အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 May, 2014

ဗုဒ္ဓဝါဒ နှင့် ဗြဟ္မဏဝါဒ ခွဲခြားပုံ


ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့ ခံယူထားရင် တကယ့်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ ဆန်းစစ်ကြည့်ကြပြီး တကယ်မဖြစ်သေးရင် ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။

မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ (ဟိန္ဒူဝါဒ) အလုပ်ကြိုးစားခြင်း၊ ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ။ ဖွတ်တက်လို့၊ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလုပ်လို့ အကုသိုလ်ရှိလို့

ကျောင်းအပ်နှံရာတွင် ကျပ်သိန်းချီပေးရမှုအချို့ ရှိနေဆဲ

Photo: ကျောင်းအပ်နှံရာတွင် ကျပ်သိန်းချီပေးရမှုအချို့ ရှိနေဆဲ 

အခြေခံပညာ ကျောင်းများတွင် အလယ်တန်းအဆင့် အခမဲ့ပညာရေးစနစ်ကို ယခု ၂၀၁၄-၁၅ ပညာသင်နှစ်တွင် စတင်မည်ဟု ထုတ်ပြန်ထားသော်လည်း မေလ ၂၅ ရက် ကျောင်းများ စတင်အပ်နှံချိန်တွင် မိဘအချို့မှာ ကျောင်း အပ်နှံ နိုင်ရေးအတွက် ကျပ်သိန်းနှင့်ချီ ကုန်ကျသူများ ရှိနေကြောင်း ကျောင်းသားမိဘ အချို့က ပြောသည်။

ထိုသို့ ငွေကြေးတောင်းခံမှု အများဆုံးခံရသော ကျောင်းသားများမှာ မူလတန်း ပညာ ပြီးဆုံး၍ မိမိနေသည့်ကျောင်းတွင် အလယ်တန်းမရှိခြင်းနှင့် ကျောင်း ပြောင်းလိုသော ကျောင်းသားသစ်များက ၀င်ခွင့်အဖြစ် တောင်းခံနေရ ကြောင်း ကျောင်းသားမိဘ အချို့က ဆိုသည်။

‘‘ကျောင်းသွားအပ်တာကို အသစ်ပြောင်းလာတဲ့ ကျောင်းသား မိဘမှန်းလည်း သိရော ဆရာမတွေက ဆရာကြီးနဲ့ တွေ့ပြီးပြီလားဆိုတာပဲ မေးနေတယ်။ တွေ့ပြီးလို့ သေချာလုပ်ဆောင်ပြီးပြီ (ငွေပေးပြီးပြီ)ဆိုမှပဲ ငြိမ်သွားကြတယ်’’ ဟု ရန်ကုန်မြို့တွင်မြို့နယ်ပြောင်း၍ ပဉ္စမတန်းတန်း ကျောင်းသားကို သွားရောက် အပ်နှံခဲ့သော ကျောင်းသား မိဘတစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းသားမိခင်သည် ကျောင်းသားသစ် အပ်နှံခြင်းအတွက် ကျပ်ခြောက်သိန်း ပေးဆောင်ခဲ့ရကြောင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ကျောင်းသား မိခင်တစ်ဦးက ဆိုသည်။

‘‘အသစ်အပ်တဲ့ သူတွေကတော့ ပေးရတာပဲ။ တချို့တတ်နိုင်တဲ့ သူတွေဆို ကလေးနေရာ ရရှိရေးအတွက်ကိုရော စုစုပေါင်း ၁၀ သိန်းလောက်ထိ ပေးခဲ့ ရတာတွေလည်း ရှိတယ်’’ ဟု အခြားကျောင်းသား မိဘတစ်ဦးက ဆိုသည်။

သို့သော် ထားသည့် အခန်းတွင် ရယူကာ အပ်နှံသော ကျောင်းသားမိဘ များမှာ ကျောင်းအပ်နှံရာတွင် ဘာသာရပ်ဆိုင်ရာ ပုံနှိပ်စာအုပ်များ ရရှိသည့် အပြင် ငွေကြေးပေးဆောင်ရန် မလိုကြောင်း မေလ ၂၅ ရက်က ကျောင်းအပ် နှံခဲ့သော အင်းစိန်မြို့နယ်မှ ကျောင်းသား မိဘများက ဆိုသည်။

7 Day News daily
အခြေခံပညာ ကျောင်းများတွင် အလယ်တန်းအဆင့် အခမဲ့ပညာရေးစနစ်ကို ယခု ၂၀၁၄-၁၅ ပညာသင်နှစ်တွင် စတင်မည်ဟု ထုတ်ပြန်ထားသော်လည်း မေလ ၂၅ ရက် ကျောင်းများ စတင်အပ်နှံချိန်တွင် မိဘအချို့မှာ ကျောင်း အပ်နှံ နိုင်ရေးအတွက် ကျပ်သိန်းနှင့်ချီ ကုန်ကျသူများ ရှိနေကြောင်း ကျောင်းသားမိဘ အချို့က ပြောသည်။
ထိုသို့ ငွေကြေးတောင်းခံမှု အများဆုံးခံရသော ကျောင်းသားများမှာ မူလတန်း ပညာ ပြီးဆုံး၍

မြန်မာပြည်သို့ လာရောက်သည့် ဝူခုန်း သရုပ်ဆောင် မြန်မာ အနုပညာရှင် များနှင့် တွဲဖက်ဇာတ်ကား ရိုက်ချင်ဟုဆို


၁၉၉ဝ ဝန်းကျင် ကာလများက မြန်မာပြည် ရုပ်သံလောကတွင် အထူးထင်ရှား ကျော်ကြားခဲ့သည့် အနောက်သို့  ခရီးသွားခြင်း (Journey to the West) ဇာတ် လမ်းတွဲ မှ နာမည်ကျော် မျောက်မင်း စွန်းဝူခုန်းအဖြစ် သရုပ်ဆောင်ခဲ့ သော မင်းသား Mr. Liu Xiao Ling Tong သည် မေလ ၂၁ ရက်နေ့က မြန်မာပြည်သို့ ချစ်ကြည် ရေး ခရီး စဉ် အဖြစ် လာရောက် ခဲ့ပြီး မြန်မာ ပရိ သတ်များ နှင့် တွေ့ဆုံခြင်း အခမ်း အနားကို မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Sky Star ဟိုတယ်တွင်

ပြင်ဦးလွင်အမှတ်တရနဲ့ အိချောပို


  အိချောပိုက ပြင်ဦးလွင်မှာ နေတိုး၊ ခန့်စည်သူ၊ နေမင်းတို့နဲ့ ဗီဒီယို ၅ ကားရိုက်ကူးဖို့ ရောက်ရှိနေပါတယ်။ အဲဒီ ၅ ကားမှာတော့ ပရိသတ်
ကြိုက်မယ့် ဇာတ်လမ်းအစုံပါ တယ်လို့ပြောတဲ့ အိချောပိုကို ခန့်စည်သူနဲ့ ဟာသကားတွဲရိုက်တဲ့အခါမှာ ဟာသပိုင်တဲ့ ကိုခန့်စည်သူက ဘာတွေသင်ပေးလဲမေးတော့” အစုံပါပဲ၊ ဟာသဒိုင်ယာလော့က တအားလေးလို့မရဘူးဆိုတာကအစအကုန်သင်ပေးပါတယ်” လို့ ပြောပါတယ်။ အငြိမ့်မင်းသမီး လူရွှင်တော်အဖြစ်လည်းလုပ်ဖူးတဲ့ အိချောပိုကို နောက်ထပ် လူရွှင်တော် လုပ်ပေးဖို့

ပရိသတ်တွေနဲ့အတူ အနုပညာလောကမှာ ရှင်သန်ချင်တဲ့ ခင်ဝင့်ဝါ


  ခင်ဝင့်ဝါက “၉၉၉” ဆိုတဲ့ ဇာတ်ကား ကို ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ပထမဆုံး ဇာတ်ကားစတင် ရိုက်ကူးခဲ့ တုန်းက ဒါရိုက်တာ ကြည်ဖြူသျှင် နဲ့ပဲ ဖြစ်ပြီး ဒုတိယမြောက် ပြန်ဆုံတဲ့ကား ဖြစ်ပါတယ်။ ဇာတ်ကား စတင်ရိုက်ကူး မှုကို ပြန် သုံးသပ်ဖြစ်တယ်ဆိုတဲ့ ခင်ဝင့်ဝါက..“ညီမရဲ့ပထမဆုံး အခွေက ထွက်လာပြီ။ တချို့ပရိသတ်တွေကျ တော့ အသံဖလိုး အများကြီး လိုသေးလို့ဝေဖန် အကြံပေးကြတယ်။ အဲဒီအတွက် ပြင်ဆင်ပါတယ်။ ကိုယ့်ကား ထွက်လာတော့ ကြည့်ပြီး

အနုပညာ ဝါသနာပါတဲ့ ညီမဖြစ်သူ ငွေမှုံရတီ အကြောင်းပြောပြတဲ့ ရွှေမှုံရတီ


 ၈ တန်းကျောင်းသူအရွယ်ကနေ အနုပညာလောကကို ဝင်ရောက် ခဲ့တဲ့ ရွှေမှုံရတီက အခုအချိန်မှာ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားပြီဖြစ်ပါတယ်။ အခုဆိုရင် ညီမဖြစ်သူ ငွေမှုံရတီကလည်း အနုပညာဝါသနာပါတဲ့အတွက် အနုပညာအလုပ်တွေကို လုပ်ဖို့
စီစဉ်နေပြီလို့ သိရပါတယ်။" ညီမလေးက အဆိုတော် ဝါသနာပါတာ။ အသံကောင်းတော့

ထိုင်းရုပ်သံ ဆက်ပိတ်ပါက အင်တာနက်မှတစ်ဆင့် နှစ်လုံးထီ ဆက်ကစားရန် စီစဉ်

Photo: ထိုင်းရုပ်သံ ဆက်ပိတ်ပါက အင်တာနက်မှတစ်ဆင့် နှစ်လုံးထီ ဆက်ကစားရန် စီစဉ် 

ထိုင်းနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထိုင်းစတော့ရှယ်ယာ ဈေးကွက်သတင်းများကို ရုပ်သံမှ ဆက်လက် မထုတ်လွှင့်တော့ပါက နှစ်လုံးထီကို အင်တာနက်မှတစ်ဆင့် ရယူကာ တစ်ရက်နှစ်ကြိမ် ကစားသွား မည် ဖြစ်ကြောင်း မြိတ်ဒေသရှိ နှစ်လုံးထီဒိုင်ကြီး အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်အာဏာ သိမ်းသည့် မေလ ၂၂ ရက်နေ့ ညနေပိုင်းကစပြီး ထိုင်းစတော့ ရှယ်ယာ ဈေးကွက်များကို ရုပ်သံမှ မလွှင့်ထုတ်တော့သောကြောင့် တစ်ရက် လျှင် လေးကြိမ် ကစားသည့် တရားမဝင် နှစ်လုံးထီကို ရပ်နားလိုက်ရပြီး အင်တာနက်မှ ဂဏန်းကို ကြည့်ကာ ကစားရန် စမ်းသပ်ကြည့်ရှုဆဲ ဖြစ်ကြောင်း မြိတ်မြို့ နှစ်လုံးထီ လောင်းကစားသူများ အသိုင်းအဝိုင်းထံမှ သိရသည်။

“မေလ ၂၂ ရက်နေ့က မနက်ပိုင်းနဲ့ ညနေပိုင်း အထိတော့ ဈေးကွက်က ရှိနေသေးတော့ ကစားလို့ ရပါသေးတယ်။ ညနေပိုင်း ၄ နာရီ အချိန်ကျတော့ ဈေးကွက်က ဘာမှ မလာတော့ဘူး။ ကျွန်တော်တို့လည်း ဆက်မကစားတော့ ထိုးသားတွေကိုလည်း ငွေပြန်အပ်ပေးလိုက်တယ်” ဟု မြိတ်တောင်ကျေးရွာရှိ နှစ်လုံးထီဒိုင်တစ်ခုမှ အမျိုးသားတစ်ဦးက ပြောကြားသည်။

ရုပ်သံ ပိတ်လိုက်သော်လည်း ထိုင်းစတော့ရှယ်ယာ သတင်းများကို မေလ ၂၃ ရက်နေ့ ညနေအထိ အင်တာနက် စာမျက်နှာများမှတစ်ဆင့် ကြည့်ရှုနိုင်ဆဲ ဖြစ်ပြီး ထိုင်းစစ်အာဏာသိမ်းမှုကို ထိုင်းစတော့ရှယ်ယာ ဈေးကွက်က ဂရုတစိုက် တုံ့ပြန်ဆောင်ရွက်နေကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

ထားဝယ် ဒေသတွင်လည်း နှစ်လုံးထီကို မေလ ၂၂ ရက်နေ့တွင် သုံးကြိမ်သာ ထွက်နိုင်ပြီး ထိုင်းစစ်အာဏာ သိမ်းသည့် ညနေပိုင်းကတည်းက ရပ်နားလိုက် ရကြောင်း ထားဝယ်မြို့မှ နှစ်လုံးထီ ဒိုင်တစ်ဦးက ပြောကြားသည်။

တစ်ရက်လျှင် လေးကြိမ် ကစားလေ့ ရှိသော နှစ်လုံးထီများ ရပ်နားလိုက်ရ သည့်အတွက် ရက်ပိုင်းတွင် များစွာမသိသာသော်လည်း ရက်သတ္တပတ်ပေါင်း များစွာ ရပ်နားလိုက်ရပါက အလယ်လတ်စား ထီဒိုင်များ၊ နှစ်လုံးထီ ရောင်းသူများ ဝင်ငွေကို များစွာထိခိုက်နိုင်ကြောင်း ၎င်းကဆိုသည်။
“တစ်ပတ် နှစ်ပတ် နားရင် အဆင်ပြေသေးတယ်။ လုံးဝ နားလိုက်ရရင် လွယ်မှာ မဟုတ်ဘူး” ဟု အထက်ပါ ထီဒိုင်က ပြောကြားသည်။

ထားဝယ်ဒေသတွင် သာမန် နှစ်လုံးထီ ရောင်းသူတစ်ဦး၏ ဝင်ငွေသည် အနည်းဆုံး ၇၅၀၀ ကျပ် ရှိပြီး ရက်ရှည်နားရပါက သာမန်ထီရောင်းသူများ၏ ဝင်ငွေကိုလည်း ထိခိုက်နိုင်ကြောင်း ထားဝယ်ဒေသ ထီလုပ်ငန်း လုပ်ကိုင်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

အာဏာသိမ်းမှုကြောင့် နှစ်ပတ်ခန့် ထီအရောင်း ရပ်နားထားရမည်ဟု မျှော်လင့်ထားပြီး နှစ်လုံးထီ ထွက် မထွက်နှင့် မည်သည့်နည်းဖြင့် ဆက်ကစားမည်ကို လာမည့် တနင်္လာနေ့တွင် ထပ်မံ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ထားဝယ်မြို့မှ ထီဒိုင်တစ်ဦးက ဆိုသည်။

လကုန်နှင့် လလယ်တွင် လစဉ် နှစ်ကြိမ်ထွက်လေ့ ရှိသော ထိုင်းသုံးလုံး ထီအရောင်းကိုမူ စောင့်ကြည့်ဆဲ ဖြစ်ကြောင်း ထားဝယ်မြို့ ထီလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

တရားမဝင် နှစ်လုံးထီကို ယခုကဲ့သို့ ဆက်လက် ပိတ်ထားပါက အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေးနှင့် အခြားကိစ္စရပ်များ အဘက်ဘက် က ပိုမိုအဆင်ပြေလာနိုင်ဖွယ် ရှိသည့်အတွက် လုံးဝ ပိတ်သိမ်းလိုက်လျှင် ပိုကောင်းမည်ဟု နေ့စဉ် နှစ်လုံးထီ လောင်းကစား ပြုလုပ်သည့် မြိတ်တောင် ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်နေ အသက် ၄၀ ကျော်အရွယ် အိမ်ရှင်မ အမျိုးသမီး တစ်ဦးက ဖွင့်ဟသည်။

နှစ်လုံးထီ လောင်းကစားသည် တရားမဝင် လောင်းကစားခြင်း တစ်မျိုးဖြစ်ပြီး ဒေသအာဏာပိုင်နှင့် ရဲများကို လစဉ်လိုင်းကြေး ပေးသွင်းပြီး လောင်းကစား လေ့ ရှိသည်ဟု ဆိုသည်။

(Dawei Watch)
ထိုင်းနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ထိုင်းစတော့ရှယ်ယာ ဈေးကွက်သတင်းများကို ရုပ်သံမှ ဆက်လက် မထုတ်လွှင့်တော့ပါက နှစ်လုံးထီကို အင်တာနက်မှတစ်ဆင့် ရယူကာ တစ်ရက်နှစ်ကြိမ် ကစားသွား မည် ဖြစ်ကြောင်း မြိတ်ဒေသရှိ နှစ်လုံးထီဒိုင်ကြီး အသိုင်းအဝိုင်းထံမှ သိရသည်။
စစ်အာဏာ သိမ်းသည့် မေလ ၂၂ ရက်နေ့ ညနေပိုင်းကစပြီး ထိုင်းစတော့ ရှယ်ယာ ဈေးကွက်များကို ရုပ်သံမှ မလွှင့်ထုတ်တော့သောကြောင့် တစ်ရက် လျှင် လေးကြိမ် ကစားသည့် တရားမဝင် နှစ်လုံးထီကို

သရုပ်ဆောင် အေးမြတ်သူ ရဲ့ပလက်ဖောင်းအလှူ

Myanmar News Media's photo.
ပလက်ဖောင်းပျိုးခင်းက သားသားမီးမီးလေးတွေကို သရုပ်ဆောင် အေးမြတ်သူ အလှူငွေသုံးသိန်းနှင့် ကြက်ဆီထမင်းများ လာရောက်ကုသိုလ် ပြုသွားပါတယ်။

မန္တလေးမှာ ကြော်ငြာလာလိုက်ရင်း မအားလပ်တဲ့ကြားကနေ

" တောင်ကိုရီးယားတို့အတွက် အခွင့်အရေးပိုရလာတဲ့ ကမ္ဘာ့ဂီတ ဆုပေးပွဲ "


Photo: " တောင်ကိုရီးယားတို့အတွက် အခွင့်အရေးပိုရလာတဲ့ ကမ္ဘာ့ဂီတ ဆုပေးပွဲ "

မေလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတကာဆိုင်ရာ ကမ္ဘာ့ဂီတဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်း ကြိုတင်ထွက်ရှိလာချိန်မှာတော့ ကိုရီးယား အဆိုတော် များစွာ ပါဝင်လို့နေတာဟာ သူတို့အတွက်ဝမ်းသာအားတက်စရာပါ။ 

ဒါတင်မက Best Fan Base ဆိုတဲ့ မဲပေးနိုင်တဲ့ခေါင်းစဉ် အသစ်တစ်ခု ဖန်တီး ပေးလိုက်ခြင်းဟာ လည်း ပရိသတ်များလာတဲ့ တောင်ကိုရီးယား အဆိုတော် အဖွဲ့တွေ အဖို့ အခွင့်အရေး ပိုရလာတာလို့ဆိုပါတယ်။ အထူးသဖြင့် Big Bang, EXO, 2NE1 တို့လိုအဖွဲ့များအတွက် စိတ်လှုပ်ရှားစရာ ကောင်းပါ တယ်။

အဖွဲ့လိုက်ဆန်ခါတင်စာရင်းမှာတော့ EXO, 2NE1, CNBLUE, Wonder Girls တို့ပါဝင်နေပြီး တစ်ဦးချင်းဆန်ခါတင်မှာတော့ G Dragon , PSY? IU ၊ ဟိုရင် ၊ ဟင်နရီစတဲ့ ကိုရီးယားအဆိုတော်များပါဝင်ပြီး အမျိုးသားများက အမျိုးသမီးများထက် အရေအတွက်ပိုများများပါဝင်တယ်လို့ သိရပါတယ်။ 

အမေရိကန်မှာရောင်းအား နံပါတ်တစ်ရထားတဲ့ မရိုင်ကာရေးကတော့ ဂုဏ်ပြုဆုကို အဲဒီကမ္ဘာ့ဂီတဆုပေးပွဲမှာ လက်ခံရရှိမှာဖြစ်ပြီး ကိုရီးယား အဆိုတော် ဟန်ဂန်းကတော့ အဲဒီပွဲမှာဖျော်ဖြေဖို့ စာရင်းဝင်ထားပါတယ်။ 
ဒီပွဲကို ကမ္ဘာအနှံ့က ရုပ်သံလိုင်း ၈ဝ က လွှင့်မှာဖြစ်ပြီးမဲပေးတာတွေ၊ ဆန်ခါတင်စာရင်းဝင်သူတွေကို စိတ်ဝင်စားရင် World Music Award ရဲ့ ဝက်ဘ်ဆိုက်မှာသင်ကိုယ်တိုင် ဝင်ကြည့်နိုင်ပါတယ်။

Popular

မေလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတကာဆိုင်ရာ ကမ္ဘာ့ဂီတဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်း ကြိုတင်ထွက်ရှိလာချိန်မှာတော့ ကိုရီးယား အဆိုတော် များစွာ ပါဝင်လို့နေတာဟာ သူတို့အတွက်ဝမ်းသာအားတက်စရာပါ။
ဒါတင်မက Best Fan Base ဆိုတဲ့ မဲပေးနိုင်တဲ့ခေါင်းစဉ် အသစ်တစ်ခု ဖန်တီး ပေးလိုက်ခြင်းဟာ လည်း ပရိသတ်များလာတဲ့ တောင်ကိုရီးယား အဆိုတော် အဖွဲ့တွေ အဖို့ အခွင့်အရေး ပိုရလာတာလို့ဆိုပါတယ်။ အထူးသဖြင့် Big Bang, EXO, 2NE1 တို့လိုအဖွဲ့များအတွက် စိတ်လှုပ်ရှားစရာ ကောင်းပါ တယ်။
အဖွဲ့လိုက်ဆန်ခါတင်စာရင်းမှာတော့ EXO, 2NE1, CNBLUE, Wonder Girls တို့ပါဝင်နေပြီး

ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ

Photo: ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ 

တောင်အမေရိက အပူပိုင်း ဒေသ မှာ ရှင်သန် ပေါက်ဖွားလေ့ ရှိတဲ့ အနာကွန်ဒါ (anaconda) မြွေဟာ ကမ္ဘာ့ အကြီးဆုံး မြွေများထဲမှ မျိုးစိတ် တစ်ခု ဖြစ်ပြီး အမေရိကမှာ အကြီးဆုံး မြွေ ဖြစ်ပါတယ်။ သူဟာ အဆိပ်ဖြင့် ရန်ပြုတတ်တဲ့ မြွေ မဟုတ်ပေမယ့် သားကောင်ကို အရိုးကြေမွ သွားအောင် အချိန် ခဏအတွင်း တိုက်ခိုက် နိုင်တဲ့ မြွေမျိုး ဖြစ်ပါတယ်။ 

ဘရာဇီးနိုင်ငံ အမေဇုန် တော အတွင်းသို့ Animal Planet အဖွဲ့ သွားရောက်ပြီး ရိုက်ကူးရေး ပြုလုပ်ရာ မမျော်လင့်ပဲ ပေ ၂၀ ကျော် ရှည်တဲ့ အနာကွန်ဒါ မြွေ တစ်ကောင်နဲ့ ထိပ်တိုက် တိုးခဲ့ ပါတယ်။ မြစ်ရေအောက် တစ်နေရာမှာ တွေ့ရှိခြင်း ဖြစ်ပြီး ရိုက်ကူးရေး အဖွဲ့ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ ပါတယ်။ ယင်း ဒေသမှာ မြွေရစ်ပတ်မှု ကြောင့် အရိုးကြေ သေဆုံး သူ အချိ့ ရှိနေပြီး ယင်းအတွက် စုံစမ်းမှုကိုလည်း ပြုလုပ် လျက် ရှိပါတယ်။ ဒီအတွက် တရားခံဟာ အနာကွန်ဒါ မြွေ ဖြစ်တယ် ဆိုတာကို သိပေမယ့် ဘယ်သူမှ ယခုလို မျက်စိရှေ့ တပ်အပ် မမြင်ခဲ့ကြ ပါဘူး။ 

မမျော်လင့်ပဲ တွေ့ရှိချိန် မကြောက်မရွဲ့ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်း တင်ခဲ့ သူများ ကတော့ အသက် ၅၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ Jeremy Wade နဲ့ Animal Planet ရုပ်သံ အဖွဲ့သားများ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
တောင်အမေရိက အပူပိုင်း ဒေသ မှာ ရှင်သန် ပေါက်ဖွားလေ့ ရှိတဲ့ အနာကွန်ဒါ (anaconda) မြွေဟာ ကမ္ဘာ့ အကြီးဆုံး မြွေများထဲမှ မျိုးစိတ် တစ်ခု ဖြစ်ပြီး အမေရိကမှာ အကြီးဆုံး မြွေ ဖြစ်ပါတယ်။ သူဟာ အဆိပ်ဖြင့် ရန်ပြုတတ်တဲ့ မြွေ မဟုတ်ပေမယ့် သားကောင်ကို အရိုးကြေမွ သွားအောင် အချိန် ခဏအတွင်း

ဇွန်သင်ဇာနှင့် ဇာဇာထက်တို့ ဖျော်ဖြေသည့် Pool Party ပြည်မြို့တွင် ပြုလုပ်

Photo: ဇွန်သင်ဇာနှင့် ဇာဇာထက်တို့ ဖျော်ဖြေသည့် Pool Party ပြည်မြို့တွင် ပြုလုပ်

မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသည့် Pool Party ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် မေ ၂၄ ရက်နေ့က ညနေပိုင်းမှညသန်းခေါင်ယံ အချိန်အထိ ပြုလုပ်ခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦးစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန် လက်မှတ် အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ရကြောင်း ယင်းပါတီ တက်ရောက်ခဲ့သူများထံမှ သိရသည်။

အဆိုပါ ပါတီကို နွေမိုးဆောင်း ရေကူးကန်တွင် ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီ မှ ၁၂ နာရီထိ ကျင်းပခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦး တစ်ဝိုင်းစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန်လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ သတ်မှတ်ထားကာ မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသွားခဲ့သည်။

ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ကိုမိုက်ကိုက “VIP က ၂၀၊ ကျန်တာ လူ ၁၅၀ လောက် တက်တယ်။ မော်ဒယ်လ်တွေက Sexy အသားပေး ဖျော်ဖြေမှု အားနည်းတဲ့အတွက် တက်တဲ့သူတွေ အားရမှု နည်းတယ်။ လူကြီးပိုင်းတွေလည်း လာကြတယ်” ဟု The Voice သို့ ပြောဆိုသည်။

ပြည်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပွဲဖြစ်သည့်အတွက် စားသောက်စရာများ ပေးသည့် အပိုင်းတွင် လိုအပ်ချက် ရှိပြီး လူငယ်သဘာဝ ပျော်ချင်သည့်အတွက် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မော်ဒယ်လ်များမှာ အတွင်းခံသာသာ ဝတ်စားထားကြောင်း ပါတီပွဲကို တက်ရောက်သည့် ကိုကျော်ဝင်းခိုင်က ဆိုသည်။

“ဌာနဆိုင်ရာ လူကြီးတွေလည်း လာတယ်။ လက်မှတ်တွေ သူတို့ကိုပါ ပေးထားရတယ်လို့ ပြောတယ်။ နောက်ပွဲတွေ လုပ်ဖြစ်ရင်လည်း သွားကြည့်မယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ် စီးပွားဖြစ် Pool Party ပြုလုပ်ရခြင်းကို လူလတ်ပိုင်း မြို့ခံတစ်ဦးက ခေတ်ရေစီးကြောင်းအရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တားဆီးမရနိုင်သော်လည်း ကျောင်းသား လူရွယ်များ ပါဝင်မှု မရှိစေရန် မိဘ၊ ဆရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း ထိန်းသိမ်းရန် လိုအပ်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။

The Voice Weekly
မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသည့် Pool Party ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် မေ ၂၄ ရက်နေ့က ညနေပိုင်းမှညသန်းခေါင်ယံ အချိန်အထိ ပြုလုပ်ခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦးစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန် လက်မှတ် အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ရကြောင်း ယင်းပါတီ တက်ရောက်ခဲ့သူများထံမှ သိရသည်။အဆိုပါ ပါတီကို နွေမိုးဆောင်း ရေကူးကန်တွင် ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီ မှ ၁၂ နာရီထိ

ထိုင်းစစ်တပ်က နှိမ်နင်းသည့် ဆန္ဒပြသူများသေဆုံးမှု တာဝန်မယူဟု အာဏာသိမ်းအဖွဲ့ကြေငြာ

Photo: ထိုင်းစစ်တပ်က နှိမ်နင်းသည့် ဆန္ဒပြသူများသေဆုံးမှု တာဝန်မယူဟု အာဏာသိမ်းအဖွဲ့ကြေငြာ

ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် ကာလ၌ ဆန္ဒပြမှုများကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်း၍ ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့လျှင် စစ်တပ်က တာဝန်ယူလိမ့်မည် မဟုတ်ဟု ကြည်းတပ် ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်စုဝါရီက မေလ ၂၅ ရက်တွင် ကြေငြာခဲ့သည်။
ထိုင်းနိုင်ငံ၌ စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင် ဆန္ဒပြသည့် အင်အားစုများ မြင့်တက်လာပြီး ဘန်ကောက် အပြင် ရှပ်နီ (သက်ဆင် ထောက်ခံသည့် အင်စားစု)များ အမာခံ နယ်မြေ ချင်းမိုင်ခရိုင်သို့ပါ ပြန့်နှံ့ လာနေခဲ့သည်။
၎င်းဆန္ဒပြမှုကို စစ်တပ်က အင်အားသုံး၍ လူစုခွဲစေပြီး ဆန္ဒပြသူ အချို့ကို မေလ ၂၅ရက်က ဖမ်းဆီးထိမ်းသိမ်းမှု ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိသေးပေ။
လက်ရှိ ကာလသည် စစ်အုပ်ချုပ်ရေး ကာလအဖြစ် ကြေငြာထားပြီး ဖြစ်ရာ စစ်အုပ်ချုပ်ရေး ကာလ၌ လူသားချင်း စာနာမှုစံနှုန်း ဥပဒေများ အသက်ဝင်မည် မဟုတ်ဟုလည်း အာဏာသိမ်း အဖွဲ့က ကြေငြာထားသည်။
လက်ရှိအနေအထားတွင် ထိုင်းနိုင်ငံ၏ စစ်တပ် အာဏာသိမ်းမှုကို အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ကန့်ကွက်ထားပြီး ဒီမိုကရေစီ အရပ်သား အစိုးရသစ် အလျင်အမြန် ပေါ်ပေါက်လာရေး ဆောင်ရွက်ရန် ဖိအားပေးထားသည်။
ယခင် ထိုင်းနှင့် စစ်ဖက် မဟာမိတ် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် အမေရိကန် အစိုးရကလည်း ထိုင်းနှင့် စစ်ဖက်ဆက်ဆံရေး ခေတ္တ ဆိုင်းငံ့မည်ဖြစ်ပြီး အကူအညီပေးရေး၊ အတူတကွ သင်တန်းပေးရေးနှင့် ထိုင်း ရဲဘက်ဆိုင်ရာများနှင့် တွေ့ဆုံမည့် အစီအစဉ်၊ ထိုင်းမီးသတ် တပ်ဖွဲ့ဝင်များကို သင်တန်းပေးရေး တို့ကို ရပ်ဆိုင်း ထားမည်ဖြစ်ဟုလည်း အမေရိကန်က မေလ ၂၄ ရက်ကတည်းက ထုတ်ပြန်ထားသည်။
Written by ဟင်္သာနီ (မွန်မြေ)
စံခရပူရီ၊ မဇ္ဈိမ။ ။
ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် ကာလ၌ ဆန္ဒပြမှုများကို စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်း၍ ထိခိုက် ဒဏ်ရာရမှု၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့လျှင် စစ်တပ်က တာဝန်ယူလိမ့်မည် မဟုတ်ဟု ကြည်းတပ် ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းထိုင်စုဝါရီက မေလ ၂၅ ရက်တွင် ကြေငြာခဲ့သည်။
ထိုင်းနိုင်ငံ၌ စစ်တပ်အာဏာ သိမ်းမှု ဆန့်ကျင် ဆန္ဒပြသည့် အင်အားစုများ မြင့်တက်လာပြီး ဘန်ကောက်

ထိုင်းပြည်သူ တွေရဲ့ အထွဋ် အထိပ် ဖြစ်တဲ့ ထိုင်းဘုရင်ကိုယ်တိုင် စစ်အာဏာသိမ်းမှုကို အသိအမှတ်ပြု

Photo: ထိုင်းပြည်သူ တွေရဲ့ အထွဋ် အထိပ် ဖြစ်တဲ့ ထိုင်းဘုရင်ကိုယ်တိုင် စစ်အာဏာသိမ်းမှုကို အသိအမှတ်ပြု
==========================
ထိုင်းဘုရင်မင်းမြတ် ဘူမိဖွန် အတူလဒိစ်က ကြည်းတပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ဂျန်းအိုချားကို နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး ကောင်စီအဖွဲ့ (National Peace and Order Maintaining Council) ၏ ခေါင်းဆောင် အဖြစ် တင်မြှောက်ကြောင်း မေလ ၂၆ ရက်တွင် ဘုရင့်နန်းတော်က ထုတ်ပြန် ကြေငြာ လိုက်သည်။
Written by မဇ္ဈိမသတင်းဌာန
ထိုင်းဘုရင်မင်းမြတ် ဘူမိဖွန် အတူလဒိစ်က ကြည်းတပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ဂျန်းအိုချားကို နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး ကောင်စီအဖွဲ့ (National Peace and Order Maintaining

ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု အဆိုးဆုံး ၇၉ နေရာရှိ


Photo: ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု အဆိုးဆုံး ၇၉ နေရာရှိ
Sunday, May 25, 2014

ရန်ကုန်မြို့တွင် ယာဉ် ကြောကျပ်တည်းမှုအများဆုံးနှင့် စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုအ များဆုံးနေရာမှာ မြို့တွင်းပိုင်း၌ ၇၉ နေရာ
ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူး ကြီး လင်းထွဋ်က ပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့တွေထဲ က နယ်မြေတွေခွဲပြီး စစ်တမ်း ကောက်ယူချက်တွေအရ ဒီလို နယ်မြေ ၇၉ နေရာ သတ်မှတ်နိုင်ခဲ့ပါတယ်’’ ဟု ဒုရဲမှူးကြီးက ပြောသည်။

         ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့၏ စစ်တမ်းကောက်ယူချက်များအရ အဆိုပါ ၇၉ နေရာမှာ  ခရေပင်လမ်းဆုံ၊ ချော်တွင်းကုန်းလမ်းဆုံ၊ သမိုင်းလမ်းဆုံ၊ အောင်မင်္ဂလာ အဝေးပြေးအနီး၊ ဆရာစံလမ်းမ၊ ရန်ကင်း စင်တာ ရှေ့၊ ကမ္ဘာအေးဘုရားလမ်းပေါ် မှ စက်မှု ၁ လမ်းဆုံ၊ လေးထောင့် ကန်လမ်း၊ တာမွေ ဗလီထိပ်၊ တာ မွေငါးခွဆုံ၊ သုဓမ္မာ၊ ဝေဘာဂီအ နော်ရထာလမ်း အစရှိသော ရန် ကုန်မြို့၏ လမ်းဆုံလမ်းခွ ၇၉ နေရာကို ယာဉ်ကြောကျပ်တည်းမှုနေရာအဖြစ် သတ်မှတ်လိုက် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးက မေလ ၂၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ နေရာများမှာ ယာဉ် ကြောကျပ်တည်းမှု အများဆုံးနေ ရာများဖြစ်သည့်အပြင် စည်းကမ်း မဲ့မောင်းနှင်မှု အများဆုံး နေရာ များအဖြစ် အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ စစ်တမ်းများအရ ခန့်မှန်းပြောဆိုသည်။

ထို့ကြောင့် အဆိုပါ ယာဉ် ကြောကျပ်တည်းမှု အများဆုံးနှင့် စည်းကမ်းမဲ့မောင်းနှင်အသုံးပြု နေသည့် နေရာ ၇၉ နေရာတွင် ဖမ်းဆီးရေးအဖွဲ့နှင့် လမ်းကြော ရှင်းသည့်အဖွဲ့ဟူပြီး အဖွဲ့နှစ်ဖွဲ့ခွဲ ကာ ပုံစံသစ်ဖြင့် ယာဉ်ထိန်းတပ် ဖွဲ့မှ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဒုရဲမှူးကြီးလင်းထွဋ်က ဆက်လက်ပြောသည်။

လိုအပ်ပါက  ယာဉ်ထိန်းတပ်ဖွဲ့ဝင်များတွင်ရှိသည့် ဆိုင်ကယ်များဖြင့် ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်များကို လိုက်လံဖမ်းဆီးမည်ဟုဆိုသည်။

‘‘ဘယ်လောက် လုပ်မယ် ပြောပြော ယာဉ်ထိန်းအင်အားက နေရာတိုင်းမှာ မထားနိုင်သရွေ့ ကားတွေက ပိတ်ဦးမှာပဲ။ ယာဉ် ထိန်းရဲအင်အား မလောက်ရင် နည်းပညာကို သုံးသင့်တယ်။ စည်းကမ်းဖောက်နေတဲ့ကားတွေ ကို နိုင်ငံခြားမှာလို CCTV တွေက နေ မှတ်သားဖမ်းဆီးတာတွေ လုပ် ပေါ့’’ ဟု အငှားယာဉ်မောင်း ဦး စောမြင့်က သုံးသပ်သည်။

ထို့ပြင် ရန်ကုန်တွင် ယာဉ် ကြော ပိတ်ဆို့မှုနှင့် စည်းကမ်းမဲ့မောင်းနှင်မှုများ ဖြစ်ပွားနေရခြင်းမှာ လက်ရှိ အသုံးပြုနေသည့် ယာဉ်လမ်းကြောင်းစနစ် အချို့ မှားယွင်းနေခြင်းအပြင် လိုင်စင်ရှိ ရုံ ကားတစ်စီးရှိရုံဖြင့် အတွေ့အ ကြုံနုနယ်သည့် ယာဉ်မောင်းများ မောင်းနှင်နေခြင်းကြောင့် ယခုကဲ့သို့ စည်းကမ်းမဲ့ဖြစ်ပွားနေရသည်ဟု အထက်ပါ အငှားယာဉ်မောင်းက  အကြံပြု  ပြောဆိုသည်။

ရန်ကုန်၏ ယာဉ်ကြောကို ရှင်းလင်းရန် ယာဉ်ထိန်းအင်အား ၈၈၃ ဦးသာရှိပြီး ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ် ၃၁ မြို့နယ် တွင် တစ်မြို့နယ်လျှင် ၃၆ ဦးနှုန်း ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိ သည်။

ရန်ကုန် စည်ပင်နယ်နိမိတ် ပြင်ပတွင်မူ နှစ်မြို့နယ်လျှင် ၃၆ ဦးဖြင့် အလှည့်ကျ တာဝန်ထမ်း ဆောင်လျက်ရှိသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမီးပွိုင့်တွင် ယာဉ်ကြောကျပ်တည်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

7 Day News Daily
ရန်ကုန်မြို့တွင် ယာဉ် ကြောကျပ်တည်းမှုအများဆုံးနှင့် စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုအ များဆုံးနေရာမှာ မြို့တွင်းပိုင်း၌ ၇၉ နေရာရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူး ကြီး လင်းထွဋ်က ပြောသည်။‘‘ကျွန်တော်တို့အဖွဲ့တွေထဲ က နယ်မြေတွေခွဲပြီး စစ်တမ်း ကောက်ယူချက်တွေအရ ဒီလို နယ်မြေ ၇၉ နေရာ သတ်မှတ်နိုင်ခဲ့ပါတယ်’’ ဟု ဒုရဲမှူးကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့၏ စစ်တမ်းကောက်ယူချက်များအရ အဆိုပါ ၇၉ နေရာမှာ

ဝန်ကြီးချုပ်ဟောင်း ရင်လတ်ကို ထိုင်းစစ်တပ် ပြန်လွတ်ပေး

Photo: ၀န်ကြီးချုပ်ဟောင်း ရင်လတ်ကို ထိုင်းစစ်တပ် ပြန်လွတ်ပေး
Monday, May 26, 2014

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၀န်ကြီးချုပ်ဟောင်း ရင်လတ် ရှင်နာဝပ် အပါအ၀င် ထိုင်းနိုင်ငံရဲ့ ထိပ်သီးနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ စာနယ်ဇင်းသမားတွေကို ထိုင်းစစ်တပ်က ထိန်းသိမ်းလိုက်ပြီး အခုအခါမှာ ထိန်းသိမ်းထားတဲ့ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ် ကိုတော့ ပြန်လွတ်လာပြီလို့ သိရပေမယ့် အတော်များများကတော့ အခုအချိန်အထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

နိုင်ငံရေး မလုပ်ကိုင်ပါဘူးဆိုတဲ့ ခံဝန်ကတိပေးခဲ့တာကြောင့် ထိန်းသိမ်းပြီး ၂ ရက် အကြာမှာ ၀န်ကြီး ချုပ်ဟောင်း ကို ပြန်လွတ်ပေး လိုက်တာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ လူ ၅ ဦးထက်ပိုမစုရ အမိန့်ကို မကျေနပ်တဲ့ လူနည်းစုက ဒေါသတကြီး လမ်းမပေါ်ထွက် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြမှုအရှိန်မြင့်လာမှာကို စိုးရိမ်တဲ့ အတွက် စစ်သားတွေနဲ့ ရဲတွေ အများအပြားဟာလည်း လမ်းတွေမှာ နေရာယူထားကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဘန်ကောက်မြို့လမ်းမတွေပေါ်မှာ အခြေအနေတင်းမာမှုတွေ ပိုများလာပြီး ဆန္ဒပြလူအုပ်က ရှေ့တိုးလာတာကြောင့် လုံခြုံရေးတွေက ဒိုင်းတွေကို သုံးပြီး တချို့နဲ့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြခွင့်ပိတ်ပင်ထားတာကြောင့် ဆန္ဒဖော်ထုတ်သူအားလုံးဟာ အဖမ်းခံရဖို့ နဲ့ ထောင်ချခံရဖို့ ရှိနေပါတယ်။

ဘန်ကောက်မြို့ပေါ်မှာတွေ့ရတဲ့ ထိုင်းစစ်သားတွေ (Credit: AFP) 
ABC
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၀န်ကြီးချုပ်ဟောင်း ရင်လတ် ရှင်နာဝပ် အပါအ၀င် ထိုင်းနိုင်ငံရဲ့ ထိပ်သီးနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ စာနယ်ဇင်းသမားတွေကို ထိုင်းစစ်တပ်က ထိန်းသိမ်းလိုက်ပြီး အခုအခါမှာ ထိန်းသိမ်းထားတဲ့ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ် ကိုတော့ ပြန်လွတ်လာပြီလို့ သိရပေမယ့် အတော်များများကတော့ အခုအချိန်အထိ

ရဲနှင့် ပြည်သူဆက်ဆံရေး ကောင်းမွန်ရန် Open Daily အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပ

Photo: ရဲနှင့် ပြည်သူဆက်ဆံရေး ကောင်းမွန်ရန် Open Daily အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပ
Monday, May 26, 2014

ရဲတပ်ဖွဲ့နှင့် ပြည်သူများ ဆက်ဆံရေး ကောင်းမွန်စေရန် ရည်ရွယ်၍ Open Daily အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေနှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် မေလ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို EU (European Union) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအခမ်းအနားတွင် EU အဖွဲ့တာဝန်ခံ Mr. David Hamilton အပါအဝင် အဖွဲ့ဝင် ရှစ်ဦးနှင့် ရဲတပ်ဖွဲ့ ဌာနစုများမှ အရာရှိများ တက်ရောက်ခဲ့ကြောင်း၊ ယင်းအခမ်းအနားကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ပြည်သူများ သိရှိစေရန်နှင့် ရဲတပ်ဖွဲ့နှင့် ပြည်သူ ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ပြောကြားသည်။

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်အောက်ရှိ လုံခြုံရေး ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့အလိုက် လုပ်ငန်းတာဝန်များနှင့် အသုံးအဆောင် ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး ပြည်သူလုထုနှင့် ရှင်းလင်း ဆွေနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ ရဲမှူးသိန်းအောင်က ရှင်းပြသည်။
“Community Policing ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ်မှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေမှာ လိုအပ်တာကို အကြံဉာဏ် ပေးနိုင်ပါတယ်။ ရဲလုပ်ဆောင်ချက် လုပ်ငန်းစဉ်ကို နားလည်ပြီး ရဲတပ်ဖွဲ့နဲ့ ပြည်သူ ပူးပေါင်း ပါဝင်ချင်စိတ် ဖြစ်ပေါ်လာဖို့ ဒီ Open Daily ကို ဆောင်ရွက်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အမှတ် (၄) ဒေသမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။

အဆိုပါ Open Daily အခမ်းအနားမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး လာရောက် လေ့လာသူဦးရေ တစ်ထောင်နီးပါးခန့် တက်ရောက်ခန့် လာရောက် လေ့လာကြောင်း၊ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်နှင့် အသုံးပြသော ပစ္စည်းများကို ပြည်သူများ နားလည်စေရန် သက်ဆိုင်ရာ အရာရှိများက ရှင်းလင် ပြောကြားခဲ့သည်။ 
“ကိုယ်နားမလည်တာကို ခုလို ရှင်းပြပေးတော့ ရဲတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို နားလည် သဘောပေါက်ခဲ့ပြီး ပြည်သူတွေ လုံခြုံရေးအတွက် ဆောင်ရွက်နေပုံတွေ မြင်ရတာအားရတယ်၊ ကိုယ့်ရပ်ရွာ အေးချမ်းဖို့အတွက် ပြည်သူတွေ အားလုံး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် စေချင်တယ်” ဟု မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်လေး မြောက်ရပ်ကွက်တွင် နေထိုင်သူ ဦးစိုးတင့်က ပြောကြားသည်။

The Voice Weekly
ရဲတပ်ဖွဲ့နှင့် ပြည်သူများ ဆက်ဆံရေး ကောင်းမွန်စေရန် ရည်ရွယ်၍ Open Daily အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေနှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် မေလ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို EU (European Union) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအခမ်းအနားတွင် EU အဖွဲ့တာဝန်ခံ Mr. David Hamilton အပါအဝင်

ကမ္ဘာ့အကောင်းဆုံးအစားအသောက်များတွင် မုန့်ဟင်းခါးပါဝင်

Photo: ကမ္ဘာ့အကောင်းဆုံးအစားအသောက်များတွင် မုန့်ဟင်းခါးပါဝင်
Monday, May 26, 2014

အမေရိကန်နိုင်ငံအခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ် သော နယူးယောက်တိုင်းမ်သတင်း စာက စုစည်းဖော်ပြသော ကမ္ဘာ့ အကောင်းအဆုံးအစားအသောက် များစာရင်းတွင်မြန်မာ့ရိုးရာစားစရာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးကို ထည့်သွင်းဖော်ပြခဲ့သည်ဟုသိရသည်။

နယူးယောက်တိုင်းမ် သတင်း စာသည် ကမ္ဘာအရပ်ရပ်မှရိုးရာ အစားအသောက်များကို လှည့် လည် လေ့လာမှုပြုလုပ်ပြီးနောက် အကောင်းဆုံးအစားအသောက်များ စာရင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ် ပြီး မုန့်ဟင်းခါးကိုထိပ်တန်းအစား အသောက်များစာရင်း၌ ထည့်သွင်း ဖော်ပြခဲ့သည်။ ပျမ်းမျှရောင်းဈေး အမေရိကန်တစ်ဒေါ်လာတန်ဖိုး အောက်တွင်ရှိသော မြန်မာ့ရိုးရာ အစားအစာမုန့်ဟင်းခါးမှာ အရသာ ထူးခြားကောင်းမွန်သည့်အပြင် နံနက်စာအဖြစ်စားသုံးရန်သင့်တော် သောအခြေအနေမျိုးပိုင်ဆိုင်ထား သည်ဟု နယူးယောက်တိုင်းမ်က သုံးသပ်ချက်ပေးခဲ့သည်။

နယူး ယောက်တိုင်းမ်မှ တာဝန်ရှိသူများ သည် အစားအသောက်ဆိုင်ရာ ကျွမ်းကျင်သူများ၊အာဟာရဆိုင်ရာ ပညာရှင်များ၏ အကူအညီဖြင့် ကမ္ဘာအရပ်ရပ်မှ အစားအသောက် များကို လက်တွေ့လေ့လာမှုပြုလုပ် ခဲ့ခြင်းဖြစ်၍ မုန့်ဟင်းခါးမှာကမ္ဘာ့ ထိပ်တန်းအစားအစာတစ်ခုဖြစ်သည် ဟု ဆိုသည်။

The Union Daily
အမေရိကန်နိုင်ငံအခြေစိုက် နာမည်ကြီးသတင်းစာတစ်စောင်ဖြစ် သော နယူးယောက်တိုင်းမ်သတင်း စာက စုစည်းဖော်ပြသော ကမ္ဘာ့ အကောင်းအဆုံးအစားအသောက် များစာရင်းတွင်မြန်မာ့ရိုးရာစားစရာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးကို ထည့်သွင်းဖော်ပြခဲ့သည်ဟုသိရသည်။
နယူးယောက်တိုင်းမ် သတင်း စာသည် ကမ္ဘာအရပ်ရပ်မှရိုးရာ အစားအသောက်များကို လှည့်

ဆန္ဒပြမှုများကို ဆက်လက်သည်းခံလိမ့်မည်မဟုတ်ဟု ထိုင်းစစ်အစိုးရ သတိပေး

Photo: ဆန္ဒပြမှုများကို ဆက်လက်သည်းခံလိမ့်မည်မဟုတ်ဟု ထိုင်းစစ်အစိုးရ သတိပေး
Monday, May 26, 2014

စစ်တပ်အာဏာသိမ်းမှုကို မလိုလားသူများ၏ ဆန္ဒပြမှုများကို ဆက်လက် သည်းခံတော့မည်မဟုတ်ဟု ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်က မေလ ၂၆ရက် ညနေက သတိပေးကြေငြာလိုက်သည်ဟု အေဖက်ပီ သတင်းဌာနက ရေးသားထားသည်။
ထိုင်းနိုင်ငံအား ကစဥ့်ကလျား ဖြစ်စေခဲ့သော လပေါင်းများစွာဆန္ဒပြမှုများ နှင့် နိုင်ငံရေး အကြမ်းဖက်မှုများ ထပ်ဖြစ်မလာအောင် ကာကွယ်ရန် ထိုင်းစစ်အစိုးရအနေဖြင့် 
ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြောခဲ့သည်။
“ဆန္ဒပြသူတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်သင့်ပါပြီ။ ဘာကြောင့်လည်းဆိုတော့ အခုအခါမှာ ဥပဒေဟာ တင်းကျပ်လာပြီ ဖြစ်တဲ့အတွက် သူတို့နဲ့ သူတို့ရဲ့ 
မိသားစုဝင်တွေကို ထိခိုက်မှာ ဖြစ်လို့ပါ” ဟု ဆန္ဒပြသူများအား ဗိုလ်ချုပ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံရေးအရ စိတ်ဝမ်းကွဲမှုများ ဖြစ်ပွားနေကြသော ထိုင်းနိုင်ငံတွင် အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် ထိုင်းနိုင်ငံအား ဦးဆောင်ခွင့်ကို ထိုင်းဘုရင်က မေ ၂၆ရက်က တရားဝင် အတည်ပြုပေးခဲ့သည်။
စစ်အစိုးရခေါင်းဆောင်အဖြစ် ပြုလုပ်ခဲ့သော သူ၏ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်အကြီးအကဲ ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) က၊ ရွေးကောက်ပွဲများကို တတ်နိုင်သမျှ မြန်မြန်ကျင်းပပေးမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း အချိန်စာရင်း အတိအကျ မရှိသေးပေ။ လူဦးရေ ၆၇ သန်းခန့်ရှိသော 
ထိုင်းနိုင်ငံတွင် စစ်တပ်က ပြီးခဲ့သည့် မေလ ၂၂ရက်က အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။

အပြောကြမ်းသော ထိုင်းကာကွယ်ရေးဦးစီးချုပ်သည် အရပ်ဘက် လွတ်လပ်ခွင့်အချို့ကို ပိတ်ပင်ခဲ့ပြီး၊ မီဒီယာ များကိုလည်း ကန့်သတ်ခဲ့ကာ၊ ညမထွက်ရ (ကာဖျူး) အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။ အခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်ပြီး၊ ဥပဒေများ ရေးဆွဲပြဌာန်းနိုင်သည့် အခွင့်အာဏာကိုလည်း အပြည့်အဝ ရယူထားသည်။

ကိုးကား- AFP
ဓာတ်ပုံ- EPA
Mizzima - News in Burmese
စစ်တပ်အာဏာသိမ်းမှုကို မလိုလားသူများ၏ ဆန္ဒပြမှုများကို ဆက်လက် သည်းခံတော့မည်မဟုတ်ဟု ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်က မေလ ၂၆ရက် ညနေက သတိပေးကြေငြာလိုက်သည်ဟု အေဖက်ပီ သတင်းဌာနက ရေးသားထားသည်။
ထိုင်းနိုင်ငံအား ကစဥ့်ကလျား ဖြစ်စေခဲ့သော လပေါင်းများစွာဆန္ဒပြမှုများ နှင့် နိုင်ငံရေး အကြမ်းဖက်မှုများ ထပ်ဖြစ်မလာအောင် ကာကွယ်ရန် ထိုင်းစစ်အစိုးရအနေဖြင့်

နာရေးကူညီမှုအသင်းရဲ့ဂုဏ်ထူးဆောင်အသင်းသား ဖြစ်လာနိုင်တဲ့ သင်ဇာဝင့်ကျော်

ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် မေလ ၂၂ ရက်နေ့က နာရေး ကူညီမှု အသင်း (ရန်ကုန်)မှာ လုပ်အားဒါန ပေးဆပ်မှုပြုခဲ့ကြောင်း သိရသည်။ ၄င်းသည် အဆိုပါနေ့ က ဒဂုံမြို့သစ် အရှေ့ပိုင်းနေ ကွယ်လွန်သူ ဦးမြမန်း အသက် (၈၇)နှစ် ၏ ဈာပနလမ်းကြောင်းကို ကူညီဖေးမ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု ဈာပန လမ်းကြောင်း များသို့ သင်ဇာဝင့်ကျော်၏ လိုက်ပါပေးဆပ် ဆောင်ရွက် မှုများမှာ သင်္ကြန် မတိုင်မီ မတ်လ ကတည်း ကစတင်ခဲ့ပြီး တစ်လလျှင် နှစ်ရက်မျှ ပုံမှန် လာရောက် လုပ်အားဒါနပြုလေ့ရှိကြောင်း နာရေး ကူညီမှု
အသင်း (ရန်ကုန်)က ဆိုပါသည်။

နာရေး ကူညီမှုအသင်း (ရန်ကုန်)၌ ရုပ်ရှင်၊ဂီတ နယ်မှ အနုပညာရှင်များ လာရောက် လုပ်အားပေး လုပ်ဆောင်လေ့ ရှိပြီး ဂုဏ်ထူး ဆောင် အသင်းသား များအဖြစ် ဂီတ အနုပညာရှင်များ ထဲမှ ဦးရဲလွင်၊ ဆောင်းဦးလှိုင်၊ ကိုသားထွေး တို့အား သတ်မှတ်ထားကြောင်း သိရသည့်အတွက် ရုပ်ရှင်အနုပညာရှင် များထဲမှလည်း ဂုဏ်ထူးဆောင် အသင်းသား အဖြစ် ဂုဏ် ပြု သတ်မှတ်ရန် ရှိ၊ မရှိကို နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ ဆက်သွယ်မေး မြန်းရာ ဥက္ကဋ္ဌ ဦးကျော်သူက “သင်ဇာဝင့်ကျော် အနေဖြင့် အခု လို ပုံမှန်လုပ် အားပေး
ပေးဆပ်မှု ရှိမယ် ဆိုရင်တော့ ဂုဏ်ထူးဆောင်အသင်းသား အဖြစ် သတ်မှတ်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုဖြေကြားပါသည်။

ခိုင်ဝေလွင်
Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...