ထုတ်လုပ်မှု
စတင်ရန် အဆင့်သင့် ဖြစ်နေပြီဖြစ်သည့် အမေရိကန် စစ်လက်နက် ကုမ္ပဏီကြီး
Lockheed Martin မျိုးဆက်၅ဆက်မြောက်စူပါဂျက်တိုက်လေယာဉ်F35BLightningIIသည်ယမန်နေ့တွင်ပြေးလမ်းမပါ ဒေါင်လိုက်အတက်အဆင်း ပြုလုပ်မှုအား ပထမဆုံးအကြိမ်အဖြစ် သရုပ်ပြသခဲ့သည်။
ကမ္ဘာပေါ်၌ ယင်းကဲ့သို့ ပြေးလမ်းမပါပဲ ရဟတ်ယာဉ်ကဲ့သို့ အတက်
အဆင်း (Vertical Takeoff & Landing - VTOL) ပြုလုပ်နိုင်သည့် ဂျက်တိုက်လေယာဉ်မှာ F-35B Lightning II မတိုင်မီက တစ်မျိုးသာ
ရှိခဲ့ပြီး ယင်းမှာ ဗြိတိန်ထုတ် Harrier Jump Jet ပင်ဖြစ်သည်။ VTOL စနစ်အား ထည့်သွင်းတည်ဆောက်ထားသည့် F-35B များအား US
Marines တပ်ဖွဲ့အတွက် သီးသန့် ထုတ်လုပ်ပေးထားခြင်း ဖြစ်သည်။
VTOL စနစ်အား အသုံးပြုပါက ဒေါ်လာ သန်း ၃၀၀ တန် F-35B
အနေဖြင့် လက်နက်ခဲယမ်းနှင့် လောင်စာဆီ အများအပြား သယ်ဆောင်နိုင်မည် မဟုတ်ပေ။ ယင်းအတွက်ကြောင့် VTOL
စနစ်အား အရေးပေါ် အခြေအနေ၌သာ အသုံးပြုဖွယ်ရှိပြီး စစ်ပွဲ
များတွင် လက်တွေ့အသုံးချရန်မှာမူ မဖြစ်နိုင်ပဲ သမားရိုးကျ နည်းလမ်းဖြစ်သည့် လေယာဉ်ကွင်း (သို့) လေယာဉ်တင်သင်္ဘော
ပေါ်ရှိ ပြေးလမ်းမှတဆင့်သာ အတက်အဆင်း ပြုလုပ်ရမည်ဖြစ်သည်။
F-35B Lightning II ဂျက်တိုက်လေယာဉ်များအား ပထမဆုံး တပ်တော်
ဝင်ကာ အသုံးပြုမည်မှာ အမေရိကန်လေတပ်ဖြစ်ပြီး ယင်းတို့အနေနဲ့ မူလက သတ်မှတ်ထားသည့် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းထက် ၁ နှစ်ခန့်စောကာ F-35B များအား စတင်အသုံးပြုနိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။
Myanmar Consumer Guide