အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 May, 2014

ပရိသတ်တွေနဲ့အတူ အနုပညာလောကမှာ ရှင်သန်ချင်တဲ့ ခင်ဝင့်ဝါ


  ခင်ဝင့်ဝါက “၉၉၉” ဆိုတဲ့ ဇာတ်ကား ကို ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ပထမဆုံး ဇာတ်ကားစတင် ရိုက်ကူးခဲ့ တုန်းက ဒါရိုက်တာ ကြည်ဖြူသျှင် နဲ့ပဲ ဖြစ်ပြီး ဒုတိယမြောက် ပြန်ဆုံတဲ့ကား ဖြစ်ပါတယ်။ ဇာတ်ကား စတင်ရိုက်ကူး မှုကို ပြန် သုံးသပ်ဖြစ်တယ်ဆိုတဲ့ ခင်ဝင့်ဝါက..“ညီမရဲ့ပထမဆုံး အခွေက ထွက်လာပြီ။ တချို့ပရိသတ်တွေကျ တော့ အသံဖလိုး အများကြီး လိုသေးလို့ဝေဖန် အကြံပေးကြတယ်။ အဲဒီအတွက် ပြင်ဆင်ပါတယ်။ ကိုယ့်ကား ထွက်လာတော့ ကြည့်ပြီး လိုအပ်ချက်တွေ တအားများ တာ တွေ့ရတော့ မကြည့်ချင်တော့ လောက်အောင် ဖြစ်မိတယ်။

နောက် ကားတွေ ဘယ်လို လုပ်ရမလဲ လို့ စဉ်း စားတယ်။ ပထမဆုံး ကားလည်းဖြစ် တယ်။ သရုပ်ဆောင် မှုလည်း အများကြီး လိုတော့ နည်းနည်းတော့ ကိုယ့် ကိုယ်ကိုယ် စိတ်ပျက် မိတယ်။ အဓိက မျက်လုံး အက်ရှင်ပေါ့။ တအားငြိမ် တယ်။ သရုပ်ဆောင်တာ၊ စကား ပြောတာက အစ အကုန် လိုအပ်ချက် တွေရှိနေတယ်။ ဒါပေမဲ့ ပရိသတ် တွေက လက်ခံ အားပေးကြတဲ့ အ တွက် တအားလည်း ကျေးဇူးတင် ပါတယ်။ နောင်ထပ် ရိုက်မယ့်ကား တွေကို အကောင်းဆုံး ကြိုးစား နေပါတယ်။

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်လာတဲ့ ခင်ဝင့်ဝါက ရုပ်ရှင် ကားကြီး ၂ကား၊ ဗီဒီယို ၈ကား ရိုက်ကူးထားပါတယ်။ ရိုက်ကူးမှုတွေ များလာတာ နဲ့အမျှ ဘယ် လိုပြောင်းလဲသွားလဲ ဆိုတော့..

“အစပိုင်းတုန်း ကတော့ ဇာတ်ကားရိုက် တာဆင်း(န်)ပေါ် ရောက်ရင် တအား ရင်ခုန်တယ်။ ဒါရိုက်တာတွေက ကိုယ့်ကိုဘယ်လိုပြော မလဲပေါ့။ နောက်ပိုင်း ကိုယ့်ဆရာ သမား တွေက လိုအပ်ချက်တွေကို သင်ပေးတယ်။

အဲဒါကြောင့် ကြောက်စိတ် ထက် ဘယ်ဆရာဆီက ဘယ်လို သင်ယူရမလဲ ဆိုတာပဲ တွေးတယ်။ အရင်တုန်း က ခင်ဝင့်ဝါ အတိုင်းပဲ ခုချိန်ထိ မပြောင်းလဲ သွားပေမယ့် အနုပညာ အလုပ်ကို ကိုယ်ဘယ်လို အကောင်း ဆုံး ရပ်တည်မလဲ၊ ပရိ သတ်လက်ခံ အောင် ဘယ်လိုမျိုး ကြိုးစား မလဲဆို တာပဲ စဉ်းစားတယ်။ အလျဉ်းသင့်သလို ပရဟိတ အလုပ်တွေ လုပ်သွားမယ်။ ပရိသတ်တွေနဲ့ အတူ အနုပညာ လောကမှာ ရှင်သန် ချင်ပါတယ်” လို့ ပြောပြခဲ့ ပါ တယ်။

မေမွန်မောင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...