MHR Centre II တွင် ဇွန်လ ၁၅ ရက်၌ စတင်ဖွင့်လှစ်မည့်ဘဏ္ဍာရေး နှင့် စီမံခန့်ခွဲမှုစာရင်းကိုင်ပည
''သင်တန်းကိုတော့ မည်သူမဆို တက်ရောက်လို့ရတယ်။ ပညာသင်ဆု လျှောက်ချင်တဲ့သူတွေကတော့ သတ်မှတ် ထားတဲ့ အချက်နှစ်ခုနဲ့ကိုက်ညီပြီး အင် တာဗျူးဖြေလို့အောင်မယ်ဆို ရွေးချယ် သွားမှာပါ''ဟု MHR Centre II မှ ဒေါက်တာအေးအေးမာက
ရှင်းပြသည်။
ပညာသင်ဆုကို တက္ကသိုလ်ဝင် တန်း စာမေးပွဲတွင် ဘာသာအားလုံး ၌ တစ်ဘာသာချင်းရမှတ် အနည်းဆုံး ၆ဝ ရရှိထားသူ(သို့) LCCI Level III Group Diploma ရရှိထားသူများ လျှောက်ထားနိုင်ပြီး အင်တာဗျူး ရာ တွင် ၄င်းတို့၏ အနာဂတ်အစီအစဉ်နှင့် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှု စာရင်းကိုင် ဘာသာရပ်အပေါ် စိတ်ဝင်စားမှု စ သည်ဖြင့် မေးမြန်း ၍ပညာ သင်ဆုများရွေးချယ်ပေးအပ်သွာ
ပညာသင်ဆုရရှိသူများကို ပထမ ပညာသင်နှစ် တစ်နှစ်အတွက် ကန်ဒေါ် လာ ၆၂ဝ ကျော်စီ ပေးအပ်သွားမည်ဖြစ် ပြီး ပညာသင်ဆု ရ ကျောင်းသားသည် တစ်နှစ်အတွင်း ဘာသာရပ် ၅ ခုစလုံး အောင်မြင်ပါက နောက်ထပ် ပညာသင် နှစ်များအတွက် Annual
Fees ကန် ဒေါ်လာ ၃ဝဝ ထပ်မံပေးအပ်သွားမည် ဖြစ်သည်။
အဆိုပါ သင်တန်းဖွင့်လှစ်သင် ကြားနိုင်ရန်အတွက် ယခုလ ၂ဝ ရက် တွင် Park Royal ဟိုတယ်၌ CIMA နှင့်MHR Centre II တို့ မြန်မာနိုင်ငံ ဆိုင်ရာ အသိအမှတ်ပြု မိတ်ဖက်သင် တန်းကျောင်းအဖြစ် တရားဝင်ရပ်တည် ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့ကြသည်။ ပညာသင်ဆုလျှောက် ထားခွင့်ကို ဇွန်လပထမအပတ်တွင် ပိတ်မည်ဖြစ်ပြီး လက်ရှိတွင် ပညာသင် ဆု လေးဆုပေးရန် ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal