အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 June, 2013

ရေချိုငါးသလောက် မျိုးတုံးလုနီး ရှားပါး

မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် တွေ့ရှိရသည့် ငါးမျိုးစိတ် ရေချို ငါးသလောက်များမှာ ပိုက်ကွက် အစိပ်များဖြင့် ဖမ်းဆီးမှု များပြားလာခြင်းကြောင့် မျိုးတုံး ပျောက်ကွယ်လုနီးပါး ရှားပါးလာကြောင်း ရေချိုငါး အဓိက ထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရေလုပ်သားများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
ဟင်္သာတခရိုင် အတွင်း ငဝန်မြစ်နှင့် ဧရာဝတီမြစ်တို့မှ ရရှိသော ရေချို ငါးသလောက် ငါးများမှာ လွန်ခဲ့သည့်

ငါးနှစ်ခန့်မှ စတင်၍ တစ်စတစ်စ ရှားပါးလာခြင်းဖြစ်ပြီး ယခင်နှစ်များက ငါးဒိုင် တစ်ခုတွင် တစ်ရက်လျှင် ငါးသလောက် ၁၀ ကောင်ခန့် ရရှိနိုင်သော်လည်း ယခုနှစ်တွင်မူ ရက်သတ္တ တစ်ပတ်လျှင် ၇၅ ကျပ်သားအောက် ငါးသလောက် တစ်ကောင်ခန့်သာ ရရှိတော့ကြောင်း ဟင်္သာတမြို့မှ ရေလုပ်ငန်းရှင် ဦးကျော်သူရက ပြောကြားသည်။

လက်လီ ဈေးကွက်တွင် တစ်ကောင် ၃၅ ကျပ်သားခန့်ရှိ နိုင်ငံခြားပို့ကုန် ပယ်ငါးများ ရံဖန်ရံခါ တွေ့ရလေ့ရှိပြီး ငါးသလောက် အကောင်သေးများသာ ရောင်းချနေကြောင်း လက်လီဈေးများ အတွင်းမှ စုံစမ်း သိရှိရသည်။

မြစ်ရေတက်ပြီး မိုးရွာလျှင် ငါးသလောက် အနည်းငယ် ပိုရတတ်ပြီး မြစ်ရေကျပြီး မိုးရွာလျှင်မူ ပိုမိုရှားပါး ကြောင်း ရေလုပ်သားများထံမှ သိရသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗဟိုစံပြ ငါးဈေးကြီးတွင် ဇွန်လ ၂၃ ရက်နေ့က နိုင်ငံခြားပို့ကုန် ငါးသလောက် သုံးဆယ်ကျပ်သားမှ ငါးဆယ်ကျပ်သား အရွယ်ကို တစ်ပိဿာ ကျပ်ရှစ်ထောင်နှင့် ကိုးဆယ်ကျပ်သားမှ တစ်ပိဿာ အရွယ်ကို ကျပ် သုံးသောင်းငါးထောင် ဈေးပေါက်ကြောင်း အဆိုပါဈေးမှ လုပ်ငန်းရှင် ဦးအောင်သူရက ပြောဆိုသည်။

ဆွဲပိုက်ကြီးများ အသုံးမပြုရေး၊ ကျင်စက်များ၊ ပိုက်ကွက်စိပ်များ အသုံးပြု ဖမ်းဆီးခြင်း မပြုရေးကို တားမြစ်ထားပြီး လေးလက်မ အထက် ပိုက်ကွက်များ အဓိက အသုံးပြုရေးကို အသိပေးထားကြောင်း ဇလွန်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိန်ဝင်းက ပြောကြားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...