မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများမှ အမေရိကန်ဈေးကွက်သို့ လာမည့်ဇွန်လအတွင်း စတင်တင်ပို့ရန် ပြင်ဆင်နေကြကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
"အခုဆိုရင် ပြည်တွင်းအထည်ချုပ် လုပ်ငန်းရှင်တွေထဲက တချို့ဆိုရင် လာမယ့်ဇွန်လထဲမှာ အမေရိကန်ဈေးကွက်ကို တင်ပို့ဖို့အတွက် ပြင်ဆင်နေကြပါပြီ။ ဒီလို တင်ပို့ဖို့အတွက် အဆင်သင့် ဖြစ်နေတဲ့သူတွေ ရှိသလို တချို့လည်း ပြင်ဆင်နေကြတယ်။ သမ္မတကြီး ခရီးစဉ် နောက်ပိုင်းမှာ buyer တွေက စုံစမ်းမှုတွေ ပိုများလာပါတယ်" ဟုလည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
လက်ရှိကာလ၌ အထည်ချုပ် အော်ဒါရရှိမှု အနေဖြင့် ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း၊ ဂျပန်လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းအထည်ချုပ် လုပ်ငန်းများနှင့် ပတ်သက်ပြီး စုံစမ်းမှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
၂၀၁၂ ခုနှစ်အတွင်း အထည်ချုပ် လုပ်ငန်းများ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် စံချိန်တင် ရရှိထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
၂၀၁၂ ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ FOB တင်ပို့မှုမှ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၈၄၈ ဒသမ ၂၅ သန်း၊ CMP လက်ခစား လုပ်ငန်းမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၁၃ သန်း ရရှိထားကြောင်း သိရသည်။
ပြည်တွင်းအထည်ချုပ် လုပ်ငန်းများမှ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရန်နှင့် အော်ဒါမှာယူမှုများအား အလုံအလောက် တင်ပို့နိုင်ရေး၊ အထည်ချုပ်လုပ်ငန်းခွင်များ အတွင်းရှိ လုပ်သားများ၏ ကျွမ်းကျင်မှု အရည်အသွေး မြှင့်တင်နိုင်ရေးကိုလည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သင်တန်းများပေးကာ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား
EMG
လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတစ်ခုကို တွေ့ရစဉ်