဖြင့် PTBA ကုမ္ပဏီက ပိုင်ဆိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအား လိုက်လံကြည့်ရှုနေ ကြောင်း သိရသည်။

“ ဒါဟာ အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုဖြစ်တာကြောင့် ဆွေးနွေးမှုတွေ အမြန်ဆုံးပြီးပြတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ “ ဟု PTBA အတွင်းရေးမှူး Joko Pramono က ပြောသည်။

အခြားသော နိုင်ငံတော်ပိုင် စီးပွါးရေးလုပ်ငန်းများဖြစ်သည့် ချေးငွေဘဏ် Bank Negara Indonesia ၊ PLN ၊ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း PT Pertamina ၊သံဖြူတူးဖော်ရေးလုပ်ငန်း PT Timah ၊ဆောက်လုပ်ရေး လုပ်ငန်း PT Wijaya Karya နှင့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း PT Semen Indonesia တို့အနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း ကြေငြာသည်။

PTBA ကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်ငန်းသုံးခုလုပ်ဆောင်ရန် လေ့လာနေကြောင်း အရင်ပြောကြားခဲ့ပြီး အဆိုပါ လုပ်ငန်းသုံးခုမှာ မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး၊ ကျောက်မီးသွေး ထုတ်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေးတို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံအတွက် PTBA မှ ၎င်းတို့၏ စီမံကိန်းတစိတ်တဒေသအတွက် ကျောက်မီးသွေးထောက်ပံ့သွားမည်ဖြစ်ကြောင်း PTBA အတွင်းရေးမှူး Joko က ပြောကြားခဲ့သေးသည်။

အင်ဒိုနီးရှားနိုင်ငံမှ ထုတ်လုပ်သည့် ကျောက်မီးသွေးကို တရုတ်နိုင်ငံမှ အဓိကထား ဝယ်ယူနေသည်ဟုလည်း သိရသည်။

http://myitmakhamediagroup.com/detail.php?newid=4934

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...