မိုးအောင်ရင်က
နန်းဆုရတီစိုးနဲ့ ဇာတ်ကားရိုက်ကူးနေပါတယ်။ လတ် တလော မိုးအောင်ရင်
ရိုက်ကူးဖြစ်နေတဲ့ ဇာတ်ရုပ်ကအိမ်ထောင်သည် ဇာတ်ရုပ်တွေများနေတာကြောင့် “ကျွန်တော် ၅ ကားဆက်တိုက်လောက်ကို အိမ်ထောင်သည်ဇာတ်ရုပ် သရုပ်ဆောင်ရတာ။ နောက်ထပ် အသက် ၅ နှစ်လောက်နေရင် အဖေခန်းများရိုက်ရမလားလို့ တွေးမိသွားတယ်။ ကိုယ်ကပဲ အသက်ကြီးလာလို့လား၊ ပရိုဂျူဆာကပဲ
ရင့်ကျက်တဲ့ ဇာတ်ရုပ်ကို ပဲ ပေးချင်လို့လား၊ ပရိသတ်ကပဲ
မိန်းမရတဲ့မိုးအောင်ရင်ကို မြင်ချင်တာ ပဲလားလို့ ထင်မိတယ်။
ဘာကြောင့်လဲဆိုတာ ကျွန်တော် သိ ချင်နေမိတယ်” လို့ ပြောပြပါတယ်။
ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ဟာသကား တော်တော်များများကို ပရိသတ်တွေအားပေးကြသလို ကိုယ်တိုင်ကလည်း ပျော်ေ ပျာ်နေတတ် တာကြောင့် ပိုအဆင်ပြေတယ်လို့ပြောပြတဲ့
မိုးအောင်ရင်က “ပရိသတ်တွေကိုက ဟာသပဲကြည့်ချင်နေတာလို့ ကြားတယ်။ ပရိုဂျူဆာက
လည်း ပြောတယ်။ ကျွန် တော့်သူငယ်ချင်း အိမ်ကိုလာလည်တော့ အခွေလက်
ဆောင်တောင်းလို့ ဒရာမာအခွေထုတ်ပေးတော့ ဟာသ ပဲကြည့်ချင် တာတဲ့။ ဒါကြောင့်
ကျွန်တော်ကိုယ်တိုင်က ဟာသကိုပဲ လက်ခံဖြစ် တာပါ။ ဒီလို ဟာသ ပုံစံမျိုးဟာသ
မင်း သား ပဲဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဆိုတော့ ဘယ် တတ်နိုင်မလဲ လို့ပဲပြောရ
မယ်။ ဒါက ပရိသတ် အခြေ အနေကြောင့် ပဲလေ။ ကျွန် တော့် အပြင် ပုံစံကလည်း
ပေါ့ပေါ့ပါးပါး ဆိုတော့ အဆင် ပြေတယ်။ ကျွန် တော့်အဖေက လည်း ဟာသတွေ
ပြောတတ်တော့ ငယ်ငယ်ကတည်းက နားထဲစွဲနေတာ။ ဟာသ တွေလုပ်တတ်တာ အဖေ့ ကြောင့်လို့
ပြောလို့ ရတယ်။ အခုထိလည်း အဖေနဲ့ သူငယ်ချင်း ပေါင်းသလိုပဲလေ။
အဖေနဲ့တူတာလို့ ထင် တယ်” လို့ပြောပြပါတယ်။
မေမွန်မောင်
Popular Journal
ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ဟာသကား တော်တော်များများကို ပရိသတ်တွေအားပေးကြသလို ကိုယ်တိုင်ကလည်း ပျော်ေ ပျာ်နေတတ် တာကြောင့် ပိုအဆင်ပြေတယ်လို့ပြောပြတဲ့
မေမွန်မောင်
Popular Journal