အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

15 June, 2013

ဒီနေ့June 15 ရက်နေ့ဟာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီခင်ဇာခြည်ကျော် ရဲ့မွေးနေ့ဖြစ်ပါတယ်..

Happy Birthday ပါ ခင်ဇာခြည်ကျော်.....
... ပျော်ရွှင်သောမွေးနေ့များကိုပိုင်ဆိုင်နိုင်ပြီး အနုပညာခရီးလမ်းတလျှောက်မှာ
အောင်မြင်မှုများကိုဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.

Cherry FM

DKBA ကြီးမှူးသော တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်း


ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA ) သည် လူထု လူတန်းစား ပေါင်းစုံ ပါဝင်သော တိုင်းရင်းသား ပေါင်းစုံ သဘောထားအမြင်များ နှီးနှော ဖလှယ်ပွဲ တရပ်ကို ယနေ့ မနက်ပိုင်း၌ ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံစည်းမြိုင် (ကော်သူးမွဲခီး) ကျေးရွာတွင် ကျင်းပခဲ့သည်ဟု DKBA ပြော ခွင့်ရသူ ဗိုလ်မှူး ထွန်းထွန်းက ဆိုပါသည်။ “ ကျနော်တို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲနေတယ် ဆိုပေမဲ့ တိုးတက်မှုတော့ မတွေ့ရသေးပါဘူး။ တဖက်မှာလည်း အချိန်တွေ ကြာလာတာနဲ့အမျှ ကျနော်တို့ရဲ့

မလေးရှားမှ ဒဏ်ရာရှိသည့် မြန်မာလူမျိုးများ ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာပြည် ပြန်မည်

မလေးရှားနိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြသော မြန်မာနိုင်ငံသားများသည် ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လာတော့မည်ဖြစ်သည်။ ဆာလာရန်းဈေး၌ ဓါးဖြင့် အထိုးခံခဲ့ရသော ကိုထွန်းမော်သိန်းကို လာမည့် (၁၇)ရက်နေ့တွင် MAI လေကြောင်းလိုင်းဖြင့် ဧရာဝတီ ဖောင်ဒေးရှင်းက မြန်မာနိုင်ငံသို့ ပြန်လည်

ထန်းကိုင်းရေနံမှော်မှ ရေနံတူးသူများအား ဇွန် ၁၃ ရက် အပြီးထွက်ခွာရန် ကြေညာမှုကြောင့် ဒုတိယအကြိမ် စုဝေးကန့်ကွက်

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်အတွင်း ရေနံတူးသူများအား သက်ဆိုင်ရာ ရဲစခန်းမှ ဇွန် ၁၃ ရက်နံနက် ၈နာရီ နောက်ဆုံးထား ထွက်ခွာရန် ကြေညာခဲ့မှုကြောင့် ရေနံတူးသူများက ဒုတိယအကြိမ် စုဝေးကန့်ကွက် ခဲ့ကြကြောင်း သိရသည်။ယင်းမှော်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ ရေနံတူးသူ နှစ်သောင်းခန့် လာရောက်လုပ်ကိုင်လျက်ရှိကြောင်း ပထမအကြိမ် ဇွန် ၉ ရက် နောက်ဆုံး

Htoo Group of Companies ဥက္ကဌ ဦးတေဇမှ နိုင်ငံတော်သို့ ၁၉၀၇ ကာရက်ရှိ ပတ္တမြား အရိုင်းတုံးကြီး ပေးအပ်လှူဒါန်း

မြန်မာ့စီးပွားရေးလုပ်ငန်းရှင် Htoo Group of Companies ဥက္ကဌ ဦးတေဇ အကြိမ်(၅၀)မြောက် ရွှေရတုမြန်မာ့ ကျောက်မျက်ပြပွဲ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အသင်းဝင် အားလုံးကို ဂုဏ်ပြုသော အားဖြင့် အလွန်အရည်အသွေး ကောင်းမွန်သည့် ၁၉၀၇ ကာရက်ရှိ ပတ္တမြားအရိုင်းတုံးကြီး အား နေပြည်တော်

ဝတ်စားဆင်ယင်မှု ပါရာဒိုင်းအရွေ့

မန္တလေးမြို့ ကျုံးတောင်ဘက်ထောင့်တွင် ညဦးပိုင်းအချိန် ထိုင်နေကြသော ယောက်ျားလေးတစ်စုထံမှ ပြက်ရယ်ပြုဟန် ပြောဆိုသံ သဲ့သဲ့ထွက်လာသည်။“ဟိုစော်လေးက လန်းတယ်ကွ၊ ဒီစော်က တိုက်ဂေါကြီး”ဟု ၎င်းတို့မှာ ကျုံးဘေး ပတ်လည်တွင် နောက်ဆုံးပေါ် ဆိုင်ကယ်များဖြင့် မောင်းနှင် သွားလာနေကြသော မိန်းမပျို ကလေးများကို ပြောဆိုနေကြခြင်း ဖြစ်သည်။အဆိုပါ ဆိုင်ကယ်စီးနင်း သွားလာနေသော မိန်းမပျိုကလေးများသည် အသက်အားဖြင့် ဆယ်ကျော်သက်အရွယ်မှ အသက် ၂၀

Air Bagan information Counter At International Airport Arrival!

မလေးရှားနိုင်ငံမှ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ ရန်ကုန်သို့ပြန်လည် ရောက်ရှိပြီး ၎င်းတို့နေရပ်သို့ပြန်လိုပါက Air Bagan လေကြောင်းလိုင်းမှ ပျံသန်းပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များတွင် အခမဲ့စီးနင်းနိုင်ပါသည်။ ပြည်တွင်းခရီးစဉ်အတွင်း စီးနင်းလိုက်ပါနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးမှ လိုအပ်သည့် စာရွက်စာတမ်းအထောက်အထား (ဥပမာ။ ။ Passport (သို့မဟုတ်)

မလေးရှားမှ ပြန်လိုသူများကို ယာယီ သက်သေခံ လက်မှတ် ထုတ်ပေး

မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသို့ပြန်ရန် ယာယီ သက်သေခံလက်မှတ် ရရှိရေး အတွက် လာရောက်စာရင်းပေးသူ ယမန်နေ့အထိ ၈၀ ကျော်ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတင်းရရှိသည်။ပဋိပက္ခ ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး စုံစမ်းရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၁၁ ရက်နေ့ညနေ တွင်

RNDP နှင့် ALD ပေါင်းစည်းရေး ဖြစ်နိုင်ခြေများ ( ပေါင်းစည်းရေး အထူး)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( RNDP) နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) တို့၏ ပေါင်းစည်းရေးမှာ ဖြစ်နိုင်ခြေများနေကြောင်း နှစ်ဘက် ပါတီ ထိပ်တန်း ခေါင်းဆောင်များက နိရဉ္စရာသို့ ပြောသည်။ယနေ့ ညနေပိုင်းက ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။
“ အခြေအနေက ပေါင်းစည်းဖြစ်ဖို့ အခြေအနေများ ပါတယ်။ နှစ်ဘက်စလုံးက ပေါင်းစည်းရေးကို

နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်မည်

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှု အများဆုံးနေရာ များတွင် တစ်ခုအပါအဝင် ဖြစ်သော မန္တလေးမြို့တော်ရှိ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်ရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။ဆွေးမြည့်နေသော တိုင်များ၊ တံတား ကြမ်းခင်းများကို

မြ၀တီတွင် ဂျပန် JICA အဖွဲ့မှ ဒုက္ခသည်များအတွက် ပြန်ကြားရေးဌာန ဖွင့်လှစ်မည်

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကူညီလုပ်ဆောင်ပေးရန် ဂျပန်အစိုးရက စေလွှတ်ထားသည့် JICA အဖွဲ့ ကိုယ်စားလှယ် ယူကီနီရှီမိုရီ (Mr. Yuki Nishimori)က ဒုက္ခသည်များအတွက် သတင်းပြန်ကြားရေးဌာနတစ်ခုကို ယခုနှစ်အ တွင်း ဖွင့်လှစ်သွားရန်ရှိကြောင်း မြ၀တီမြို့ရှိ ကေအဲန်ယူ ကိုယ်စားလှယ်များနှင့် ယမန်နေ့က မြ၀တီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ သည်။
မြ၀တီမြို့နယ်ရုံးတွင် ယမန်နေ့မနက် ၁၁နာရီမှစ၍ တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့်

CNG ချပေး၍ လိုင်းကားအစီးရေ တစ်ရာကျော် တိုးချဲ့ပြေးဆွဲမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မထသ(ဗဟို)လက်အောက်မှ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်များအတွက် CNG ကုဗပေ တစ်သန်းချထားပေးမှုနှင့်အတူ မြို့တွင်းခရီးသွားလာမှု အဆင်ပြေစေရန် လိုင်းကား အစီးရေ (၁၂၈)စီးအား ထပ်မံ တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။
သဘာဝဓာတ်ငွေ့(CNG)ဖြင့် မောင်းနှင်သည့် ယာဉ်အစီးရေ (၁၂၈) စီးအား ထုတ်ပေးသွားမည်ဟု မထသ

ငြိမ်းချမ်းရေး အကြိုဆွေးနွေးရန် KNU ကိုယ်စားလှယ်အဖွဲ့များ ရန်ကုန်သို့ ထွက်ခွာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ စောမူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်တို့ ဦးဆောင် သောအဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အကြိုဆွေးနွေးရန် ရန်ကုန်သို့ ယနေ့ ထွက်ခွာသွားကြောင်း KNU က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။
 KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ဇွန်လ ၁၅ရက်နေ့တွင် ဥက္ကဌ စောမှုတူးစေးဖိုး

အပစ်ရပ်ပြီးသော်လည်း ဖားအံ-သံလွင်တံတားဖြတ်ကျော်ခွင့် အချိန်ကန့်သတ်မှုရှိနေဆဲ

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တနှစ်ကျော်ကြာပြီးဖြစ် သော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်တံတားကို ခရီးသွားလာဖြတ်ကျော်ခွင့်မှာ အစိုးရမှ အချိန်ကန့်သတ်မှု ထားရှိနေဆဲဖြစ်ကြောင်း ခရီးသည်များက ပြောသည်။ဖားအံ-မြိုင်ကလေးကို ဆက်သွယ်ထားသည့် ၎င်းသံလွင်မြစ်ကူးတံတားကို ည ၁၀နာရီခွဲအချိန်၌ ဖြတ်သန်းသွားလာခွင့် စတင် ပိတ်လိုက်ပြီး နံနက် ၃နာရီအချိန်မှသာ ပြန်လည် ဖွင့်ပေးသောကြောင့်

အရိုက်ခံရတယ်ဆိုတဲ့အမျိုးသမီး ကိစ္စ မေမြို့ NLD ပြန်ရှင်း

ဧရာဝတီသတင်းဌာနက ယမန်နေ့က မေမြို့ ( ပြင်ဦးလွင်)မှာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း တင်ပြစာပေး ရန် ကြိုးစားခဲ့တဲ့အတွက် ရိုက်နှက်ခံရပြီး ဆေးရုံတက်၊ ကုသရတယ်ဆိုတဲ့ အမျိုးသမီး က ပြင်ဦးလွင် NLD တွေကို ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်ဆိုတဲ့ သတင်းကို ဖော်ပြခဲ့ပါတယ်။
 ဧရာဝတီ သတင်းထောက် မန်းသာလေး ရေးသားတင်ပြထားတဲ့ အရိုက် ခံခဲ့ရသည်ဆိုသည့် အမျိုးသမီး က

ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ

ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် ဘောလုံးပွဲပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့  ပွဲ ဖြစ်မြောက်ရေး လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။ ဒေသတွင်း မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေရှာတဲ့  ဒီပွဲကို ရုပ်ရှင်သရုပ်ဆောင် ရာဇာနေ၀င်း၊ မိုးယံဇွန်၊

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...