မကွေးမြို့ ပညာရေးကောလိပ်မှ သိမ်းဆည်းထားခဲ့သော ယာမြေများအနက် အဆောက်အအုံ
လွတ်သောနေရာ၊ သီးနှံစိုက်ပျိုးထားသည့် နေရာတွင် ခြံဝင်းခတ်ရန်
ပြင်ဆင်နေခြင်းနှင့် ပတ်သက်၍ မူရင်းပိုင်ရှင် တောင်သူများက
မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်ထံ မေ ၂၂ ရက်နေ့စွဲဖြင့် အသနားခံစာ တင်ပြထားကြောင်း မြေယာသိမ်းဆည်း ခံခဲ့ရသူများထံမှ သိရသည်။
မကွေးမြို့နယ် နွားကူးကျေးရွာမှ တောင်သူ ၃၀ ကျော်၏ ယာမြေဧက ၁၀၀ ဒသမ ၃၁ ဧကကို ၁၉၉၀ ခုနှစ်က မကွေးမြို့ ဆရာအတတ်သင်ကျောင်း ဆောက်လုပ်ရန် သိမ်းဆည်းခဲ့ကြောင်း ထိုသိမ်းဆည်းခံ ယာမြေများအတွက် တစ်ဧကလျှင် ကျပ် ၁၅၀၀၀ သာ ပေးလျော်ခဲ့ကြောင်း သိရသည်။
"ဦးလေးရဲ့ ယာမြေတစ်ဧကခွဲလောက် သိမ်းယူခံခဲ့ရပါတယ်။ သိမ်းပြီးတဲ့နှစ်မှာပဲ ဦးလေးတို့ယာတွေက အဆောက်အအုံတွေနဲ့ လွတ်လို့ မြေငှားခပြန်ပေးပြီး နှစ်စဉ်သီးနှံ စိုက်ပျိုးခဲ့ပါတယ်။ အခုနှစ် သီးနှံတွေ စိုက်ပျိုးပြီးသား အပေါ်မှာ သံဆူးကြိုးခတ်တော့မယ်ကြားလို့ ညှိနှိုင်းကြဖို့ မြေသိမ်းခံရသူတွေအားလုံး စုစည်းတိုင်ပင်ခဲ့တာပါ" ဟု ယာမြေသိမ်းဆည်း ခံခဲ့ရသူ ဦးလှကျော်က ပြောကြားခဲ့သည်။
လွတ်သောယာမြေများတွင် မူရင်းပိုင်ရှင် တောင်သူများမှ တစ်ဧကလျှင် ကျပ် ၆၀၀၀ ပေးသွင်း၍ သီးနှံစိုက်ခွင့် ရခဲ့ကြောင်း ယခု ၂၀၁၃ ခုနှစ်အတွက် ငွေကြေးမပေးသွင်း ခဲ့ရကြောင်း သိရသည်။
"ပညာရေး စီမံကိန်း ပြည်ထောင်စုဝန်ကြီးရုံးက ကျောင်းလုံခြုံရေးအတွက် ခြံဝင်းခတ်ဖို့ ညွှန်ကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ခြံဝင်းခတ်သင့်ကြောင်း အတည်ပြုပေးခဲ့လို့ မေ ၂၅ ရက်နေ့မှာ စဖို့ စီစဉ်ခဲ့ပါတယ်။ အခုလို တောင်သူတွေ လက်မခံနိုင်မယ့် အခြေအနေမျိုး ရှိနေလို့ မေ ၂၇ ရက်ကျမှ မြေယာစိစစ်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံတိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်သင့်၊ မလုပ်ဆောင်သင့် ဆုံးဖြတ်သွားမှာပါ။ အများသူငါ နစ်နာပြီး လူသားမဆန်တဲ့ အလုပ်မျိုးကို လုပ်သွားမှာ မဟုတ်ပါဘူး" ဟု မကွေးပညာရေး ကောလိပ်မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဘသိန်းက ပြောကြားသည်။
EMG
လယ်ယာမြေ သိမ်းဆည်းခံရသူများ ကန့်ကွက်ရန် မေ ၂၅ ရက် နံနက်ပိုင်းက စောင့်ဆိုင်းနေကြစဉ်
မကွေးမြို့နယ် နွားကူးကျေးရွာမှ တောင်သူ ၃၀ ကျော်၏ ယာမြေဧက ၁၀၀ ဒသမ ၃၁ ဧကကို ၁၉၉၀ ခုနှစ်က မကွေးမြို့ ဆရာအတတ်သင်ကျောင်း ဆောက်လုပ်ရန် သိမ်းဆည်းခဲ့ကြောင်း ထိုသိမ်းဆည်းခံ ယာမြေများအတွက် တစ်ဧကလျှင် ကျပ် ၁၅၀၀၀ သာ ပေးလျော်ခဲ့ကြောင်း သိရသည်။
"ဦးလေးရဲ့ ယာမြေတစ်ဧကခွဲလောက် သိမ်းယူခံခဲ့ရပါတယ်။ သိမ်းပြီးတဲ့နှစ်မှာပဲ ဦးလေးတို့ယာတွေက အဆောက်အအုံတွေနဲ့ လွတ်လို့ မြေငှားခပြန်ပေးပြီး နှစ်စဉ်သီးနှံ စိုက်ပျိုးခဲ့ပါတယ်။ အခုနှစ် သီးနှံတွေ စိုက်ပျိုးပြီးသား အပေါ်မှာ သံဆူးကြိုးခတ်တော့မယ်ကြားလိ