အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 May, 2013

တရုတ်ရေပိုင်နက် ကျူးကျော်သူများ ကာကွယ်ရန်ဖိလစ်ပိုင် စစ်ရေးတိုးမြှင့်

တရုတ်နိုင်ငံနှင့် ဆိုးဝါးလာနေသော အငြင်းပွားမှုကြားတွင် နိုင့်ထက်စီးနင်းပြုနေသူများကို ဖိလစ်ပိုင်နိုင်ငံ ရေပိုင်နက်အတွင်း ကာကွယ်ရေး အတွက်စစ်တပ်ကို အဆင့်မြှင့်ရန် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံတိုးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင်သမ္မတ ဘက်နစ်ဂနို အကွီနိုက ယနေ့ ကြေညာလိုက်သည်။
သမ္မတက ဖိလစ်ပိုင်ရေတပ်၏ နှစ် ၁၁၅နှစ်ပတ်လည် အထိမ်းအမှတ် မိန့်ခွန်းတွင် တရုတ်နိုင်ငံကို တိုက်ရိုက်မညွှန်းဘဲ စစ်တပ်သည် ဖိလစ်ပိုင် အချုပ်အခြာကို ကာကွယ်ရန်လိုအပ်သည့် အရင်းအမြစ်များ ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ကျွန်တော်တို့ ဖိလစ်ပိုင်ဟာ ဖိလစ်ပိုင်လူမျိုးတွေအတွက်ဖြစ်ပြီး ကျွန်တော်တို့ခြံဝင်းထဲဝင်လာနေတဲ့ နိုင့်ထက်စီးနင်းပြုသူတွေကို ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာ ကမ္ဘာနိုင်ငံတွေဆီ ပြောဖို့ ရှင်းလင်းတဲ့ သတင်းစကားတစ်ခုရှိပါတယ် ဟု သမ္မတက ရေတပ် အကြီးအကဲများကို ပြောကြားသည်။

အရှေ့တောင်အာရှတွင် အင်အား အနည်းဆုံးစစ်တပ်များထဲမှ တစ်ခုဖြစ်သည့် ၎င်းတို့၏ရေတပ်ကို အဆင့်မြှင့်တင်ရေးဦးတည်၍ အမေရိကန်ဒေါ်လာ ၁.၈၂ ဘီလျံ စစ်တပ်အဆင့်မီပြုလုပ်ရေးအစီအစဉ်ကို အသေးစိတ် ဖိလစ်ပိုင် သမ္မတက ပြောကြားသည်။

၎င်းက ၂၀၁၇တွင် ဖိလစ်ပိုင်နိုင်ငံသည် သင်္ဘောသစ်နှစ်စီး၊ ရေငုတ်သင်္ဘောကို ပစ်ခတ်နိုင်သည့် ရဟတ်ယာဉ်သစ်နှစ်စီး၊ ကမ်းခြေ ကင်းလှည့်ရေးအတွက် အမြန်သင်္ဘောနှစ်စီးနှင့် ကုန်းရေသုံးတိုက်ခိုက်ရေးယာဉ် ၈ စင်းတို့ကို စုဆောင်းမည်ဖြစ်ကြောင်း ဆိုသည်။

ကျွန်တော်တို့တွေ ဆက်သွယ်ရေး၊ စုံစမ်းရေးနဲ့ကင်းထောက်စနစ်တွေကို လည်းအဆင့်မြှင့်တင်ထား ပါတယ်ဟု ၎င်းက ဆက်ပြောသည်။

သမ္မတက အစိုးရသည် စစ်တပ်ခေတ်မီရေးအတွက် လွန်ခဲ့သည့် သုံးနှစ်အတွင်း အမေရိကန်ကမ်းခြေစောင့်တပ်မှ ရရှိခဲ့သည့် သင်္ဘောနှစ်စီး အပါအဝင် ပီဆို(ဖိလစ်ပိုင်ငွေ) ၂၈ ဘီလျံ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

ပထမတစ်စင်းသည် ၂၀၁၁ခုနှစ်မှစတင်၍ ရေတပ်တွင်အသုံးပြုခဲ့ပြီး ဒုတိယတစ်စင်းသည် လာမည့် သြဂုတ်တွင် ဖိလစ်ပိုင်သို့ ရောက်ရှိ မည် ဖြစ်သည်။

ဖိလစ်ပိုင်အစိုးရက ကမ်းခြေကင်းတပ်အတွက် ဂျပန်မှ ကင်းလှည့်ရေယာဉ် ၁၀ စီးရရှိမည်ဖြစ်ကြောင်း ယခုနှစ်တွင် ကြေညာခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့များထွက်ရှိသည်ဟု ယုံကြည်ကြပြီး ငါးဖမ်းကွက်ပေါများသည့် တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှု သည် တရုတ်နိုင်ငံနှင့် တိုး၍ဖြစ်ပွားလျက်ရှိနေသည်။

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံနှင့် ကျန်အရှေ့တောင်အာရှနိုင်ငံများ၏ ကမ်းခြေအနီးထိ တောင်တရုတ်ပင်လယ် အတွင်း နေရာအများစုကို ၎င်းတို့ ပိုင်ခွင့်ရှိကြောင်း ပြောဆိုထားသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ၎င်းရေပိုင်နက်ကိစ္စတွင်အငြင်းပွားပြီး ပိုင်ဆိုင်မှုအတွက် ရန်စသည့်အပြုအမှုများ လုပ်ဆောင်ခဲ့ကြသည်။

ဖိလစ်ပိုင်က တရုတ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်မှစ၍ ၎င်းတို့ဖိလစ်ပိုင်ကုန်းမကြီး၏ လူဇုန်မှ မိုင် ၁၄၀ ကွာရေတိမ်များအထိ ဝင်ရောက်နေကြောင်း ဆိုသည်။

၎င်းရေတိမ်သည် တရုတ်၏ အနီးဆုံးကုန်းမြေမှ ကီလိုမီတာ ၁၂၀၀ ဝေးကွာသည်။

သမ္မတ အာကွီနိုက ထပ်လောင်းအသုံးစရိတ်များ ပြောကြားသွားသော်လည်း တရုတ်နိုင်ငံ၏ အသုံးစရိတ်နှင့် ယှဉ်လျင်အလွန် နည်းပါးနေသေးကြောင်း သိရသည်။

တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်အတွက် လျာထားသော ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၁၅ဘီလျံ ဖြစ်ကြောင်း လွန်ခဲ့သည့် မတ်လအတွင်းကြေညာခဲ့သည်။

မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...