အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 June, 2013

မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ

သြစတြေးလျနိုင်ငံက မြန်မာ နိုင်ငံကို ထောက်ကူပေးနေတဲ့ထောက်ပံ့ကြေး တွေဟာ အရင်က ကုလသမဂ္ဂ ကနေ တဆင့် ပံ့ပိုးခဲ့တာဖြစ်ပြီး အခု အခါမှာ မြန်မာ အစိုးရကို တိုက်ရိုက်ပံ့ပိုးဖို့ စီစဉ်နေပြီ ဆိုတဲ့အကြောင်း သြစတြေးလျနိုင်ငံ AusAid လို့ခေါ်တဲ့ ထောက်ပံ့ရေးအေဂျင်စီက အထွေထွေဦးဆောင် ညွှန်ကြားရေးမှူး Peter Baxter က ABC ကို ပြောပြခဲ့ပါတယ်။
ရှေ့လထဲမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကို လာရောက်ဖို့ရှိတဲ့

အတွက် မြန်မာနဲ့ သြစတြေးလျ ၂ နိုင်ငံ အ စိုး ရ ကြား မှာ ဆွေးနွှေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အဓိက အားဖြင့် ပညာရေးမှာကဏ္ဍ ထောက်ပံ့သွားမှာ ဖြစ်ပြီး - ပြီးခဲ့ နှစ်က နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကို လာရောက် ခဲ့စဉ်က ကျောင်းဆရာ ဆရာမတွေ အဖို့ သင်တန်းတွေ၊ ကျောင်းတက် နှုန်းပိုပြီး ကောင်းလာအောင် ကျောင်းတွေမှာ နေ့လည်စာကျွေးတဲ့ အစီ အစဉ်တွေကို ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံက ဒီလိုထောက်ပံ့ကြေးတွေကို အခု အချိန် အထိ NGO အဖွဲ့ တွေနဲ့သာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျကို ပညာတော်သင် ပိုမို တိုးချဲ့ခေါ်ယူတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ၂နှစ်က စတင်ခဲ့ပါတယ်။

Peter Baxter က သြစတြေးလျ နိုင်ငံအနေနဲ့ ပံ့ပိုးပေး နေတာတွေဟာ လိုအပ်တဲ့ နေရာတွေ ကို ရောက်မရောက် ထိ ရောက်မှု ရှိ မရှိ ဆို တာတွေ ကို လဲ ကွင်းဆင်းလေ့လာမှု တွေ ကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံကိုထောက်ပံ့နေတဲ့ သြစတြေးလျ ထောက်ပံ့ကြေးဟာ ဒီ နှစ်မှာ ဒေါ်လာ သန်းပေါင်း ၆၄.၂ သန်း ဖြစ်ပြီး ၂၀၁၃-၁၄ခု နှစ်မှာ ဒေါ်လာ ၈၂.၈ သန်း အထိ ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Bob Carr ကတော့ မြန်မာ နိုင်ငံ အဖို့ထောက်ပံ့ကြေးတွေဟာ ပြည်တွင်း က တိုင်းရင်းသားလူမျိုးစု ငယ်တွေ နဲ့ အစိုးရ ကြား ဖြစ်နေတဲ့ ပဋိပက္ခတွေ ကြောင့် ထိခိုက် နိုင်တယ်လို့ လဲ ပြောသွားပါတယ်။

ABC Radio Australia
မြန်မာကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးဖို့ စီစဉ်နေပုံ (Credit: AFP)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...