အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

၂ဝ၂ဝ အရောက်တွင် အာကာသ ယာဉ်မှူးများ လပေါ်တွင် နေထိုင်ဖွယ်ရှိဟု နာဆာ ခန့်မှန်း ပြောကြား

၂ဝ၂ဝ ပြည့်နှစ်၌ အာကာသ ယာဉ်မှူးများက ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုသို့ သွားရောက် လည်ပတ်နေချိန်တွင် အခြား သုတေသီ အဖွဲ့များသည်လည်း လပေါ်တွင် နေထိုင် နိုင်ဖွယ် ရှိကြောင်း နာဆာအဖွဲ့ ၏ လေ့လာချက် တစ်ခုတွင် ထုတ်ဖော် ပြောကြားထားသည်။
နာဆာ၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့သော Bigelow Aerospace လေ့လာချက်တွင် လကမ္ဘာသို့ စွန့်စွန့်စားစားဖြင့် သွားရောက်နေထိုင်ရန် ကုမ္ပဏီ အများအပြားက စိတ်ဝင်စားလျက် ရှိကြောင်း လက်စ်ဗီးဂတ်စ် အခြေစိုက် ကုမ္ပဏီ၏ တည်ထောင်သူ ဥက္ကဋ္ဌ ရောဘတ်ဘီဂီလိုက ပြောကြားထားသည်။
အဆိုပါ စွန့်စားမှု လုပ်ငန်း အစီအစဉ်များတွင် ကမ္ဘာပတ် လမ်းကြောင်းအတွင်း နေထိုင်ရန် ကြိုးပမ်းမှုနှင့် ဆေးဘက်ဆိုင်ရာ သုတေသန ပြုလုပ်ခြင်းများ သာမက လမျက်နှာပြင်သို့ သွားရောက်သည့် အစီအစဉ်များလည်း ပါဝင်ကြောင်းနှင့် သီတင်းပတ် အနည်းငယ်အတွင်း ထုတ်ပြန်သည့် ကြေညာချက်များကို စောင့်ကြည့်သွားရန် ၎င်းက ပြောကြားထားသည်။

အမေရိကန် အာကာသ အေဂျင်စီ အနေဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား အသေးစား တစ်ခုကို ရှာဖွေ၍ အနာဂတ်တွင် အာကာသယာဉ်မှူးများ သွားရောက် လေ့လာမည့် လပတ်လမ်း ပတ်လည်တွင် ၎င်းကို ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ် စတင်ရန်အတွက် အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ အဆိုပြု အသုံးစရိတ်မှာ အမေရိကန် ဒေါ်လာ ၁ဝ၅ သန်း ဖြစ်သည်။

သို့သော် Bigelow Aerospace ကုမ္ပဏီ အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများသည် ဂြိုဟ်သိမ် တစ်ခုအား လအနီးတွင် ပြန်လည် နေရာချထားမည့် အစီအစဉ်ထက် လပေါ်သို့ သွားရောက် လည်ပတ်နိုင်ရေး လုပ်ဆောင်ရန် ပိုမိုစိတ်ဝင်စားလျက် ရှိသည်ဟု ဘီဂီလိုက သတင်း ထောက်များကို ပြောကြားထားကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...