အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 June, 2013

ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နောက်ဆက်တွဲ

ဖြိုချလိုက်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံ မြေနေရာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကြီးအကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၄ မှာ တမျက်နှာပြည့်ကြော်ငြာ တွေ့ရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်မြင့်ရဲ့ ရှေ့နေ ၄ ဦးက ထည့်တဲ့ ကြော်ငြာပါ။
ကြော်ငြာရဲ့ ဆိုလိုရင်းကတော့ - အငြင်းပွားမှုမှာ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေ မှားတယ်၊

ဦးကျော်မြင့် မှန်တယ် ဆိုတာပါပဲ။

အထပ် ၂ဝ ကျော် တိုက်သစ်ဆောက်ရေးစီမံကိန်းအတွက် ကုန်ကျမယ့် ကျပ်သိန်းပေါင်း တသောင်းကို ဒေါ်ဝါဝါဝင်းရွှေ မပေးနိုင်သေးဘူးလို့ ကြော်ငြာမှာ ရေးပါတယ်။

တနေ့တုန်းက ဒေါ်ဝါဝါဝင်းရွှေတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျပ်သိန်းပေါင်း ကိုးထောင် ပေးထားပြီးပြီလို့ ရေးထားတဲ့အပြင်
ဦးကျော်မြင့်ရဲ့ လူတွေ အဲဒီလုပ်ငန်းခွင်က ထွက်သွားဖို့ သတိပေးထားပါတယ်။

ဦးကျော်မြင့်တို့ရဲ့ ဒီကနေ့ တုံ့ပြန်ချက်မှာတော့ .... ဒီမြေနေရာကို သူတို့ ထိန်းထားမယ်၊ ကျူးကျော်သူမှန်သမျှကို အရေးယူမယ် တဲ့။

အင်း ... တိုက်ပွဲကတော့ ပြင်းထန်လှတယ်လို့ ဆိုရပါမယ်။

ဦးကျော်မြင့်က ရန်ကုန်တိုင်းတရားရုံးမှာ အမှု ၂ ခု တင်ထားတယ်လို့လည်း ကြော်ငြာက ဆိုတယ်
၁။ အောက်လမ်းနည်းသုံးတယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေရဲ့ စွပ်စွဲချက်အတွက် နစ်နာကြေးရလိုတယ်
၂။ မြေနေရာ ပြန်ပေးမယ်၊ သို့သော်လည်း စာချုပ်ကို တဖက်သတ် ဖျက်တဲ့အတွက် စရံငွေအားလုံး "အဆုံးရှုံးခံသည်ဟုသာ မှတ်ယူရန်ရှိ"
ဒီအမှု ၂ ခု စလုံးကို တရားရုံးက လက်ခံထားတယ်လို့ ကြော်ငြာက ဆိုတယ်။

ကြော်ငြာမှာ ပါတဲ့ အောက်လမ်းနည်း ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီဘလော့မှာ သတင်း ဖော်ပြခဲ့ပြီးပါပြီ။
ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက် http://blog.irrawaddy.org/2013/06/blog-post_2517.html မှာ ဖတ်နိုင်ပါတယ်။

ဒေါ်ဝါဝါဝင်းရွှေ နဲ့ ဦးကျော်မြင့်တို့ နှစ်ဘက်လုံးက ဒီအမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေ သီးခြားစီ လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။

ရှေ့ဆက် ဘာတွေဖြစ်လာမလဲ?
သူသိပ်မနာ၊ ကိုယ်သိပ်မနာ ဖြစ်အောင် ဝင်ညှိပေးမယ့် ကြားလူ ပေါ်လာမလား။
သို့တည်းမဟုတ်
တဘက်ဘက်က ရှုံးသွားမလား ??

လောလောဆယ် အမြတ်ထွက်နေတာကတော့ သူတို့ငှားထားတဲ့ ရှေ့နေတွေ၊ ကြော်ငြာပါတဲ့ သတင်းစာတွေပဲ ဖြစ်ပါလိမ့်မယ် လို့ ယူဆရပါတယ်။

ဧရာဝတီblog

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...