ရှစ်လသား အရွယ် ကလေးငယ် တစ်ဦးကို မြန်မာနဲ့ နယ်စပ်ချင်း ကပ်ရပ်တည်ရှိတဲ့
ဘင်္ဂလာဒေခ်ျ့ ကျေးရွာ တစ်ခုကနေ လွန်ခဲ့တဲ့ တနင်္လာနေ့ ညနေက
ပြန်ပေးဆွဲသွားတယ်လို့ သိရပါတယ်။
အဲဒီသတင်းကို ဘင်္ဂလာဒေခ်ျ့ကနေ အင်္ဂလိပ်လို ထုတ်ဝေတဲ့ New Age သတင်းစာမှာ
ဒေသ သတင်းဌာန တစ်ခု ဖြစ်တဲ့ Bangladesh Sangbad Sangtha ကိုးကားပြီး ဒီကနေ့
ဖေါ်ပြရာမှာ ပြန်ပေးဆွဲသွားခဲ့တဲ့သူဟာ
သူတို့အခေါ် (ရိုဟင်ဂျာ)
သစ်ခုတ်သမား တစ်ဦးဖြစ်တယ်လို့ ဖေါ်ပြ ပါတယ်။
အဲဒီ
ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်ရဲ့ နာမည်က ဘီဒရိုဂျွိင် တရိပူရ (ဘ) ဟာတိရန်
ထရိပူရရဲ့ သားဖြစ်တယ်လို့ ဖေါ်ပြပါတယ်။ သူတို့ နေထိုင်တဲ့ ကျေးရွာဟာ
မြန်မာနဲ့ နယ်စပ်ချင်း ထိနေတဲ့ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင်
(ရွာတော်) ခရိုင် ရုံမော်မြို့နယ် အာဒီကာပါရာ ( Adikapara) ကျေးရွာ
ဖြစ်တယ်လို့ ဆိုပါတယ်။
ရုံမော်မြို့နယ် ဥက္ကဌ
ဦးအောင်ထွီးစိန်(မာရမာ) က အဲဒီ ရှစ်လ ကလေးငယ်ကို ပြန်ပေးဆွဲသွားသူဟာ
(ရိုဟင်ဂျာ) သစ်ခုတ် သမား တစ်ဦးဖြစ်ကြောင်း ပြောဆိုပြီး ရုံမော်
ရဲစခန်းကို တိုင်ကြားလိုက်တဲ့ အကြောင်း သတင်းစာမှာ ဖေါ်ပြပါတယ်။
သူက ရုံမော်ရဲစခန်းကို လိုအပ်တာတွေကို အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တယ်လို့ သတင်းစာမှာ ဆက်လက် ဖေါ်ပြထားပါတယ်။
တခြား သီးခြား ဖြစ်စဉ် တစ်ခုမှာတော့ အဲဒီဘင်ဒရိုဘင် ခရိုင်အတွင်းမှာဘဲ
သူတို့ အခေါ် (ရိုဟင်ဂျာ) ဓါးပြသုံးဦးကို ဖမ်းဆီးလိုက်တယ်ဆိုပြီး “ 3
Rohingya robbers held in Bandarban” ဆိုတဲ့ ခေါင်းစဉ်နဲ့ဘဲ New Age
သတင်းစာမှာဘဲ ဖေါ်ပြပါတယ်။
ဓါးပြမူနဲ့ စွပ်စွဲ ဖမ်းဆီးခံရတဲ့သူ (၃)
ဦးကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အမ်း အဘာဒူရ်ဂါနီ၊ အမ်း
ရော်ဖိကွီနဲ့ အမ်းချာကာတို့ ဖြစ်တယ်လို့ သတင်းစာမှာ ဖေါ်ပြပါတယ်။
သူတို့ကို ဘင်ဒရိုဘင် ခရိုင် ရာဂ်ျဘီလာ Rajbila အုပ်စု အတွင်းမှာ အင်္ဂါနေ့
နံနက် အစောပိုင်းမှာ ဓါးပြ တိုက်နေစဉ် Chemichhang ရွာက ရွာသားတွေ
အကူအညီနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။
သူတို့ကို
ကနဦး စစ်ဆေးစဉ်မှာ ဓါးပြတိုက်မူကို ကျူးလွန်ခဲ့တယ်လို့ ၀န်ခံတဲ့ အကြောင်း
ဘင်ဒရိုဘင် ခရိုင် တာဝန်ကျ ရဲအရာရှိ အာမီယာ ဟူစိန်က ပြောဆိုတယ်လို့
ဆိုပါတယ်။
ရာဂ်ျဘီလာ အုပ်စု ဥက္ကဌ ခိုင်သိန်းစိန် (မာရမာ)
ပြောတာကတော့ လူပေါင်း ၃၀ ခန့် ရှိတဲ့ (ရိုဟင်ဂျာ) ဓါးပြ အုပ် စု တစ်စုဟာ
လွန်ခဲ့တဲ့ နှစ်လ အတွင်းကစပြီး သူတို့ ဒေသရဲ့ နေရာ အများအပြားမှာ
ဓါးပြမူတွေကို တစ်ခုပြီး တစ်ခု ကျူးလွန်ခဲ့ကြတယ်လို့ ပြောဆိုတဲ့ အကြောင်း
ဒီကနေ့ထုတ် New Age သတင်းမှာ ဖေါ်ပြထားပါတယ်။
narinjara
စစ်တကောင်းတောင်တန်းနယ်မှ ရုံမော်မြို့ကလေး (ဓါတ်ပုံ- အင်တာနက်)
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 26
(21)
- သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ...
- မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ
- ရေချိုငါးသလောက် မျိုးတုံးလုနီး ရှားပါး
- မန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှ...
- မျိုးစောင့်ဥပဒေအတွက် လက်မှတ်စုဆောင်းခဲ့ကြသည့် သံတွ...
- ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့် ရခြင်းကို ဂုဏ်ပြုမှု...
- လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦ...
- အရက် စွဲခြင်းကြောင့် အာဟာရ ပြတ်လပ်မှု အကြောင်း သိကေ...
- အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်င...
- အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးတဲ့ ပွင့်
- သရုပ်ဆောင် မိုးဟေကို ရဲ့မွေးနေ့
- ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး Master Plan ယခ...
- တရုတ်နိုင်ငံ ဗုဒ္ဓစွယ်တော်တိုက် ဆရာတော် လယ်ယာသုံး စ...
- ကမ္ဘာ့အတော်ဆုံး စစ်တုရင် ပညာရှင်
- ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ...
- ခရီးသည်တင် မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှုဖြစ...
- လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
- ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နော...
- ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေး...
- ဒလမြို့ကိုတဲ့ အပြိုင်သိမ်းကြမယ်ကြံ
- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ...
-
▼
Jun 26
(21)
-
▼
June
(712)