အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 May, 2013

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် ဥပဒေ ရေးဆွဲပြဋ္ဌာန်းမည်

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းမည်ဖြစ်ကြာင်း ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ သိရသည်။
"ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာက နေ့ချင်း ညချင်း ဖြေရှင်းလို့တော့ မရနိုင်ပါဘူး။ ဒီယာဉ်ကြော ပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဥပဒေ ရေးဆွဲနေပါတယ်။ ဥပဒေရေးဆွဲ အတည်ပြုပြီးတာနဲ့ ပိုမိုထိန်းကွပ်မှုတွေ လုပ်နိုင်ပါမယ်" ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို ဖြေရှင်းရန် အဖွဲ့ဝင် ၁၀ ဦးပါဝင်သော ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အား ဇန်န၀ါရီလအတွင်း စတင်ဖွဲ့စည်း ခဲ့သော်လည်း မေ ၁၄ ရက်တွင် အဖွဲ့ဝင် ကိုးဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့အနေဖြင့် အများပြည်သူ နေ့စဉ်သွားလာသည့် ကုန်းလမ်း၊ ရထားလမ်း၊ ရေယာဉ်နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေရေး စီမံခန့်ခွဲရန်၊ ယာဉ်ကျပ်တည်းမှု၊ ယာဉ်တိုက်မှု စသည့်သွားလာရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်၊ နိုင်ငံတကာမှ နည်းပညာနှင့် အထောက်အပံ့များ ရယူပြီး သမ္မတထံ တင်ပြ၍ ခွင့်ပြုချက် ရယူရန်၊ ရန်ကုန်မြို့တွင်း သွားလာသည့် ယာဉ်များကို ကြီးကြပ်ရန် စသည့်အချက်များ ပါဝင်သော လုပ်ငန်းစဉ် ၁၂ ခုအား ဆောင်ရွက်ရမည် ဖြစ်သည်။

(ဆူးလေဘုရားမှစ၍ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်နေရာအထိ ဆူးလေဘုရားလမ်း တစ်လျှောက် ယာဉ်ကြော ပိတ်ဆို့နေသည်ကို တွေ့ရစဉ်)

EMG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...