အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 May, 2013

အားကစားလောင်းကြေးကို တီဗွီမှာ ထုတ်လွင့်ဖော်ပြမှု ပိတ်ပင်ဖို့ ကြံရွယ်

သြစတြေးလျနိုင်ငံမှာ ရုပ်မြင်သံကြားမှာ အားကစားပွဲတွေရဲ့ လောင်းကြေးတွေ တိုက်ရိုက်ထုတ်လွှင့်ဖေါ်ပြတာကို ပိတ်ပင်ဖို့ကြံရွယ်တဲ့ ဝန်ကြီးချုပ် Julia Gillard ရဲ့အစီအစဉ်ဟာ အတိုက်အခံ လစ်ဘရယ်ပါတီရဲ့ မူဝါဒကို ခိုးချထားတဲ့ မူဝါဒသာဖြစ်တယ်လို့ လစ်ဘရယ်ပါတီခေါင်းဆောင် Tony Abbott က စွပ်စွဲလိုက်ပါတယ်။
ဒါပေမယ့် အာဏာရလေဘာပါတီက ဆက်သွယ်ရေးဝန်ကြီး Stephen Conroy ကတော့ အစိုးရအနေနဲ့ လစ်ဘရယ်ပါတီရဲ့ မူဝါဒကို ကူးယူတာ မဟုတ်ကြောင်း ငြင်းဆို လိုက်ပါတယ်။

အတိုက်အခံ လစ်ဘရယ်ပါတီရဲ့ လောင်းကစားဆိုင်ရာ ကန့်သတ်ချက် မူဝါဒအရ အားကစားပွဲ ထုတ်လွှင့်မှုတွေရဲ့ ပွဲခေတ္တ ရပ်နားချိန်တွေမှာ လောင်းကြေး ဘယ်လောက် ပေါက်တယ် ဆိုတာတွေကို ပြခွင့်ပေးဖို့ စီစဉ်မယ့် မူဝါဒဖြစ်ပေမယ့် အာဏာရ လေဘာပါတီကတော့ ဒီထက်ပိုပြီး ကန့်သတ်ဖို့ မူဝါဒရှိနေတာဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီး Stephen Conroy က တုန့်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သြစတြေးလျ ရုပ်မြင်သံကြားဌာနကြီးတွေကို ကိုယ်စားပြုတဲ့ Free TV Australia အဖွဲ့ကတော့ လောင်းကစားဆိုင်ရာ ထုတ်လွှင့်မှုတွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် ကျင့်ဝတ်တွေကို ရက်သတ္တ နှစ်ပတ်အတွင်းမှာ ပြီးစီးအောင် ပြင်ဆင် ရေးဆွဲသွားမယ်လို့ ကြေငြာထားပါတယ်။

ABC Radio Australia

သြစတြေးလျနိုင်ငံ တီဗွီဖန်သားပြင်မှာ အားကစားလောင်းကြေးကို တိုက်ရိုက် ထုတ်လွင့်ဖော်ပြမှု ပိတ်ပင်ဖို့ အစိုးရက ကြံရွယ်နေ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...