အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တင်ပြရန် NDF ပြင်ဆင်

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကန့်သတ်ထားသော အချက်အလက်များ ပြင်ဆင် ရေးဆွဲနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ကြိုးပမ်းသွားမည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ တခုခုကို ပြင်ဆင်လိုပါက “လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှုရပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ ပြင်ဆင်နိုင်မည်” ဆိုသော အချက်နှင့် တခြား အချက် တချို့ကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု NDF ပါတီ ဥက္ကဋ္ဌ

ပင်လယ်ရေညှိပင်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ရာစုနှစ် ပေါင်းများစွာ ကတည်းက ပင်လယ်ထဲက အပင်တွေကို ဟင်းလျာတွေ အဖြစ် ကမ္ဘာ တစ်ဝန်းလုံးမှာ အသုံး ပြုခဲ့ကြပါတယ်။ ပင်လယ် ရေညှိပင်ကို သရေစာ အဖြစ် သုပ်ကာစားကြသလို ဟင်းခတ်အမွှေး အကြိုင် အဖြစ်လည်း ဟင်းလျာတွေ၊ စွပ်ပြုတ်တွေ၊ အရွက် သုပ်တွေထဲမှာ ထည့်သုံးကြပါတယ်။ ပင် လယ်ရေညှိ ဒါမှမဟုတ် ပင်လယ်အောက် က အပင်တွေမှာ လူ့အကျိုးပြု မရှိမဖြစ် အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင် နေပါတယ်။

(၁) သိုင်းရွိုက်ဂလင်းကို ကျန်းမာစေ ပါတယ် ပင်လယ်ရေညှိပင်တွေမှာ အိုင်အို ဒင်းဓာတ် များစွာ

အစိုးရ၏ ငြိမ်းချမ်းရေး စစ်မှန်မှုသည် မြစ်ကြီးနား ဆွေးနွေးပွဲက သက်သေ ထူမည်

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ် အဖွဲ့ဝင် (၈) ဦးသည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့နှင့် ဆွေးနွေးရန် ယနေ့ နေ့လည် (၁၂) နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ခွန်ဂျားက ပြောပါသည်။
“ KIO ကိုယ်စားလှယ်ကိုတော့ ဆွမ်းလွတ်ဂမ်နဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့က ဦးဆောင်ပါတယ်။ အဖွဲ့ဝင်တွေ ကတော့ (၈) ဦးပါဘဲ။ သူတို့က ဒီနေ့ (၁၂) နာရီလောက် ရောက်လာပါတယ်။ သူတို့ရဲ့ ကားတန်းကိုတော့ ကချင် လူထုတွေက သောင်းနဲ့ချီပြီးတော့ ကြိုဆိုကြပါတယ်။ သိရ သလောက်ကတော့ ၀ိုင်းမော်မြို့  ကနေ

မော်လမြိုင်သံလွင်ဥယျာဉ်တွင် အဆင်မြင့်ဈေးဝယ်စင်တာဆောက်လုပ်ရန် ထိုင်းကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ

မော်လမြိုင်မြို့ရှိ ဧက(၇၀)ကျော်ကျယ်ဝန်းသော သံလွင်ဥယျာဉ် တွင် အဆင်မြင့်ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် ကလေးကစားကွင်း များဆောက် လုပ်ရန်အတွက် ထိုင်းနိုင်ငံရှိ IMAC Company မှ မွန်ပြည်နယ် အစိုးရထံသို့ လာရောက်တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်တွင် အဆင်မြင့်ဈေးဝယ်စင်တာ တည်ဆောက်နိုင်ရန်အတွက် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က လွန်ခဲ့ သောနှစ်လခန့်တင်ဒါခေါ်ယူခဲ့ပြီး ရန်ကုန်မြို့မှ

“ဆန်းတို့စ်တိုက်စစ်မှူး နေမာ ဘာစီလိုနာသို့ ပြောင်းရွှေ့မည်”

လီယွန်နယ်လ် မက်ဆီနှင့် တွဲကစားလိုသည့် မိမိ၏အိပ်မက် အမှန်တကယ် ဖြစ်လာပြီဟု ဆန်းတို့စ် တိုက်စစ်မှူးလေး နေမာက ဖွင့်ဟပြောကြားလိုက်သည်။ အသက် (၂၁)နှစ်ရှိ နေမာသည် တနင်္ဂနွေနေ့က ဖလာမင်ဂိုနှင့် ဂိုးမရှိ သရေကျသော ပွဲစဉ်ကို ၎င်း၏ နှုတ်ဆက်ပွဲအဖြစ် ကစားခဲ့သည်။
နေမာသည် ရာသီကုန်တွင် စပိန်ထိပ်သီး ဘာစီလိုနာ အသင်းသို့ ကူးပြောင်းရန် သဘောတူညီမှု ရရှိထားခဲ့သည်။ ၎င်းသည် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် မက်ဆီ ကစားနေသော စပိန်ချန်ပီယံ အသင်းတွင် (၅)နှစ် သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုသွားမည်ဟု ဘာစီလိုနာက ကြိုတင်

ဖျာပုံမြို့ မိုးရာသီ အကြို မင်းညီနောင် ပွဲတော် ကျင်းပ

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့တွင် ဖျာပုံ မင်းညီနောင် ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ ကျင်းပသည်။အဆိုပါပွဲ ကျင်းပရာတွင် မိမိတို့ ယုံကြည် ကိုးကွယ်သည့် ရိုးရာ နတ်များအား ယခင်က နွားလှည်းများ အလှဆင်၍ နတ်ဝင်သည် များအား တင်ဆောင် လှည့်လည်ကြပြီး ယခုအခါ သုံးဘီး ဆိုင်ကယ်များနှင့် ပင့်ဆောင် ပူဇော် သူများ၏ ဖိတ်ကြား ထားသော လမ်းအလိုက် မြို့တွင်းသို့ လှည့်လည် ကြကာ လမ်းအလိုက် မိမိတို့ ရိုးရာ သက် ဆိုင်ရာ နတ်များကို ပူဇော် ပသကြသည်။
ယခု မင်းညီနောင် ပွဲကို မိုးအကြိုပွဲ အဖြစ် ကျင်းပ ရခြင်းမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု

ဘန်ကောက်တွင် ပေါက်ကွဲမှုဖြစ်ပွား

လူ(၇)ဦး ဒဏ်ရာများ ရရှိခဲ့သည့် ဘန်ကောက်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားသော ပေါက်ကွဲမှုသည် ဗုံးတစ်လုံးကြောင့် ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သင်္ကာမကင်း ဖြစ်နေသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် တနင်္ဂနွေနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွက် ရဲများ ဆက်လက် စုံးစမ်းနေဆဲ ဖြစ်သည်။ လူ(၇)ဦး ဒဏ်ရာများ ရရှိခဲ့သည့် ဘန်ကောက်မြို့ ဆင်ခြေဖုံးတွင်

ထိုင်းရောက်မြန်မာတို့ ယာယီပတ်စပို့လျှောက်ဖို့ ၄ လ သက်တမ်းတိုး

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို အလုပ်သမားတွေ ယာယီပတ်စပို့ လျှောက် ထားနိုင်တဲ့ ကာလကို ထိုင်းအစိုးရက နောက်ထပ် ရက်ပေါင်း ၁၂ဝ ထပ်တိုးပေးထားပါတယ်။ မလျှောက်ရသေးသူ အများအပြား ကျန်နေသေးတဲ့အချိန်မှာ အခုလို သက်တမ်းတိုးလိုက်တာပါ။ဒီသက်တမ်းက လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ ကုန်ဆုံးပါမယ်။
၂ဝဝ၉ ခုနှစ်က စတင်ပြီး ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်များအရ အလုပ်သမားတွေ

ဖြတ်သန်းခဲ့ပြီးသော ရွေးကောက်ပွဲများနှင့် ၂၀၁၅

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ထိုစဉ်က အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(န.၀.တ)စစ်အစိုးရကကျင်းပပေးခဲ့တာဒီကနေ့ဟာ၂၃နှစ်ပြည့်ခဲ့ပါပြီ။
၁၉၉၀ ခုနှစ်နောက်ပိုင်း ၂၀၁၀ ခုနှစ်လောက်ထိ မေလ ၂၇ ရက်နေ့ ရောက်တိုင်းအနိုင်ရပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အတိုက်အခံ အဖွဲ့တွေဟာရွေးကောက်ပွဲ အောင်ပွဲနေ့အဖြစ် နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။ ၂၀၁၀နောက်ပိုင်းမှာတော့

ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ

ခြေထောက်ကြွက်တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ကြွက်တက်ခြင်းဆိုတာ ဘာလဲခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာက ကြွက်သားတွေ တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးနေရာကကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့်

KIO ကိုယ်စားလှယ်များအား မြစ်ကြီးနားလူထု သောင်းချီကြိုဆို

ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီချိန်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာရာ ကချင်ပြည်သူလူထု ၃ သောင်းခန့် လာရောက် ကြိုဆိုနေသည်ဟု ကိုယ်တိုင်သွားရောက်ကြိုဆိုနေသူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဆရာကြီး ဒေါက်တာခလမ်ဆမ်ဇွန် က ပြောသည်။
မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရန် KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော

မူးယစ်ဆေးဝါးကိစ္စ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများလျစ်လျူရှု ထားဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သော (၂၀၁၀)ခုနှစ်မှ စ၍ မူးယစ်ဆေးဝါးသုံးစွဲမှုများ ပိုမိုဆိုးဝါးလျက်ရှိနေကြောင်းနှင့် အုပ် ချုပ်ရေးပိုင်း ဆိုင်ရာများက မူးယစ်ဆေးဝါးပြဿနာများကို ရှိမှန်း သိလျှက်နှင့် လျစ်လျူရှုထားပြီး အရေးယူမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မကတော့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေက ဒီမူးယစ်ဆေးဝါးပြဿနာတွေကို ရှိမှန်း သိရဲ့သားနဲ့ လျစ်လျူရှုထားပြီးတော့အရေး မယူဘူးလို့ နားလည်ပါတယ်၊ တချို့နေရာတွေမှာဆိုရင် မူးယစ်ဆေးဝါး လုပ်ကိုင်နေတဲ့ သူတွေနဲ့ ပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်လို့တောင် ကျွန်မ ကြားရပါတယ်၊ ဒီကိစ္စ

ဘင်္ဂလားပင်လယ်အော်အလယ်ပိုငးတွင် လေဖိအားနည်းရပ်ဝန်း 94B ဖြစ်ပေါ်နေပါပြီ။

(၂၇-၅-၂၀၁၃)ရက် နေ့လည်(၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင် လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု (94B) ဖြစ်ပေါ်နေပါတယ်။ ယင်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး ယနေ့မွန်းတည့်မှ နောက်(၂၄) နာရီအတွင်း မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ မုန်တိုင်းရဲ့ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ(၄၅-၅၀)မိုင် နှုန်းရှိနိုင်ပြီး

မြန်မာ အမျိုးသမီး ဘောလုံးအသင်း အာရှဖလား ယှဉ်ပြိုင်ခွင့်ရပြီ

ပါလက်စတိုင်း ဒေသမှာ ယှဉ်ပြိုင်နေတဲ့ အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုအဆင့်မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာနောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်အဖြစ် ထိုင်ဝမ် အသင်းနဲ့ ယှဉ်ပြိုင်
ကစားခဲ့ပြီး သရေရလဒ်၊ ဂိုးကွာခြားချက် အသာနဲ့ အာရှခြေစစ်ပွဲကိုအောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီး အသင်းဟာ အုပ်စုပွဲစဉ် ပထမပွဲမှာ အိန္ဒိယကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ပါလက်စတိုင်းကို ၉ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့ ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ထိုင်ဝမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့နှစ်သင်းစလုံးဂိုးမသွင်းနိုင်တာကြောင့်ဂိုးကွာခြားချက်ကိုယူပြီးနောက်တဆင့်ကို

ကျွန်းဆွယ်ပွဲနှင့် မြန်မာ ပြေးခုန်ပစ်

၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပသော ကျွန်းဆွယ်ပွဲ (SEA Games) ဖွင့်ပွဲ ဖြစ်သည်။ ပုံတွင် လာအို၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ (ညာအစွန်)တို့ ဖြစ်သည် ။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ နေပြည်တော်ကို ဗဟိုပြု ကျင်းပတော့မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲမှာ ကျင်းပရန် ၆ လမျှသာ လိုပါတော့သည်။
ကျွန်းဆွယ် အားကစား ပြိုင်ပွဲခေတ် ၁၉၆၁ နှင့် ၁၉၆၉ ခုနှစ်တို့တွင်မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နှစ်ကြိမ် လက်ခံ ကျင်းပခဲ့ပြီး ဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ စတင်ကာ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ (South-east Asia Peninsula Games) မှ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(South East Asia Games) အဖြစ်သို့

ဘဝကို စိန်ခေါ် ပြီး မသန်စွမ်းသူများ အခွင့်အရေးလှုပ်ရှားနေသူ စုပုံချစ်

“ကျွန်မက စာသင်ချိန်မှာ ခြေထောက်နဲ့ပဲ သင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာ က ဘယ်ဘက်ခြေထောက်တစ် ချောင်းပဲ ကောင်းလို့ပါ။ ကျွန်မ ၅တန်းလောက်အထိ ပြဿနာ မရှိခဲ့ပါဘူး။ ခွဲခြားပြီးလည်း ဆက်ဆံမခံခဲ့ရပါဘူး။ ၆တန်း နှစ်မှာ စပြီးတော့ တွေ့ရပါပြီ။ အတန်းထဲမှာ ၁ မှ ၁ဝအထိ အဆင့်ဝင်တဲ့သူတွေ ကွန်ပျူတာ ခန်းသွားရမယ်။ ဝန်ကြီးလာရင်လည်း နှုတ်ဆက်ရမယ်ဆိုတော့ သမီးလည်း မတ်တတ်ရပ်တာပေါ့။ ဒါပေမဲ့ သမီးမပါခဲ့ရဘူး။ ဒါနဲ့ အဖေ့ကို ကျောင်းကို ပြော ခိုင်းတော့ ပါရမယ်။ နောက် တစ်ခေါက် တက်ရမယ်ဆိုပြီး မပါခဲ့ရပါဘူး။ နောက်ပြီး ကြား ရတာက မင်္ဂလာယူတဲ့အချိန် မှာ အမင်္ဂလာပါ ဘာလို့ထည့်ရ မှာလဲလို့ အပြောခံခဲ့ရပါတယ်။ အခုခေတ် မှာ မသန်စွမ်းတွေကို အမြင်

မြေကျွံခြင်း၊ မြေသားနိမ့်ဆင်းခြင်းများကြောင့် ရန်ကုန်မြို့ မြို့နယ်အများစုတွင် သုံးစွဲနေသည့် မြေအောက်ရေပေးဝေစနစ် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းမည်ဟုဆို


ရန်ကုန်မြို့တွင်း မြို့နယ်များအပြင် မြို့နယ် အတော်များများတွင် သုံးစွဲနေသည့် အ၀ီစိတွင်းတူး၍ မြေအောက်ရေ ရယူကာ ပေးဝေသည့် စနစ်ကို လာမည့် ၂၀၂၅ ခုနှစ်တွင် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်
း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တော်တွင် အ၀ီစိတွင်းများမှ ရေတူး၍ မြေအောက်ရေ ရယူသုံးစွဲသည့် စနစ်ကို မြို့တွင်းမြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ်များအပြင် စမ်းချောင်း၊ ကြည့်မြင်တိုင် လှိုင်သာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက် စသည့်မြို့နယ်များတွင်လည်း အသုံးပြုနေရကြောင်း၊

လက်ရှိ တရားစီရင်ရေးမဏ္ဍိုင် ပြောင်းလဲမှု မရှိသေး၊ တရားစီရင်ရာ၌ အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက် နေမှုများကို လွှတ်တော်သို့ တင်ပြမည်

တရားစီရင်ရေးတွင် ၀င်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြယ်လှယ်ခြင်း ပြုလုပ်ပါက လွတ်လပ်စွာ တရားစီရင်ရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း ဥပဒေ ပညာရှင်များက ဆိုပါသည်။
တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေး မဏ္ဍိုင်မှ ၀င်ရောက်စွက်ဖက်မှုများ ရှိနေသည်ဟု ပြည်သူများအကြား ဝေဖန်မှုများ ရှိနေသောကြောင့် လက်ရှိတရားစီရင်ရေး မဏ္ဍိုင်သည် ပြောင်းလဲမှု

ပြည်တွင်း သစ်ကုမ္ပဏီများ အနေဖြင့် ပြည်ပသို့ သစ်နှင့် သစ်အချောထည်ပစ္စည်း တင်ပို့လျက်ရှိရာ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ရရှိ

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ သစ်နှင့် သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိပြီး ပြည်တွင်းသစ် ကုမ္ပဏီများ အနေဖြင့်လည်း သစ်နှင့် သစ်အချောထည် ပစ္စည်းများကို တင်ပို့လျက်ရှိရာ ၂၀၁၂ အတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင် အသင်းမှ သိရသည်။
ယင်းကဲ့သို့ တင်ပို့မှုမှာ ပြည်တွင်းသစ် ကုမ္ပဏီ ၇၀ မှ တင်ပို့ခြင်းဖြစ်ပြီး ၂၀၁၂ တစ်နှစ်တာ ကာလအတွင်း စုစုပေါင်း ၂၈၆၆၃ တန် ကျော်တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ရရှိခဲ့ခြင်းဖြစ်ကြောင်း

လှိုင်သာယာတွင် အသက် (၂၀)အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွား၊ ရန်ကုန်တွင် ယခုလအတွင်း ဆွဲကြိုးချ သေဆုံးမှု (၈) ကြိမ်ရှိပြီဖြစ်

လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ အောင်ချမ်းသာလမ်းတွင် အသက် ၂၀ ၀န်းကျင်ရှိ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှု မေ ၂၅ ရက် မွန်းလွဲ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထိုအမျိုးသားသည် အမြင့် ၁၀ ခန့်ရှိ သစ်ပင်တွင် ၎င်းဝတ်ဆင်သော ပုဆိုးကို ကြိုးကွင်းအဖြစ် အသုံးပြုကာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူမှာ သံပန်းအလုပ် လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး မသေဆုံးမီက ၎င်းသည် အိမ်မှ ပိုက်ဆံရှစ်သောင်းယူပြီး သုံးစွဲနေရာ ဖခင်နှင့် အစ်ကိုဖြစ်သူတို့မှ တည်းခိုခန်းတွင် နေထိုင်ကြောင်း

မကွေးမြို့ ပညာရေးကောလိပ်မှ သိမ်းဆည်းထားခဲ့သော ယာမြေများပေါ်တွင် ခြံဝင်းခတ်မည့် ကိစ္စနှင့် ပတ်သက်၍ မူရင်းပိုင်ရှင် တောင်သူများက တိုင်းဒေသကြီး လွှတ်တော်သို့ အသနားခံစာ တင်ပြထား

မကွေးမြို့ ပညာရေးကောလိပ်မှ သိမ်းဆည်းထားခဲ့သော ယာမြေများအနက် အဆောက်အအုံ လွတ်သောနေရာ၊ သီးနှံစိုက်ပျိုးထားသည့် နေရာတွင် ခြံဝင်းခတ်ရန် ပြင်ဆင်နေခြင်းနှင့် ပတ်သက်၍ မူရင်းပိုင်ရှင် တောင်သူများက မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်ထံ မေ ၂၂ ရက်နေ့စွဲဖြင့် အသနားခံစာ တင်ပြထားကြောင်း မြေယာသိမ်းဆည်း ခံခဲ့ရသူများထံမှ သိရသည်။
မကွေးမြို့နယ် နွားကူးကျေးရွာမှ တောင်သူ ၃၀ ကျော်၏ ယာမြေဧက ၁၀၀ ဒသမ ၃၁ ဧကကို ၁၉၉၀ ခုနှစ်က မကွေးမြို့ ဆရာအတတ်သင်ကျောင်း ဆောက်လုပ်ရန် သိမ်းဆည်းခဲ့ကြောင်း ထိုသိမ်းဆည်းခံ

ပြည်တွင်း အထည်ချုပ် လုပ်ငန်းများမှ အမေရိကန် ဈေးကွက်သို့ ဇွန်လအတွင်း စတင်တင်ပို့ရန် ပြင်ဆင်


မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများမှ အမေရိကန်ဈေးကွက်သို့ လာမည့်ဇွန်လအတွင်း စတင်တင်ပို့ရန် ပြင်ဆင်နေကြကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
"အခုဆိုရင် ပြည်တွင်းအထည်ချုပ် လုပ်ငန်းရှင်တွေထဲက တချို့ဆိုရင် လာမယ့်ဇွန်လထဲမှာ အမေရိကန်ဈေးကွက်ကို တင်ပို့ဖို့အတွက် ပြင်ဆင်နေကြပါပြီ။ ဒီလို တင်ပို့ဖို့အတွက် အဆင်သင့် ဖြစ်နေတဲ့သူတွေ ရှိသလို တချို့လည်း ပြင်ဆင်နေကြတယ်။ သမ္မတကြီး ခရီးစဉ် နောက်ပိုင်းမှာ buyer တွေက စုံစမ်းမှုတွေ ပိုများလာပါတယ်" ဟုလည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ

နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့်များ ဖြေလျှော့ပြီးနောက်ပိုင်း လျှောက်ထားသူ များပြား

နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့်များအား ဖြေလျှော့ပေးပြီး နောက်ပိုင်းတွင် နေ့စဉ်နိုင်ငံကူးလက်မှတ် လျှောက်ထားသူ များပြားလာကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရသည်။
နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို မတ် ၁၉ ရက်မှ စတင်ဖြေလျှော့ပေးခဲ့ပြီး ယခုအချိန်တွင် တစ်နေ့လျှင် လာရောက်လျှောက်ထားသူ ပျမ်းမျှလူဦးရေ ၂၈၄ ယောက်ခန့် တိုးပွားလာသည်ဟု သိရသည်။
"နိုင်ငံကူးလက်မှတ်ကို မတ် ၁၉ ရက်က စတင်ပြီး ဖြေလျှော့ပေးလိုက်တယ်။ ပညာရေးကင်းရှင်းကြောင်း

လိင်တူလက်ထပ်ထိမ်းမြားခွင့် ဥပဒေအပေါ် လူတစ်သိန်းခွဲ ဆန့်ကျင်ဆန္ဒပြ

ပြင်သစ်နိုင်ငံမှာ လိင်တူချစ်သူခြင်း လက်ထပ်ထိမ်းမြားခွင့် တရားဝင်သတ်မှတ်လိုက်တာကို မကျေနပ်တဲ့အတွက် လူပေါင်း တစ်သိန်း ငါးသောင်းလောက်က ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ကပဲ ပြင်သစ်နိုင်ငံသမ္မတ Francois Hollande က လိင်တူချစ်သူခြင်း လက်ထပ်ထိမ်းမြားဖို့ ဥပဒေကို ခွင့်ပြုလိုက်ပြီ ဖြစ်ပေမယ့် ဒီလို အသိအမှတ်ပြုမှုကို ဆန့်ကျင်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကလည်း လိင်တူလက်ထပ်ထိမ်းမြားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အကြီးအကျယ်

အားကစားလောင်းကြေးကို တီဗွီမှာ ထုတ်လွင့်ဖော်ပြမှု ပိတ်ပင်ဖို့ ကြံရွယ်

သြစတြေးလျနိုင်ငံမှာ ရုပ်မြင်သံကြားမှာ အားကစားပွဲတွေရဲ့ လောင်းကြေးတွေ တိုက်ရိုက်ထုတ်လွှင့်ဖေါ်ပြတာကို ပိတ်ပင်ဖို့ကြံရွယ်တဲ့ ဝန်ကြီးချုပ် Julia Gillard ရဲ့အစီအစဉ်ဟာ အတိုက်အခံ လစ်ဘရယ်ပါတီရဲ့ မူဝါဒကို ခိုးချထားတဲ့ မူဝါဒသာဖြစ်တယ်လို့ လစ်ဘရယ်ပါတီခေါင်းဆောင် Tony Abbott က စွပ်စွဲလိုက်ပါတယ်။
ဒါပေမယ့် အာဏာရလေဘာပါတီက ဆက်သွယ်ရေးဝန်ကြီး Stephen Conroy ကတော့ အစိုးရအနေနဲ့

မဲဆောက်တံတားထိပ်က ပွဲစားနှိမ်နင်းမှုစစ်ဆင်ရေး

မြန်မာနိုင်ငံသားအချင်းချင်း လိမ်ညာလှည့်စား ဂုတ်သွေးစုပ်တဲ့ ပတ်စ်ပို့ပွဲစားတွေ တနေ့တခြား သောင်းကျန်းလာတဲ့အတွက် သူတို့ကို နှိမ်နင်းတဲ့စစ်ဆင်ရေးတခု ဒီကနေ့ မဲဆောက်မြို့ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအနီးမှာ ပြုလုပ်ခဲ့ပါတယ်။နေ့စဉ် နေ့တိုင်း မြန်မာပြည်သားများ တရားဝင် ၀င်ထွက်ရာ ချစ်ကြည်ရေးတံတားထိပ်ရှိ မဲဆောက် ထိုင်းလ၀က စစ်ဆေးရေးဂိတ် ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးတဲ့အတွက် ဒီနေ့ မြန်မာပွဲစား ၁၀ ဦးလောက် အဖမ်းခံခဲ့ရပါတယ်တဲ့။
မဲဆောက်ဘက်ခြမ်း ချစ်ကြည်ရေးတံတားအနီးမှာ အခြေချတဲ့ပွဲစားတွေဟာ ဘန်ကောက်အပါအ၀င်

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်တွင် ရေကြီးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်အန် တိုနီယိုမြို့တွင် မေ ၂၅ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး
သောင်တင်နေသော ကားများနှင့် ဒေသခံ လူရာပေါင်းများစွာကို အကူအညီ ပေးရန်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ရေကြီးမှုကြောင့် ကားအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးသည် ကားခေါင်မိုးပေါ်သို့ တက်ရန် ကြိုးပမ်းခဲ့သော်လည်း ကားမှာ ရေစီးနောက် မျောပါခဲ့ကြောင်းနှင့် ၎င်း၏ ရုပ်အလောင်းကို ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့ကြောင်း မီးသတ်

ကျန်းမာရေး အထောက် အကူပြု ငှက်သိုက်

မြန်မာ အဘိဓာန် အကျဉ်းချုပ် အတွဲ(၁)တွင် ငှက်သိုက်ကို ဇီဝဇိုး ငှက်ငယ်၏ အသိုက် အားဆေး အဖြစ် သုံးစွဲရ သည်။ ဇီဝဇိုးသည် အသိုက်ကို မိမိ အန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ၏။ ထိုငှက်၏ အသိုက်ကို ''ငှက်သိုက်''ဟု ခေါ်ကြ သည် ဟူ၍ ဖွင့်ဆို ထားပါသည်။
ငှက်သိုက်ကို လူသူ အရောက်အပေါက် နည်းသော ပင်လယ် ကျွန်းများရှိ သဘာဝ အလျောက် ဖြစ်ပေါ်နေ သည့် ကျောက်တောင် ကြီးများ၏ ကျောက်လိုဏ်ဂူ နံရံများ၊ ကမ်းပါးယံ ကျောက်စွန်း၊ ကျောက်ခွက် များတွင် ခက်ခက် ခဲခဲ ရှာဖွေဆွတ်ခူး စုသိမ်းရသည်။
ငှက်သိုက်ဖြူနှင့် ငှက်သိုက်မည်း နှစ်မျိုးရှိသည်။ ငှက်သိုက်ဖြူသည် ဖြူဖွေး ဝင်းမွတ်နေပြီး အညစ်အကြေး

၂ဝ၂ဝ အရောက်တွင် အာကာသ ယာဉ်မှူးများ လပေါ်တွင် နေထိုင်ဖွယ်ရှိဟု နာဆာ ခန့်မှန်း ပြောကြား

၂ဝ၂ဝ ပြည့်နှစ်၌ အာကာသ ယာဉ်မှူးများက ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုသို့ သွားရောက် လည်ပတ်နေချိန်တွင် အခြား သုတေသီ အဖွဲ့များသည်လည်း လပေါ်တွင် နေထိုင် နိုင်ဖွယ် ရှိကြောင်း နာဆာအဖွဲ့ ၏ လေ့လာချက် တစ်ခုတွင် ထုတ်ဖော် ပြောကြားထားသည်။
နာဆာ၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့သော Bigelow Aerospace လေ့လာချက်တွင် လကမ္ဘာသို့ စွန့်စွန့်စားစားဖြင့် သွားရောက်နေထိုင်ရန် ကုမ္ပဏီ အများအပြားက စိတ်ဝင်စားလျက် ရှိကြောင်း လက်စ်ဗီးဂတ်စ် အခြေစိုက် ကုမ္ပဏီ၏ တည်ထောင်သူ ဥက္ကဋ္ဌ ရောဘတ်ဘီဂီလိုက ပြောကြားထားသည်။
အဆိုပါ စွန့်စားမှု လုပ်ငန်း အစီအစဉ်များတွင် ကမ္ဘာပတ် လမ်းကြောင်းအတွင်း နေထိုင်ရန် ကြိုးပမ်းမှုနှင့်

Nose Bleed (နှာခေါင်းသွေးယိုလျှင်ဘာလုပ်ရမလဲ)

နှာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး
၊ အစာအိမ်ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။
ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ

အမြင်အာရုံကိုမြင့်တင်ပေးခြင်း( မျက်စိကိုလေ့ကျင့်ခန်းလုပ်ပေးခြင်း)

(၁)မျက်တောင်မြန်မြန်လေး ခဏလောက်ခတ်ပေးပါ။
(၂)မျက်စိကို တင်းအောင်မှိတ်ပြီးပြန်ဖွင့်လိုက်ပါ။ (၅)ကြိမ်လောက်ပြုလုပ်ပေးပါ။
(၃)မျက်လုံးကို ဘယ်ဘက်ကို(၅)ပတ်၊ ညာဘက်ကို(၅)ပတ်စီလည့်ပေးပါ ။
(၄)အဝေးမှာရှိသော ကြော်ငြာ (သို့) တခြားတခုခုကို အာရုံစူးစိုက်ပြီး ကြိုးစားဖတ်ကြည့်ပါ။

အောက်တွင်မျက်စိအတွက်အကျိုးပြုသောအစာများကိုဖော်ပြထားပါသည်။

ပြုပြင်ပြောင်းလဲရေးဟု ဆိုသော်လည်း ပြည်သူဘ၀မတိုးတက် ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံတွင် ပြုပြောင်းလဲရေး လုပ်နေပါသည်ဟု ဆိုသော်လည်း ပြည်သူများအတွက် အပြောင်းအလဲ အလွန်နည်းပါးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ ယနေ့မနက် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးသော ဗဟိုကော်မတီဝင်အစည်းအဝေးတွင်

"နိုရာ နှင့် ချစ်သူသိစေ သီချင်းများဖြင့် ပရိတ်သတ်ကြား ရေးပန်းစားခဲ့သူ အဆိုတော်ကိုကိုမောင် ကွယ်လွန်"

မေလ ၂၆ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်  ဘုရင့်နောင် တံတားအဆင်း
တွင် ဆိုင်ကယ် မတော်မဆ ဖြစ်ပွားခဲ့သော အဆိုတော် ကိုကိုမောင် သည်ယနေ့ မေလ ၂၇ ရက် မနက် ၇

ဖွေးဖွေး - ကိုယ်လှလား၊ မလှလားတော့မသိပေမယ့် ကိုယ့်ကိုယ်ကိုယ်အားလုံးကြိုက်တယ်

Q. ဘာကြောင့်အောင်မြင်လာ တယ်ထင်လဲ
A. သင်ဆရာ၊ မြင်ဆရာ၊ ကြားဆ ရာတွေရဲ့ကျေးဇူးကြောင့်ရယ်၊ ပရိ သတ်နဲ့အလုပ်ကိုတန်ဖိုးထားတတ် တဲ့ ဖွေးဖွေးရဲ့စိတ်ကြောင့်လို့ထင်ပါ တယ်။ ဒါပေမဲ့ အများကြီးကြိုးစား ရဦးမှာပါ။

Q. ကိုယ့်ကိုဘာကြောင့် ပရိသတ် ကြိုက်တယ်ထင်လဲ

အချစ်က အရေးမကြီး အလုပ်ပဲ အရေးကြီးတယ် ဆိုသူ စံရတီမိုးမြင့်

သရုပ်ဆောင် စံရတီမိုးမြင့်က အချစ်က အရေး မကြီးတော့ဘဲ အလုပ်သာ အရေးကြီးကြောင်း ပြော သည်။စံရတီမိုးမြင့်က တဖြည်းဖြည်း နဲ့ သိလာတာက အချစ်က အမြဲတမ်း ကိုယ့်ဘေးနားမှာ မရှိကြောင်း ပြောပါသည်။ ”ညီမအခု အချိန်အထိရှိတဲ့ အချစ်က အမြဲတမ်း ကိုယ့်ဘေးမှာ တစ်သက်လုံး တည်ချင်မှ လည်း တည် မှာလေ။ ပိုပြီး တဖြည်းဖြည်း သိလာတာက အလုပ်ပဲ။ အလုပ်ကို ပိုကြိုးစားပြီး လုပ်ရင် ပရိသတ်က ကိုယ့်ဘေးနားမှာ တစ်ချိန်လုံး ရှိမှာလေ။ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေ အသက်ကြီးတဲ့ အထိ

ရုပ်ရှင်ရုံတွေ နည်းသွားလို့ စိတ်မကောင်း ဖြစ်ရတဲ့ မို့မို့မြင့်အောင်

ရုပ်ရှင်ရုံ နည်းပါး သွားရခြင်း အတွက် စိတ်မကောင်း ဖြစ်ရကြောင်း အကယ်ဒမီ မို့မို့မြင့်အောင် က ပြောသည်။”ရုပ်ရှင်ရုံတွေ သိပ်မရှိကြတော့ဘူးလေ။ အခုလည်း ရွှေမန်းရုံ နဲ့ သီတာရုံ ပါသွားပြီလို့ ကြားရတယ်။ စိတ်မကောင်းလိုက်တာ။ ထုတ်လုပ်သူတွေက ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ပြီး ဘယ်ရုံမှာ သွားတင်ရမှာလဲ။ မမို့တို့ ဆီမှာလည်း ရှော့ပင်း မောလ်တစ်ခု၊ ဟိုတယ်တစ်ခု ဖွင့်ပြီ ဆိုရင် နိုင်ငံခြားက

ကျောင်းပြီးတာ နဲ့ ရန်ကုန်မှာ အခြေချ နေထိုင်ပြီး အနုပညာ အလုပ်တွေ ကို လုပ်သွားတော့မယ့် မှူးသခင်

မန္တလေးမှာ နေထိုင်တဲ့ သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ် တစ်ဦးလည်းဖြစ်သူ မှူးသခင်က ရန်ကုန်ကို ဒီလကုန်မှာ သွားမှာဖြစ်တယ်လို့ သိရပြီး သူရိုက်ခဲ့တဲ့ ဗီဒီယို ၇ကားထဲမှာ ၄ကားကတော့ ထွက်ရှိပြီး ပြီလို့ ပြောပါ တယ်။ “မှူးရဲ့ သရုပ်ဆောင်မှုတွေက လိုသေးတာပေါ့နော်။ ပရိသတ်တွေ ကလည်း ဝေဖန်ပေးပါတယ်။ ရန်ကုန်ကိုတော့ တက်ဖြစ်မှာပါ။ ဒီမှာက ကျောင်းတက်နေသေးလို့ ကျောင်းပြီးရင်တော့

နာမည်ပျက်မရှိဘဲ အောင်မြင်မှုကို လိုချင်တယ်ဆိုတဲ့ မိုးယုစံ

မြန်မာ အကတွေ ကပြီး နိုင်ငံခြား အကမကဘူး ဆိုတာက ဝါသ နာမပါတာ မဟုတ်ပါဘူး။ အစီအစဉ် မရှိသေး တာပါ။ မြန်မာ မိန်းကလေး တစ်ယောက် အနေနဲ့ မြန်မာ အကကို ကတတ်ဖို့ အရေးကြီးတယ်။ ဥပမာ ပြောရရင် Over Sea မှာ ဖျော်ဖြေ တဲ့အခါမှာ မြန်မာအကနဲ့ ဖျော်ဖြေ တာအကောင်းဆုံးပဲ။ မြန်မာအက မဟုတ်ဘဲ တခြားအကနဲ့ ဖျော်ဖြေ ရင် ကိုယ့်မြန်မာ့ ယဉ်ကျေးမှုကို သိမှာ မဟုတ်ဘူး။ မိုးယုက

တေးသံရှင် ဘန်နီဖြိုးနှင့်တွေ့ဆုံခြင်း

အလွမ်းပြေ အနမ်း၊ နှစ်ပတ်လည် သီချင်းများဖြင့် ပရိသတ် အားပေး လက်ခံတဲ့ တေးသံရှင် တစ်ယောက် ဖြစ်ခဲ့တဲ့ ဘန်နီဖြိုးနှင့် တွေ့ဆုံပြီး၊ သူ၏ ပြည်တွင်း၊ ပြည်ပ ဖျော်ဖြေပွဲများ အကြောင်း၊ Playback သီဆိုသည့် တေးသံရှင်များ အပေါ် သူ၏အမြင်နှင့် လတ်တလော အနုပညာ လှုပ်ရှားမှုများ အကြောင်းကို The Voice က မေးမြန်း ထားခြင်းဖြစ်သည်။

Voice : ရှိုးပွဲတွေ ဆက်တိုက် ဖျော်ဖြေဖို့ ရှိတယ်လို့ကြားတယ်။ ဘယ်တွေမှာ ဖျော်ဖြေရမှာလဲ။
BP : ကျွန်တော် ပြည်တွင်းမှာဆို မကွေး၊ မြစ်ကြီးနား၊ မန္တလေးမှာ ရှိုးတွေ ဆိုဖို့ ရှိပါတယ်။ ပြည်ပကတော့

ကိုယ်က သူ့ကိုချစ်သလို သူကလည်း ကိုယ့်ကိုချစ်ဖို့ပဲ အဓိကပါလို့ ဆိုတဲ့ အောင်ရဲလင်း

ကိုယ်က သူ့ကိုချစ်သလို သူကလည်း ကိုယ့်ကိုချစ်ဖို့ပဲ အဓိကပါလို့ ဆိုတဲ့ အောင်ရဲလင်းရုပ်ရှင် ဇာတ်ကား ကြီးအတွက် အောင်ရဲလင်း မျှော်မှန်း ထားတာ တွေများရှိမလား  ဆိုတဲ့ မေးခွန်းကို တော့ "မရှိပါဘူး။ ရိုက်တဲ့ ကားကြီး တွေအပေါ်မှာ အကောင်းဆုံးပဲ သရုပ်ဆောင် ပါတယ်။ အဓိက ကတော့ ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်း ဆုံးလုပ်တာ ကိုယ်ဖြစ်ချင်တဲ့ နေရာ ဖြစ်ဖို့များ တယ်လို့တော့ ကျွန်တော်

“အောင်ပွဲနဲ့အတူ ပြန်လာသော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊၂၈ ရက်နေ့ မနက် ၇ နာရီ ရန်ကုန်လေဆိပ် ပြန်ရောက်မည်”


အာရှခြေစစ်ပွဲတွင်တိုင်ပေအသင်းကို ဂိုးမရှိသရေ ကစားပြီး မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း ကခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်၍အောင်ပွဲနဲ့အတူ ပြန်လာသော
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ၂၈ ရက်နေ့ မနက် ၇ နာရီ တွင်အမိမြန်မာပြည်ရန်ကုန်လေဆိပ်သို့  ပြန်လည်ရောက်မည်ဖြစ်ကြောင်းသိရသည်။

ရွှေသံလွင်ကုမ္ပဏီ၏ လျှပ်စစ်ဓါတ်တိုင်သွယ်တန်းမှုကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီပျက်စီး

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ရွှေသံလွင်ကုမ္ပဏီသည် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်း ရာ လမ်းတစ်လျှောက်တွင် ဒေသခံများ၏ ရော်ဘာပင်များနှင့် နှစ်ရှည်ပင်များ မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာ ဒေသခံ များ လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ဒေသခံများကို ညှိနှိုင်းဖြေရှင်းမှုများ မလုပ်ဆောင်ဘဲ လျှပ်စစ်သွယ်တန်းရာလမ်းတစ် လျှောက် ပျက်စီးဆုံးရှုံးကြသည့် ဒေသခံများ၏ ရာဘာပင်များနှင့်

ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်တစ်ခုရလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန် အစီအစဉ် ရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ (ဆီးဂိမ်း)အားကစားပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရွှေတံဆိပ်ရရှိပါက ရွှေတစ်ခုလျှင် ကျပ်သိန်း ၁၀၀ ချီးမြှင့်ရန်အစီအစဉ် ရှိကြောင်းသိရသည်။၎င်းအရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆုတံဆိပ်ပေါင်း

နာဂစ်ဘိုးဘွားရိပ်သာ ခေတ်သစ် ဘိက္ခုမာတာ ဦးစီးတည်ဆောက်နေ


ဧရာဝတီတိုင်းဖျာပုံခရိုင် ဘိုကလေးမြို့ နယ်ကဒုံကနိကျေးရွာမှာ နာဂစ်ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ဖို့အတွက် ခေတ်သစ် ဘိက္ခုမာတာလို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့ ပြည်သူ့ ဂုဏ်ရည် ဆုရှင် ဒေါ်ရှုက ဦးစီးပြီး စီစဉ်နေတယ်လို့ သိရပါတယ်။နာဂစ်ဘိုးဘွားရိပ်သာအတွက် ကဒုံကနီရွာနေ မြေအလှူရှင် ဦးရှမ်းအောင်မြင့်နဲ့ မိသားစုက မြေ ၆ ဧက လှူဒါန်း ထားပြီး ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကတော့ အုတ်မြစ်ချ ပန္နတင် မင်္ဂလာအခမ်းအနားကျင်းပခဲ့ပါတယ်။နာဂစ်ဘိုးဘွားရိပ်သာဖြစ်မြောက်ဖို့ထိုင်းနိုင်ငံဘန်ကောက်မြို့က ကူညီရေးနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အောင်သပြေကျောင်းဆရာတော်ဦးဇောတိက က

ခါးနာ ဒူးနာ မခက်ပါ

ခါးနာ ဒူးနာ ဖြစ်ခဲ့သော်ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတရမည်၊ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး,တစ်ရာအထိ ရေတွက်ပါ။ရေတွက်၍ တရာပြည့်သည်နှင့် ဘဲဥကို ရေနွေးအိုးထဲမှ ပြည်လည် ဆယ်ယူရပါမည်။
ထို့နောက် ဘဲဥပြုတ်ကို ပန်းကန်တလုံးထဲ ဖောက်ထည့်ပါ၊ ပြီးလျှင် သကြားသင့်ရုံ (စားကောင်းရုံ) ထည့်ပြီး
သမအောင် မွှေပေးပါ၊ အခြားဘာမှ ထည့်စရာ မလိုပါ၊၄င်းဘဲဥကို ကုန်အောင် စားသုံးရမည်။
ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ

ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ တရားရုံး ဒဏ်ငွေအပြင် အထူးဒဏ်ငွေပါ ပေးဆောင်ရမည်

ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို တရားရုံးဒဏ်ငွေအပြင် အထူးဒဏ်ငွေကို ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူး ဦးအောင်လွင်က ပြောကြားသည်။
၂၀၁၃ခုနှစ် ဇန်နဝါရီလမှ စတင်၍ ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဖမ်းဆီး ဒဏ်ရိုက်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အထက်ပါကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိစေရန်အတွက်

ဥက္ကံပဋိပက္ခ မီးဘေးသင့်အိမ်များ မေလကုန် အပြီးတည်ဆောက်မည်

ဥက္ကံပဋိပက္ခတွင် မီးလောင်ခံရသည့် အိမ်ခြေ ၈၁ လုံးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အလှူရှင်များ၏ အစီအစဉ်ဖြင့် ပျဉ်ထောင်အိမ်များကို မေလကုန်တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်စိုး က The Voice သို့ ပြောကြားသည်။
"အိမ်တစ်လုံးကို ၁၅ သိန်းလောက် ကုန်ကျမှာပါ" ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။
ယင်းအိမ်များသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ပျဉ်ထောင်အိမ်များ

ရန်ကုန်မြို့ အိမ်ခြံမြေဈေးတက်

မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာတာနဲ့အမျှ ကူးသန်းရောင်းဝယ်ရေး အချက်အခြာကျတဲ့ ရန်ကုန်မြို့မှာ အိမ်ခြံမြေဈေးတွေမကြုံစဖူး ထိုးတက်နေပါတယ်။ မြန်မာပြည်တွင်းမှာ အလုပ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေအတွက် တနေ့တခြား မြင့်မားလာနေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေက စိန်ခေါ်မှု တရပ် ဖြစ်နေပါတယ်
ရန်ကုန်မြို့မှာ အိမ်၊ မြေနဲ့ ရုံးခန်း ဈေးနှုန်းတွေ အဆမတန် တက်လာတာကြောင့် တချို့

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...