အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 May, 2013

သြစီမိုင်းတွင်းလုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ မျှော်လင့်

သြစတြေးလျနိုင်ငံက မိုင်းတွင်းလုပ်ငန်းကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ပိုမိုရင်းနှီးမြုပ်နှံမူတွေ လုပ်ဖို့ မျော်လင့်ကြောင်း မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီး ဒေါက်တာ မြင့်အောင်က ပြောပါတယ်။
သြစတြေးလျနိုင်ငံကမိုင်းတွင်းတနေရာရင်းနှီးမြုပ်နှံမှုတွေ ပိုမို လုပ်ကြဖို့အတွက်လည်း မြန်မာအစိုးရက သတ္တုတွင်းလုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်ဆင်ရေးဆွဲနေပြီး လာမယ့်နှစ်အတွင်း ထုတ်ပြန်နိုင်ဖို့ မျော်လင့်နေကြောင်းလည်း သိရပါတယ်။
ဥပဒေသစ်အရ နိုင်ငံခြားကုမ္ပဏီတွေအတွက် သေချာရေရာတဲ့ ဥပဒေ
တွေနဲ့ ပိုမိုကောင်းမွန်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပေးစွမ်းနိုင်ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက မိုင်းလုပ်ငန်းဥပဒေဟာ နိုင်ငံတကာအဆင့်မှီတဲ့ ဥပဒေဖြစ်
မယ်လို့လည်း ဝန်ကြီး ဒေါက်တာမြင့်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ မိုင်းတွင်းလုပ်ငန်းဟာ အာရှ-ပစိဖိတ်ဒေသတွင်းမှာ ပွင့်လင်း
မြင်သာမှု အနည်းဆုံးရှိတဲ့ နိုင်ငံလို့ အမေရိကန်နိုင်ငံက စောင့်ကြည့်
လေ့လာရေးအဖွဲ့တစ်ဖွဲ့က ပြောခဲ့တာကိုလည်း မြန်မာအစိုးရက ငြင်းဆို
ထားပြီး မြန်မာနိုင်ငံအနေနဲ့ မိုင်းတွင်းလုပ်ငန်း ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်နေပြီလို့ ပြောလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ မိုင်းတွင်းလုပ်ငန်း ပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့
အစည်းတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကြံဥာဏ်ရယူတာတွေ ဥပဒေသစ်တွေ ထုတ်ပြန်နိုင်အောင် လုပ်ဆောင်နေပြီ လို့ ပြောလိုက်
ပါတယ်။

ABC Radio Australia

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...