မေလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတကာဆိုင်ရာ ကမ္ဘာ့ဂီတဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်း ကြိုတင်ထွက်ရှိလာချိန်မှာတော့ ကိုရီးယား အဆိုတော် များစွာ ပါဝင်လို့နေတာဟာ သူတို့အတွက်ဝမ်းသာအားတက်စရာပါ။
ဒါတင်မက Best Fan Base ဆိုတဲ့ မဲပေးနိုင်တဲ့ခေါင်းစဉ် အသစ်တစ်ခု ဖန်တီး ပေးလိုက်ခြင်းဟာ လည်း ပရိသတ်များလာတဲ့ တောင်ကိုရီးယား အဆိုတော် အဖွဲ့တွေ အဖို့ အခွင့်အရေး ပိုရလာတာလို့ဆိုပါတယ်။ အထူးသဖြင့် Big Bang, EXO, 2NE1 တို့လိုအဖွဲ့များအတွက် စိတ်လှုပ်ရှားစရာ ကောင်းပါ တယ်။
အဖွဲ့လိုက်ဆန်ခါတင်စာရင်းမှာတော့ EXO, 2NE1, CNBLUE, Wonder Girls တို့ပါဝင်နေပြီး
တစ်ဦးချင်းဆန်ခါတင်မှာတော့ G Dragon , PSY? IU ၊ ဟိုရင် ၊ ဟင်နရီစတဲ့ ကိုရီးယားအဆိုတော်များပါဝင်ပြီး အမျိုးသားများက အမျိုးသမီးများထက် အရေအတွက်ပိုများများပါဝင်တယ်လို့ သိရပါတယ်။
အမေရိကန်မှာရောင်းအား နံပါတ်တစ်ရထားတဲ့ မရိုင်ကာရေးကတော့ ဂုဏ်ပြုဆုကို အဲဒီကမ္ဘာ့ဂီတဆုပေးပွဲမှာ လက်ခံရရှိမှာဖြစ်ပြီး ကိုရီးယား အဆိုတော် ဟန်ဂန်းကတော့ အဲဒီပွဲမှာဖျော်ဖြေဖို့ စာရင်းဝင်ထားပါတယ်။
ဒီပွဲကို ကမ္ဘာအနှံ့က ရုပ်သံလိုင်း ၈ဝ က လွှင့်မှာဖြစ်ပြီးမဲပေးတာတွေ၊ ဆန်ခါတင်စာရင်းဝင်သူတွေကို စိတ်ဝင်စားရင် World Music Award ရဲ့ ဝက်ဘ်ဆိုက်မှာသင်ကိုယ်တိုင် ဝင်ကြည့်နိုင်ပါတယ်။
Popular