ရွှေတြိဂံဒေသဖြစ်သော
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဇွန်လ ၁၁ ရက် နေ့ နံနက် ၁၀
နာရီ ၃ဝ မိနစ်အချိန်ခန့်က ရှေးဟောင်းဘုရား ရုပ်ပွားတော်နှင့်
ရှေးဟောင်းရုပ်တုများကို ဆီပီပါအတွင်း လျှို့ဝှက် သယ်ဆောင်လာသည့်
ဒိုင်နာယာဉ် တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းမှ
သိရသည်။
တောင်ကြီးမြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော ဒိုင်နာ (အစိမ်း)ယာဉ် ကို လုံခြုံရေးအဖွဲ့နှင့် မူးယစ်အထူးအဖွဲ့က ကျိုင်းဖောင်းတံတား အနီးတွင် စစ်ဆေးရာ ဆီပီပါအတွင်းမှ အမြင့် ၂၃ လက်မကျော် ရှိသော ပုလ္လင်ပါ ဘုရားရုပ်ပွားတော်များနှင့်
အရွယ်အစား စုံလင်သော ကြေးဘုရားဆင်း တုတော် ၂၇ ဆူအပြင် စက္ကူဖြင့်
ထုပ်ပိုးထားသည့် နတ်သား၊ လောကနတ်၊ နတ်သမီး စသော ကြေးရုပ်တုတော် ၂၀
ခုတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်း၏
တိုင်တန်းချက်များအရ သိရသည်။
"ဆီပီပါကို မသင်္ကာလို့ စစ်ဆေးတာကနေ ရှေးဟောင်းဘုရား ဆင်းတုတော်တွေ ဖမ်းမိတာပါ" ဟု မူးယစ်(အထူး)အဖွဲ့မှ ဒုရဲအုပ်စိုးဝင်းက ဆိုသည်။
ရှေးဟောင်း ရုပ်ပွားတော်များနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနမှ စာကြည့်တိုက် တာဝန်ခံ ဒေါ်သီတာအောင်က "ညောင်ရမ်းခေတ်နဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာတွေလို့ ယူဆရတယ်။ သေချာ စစ်ဆေးပြီးမှ တိတိကျကျ ပြောနိုင်မယ်" ဟု The Voice သို့ ပြောကြားသည်။
ရှေးဟောင်း ရုပ်ပွားတော်များကို သယ်ဆောင်လာသော ဒိုင်နာယာဉ် ယာဉ်မောင်း ဦးစိုင်းဆမ် (၄၅နှစ်)နှင့် စိုင်းမောင်ဝန်း(ခ)စိုင်းဝန်း
(၃၇) တို့ကို (ပ) ၇၃/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅တို့ဖြင့်
အမှုဖွင့် အရေးယူထား ကြောင်း ကျိုင်းတုံမြို့နယ် ရဲစခန်းထံမှ သိရသည်။
The Voice Weekly
တောင်ကြီးမြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော ဒိုင်နာ (အစိမ်း)ယာဉ် ကို လုံခြုံရေးအဖွဲ့နှင့် မူးယစ်အထူးအဖွဲ့က ကျိုင်းဖောင်းတံတား အနီးတွင် စစ်ဆေးရာ ဆီပီပါအတွင်းမှ အမြင့် ၂၃ လက်မကျော် ရှိသော ပုလ္လင်ပါ ဘုရားရုပ်ပွားတော်များနှင့်
"ဆီပီပါကို မသင်္ကာလို့ စစ်ဆေးတာကနေ ရှေးဟောင်းဘုရား ဆင်းတုတော်တွေ ဖမ်းမိတာပါ" ဟု မူးယစ်(အထူး)အဖွဲ့မှ ဒုရဲအုပ်စိုးဝင်းက ဆိုသည်။
ရှေးဟောင်း ရုပ်ပွားတော်များနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနမှ စာကြည့်တိုက် တာဝန်ခံ ဒေါ်သီတာအောင်က "ညောင်ရမ်းခေတ်နဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်
ရှေးဟောင်း ရုပ်ပွားတော်များကို သယ်ဆောင်လာသော ဒိုင်နာယာဉ် ယာဉ်မောင်း ဦးစိုင်းဆမ် (၄၅နှစ်)နှင့် စိုင်းမောင်ဝန်း(ခ)စိုင်းဝန
The Voice Weekly