အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 May, 2013

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၁ဝ)ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြည်ညို


ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များနှင့်အတူ မေ(၂၁)ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့ရုံး၌ ကျင်းပသည့် (၁ဝ) ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် ကြည်ညိုသည်။
ဒုတိယသမ္မတနှင့် အဖွဲ့သည် နံနက် (၈) နာရီ မိနစ် (၄ဝ) တွင် အခမ်းအနား ကျင်းပသည့် နေရာသို့ ရောက်ရှိပြီး အရေးကြီးပုဂ္ဂိုလ် နားနေဆောင်၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ကောင်စီဥက္ကဋ္ဌ ဆရာတော်

တောင်ငူတစ်ခရိုင်လုံးရှိ အမျိုးသမီးများ၏ လက်ဗွေရာများ စစ်ဆေး

တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီး၏ လက်ဗွေရာကို မေလ ၂၀ ရက် နေ့မှ စတင်ကာ တောင်ငူခရိုင်အတွင်းရှိ အမျိုးသမီးများ၏ လက်ဗွေရာများနင့် တိုက်ဆိုင် စစ်ဆေးနေကြောင်း တောင်ငူခရိုင် မှုခင်းတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
ဖြူးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးဇော်လွင်၏ သုံးသပ်ချက်အရ ခေါင်းပြတ် သေဆုံးသူသည် အသက်၃၀ ခန့် ရှိသောကြောင့် လ.ဝ.က မှ ရရှိလာသော အမျိုးသမီး မှတ်ပုံတင်များ၏ လက်ဗွေရာ နှင့်

၂၀၁၅ – ၁၆ မှာ ၂၄ နာရီ လျှပ်စစ်မီးတကယ် ရတော့မလား

ပြည်သူများ မျှော်လင့် တောင့်တနေသည့် ၂၄ နာရီ လျှပ်စစ်မီးပေးရေးအတွက် ၂၀၁၅ – ၂၀၁၆ တွင် အကောင်အထည် ဖော်နိုင်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံ ဆွေးနွေးလျှက် ရှိကြောင်း လျှပ်စစ်ဝန်ကြီး ဌာနမှ သိရသည်။
သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက အစိုးရအနေဖြင့် လက်ရှိ လျှပ်စစ်မီး ရရှိရေးကိုမဆောင်ရွက်နိုင် သေးကြောင်း၊ ပြည်သူ့လိုအင် ဖြည့်ဆည်း နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေကြောင်း၊ အဆိုပါ

မိုဘိုင်းဖုန်းနှင့် ကျန်းမာရေး

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။
မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်
ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများကိုဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-
skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines

ရှုရှားနိုင်ငံထုတ် ဘက်စုံသုံး ရဟတ်ယာဉ်များ အိန်္ဒိယ နိုင်ငံသို့ ရောင်းချမည်

ရုရှားနိုင်ငံမှ Rosoboronexport ကုမ္ပဏီသည် Ka-226 T ဘက်စုံသုံး ရဟတ်ယာဉ်များကို အိန်္ဒိယ နိုင်ငံသို့ ရောင်းချရန် ကြိုးပမ်းလျက်ရှိသည်။
 Kamov ရဟတ်ယာဉ် ပုံစံရေးဆွဲ ထုတ်လုပ်ရေး (Kamov design bureau) ဗျူရိုမှ ထုတ်လုပ်ပြီး ခရီးသည်ခြောက်ဦး သို့မဟုတ် ကုန်တန်ချိန် ၁၃၅၀ ကီလိုဂရမ်အထိ သယ်ယူနိုင်သည်။
အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ ရဲတပ်ဖွဲ့များ

လာဘ်စားမှုကင်းသော ကျောင်းအပ်လက်ခံမှု ဖြစ်ရေး နာမည်ကြီးကျောင်းများ၌ ညွှန်ချုပ်များကိုယ်တိုင် စောင့်ကြည့်မည်

ရန်ကုန်နာမည်ကြီး ကျောင်းများ ၏ ကျောင်းအပ်လက်ခံမှု အနေအထား ကို ညွှန်ကြားရေးမှူးချုပ်များ ကိုယ်တိုင် ဂရုပြုစောင့်ကြည့်ကြရန် ပညာေ ရး ဝန်ကြီးဌာနက ညွှန်ကြားထားသည်။
ကျောင်းဝင်ကြေးအတွက် ပွဲစားခ သိန်းချီပေးရသည်ဟု သတင်းများ ထွက် ပေါ်ခဲ့ဖူးသော နာမည်ကြီးကျောင်းများ ကို ၂ဝ၁၃-၂ဝ၁၄ ပညာသ င်နှစ်၌ ပညာ ရေးအဆင့်မြင့် အရာရှိကြီးများအား ကိုယ်တိုင် စောင့်ကြည့်စေခြင်းမှာ ပထမဦးဆုံးဖြစ်သည်ဟုပညာရေး ဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ”ထင်သာမြင် သာရှိရပါမယ်။ ဒါ့ကြောင့် စောင့်ကြည့်

ပြေးလမ်းမပါ အတက်အဆင်း ပြုလုပ်မှုအား ပထမဆုံးအကြိမ် ပြသ ခဲ့သည့် F-35B Lightning II ဂျက်တိုက်လေယာဉ်

ထုတ်လုပ်မှု စတင်ရန် အဆင့်သင့် ဖြစ်နေပြီဖြစ်သည့် အမေရိကန် စစ်လက်နက် ကုမ္ပဏီကြီး Lockheed Martin မျိုးဆက်၅ဆက်မြောက်စူပါဂျက်တိုက်လေယာဉ်F35BLightningIIသည်ယမန်နေ့တွင်ပြေးလမ်းမပါ ဒေါင်လိုက်အတက်အဆင်း ပြုလုပ်မှုအား ပထမဆုံးအကြိမ်အဖြစ် သရုပ်ပြသခဲ့သည်။
ကမ္ဘာပေါ်၌ ယင်းကဲ့သို့ ပြေးလမ်းမပါပဲ ရဟတ်ယာဉ်ကဲ့သို့ အတက်
အဆင်း (Vertical Takeoff & Landing - VTOL) ပြုလုပ်နိုင်သည့် ဂျက်တိုက်လေယာဉ်မှာ F-35B

ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုစာရင်းကိုင်သင်တန်း ပညာသင်ဆု ၂၅ ဆုပေးမည်

ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စာရင်း ကိုင်ပညာရှင် စာမေးပွဲပထမအဆင့်သင် တန်းအတွက် ကန်ဒေါ်လာ ၂၆ဝဝဝ ကျော်ရှိ ပညာသင်ဆု ၂၅ ဆုကို ပေး အပ်သွားမည်ဟု MHR Centre II မှ သိရသည်။
 MHR Centre II တွင် ဇွန်လ ၁၅ ရက်၌ စတင်ဖွင့်လှစ်မည့်ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲမှုစာရင်းကိုင်ပညာရှင် စာ မေးပွဲပထမအဆင့် (Certificate in Business Accounting)သင်တန်း တက်ရောက်ရန် ပညာသင်ဆုလျှောက် ထားသူများကို ယူကေအခြေစိုက် CIMA (Chartered Institute of Management Accountants) အဖွဲ့ အစည်းမှ ပညာသင်ဆုပေးအပ်သွား မည် ဖြစ်သည်။
''သင်တန်းကိုတော့ မည်သူမဆို တက်ရောက်လို့ရတယ်။ ပညာသင်ဆု လျှောက်ချင်တဲ့သူတွေကတော့

ချယ်လ်ဆီးသို့ မော်ရင်ဟို ပြန်ရောက် လာချိန်တွင် ဦးစွာ ထွက်ခွာရမည့် သူမှာ လုဇ်ဖြစ်လာဖွယ်ရှိ


ချယ်လ်ဆီး အသင်းကို ဟိုဆေးမော်ရင်ဟို တစ်ကျော့ပြန် ရောက်ရှိလာပါက ပထမဆုံး ရှင်းထုတ် ခံရမည့် ကစားသမားသည် ဒေးဗစ်လုဇ် ဖြစ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာတော့မည့် မော်ရင်ဟိုသည် တစ်ချိန်က ၎င်းအောင်မြင်မှုများ ရယူခဲ့ဖူးသည့် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ တစ်ကျော့ပြန် ခြေချလာရန် အသင့် ရှိနေပြီး အသင်းတွင် အပြောင်းအလဲများအတွက် ကြိုတင် စိတ်ကူးထားသည်။ ပေါ်တူဂီသား နည်းပြ မော်ရင်ဟိုသည် အသက်(၂၆)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင် လုဇ်၏ ခံစစ် ကစားပုံ အရည်အသွေး အပေါ် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ ချယ်လ်ဆီးသည် (၂၀၁၁)ခုနှစ်က လုဇ်ကို ပေါင်စတာလင် (၂၁)သန်းဖြင့်

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အားတက်ဖွယ် မရှိသေး

အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲကို မေ ၂၈ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း နှစ်ဖက်တွေ့ဆုံမည့်သူနှင့် ဆွေးနွေးမည့်အကြောင်းအရာများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ တရားဝင် ပြောကြားနိုင်ခြင်း မရှိသေးသောကြောင့် ဆွေးနွေးပွဲအတွက် အားတက် စိတ်လှုပ်ရှားစရာ မမြင်ရသေးပေ။
ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှာ မိုင်ဂျာယန်တွင် ၂ ကြိမ်၊ ထိုင်းနိုင်ငံ ချင်းဆိုင်တွင် တကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင်၂ကြိမ်တွေ့ဆုံခဲ့ဖူးပြီးယခုအကြိမ်မှာသတ္တမအကြိမ်မြောက်

မဟတ္တမ ဂန္ဓီ၏ သွေးနမူနာကို လန်ဒန်မြို့တွင် လေလံတင် ရောင်းချ


အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမ ဂန္ဓီ၏ သွေးနမူနာများ ပါရှိသော အဏုကြည့် မှန်ချပ်နှစ်ချပ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ယနေ့တွင် လေလံတင် ရောင်းချခဲ့ကြောင်းနှင့် စတာလင်ပေါင် ၁ဝဝဝဝ မှ ၁၅ဝဝဝ အကြားရှိ ဈေးနှုန်းဖြင့် ရောင်းချမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါ မှန်နှစ်ချပ်ကို မဟတ္တမဂန္ဓီ က မွမ်ဘိုင်းမြို့ အနီးတွင် အူအတက် ခွဲစိတ် ဖြတ်တောက် ခံယူခဲ့သည့် ၁၉၂၄ ခုနှစ် အတွင်းက ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန် က ၎င်းသည် အတူနေ မိသားစုများ ထံသို့

CNN ရဲ့ မြန်မာနိုင်ငံမှ Icon of Reform နဲ့ သီးသန့်မေးမြန်းခန်း

CNN သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းပြုလုပ်သူ Christiane Amanpour ဟာ နိုင်ငံတော် သမ္မတကြီး ဝါရှင်တန်ရောက်ရှိခိုက်မှာ သီးသန့်တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ပါတယ်။
ထုတ်လွှင့်သွားတဲ့ အစီအစဉ်ရဲ့ နိဒါန်းပိုင်းမှာ Christiane Amanpour က အောက်ပါအတိုင်း မိတ်ဆက်ပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို Icon of Democracy လို့ သိရှိထားပြီးသား ဖြစ်ပါတယ်။"
"အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ Icon of Reform ထွက်ပေါ်လာခဲ့ပါပြီ။ သူကတော့

သြစီမိုင်းတွင်းလုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ မျှော်လင့်

သြစတြေးလျနိုင်ငံက မိုင်းတွင်းလုပ်ငန်းကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြုပ်နှံမူတွေ လုပ်ဖို့ မျော်လင့်ကြောင်း မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီး ဒေါက်တာ မြင့်အောင်က ပြောပါတယ်။
သြစတြေးလျနိုင်ငံကမိုင်းတွင်းတနေရာရင်းနှီးမြုပ်နှံမှုတွေ ပိုမို လုပ်ကြဖို့အတွက်လည်း မြန်မာအစိုးရက သတ္တုတွင်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်ဆင်ရေးဆွဲနေပြီး လာမယ့်နှစ်အတွင်း ထုတ်ပြန်နိုင်ဖို့

သြစီနဲ့ကန် အာရှ ပစိဖိတ်အတွင်း ပိုမိုအလေးပေးဖို့ ကြိုးစား

သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာမယ့်နှစ်ကျရင် Afghanistan က သြစတြေးလျစစ်တပ်တွေပြန်လည် ရုတ်သိမ်းတော့
မယ်တဲ့အပေါ် သြစတြေးလျအနေနဲ့ အာရှပစိဖိတ်ဒေသအတွင်း ပိုမိုအရေးပေးလာမယ်လို့ အဓိပ္ပါယ်သက်ရောက်ကြောင်း ဆိုပါတယ်။
အခုဆိုရင် သြစတြေးလျကာကွယ်ရေးဝန်ကြီး Stephen Smith က အမေရိကန်ကာကွယ်ရေးဝန်ကြီး

လည်ချောင်းနာခြင်းနဲ့ သွားတိုက်တံ

လည်ချောင်းနာပြီးရင် သုံးနေ ကြသွားတိုက်တံကို လွှတ်ပစ်ဖို့လိုပါသလား။ အဖြေကတော့ မလိုအပ်ဘူး လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတာကို Texas University of Medical Branch က သုတေသီတွေ က အဖြေရှာထားပါတယ်။
သုတေသသနမှာ လေ့လာဖို့ရာ လည်ချောင်းနာခြင်းကို အဓိကဖြစ်စေတဲ့ ပိုးတွေကို ဓာတ်ခွဲခန်းမှာ အရင်ဆုံးမွေးမြူခဲ့ပါတယ်။ နောက်တော့မှ သွားတိုက်တံမှာ ပြောင်းလဲ မွေးမြူခဲ့တာ ဖြစ်ပါတယ်။ ပိုးအမည်

ဖိုးသောကြာရဲ့ စတိုင်သစ်နဲ့ဆိုဟန် ၂၀၁၃ မကုန်ခင် ကြားရတော့မလား


ဖိုးသောကြာက သူ့ရဲ့ ၈ ခွေမြောက် စီးရီးမှာ ရှေ့ကထွက်ခဲ့ပြီးပြီ ဖြစ်တဲ့ စီးရီးတွေနဲ့ ပုံစံမတူ ကွဲပြားတဲ့ သီချင်းစတိုင်တွေနဲ့ ပရိသတ်အတွက် ချပြတော့မယ်လို့ ပြောပါတယ်။
ကွယ်လွန်သူ စာရေးဆရာ နိုင်ငံကျော်အဆိုတော် အကယ်ဒမီ မင်းသားကြီး သုမောင်ရဲ့ သားဖြစ်တာကြောင့် အဖေရဲ့ လောင်းရိပ်ကနေ မလွတ်နိုင်ဘဲ ဦးသုမောင်ရဲ့ စတိုင်လ်အတိုင်း ထွက်လာတာလား၊ ဒါမှမဟုတ် အောင်မြင်
ပြီးသား ဦးသုမောင်ရဲ့ ပုံစံကို အတုခိုးလိုက်ဆိုတာလားဆိုတဲ့ ပရိသတ်ရဲ့

ခံတွင်းကျန်းမာရေး ကောင်းမွန်ဖို့ နည်းလမ်းများ


စားသုံးတဲ့အစာအာဟာရနဲ့ ခံတွင်းကျန်းမာရေးဟာ ဆက်စပ်နေ တယ်ဆို
တာကို အမေရိကန်အာဟာရ ဗေဒ အစည်းအရုံးက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီဆောင်းပါးမှာ အထူးပြုပြော ကြားထားတဲ့ ခံတွင်းရောဂါကတော့ သွားဖုံးရေစီးကမ်းပြို လိုက်ခြင်းပဲဖြစ် ပါတယ်။ဒီရောဂါဟာ အဖြစ်အများ ဆုံး၊ကူးစက်နိုင်ချေအများဆုံး ခံတွင်း ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒီရော ဂါဟာ သွားတွေကို ဆုံးရှုံးစေနိုင်ပါ တယ်။ ဒီရောဂါကို ဖြစ်စေတဲ့ အဓိက အချက်တ်စချက်ကတော့

လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းမည့် Myanmar Microfinance Bank ယခုနှစ်အတွင်း တည်ထောင်မည်


လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းသက်သာမည့် Myanmar Microfinance Bank (MMB) ကို ယခုနှစ်အတွင်း တည်ထောင်သွားရန် စီစဉ်လျက်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။
လက်ရှိ ဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်သည်။ ယခုတည်ထောင်မည့် ဘဏ်သည် ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီးချေးငွေ ရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး အခြားဘဏ်များထက်

နှစ်ပေါင်း ၅၀ ကျော်ကြာ ဈေးကွက်လက်ဝါးကြီး အုပ်ထားသော အစိုးရ သတင်းစာများ၏ ခြေလှမ်းသစ်များကြောင့် ပုဂ္ဂလိက သတင်းစာများ ပိုမို ယှဉ်ပြိုင်လာကြမည်


နှစ်ပေါင်း ၅၀ ကျော်ကြာ ဈေးကွက် လက်ဝါးကြီး အုပ်ထားပြီး အဘက်ဘက်မှ အသားစီး ရယူထားသော အစိုးရ သတင်းစာများ၏ ခြေလှမ်းသစ်များကြောင့် ပုဂ္ဂလိက သတင်းစာများ ပိုမိုယှဉ်ပြိုင် လာကြကြောင်း ပုဂ္ဂလိက သတင်းစာ အသီးသီးမှ အယ်ဒီတာများက ပြောကြားခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့သစ်ကို တာဝန်ယူပြီးနောက်ပိုင်း စတုတ္ထမဏ္ဍိုင်၏ အရေးပါမှုကို ပြောကြားခဲ့ပြီး စာပေစိစစ်ရေး ဖျက်သိမ်းပေးခြင်း၊ ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပြုပေးခဲ့သော်လည်း ပြန်ကြားရေး ၀န်ကြီးဌာန၏ အစီအစဉ်သစ်များက ပုဂ္ဂလိက မီဒီယာများကို

ကရင်လက်နက်ကိုင် အဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေး ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကောင်စီမှ စေ့စပ်ညှိနှိုင်းပေးမည်

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေးကို ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကောင်စီမှ စေ့စပ်ညှိနှိုင်း ပေးမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် တစ်ဦးဖြစ်သူ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
အဆိုပါ အချက်ကို မေ ၁၈ ရက်နှင့် ၁၉ ရက်က ရန်ကုန်မြို့ Hope International ရုံးတွင် ကျင်းပခဲ့သည့် ကရင်နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သည့် ဆွေးနွေးပွဲမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် ဥပဒေ ရေးဆွဲပြဋ္ဌာန်းမည်

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းမည်ဖြစ်ကြာင်း ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ သိရသည်။
"ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာက နေ့ချင်း ညချင်း ဖြေရှင်းလို့တော့ မရနိုင်ပါဘူး။ ဒီယာဉ်ကြော ပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဥပဒေ ရေးဆွဲနေပါတယ်။ ဥပဒေရေးဆွဲ အတည်ပြုပြီးတာနဲ့ ပိုမိုထိန်းကွပ်မှုတွေ လုပ်နိုင်ပါမယ်" ဟု ရန်ကုန်မြို့တော် အများပြည်သူ

ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထား

ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထားကြောင်း သတင်းရရှိသည်။
ပြည်သူ့ရင်ပြင် ဧရိယာ တစ်ခုလုံး၏ ရာခိုင်နှုန်း ၆၀ ကျော်အား ကုမ္ပဏီ သုံးခုမှ ရယူကာ စီးပွားဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ အဆိုပါ နေရာသည် ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာဖြစ်ပြီး ယင်းကဲ့သို့ ဆောက်လုပ်မှုကြောင့် ရွှေတိဂုံဘုရား၏ ကြည်ညိုဖွယ် မြင်ကွင်းကို ထိခိုက်စေကာ

အမေရိကန် မြန်မာ ကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ထိုး

အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ အခြေခံ သဘောတူညီချက် တစ်ရပ်ကို မနေ့က ၀ါရှင်တန်ဒီစီမှာ နှစ်ဘက် တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု တရားဝင် ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။Trade and Investment Framework Agreement (TIFA) ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံမူဘောင် သဘောတူညီချက်တစ်ရပ်ကို အမေရိကန်

နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ သွင်းဂိုးများနဲ့ မြန်မာနိုင်

ယမန်နေ့ည မြန်မာစံတော်ချိန် (၁၁း၃၀)နာရီမှာ ပါလက်စတိုင်းနိုင်ငံ Faisal Al Husseni ကွင်းမှာ ၂၀၁၄ အာရှအမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲ2014 AFC Women's Championship Qualifier (အုပ်စုဃ)အဖွင့်ပွဲစဉ်အဖြစ် ပြိုင်ပွဲမှာမြန်မာအသင်းကအိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေတို့တစ်ဂိုးစီသွင်းယူပေးနိုင်သည့်အနိုင်ဂိုးများဖြင့်(၂းဝ)နင့်မြန်မာအနိုင်ရရှိခဲ့ပါသည်။
နည်းပြချုပ် ကုမာဒါ၏ ပွဲထွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းလူစာရင်းမှာ ဂိုး- သင်းသင်းစိုး

မြောက်ကိုရီးယားအစိုးရက တရုတ်ငါးဖမ်းသင်္ဘောသားများကို ပြန်လွှတ်ပေး

တရုတ်အစိုးရက နယ်စပ်ရေပြင် အနီးတွင် မြောက်ကိုရီးယားက ဖမ်းဆီးလိုက်သည့် တရုတ် ငါးဖမ်းသင်္ဘောကို ပြန်လွှတ်ပေးရန် အလေးအနက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့်နောက် အင်္ဂါနေ့တွင် အားလုံး ပြန်လည် လွတ်မြောက်လာကြောင်း တရုတ် သတင်းဌာနများက ဖော်ပြ. . . . . . .
မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့ ဖမ်းဆီးထားသည့် တရုတ် ငါးဖမ်းသင်္ဘော အဖွဲ့သား တစ်စုကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။ တရုတ်အစိုးရက နယ်စပ်ရေပြင် အနီးတွင် မြောက်ကိုရီးယားက

မဟာမြတ်မုနိဘုရားကြီးအား သြဒိဿဥဒက(ပန်းမန်ပူဇော်ပွဲ)

ကဆုန်လဆန်း တရက်နေ့မှ ကဆုန် လပြည့်နေ့အထိ ဆယ့်ငါးရက်တိုင်တိုင် အရှေ့ဒေးဝန်းရပ်မှ ခြေကျင်လျှောက်ကာ မဟာမြတ်မုနိ ဘုရားကြီးအား သြဒိဿဥဒက(ပန်းမန်ပူဇော်ပွဲ)(၈၃)ကြိမ်မြောက်ပူဇော်နေသည့် အရှေ့ဒေးဝန်း ရပ်ကွက်သူ ရပ်ကွက်သားများအား

တရုတ်ရေပိုင်နက် ကျူးကျော်သူများ ကာကွယ်ရန်ဖိလစ်ပိုင် စစ်ရေးတိုးမြှင့်

တရုတ်နိုင်ငံနှင့် ဆိုးဝါးလာနေသော အငြင်းပွားမှုကြားတွင် နိုင့်ထက်စီးနင်းပြုနေသူများကို ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်အတွင်း ကာကွယ်ရေး အတွက်စစ်တပ်ကို အဆင့်မြှင့်ရန် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံတိုးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင်သမ္မတ ဘက်နစ်ဂနို အကွီနိုက ယနေ့ ကြေညာလိုက်သည်။
သမ္မတက ဖိလစ်ပိုင်ရေတပ်၏ နှစ် ၁၁၅နှစ်ပတ်လည် အထိမ်းအမှတ် မိန့်ခွန်းတွင် တရုတ်နိုင်ငံကို တိုက်ရိုက်မညွှန်းဘဲ စစ်တပ်သည် ဖိလစ်ပိုင် အချုပ်အခြာကို ကာကွယ်ရန်လိုအပ်သည့် အရင်းအမြစ်များ

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအား စကားပါး

မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၁ ရက်တွင် လွှတ်တော်အတွင်း ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသို့ စကားပါးလိုက်ကြောင်း သိရသည်။
မီဒီယာ တွေ့ဆုံပွဲတွင် Eleven Media Group မှ "တရုတ်သံရုံးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက

ဆန္ဒပြသူ များကို ရော်ဘာ ကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သော ရဲအရာရှိ ၂၂ ဦးအား တရားစွဲ


စပိန်နိုင်ငံ ဘာစီလိုနာ မြို့တွင် ၂၀၁၂ ခုနှစ် မတ် ၂၉ ရက်က ဖြစ်ပွားခဲ့သော ဆန္ဒ ပြမှုများ အတွင်း ဆန္ဒပြသူ များကို ရော်ဘာ ကျည်ဆန်များဖြင့် ပစ်ခတ် ခဲ့ရာမှ ဆန္ဒပြသူ တစ်ဦးဒဏ်ရာ အပြင်းအထန် ရရှိ ခဲ့ခြင်းနှင့် ပတ်သက်၍ ရဲအရာရှိ ၂၂ ဦးကို စပိန် တရားရုံး တစ်ရုံးမှ တရားစွဲ ဆိုခဲ့ကြောင်း မေ ၂၀ ရက်တွင် အင်တာနက် သတင်းတစ်ပုဒ် အရ၊ သိရသည်။
၂၀၁၂ ခုနှစ် မတ် ၂၉ ရက်တွင် ဖြစ်ပွားခဲ့သော အဆိုပါ အဓိကရုဏ်း ကြီး၏ မှတ်တမ်းများ အရ ဆန္ဒပြသူ

မြန်မာတနိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်နိုင်ရေး ဆွေးနွေးမည်

မြန်မာနိုင်ငံအနှံ့အပြားရှိ ကျောင်းမနေနိုင်သည့် ကလေးငယ်များ တပြေးညီ ပညာသင်ကြားခွင့် ရရှိရေးအတွက် ပညာရှင်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ ပါဝင်မည့် အလုပ်ရုံဆွေးနွေးပွဲ တခုကို လာမည့် မေ ၂၄ ရက်နေ့တွင် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) ၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂရုဏာလူမှုဘ၀ မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။
ယင်း အလုပ်ရုံဆွေးနွေးပွဲသို့ ကျောင်းသားမိဘများနှင့် လူမှုရေးအဖွဲ့အစည်းများ

ထပ်လိုသေးလား မိန်းခလေးရယ် ...


အမျိုးသား: မင်းငါ့ကို လက်ထပ်နိုင်မလား ..
အမျိုးသမီး: ရှင့်မှာ ကိုယ်ပိုင်ခြံနဲ့တိုက်နဲ့ရှိလား
အမျိုးသား: ဟင့်အင်း။
အမျိုးသမီး: ဒါဆို BMW ကားကော ရှိလား။
အမျိုးသား: ဟင့်အင်း။
အမျိုးသမီး: ဒါဆို ရှင့် တစ်လ လစာဘယ်လောက်ရလဲ။
အမျိုးသား: လစာရယ်လို့တော့မရှိဖူး ဒါပေမဲ့ .......

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...