ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့် ရခြင်းကို ဂုဏ်ပြုမှု တစ်ခုဟု သဘောထားကြောင်း တိုက်စစ်မှူး အန်ဒရီ ရှာရဲလ်က ပြောကြားလိုက်သည်။
ဘေယာလေဗာကူဆင် အသင်း၏ ကစားသမားကို ချယ်လ်ဆီးက ပေါင်စတာလင် (၁၈)သန်း
ဝန်းကျင်ဖြင့် စာချုပ် ခေါ်ယူခဲ့သည်။ အသက်(၂၂)နှစ်ရှိ ဂျာမန်သားသည်
ချယ်လ်ဆီးတွင် (၅)နှစ် သက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးကာ ကျောနံပါတ်
(၁၄)ဂျာစီကို ဝတ်ဆင် သွားမည် ဖြစ်သည်။ ရှာရဲလ်က "ချယ်လ်ဆီးနဲ့
လက်မှတ်ထိုးခွင့်ရလို့ ကျွန်တော် ပျော်ပါတယ်။ ဒီကလပ်မှာ ကစားရတာကို
ဂုဏ်ပြုမှု တစ်ခုလို ခံယူမိပါတယ်။ အသင်းကောင်း တစ်ခု၊ ကြီးကျယ် ခမ်းနားတဲ့
ပရိသတ်တွေရှေ့မှာ ကျွန်တော် ကစားချင်ပါတယ်။ ရှေ့အနာဂတ်ကို ကျွန်တော်
အင်မတန် မျှော်လင့်နေမိပါပြီ" ဟု ဆိုသည်။
ရှာရဲလ်သည် ချယ်လ်ဆီးကို
ဟိုဆေးမော်ရင်ဟို မန်နေဂျာအဖြစ် တစ်ကျော့ပြန် ကိုင်တွယ်ရာတွင် ပထမဆုံး
စာချုပ် ခေါ်ယူသော ကစားသမားလည်း ဖြစ်လာသည်။ "ချယ်လ်ဆီးမှာ အသင်းကောင်း တစ်ခု
စုဖွဲ့ထားသလို ငယ်ရွယ်တဲ့ ပါရမီရှင် ကစားသမားလေးတွေလည်း အများကြီးပါ။
ကျွန်တော်တို့ အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်လာအောင်
အားထုတ်နိုင်ပါတယ်။ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကျွန်တော်တို့ ကောင်းမွန်တဲ့
ရာသီတစ်ခု ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်တယ်။ ချယ်လ်ဆီးအတွက် ဆုဖလားတွေ
ရယူရေးဆိုတာ အမြဲတမ်း အဓိကကျတဲ့ ရည်မှန်းချက် တစ်ခုပါ။ ပရီးမီးယားလိဂ်၊
ချန်ပီယံလိဂ်နဲ့ ဖလားပြိုင်ပွဲတွေမှာ ကျွန်တော်တို့ အကောင်းဆုံး
ဖြတ်သန်းပြီး ကျွန်တော့်အနေနဲ့လည်း ကြီးမားတဲ့ အခန်းကဏ္ဍ တစ်ခုက
ပါဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်"ဟုလည်း ရှာရဲလ်က ဖွင့်ဟသွားသည်။
ချယ်လ်ဆီးနဲ့ လက်မှတ်ထိုးခွင့်ရလို့ ကျွန်တော် ပျော်ပါတယ်။ ဒီကလပ်မှာ
ကစားရတာကို ဂုဏ်ပြုမှု တစ်ခုလို ခံယူမိပါတယ်။ အသင်းကောင်းတစ်ခု၊ ကြီးကျယ်
ခမ်းနားတဲ့ ပရိသတ်တွေရှေ့မှာ ကျွန်တော် ကစားချင်ပါတယ်။ ရှေ့အနာဂတ်ကို
ကျွန်တော် အင်မတန် မျှော်လင့်နေမိပါပြီ...
ရှာရဲလ်သည် တိုက်စစ်မှူး
တစ်ဦးအဖြစ် ကစားနိုင်သလို တောင်ပံနှင့် ကွင်းလယ်တိုက်စစ် နေရာများတွင်လည်း
ရွှေ့ပြောင်း ကစားနိုင်သည့် စွယ်စုံရ ကစားသမား တစ်ဦးဖြစ်သည်။ ၎င်းသည် ဂျာမန်
လက်ရွေးစင် အသင်းအတွက် (၂၄)ပွဲတွင် (၇)ဂိုး သွင်းယူပေးထားသည်။
soccermyanmar
26 June, 2013
ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့် ရခြင်းကို ဂုဏ်ပြုမှု တစ်ခုဟု ခံယူကြောင်း ရှာရဲလ် ဖွင့်ဟ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 26
(21)
- သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ...
- မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ
- ရေချိုငါးသလောက် မျိုးတုံးလုနီး ရှားပါး
- မန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှ...
- မျိုးစောင့်ဥပဒေအတွက် လက်မှတ်စုဆောင်းခဲ့ကြသည့် သံတွ...
- ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့် ရခြင်းကို ဂုဏ်ပြုမှု...
- လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦ...
- အရက် စွဲခြင်းကြောင့် အာဟာရ ပြတ်လပ်မှု အကြောင်း သိကေ...
- အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်င...
- အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးတဲ့ ပွင့်
- သရုပ်ဆောင် မိုးဟေကို ရဲ့မွေးနေ့
- ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး Master Plan ယခ...
- တရုတ်နိုင်ငံ ဗုဒ္ဓစွယ်တော်တိုက် ဆရာတော် လယ်ယာသုံး စ...
- ကမ္ဘာ့အတော်ဆုံး စစ်တုရင် ပညာရှင်
- ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ...
- ခရီးသည်တင် မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှုဖြစ...
- လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
- ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နော...
- ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေး...
- ဒလမြို့ကိုတဲ့ အပြိုင်သိမ်းကြမယ်ကြံ
- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ...
-
▼
Jun 26
(21)
-
▼
June
(712)