အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ရန် မူကြမ်းကို မေလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်ရာ သမ္မတတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်နိုင်ငံသားအဖြစ် ရောက်ရှိနေလျှင်သော်လည်းကော င်း ကွယ်လွန်ပြီးလျှင်သော်လည်းေ ကာင်း အကျုံဝင်ခြင်း မရှိစေရဟု ပြင်ဆင်လိုက်သည်။လက်ရှိဖွဲ့စည်းပုံပါ သမ္မတဖြစ်ခွင့်နှင့်ပတ်သက်၍ ကန့်သတ်မှု လွန်ကဲနေသည်ဟု NDF က ဝေဖန်လိုက်သည်။''သမ္မတအရည်အချင်းမှာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုတာ တို့
ထပ်မွေးဖွားလာတဲ့ သားတွေသမီးတွေအထိပါ သတ်မှတ်ထားတာဟာ လူတစ်ဦးတစ်ယောက်ကို
ရည်ရွယ် သတ်မှတ်ထားတာဟာ ဒါမဖြစ်သင့်ဘူး။ မြန်မာနိုင်ငံသား တစ်ယောက်ဟာ
လူ့အခွင့်ရေးတွေ နိုင်ငံသား အခွင့်ရေးတွေ ရှိရပါမယ်။ သူ့ကို ပစ်
မှတ်ထားပြီး ပိတ်ပင်တဲ့ သဘောနဲ့ ထုတ်ထားတာဟာ ဥပဒေ မဟုတ်ပါဘူး''ဟု NDF ဥက္ကဋ္ဌ
ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။ထို့အပြင် NDF ပါတီ၏ ပြင်ဆင်ထားသောမူကြမ်းထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှ င့်
ပတ်သတ်၍ တိုင်းစစ်ဌာနချုပ်အလိုက် ရွေးကောက် တင်မြှောက်ထားသော တပ်မတော်သား
အမည်စာရင်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းရန်နှင့်
ဓနောင်လွှတ်တော်အသီးသီးတွင် တပ်မတော်သား ကိုယ်စားလှယ်ပါဝင်မှု
အဆင့်ဆင့်လျှော့ချ သတ်မှတ်ပေးရမည်'' ဟုလည်း ပါရှိသည်။
တပ်မတော်သား လွှတ်တော်အမတ်များကို လျှော့ချရန် သဘောထားရှိမှုနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ကချင်ပြည်နယ် အင်ဂျန်းယန် လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ဒွဲဘူက ''တပ်မတော်သား လျှော့ချ သွားဖို့ကတော့ တဖြည်းဖြည်းနဲ့
ဒီမိုကရေစီစနစ် ပီပြင်သွားရင်တော့ ဒီလိုပဲ လျှော့ချသွားရမှာပဲ။
အင်ဒိုနီးရှား မှာလည်း အဲလိုပဲ လျော့ချသွားတာလေ''ဟု ပြောသည်။
သို့သော် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
အေးမောင်ကမူ ဒါပေမယ့် တပ်မတော်ရဲ့ သဘောထားကလည်း ရှိသေးတယ်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို တစ်ဆင့်ချင်းလျှော့ချမယ်ဆို ရင် ဒီတိုင်း လျှော့ချလို့မလွယ်ဘူး။ သူတို့ကို စည်းရုံးဖို့လိုတယ်။ အဲဒါက ယုံကြည်မှု လိုတယ်'' ဟု ဆိုသည်။
လက်တွေ့အနေအထားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား မည်ကဲ့သို့ပြင်ဆင်ရန် ကြိုးပမ်းမည်ကိုမူ ဦးခင်မောင်ဆွေက ''ကျွန်တော်တို့နဲ့ ဒီမိုမိတ်ဆွေပါတီများရှိပါတ ယ်။
တွန်းအားပေးတဲ့အခါ ပေးမှာပေါ့။ အခုအနေအထားကတော့ ကြိုမပြောနိုင်သေးပါဘူး။
ကျွန်တော်တို့လည်း ကျွန်တော်တို့ပါတီအတွက်ပဲ ပြင်နေတာဖြစ်ပါတယ်''ဟု
ပြောသည်။
လက်ရှိတွင် ပါတီမှ ပြင်ဆင်ထားသောမူကြမ်းအား ၎င်းတို့၏ ဝက်ဆိုက်စာမျက်နှာတွင် တင်ထားပြီး အထွေထွေ
ပြဋ္ဌာန်းချက်များအား ပါတီ၏ စတုတ္ထအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးတွင် အတည်ပြုပြီး ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။
လွှတ်တော်ပြင်ပမှ တိုင်းရင်းသားပါတီတစ်ခုဖြစ် သည့်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး
ဦးစိုင်းညွန့်လွင်က ''ကျွန်တော်တို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲ
အရင်သွားပြီးမှ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ကို သွားမယ်။ ဖွဲ့စည်းပုံ တစ်ခုတည်း ပြင်လို့မရဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလည်း စဉ်းစားရမယ်'' ဟု ပြောသည်။
NDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတစ်ခုလုံးကို မူအားဖြင့် သဘောတူကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
Mizzima News
ပြင်ဆင်ရန် မူကြမ်းကို မေလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်ရာ သမ္မတတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်နိုင်ငံသားအဖြစ် ရောက်ရှိနေလျှင်သော်လည်းကော
တပ်မတော်သား လွှတ်တော်အမတ်များကို လျှော့ချရန် သဘောထားရှိမှုနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင
သို့သော် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလ
အေးမောင်ကမူ ဒါပေမယ့် တပ်မတော်ရဲ့ သဘောထားကလည်း ရှိသေးတယ်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို တစ်ဆင့်ချင်းလျှော့ချမယ်ဆို
လက်တွေ့အနေအထားတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအား မည်ကဲ့သို့ပြင်ဆင်ရန် ကြိုးပမ်းမည်ကိုမူ ဦးခင်မောင်ဆွေက ''ကျွန်တော်တို့နဲ့ ဒီမိုမိတ်ဆွေပါတီများရှိပါတ
လက်ရှိတွင် ပါတီမှ ပြင်ဆင်ထားသောမူကြမ်းအား ၎င်းတို့၏ ဝက်ဆိုက်စာမျက်နှာတွင် တင်ထားပြီး အထွေထွေ
ပြဋ္ဌာန်းချက်များအား ပါတီ၏ စတုတ္ထအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးကော်မတီ အစည်းအဝေးတွင် အတည်ပြုပြီး ထုတ်ပြန်ကြေညာသွားမည်ဟု ဆိုသည်။
လွှတ်တော်ပြင်ပမှ တိုင်းရင်းသားပါတီတစ်ခုဖြစ်
NDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းတစ်ခုလုံးကို မူအားဖြင့် သဘောတူကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချ
Mizzima News