အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

12 June, 2013

ဓါးပြတိုက်မှု ဖြစ်ပွားခဲ့သည့် ရန်ကုန်-ကျိုက္ခမီလမ်းပိုင်း လုံခြုံရေး တိုးမြှင့်

ဇွန်လ(၈)ရက်နေ့က ဖြစ်ပွားခဲ့သော ရာဇာမင်းခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်း ဓါးပြတိုက်ခံရမှုနှင့် ပတ်သက် ၍ လက်ရှိတွင် ရန်ကုန်-ကျိုက္ခမီလမ်းပိုင်းအား လုံခြုံရေးတိုးမြှင့်ချထားကြောင်း ယာဉ်လိုင်းများထံမှ သိရှိရသည်။  မွန်ပြည်နယ် သထုံမြို့နယ်ရှိ တောင်စွန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ကျိုက္ခမီမှ ရန်ကုန်ဘက်သို့ ခရီးသည် (၃၀)ဦးခန့် လိုက်ပါစီးနင်းလာသည့် ရာဇာမင်း မှန်လုံအမြန်ယာဉ်အား ယာဉ်ပေါ်စီးနင်း လိုက်ပါလာသည့် အမည်မသိသူ (၅) ဦးက လက်နက်များဖြင့် ပစ်ခတ်ခဲ့သည့် ဓါးပြမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့်ချထားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ခရီးသည်တွေရဲ့ လုံခြုံရေးကိုအမြဲ ဦးစားပေးတယ်။ ခရီးသည်ရဲ့ မှတ်ပုံတင်စစ်တာတော့လုပ် လို့  ရတယ် ။ ဒါပေမဲ့ သူတို့ရဲ့ ခရီးဆောင်အိတ်တွေကိုတော့ စစ်ဆေးခွင့် မရှိဘူးလေ။ လုံခြုံရေးတပ်ဖွဲ့တွေ၊ အာဏာ ပိုင်တွေနဲ့ ပူပေါင်းပြီးတော့ ဆောင်ရွက်သွားမှာပါ” ဟု ရာဇာမင်းယာဉ်လိုင်း ဒါရိုက်တာ ဦးမြင့်ခိုင်က ပြောသည်။

သထုံမြို့နယ် တောင်စွန်းကျေးရွာ၊ ဘုရားကုန်းကြီး ကျောင်းကွေ့အနီး၊ အောင်းစိုင်ကျေးရွာ ရွာအ၀င်လမ်း (၁) ဖာလုံခန့်တွင် ဓါးပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လူ(၂)ဦး သေဆုံးခဲ့ကာ ခရီးသည် များထံမှ ရွှေ၊ ငွေ ပစ္စည်းများ လုယက်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

“အရင်က မှတ်ပုံတင်စစ်တာတွေ ဘာတွေ သိပ်မလုပ်ဘူး။ အခုတော့ လုံခြုံရေးအများကြီး တင်းကျပ်ထားတာ တွေ့ရတယ်” ဟု ရန်ကုန်-မော်လမြိုင် သွားလာနေသော ခရီးသည်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှလည်း တရားခံများအား အချိန်မီ ဖမ်းဆီးရမိရေးကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် နယ်မြေခံ တပ်မတော်မှလည်း နယ်မြေများတွင် လိုက်လံရှင်းလင်းလျှက်ရှိပြီး သထုံမြို့နယ် မြို့မရဲစခန်းမှ ပ/၉၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၆)အရ တရားလိုပြု အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ လည်း ပြည်သူတွေကိုအစွမ်းကုန်ကြိုးစားပြီး ကာကွယ်ပေးသွားမှာ ဖြစ်တယ်” ဟု သထုံမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲအုပ် အောင်ခင်ညွန့်က ပြောသည်။

ဓါးပြတိုက်ခံရမှုနှင့် လူသေဆုံးခဲ့မှု ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် ခရီးသည်စီးနင်းလိုက်ပါမှု အနည်းငယ်လျော့ကျမှု ရှိခဲ့သော်လည်း လက်ရှိတွင်ယာဉ်လိုင်းများမှာ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်းက ရာဇာမင်းယာဉ်လိုင်းကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ကားမီးရှို့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

http://myitmakhamediagroup.com/detail.php?newid=4939

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...