အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

မလေးမှ ပြန်မည့် မြန်မာလုပ်သားများအား Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည်

မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသော မြန်မာ မိသားစုများ ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။ Golden Myanmar လေကြောင်းလိုင်းသည် ဘန်ကောက် ၊ စင်ကာပူ ၊ ရန်ကုန် - မန္တလေး ခရီးစဉ် ပြေးဆွဲနေခြင်းကြောင့် ရန်ကုန် နှင့် မန္တလေး ခရီးစဉ် နှစ်ခုလုံး အား အခမဲ့ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
စီးနင်းလိုသူများ သည် မလေးရှား နိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်နေသူများဖြစ်ကြောင်း မြန်မာ သံရုံးထောက်ခံချက် ပါရှိရမည် ဖြစ်ပြီး လေယာဉ်လက်မှတ် အခမဲ့ ပေးမည် ဖြစ်သော်လည်း လေဆိပ် ၀န်ဆောင်ခ များကို စီးနင်းသူမှ ပေးဆောင်ရမည် ဟု Golden
Myanmar လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

Golden Myanmar လေကြောင်းလိုင်းကို ဆက်သွယ်လိုပါက စင်ကာပူ ဖုန်း နံပါတ် ၀၀၆၅ - ၉၁၈၂၉၃၉၀ ၊ ဘန်ကောက် ဖုန်းနံပါတ် ၀၀၆၆ -၂၁၃၄၇၉၃၈ / ၂၁၃၄၇၉၃၉ / ၈၄၉၉၀၆၀၉၀ သို့ ဆက်သွယ်နိုင်ပြီး Email ဖြင့် ဆက်သွယ် မည် ဆိုပါက www.gmairlines.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဝေယံ
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...