ရှမ်းပြည်နယ်
ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဇွန်လ ၁ ရက်နေ့မှ
စတင်ကာ စည်းကမ်းဖောက်ဖျက်သော ယာဉ်များကို တရားရုံးဒဏ်ငွေအပြင်
အထူးဒဏ်ငွေကို ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ
ဒုတိယ ရဲမှူး ဦးအောင်လွင်က ပြောကြားသည်။
၂၀၁၃ခုနှစ် ဇန်နဝါရီလမှ စတင်၍ ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဖမ်းဆီး ဒဏ်ရိုက်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အထက်ပါကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိစေရန်အတွက် လူစည်ကားရာ နေရာများတွင် တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
"ဌာနဆိုင်ရာတွေ ကိုလည်း စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ရိုက်မယ်" ဟု ၄င်းက ဆိုသည်။
ကျိုင်းတုံမြို့ပေါ် ယာဉ်စီးနင်းသူ တို့သည် ယာဉ်ထိန်းရဲများ ဖမ်းဆီးသည့် နေရာများကို ရှောင်ကွင်းသွားလာကြကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ မေလ ၂၄ ရက် နေ့ထိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ် ၂၁၈၂ စီးကို အရေးယူခဲ့ကြောင်း ယင်းမြို့နယ် ယာဉ်ထိန်းရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly
၂၀၁၃ခုနှစ် ဇန်နဝါရီလမှ စတင်၍ ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် ဖမ်းဆီး ဒဏ်ရိုက်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အထက်ပါကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိစေရန်အတွက် လူစည်ကားရာ နေရာများတွင် တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
"ဌာနဆိုင်ရာတွေ ကိုလည်း စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ရိုက်မယ်" ဟု ၄င်းက ဆိုသည်။
ကျိုင်းတုံမြို့ပေါ် ယာဉ်စီးနင်းသူ တို့သည် ယာဉ်ထိန်းရဲများ ဖမ်းဆီးသည့် နေရာများကို ရှောင်ကွင်းသွားလာကြကြောင်း