အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 August, 2014

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ

 အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ

ကျောက်ပန်းတောင်းမြို့နယ် စိတ္တပါလဂူကျောင်း တောအုပ်တွင် လင်းဝက်ငှက်ကြီးများ ထူးဆန်းစွာ ခိုအောင်းလျှက်ရှိ


ကျောက်ပန်းတောင်း၊
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းဒီတောင်အခြေရှိ စိတ္တပါလဂူကျောင်း စာသင်တိုက်အနီးတောအုပ်တွင် လင်းဝက်ငှက်ကြီးများအုပ်စုလိုက် ထူးဆန်းစွာရောက်ရှိခိုနားလျှက်ရှိကြောင်း သိရသည်။
“ဒီကောင်တွေရောက်လာတာ တစ်ပတ်လောက်ရှိပြီဗျ။ အရင်နှစ်တွေကလည်းလာတတ်ပါတယ်။ ဒါပေမဲ့ဒီနှစ်ရောက်လာတာ နဲနဲစောတယ်။ နောက်ပြီးအကောင်ရေ များလာသလို နားတဲ့ရက်လည်း ကြာလာတယ်။အရင်နှစ်တွေက ဒီကောင်တွေ လာနားရင် တစ်ရက်-နှစ်ရက်ဘဲ။ အခုတော့ တစ်ပတ်ကျော်သွားပြီ။ ကျုပ်အထင်တော့ မိုးခေါင်ရေရှားဖြစ်နေတဲ့ အရပ်ဖက်ကကောင်တွေ အစာရေစာရှားပါးလာလို့ နေရပ်ပြောင်းရွေ့လာကြတာထင်ပါတယ်။ မြို့ထဲကလူတွေကတော့ ဒီလိုအကောင်တွေက

နိုင်ငံရဲ့ အငွေ့အသက်ပါတဲ့ သီချင်းလေးတွေကို သီဆို ဖြစ်တယ်ဆိုတဲ့ နီနီခင်ဇော်

 အသံပါဝါ ကောင်းကောင်းဖြင့် ပရိသတ်တွေ နှစ်သက် အားပေးလျက် ရှိတဲ့ တေးသံရှင် နီနီခင်ဇော်ဟာ ပြည်ပဖျော်ဖြေရေး ပွဲတွေမှာ ကိုယ့်အမိမြေနဲ့ ခွဲခွာနေရတဲ့ ပရိသတ်တွေ အတွက် နိုင်ငံရဲ့ အငွေ့အသက်လေးတွေ ပါတဲ့ သီချင်းမျိုးတွေကို ရွေးချယ် သီဆိုမှာ ဖြစ်ကြောင်း ပြောပြ ခဲ့ပါတယ်။
နီနီ စက်တင်ဘာလမှာ သြစတြေးလျမှာ သွားဆိုဖို့ ရှိပါတယ်။ နီနီအတွက်တော့ ပြည်ပမှာ သွားဖျော်ဖြေရတာ ပျော်လည်းပျော်သလို ရင်လည်း ခုန်မိပါတယ်။ ပြည်ပမှာ ရောက်နေတဲ့ သူတွေဟာ ကိုယ့်ရဲ့ အမိမြေကို လွမ်းဆွတ် သတိရနေတဲ့ သူတွေက များတယ်။ နီနီ သီချင်းတွေ ဆိုတဲ့အခါမှာ နိုင်ငံရဲ့ အငွေ့အသက်များတဲ့ သီချင်းမျိုးလေးတွေကို သီဆို ဖြစ်ပါတယ်။ အခုတစ်ခါ သွားဖျော်ဖြေဖို့ အတွက်ကိုလည်း နီနီ ဆိုနေကျ သီချင်းဟောင်း လေးတွေကို တစ်ဝက်စီ ရွေးထားတယ်။ ဆီးဂိမ်းမှာဆိုခဲ့တဲ့

ပရိသတ် တောင်းဆိုမှုကြောင့် လက်ဝှေ့ ပြန်ထိုးဖို့ စဉ်းစားနေပြီလို့ ပြောလာတဲ့ တွေ့မရှောင်

မြန်မာနိုင်ငံ ချန်ပီယံ လက်ဝှေ့ စိန်ခေါ်ပွဲကြီးတွင် လက်ဝှေ့ဟန်ရေး လာရောက်ပြသ ခဲ့သည့် တွေ့မရှောင် သည် ပွဲကြည့်သူ လက်ဝှေ့ပရိသတ်များ၏ တောင်းဆိုမှုကြောင့် မကြာမီ အချိန် တွင် လက်ဝှေ့  ပြန်ထိုး ရန် စဉ်းစားနေပြီ ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ်ကို ကြိုးဝိုင်းပေါ်မှ နေ၍ ပြောကြား ခဲ့ကြောင်း သိရသည်။
''ဒီဘက်ခေတ် Fighter လက်ဝှေ့သမား လေးတွေကို အားမရလို့ ဝါရင့်သမ္ဘာရင့် Fighter လက်ဝှေ့ သမားကြီး တစ်ယောက် အနေနဲ့ လက်ဝှေ့ ပြန်ထိုးဖို့ စဉ်းစားနေပါတယ်။ ပရိသတ်က တောင်း ဆို တာကြောင့်လည်း ကျွန်တော် လက်ဝှေ့ လောကထဲကို ပြန်ဝင်ဖို့ စဉ်းစားနေခြင်း ဖြစ်ပါတယ်။ ကျွန်တော် လက်ဝှေ့ လောကထဲကို ပြန်ဝင်လာတဲ့အခါမှာ ပရိသတ်တွေက ကျွန်တော့်ကို

မြန်မာ ဇာတ်လမ်းတွေမှာ ကိုယ့်နိုင်ငံ ရိုးရာယဉ်ကျေးမှုတွေကို ထည့်သွင်း ပြသဖို့ လိုနေပါ သေးတယ် ဆိုတဲ့ မိုးယုစံ

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရုပ်ရှင်ကားများ၊ ရုပ်သံဇာတ်လမ်းများ များစွာဝင်ရောက် လာမှုရှိရာ ၎င်းတို့၏ ဇာတ်ကားတိုင်းတွင် ရိုးရာ ယဉ်ကျေးမှုကို ဖော်ပြသော သရုပ်ဆောင်မှု များစွာ
ရှိနေသေးသဖြင့် မြန်မာဇာတ်လမ်းများတွင်လည်း နိုင်ငံ ယဉ်ကျေးမှု ရိုးရာတွေကို ထည့်သွင်း ပြသဖို့ လိုနေပါသေးတယ် ဆိုတဲ့ သရုပ်ဆောင်မိုးယုစံနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ ပုံကို ယခုလိုဖော်ပြပေးလိုက်ပါသည်။
လတ်တလော အနုပညာ လှုပ်ရှားမှု လေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။
မိုးယု လတ်တလောကတော့ ကားရိုက်တွေ ရှိနေပါတယ်။ ကိုဇေရဲထက်နဲ့ ရိုက်ထားတယ်။ အဲဒီကား အပြီးမှာ ကိုထိုက်စံမော့စ်နဲ့ ''နောင်ဝေဝေ'' ဆိုတဲ့ ဇာတ်ကားလေး ရိုက်ဖို့ စီစဉ် နေ ပါတယ်။ ဒီကားထဲက ကာရိုက်တာ လေးကတော့ လူငယ်ဆန်ဆန်

ချင်းတိုင်းရင်းသားတို့၏ အမှတ်တံဆိပ် အောက်ချင်းငှက်များ ချင်းတောင်ပေါ် တွင် ရှားပါးပျောက်ကွယ်

ချင်းတိုင်းရင်းသားတို့၏ သစ္စာတရားကို အဓိပ္ပာယ်ဖော်ကျူးပြီး ချင်းပြည်နယ် တစ်ပြည်လုံး၏ အမှတ်တံဆိပ် အဖြစ် တန်ဖိုးထားသည့် အောက်ချင်းငှက်များမှာ ယခင်က ချင်းတောင်ပေါ်တွင် နေရာဒေသတိုင်း၌ အလွယ် တကူ တွေ့မြင်နိုင်သော်လည်း ဒေသတွင်းရှိ ငှက်မုဆိုးတို့၏ မဆင်မခြင် သတ်ဖြတ်ဖမ်းဆီး ရောင်းဝယ်မှုကြောင့်ရှားပါးလာကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ယင်းငှက်များမှာ ချင်းပြည်နယ်အတွင်း သစ်တော များပျက်စီးပြုန်း တီး ပျောက်ကွယ်လာမှုနှင့် ဒေသအလိုက် သဘာဝတောကောင် သားကောင်များ၊ သဘာဝသစ်တောများ ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် ချင်းတောင်ပေါ်တွင် အောက်ချင်းငှက်နှင့် တကွ ငှက်မျိုးစိတ် အများ အပြား ပျောက်ကွယ်လာနေပြီဖြစ်ကြောင်းယင်းသေခံများ၏ ပြောပြချက်အရ

နိုင်ငံတကာပြိုင်ပွဲငါးခုအတွက် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ငါးဦးထွက်ပေါ်

နိုင်ငံတကာအဆင့်မီ အလှမယ် ပြိုင်ပွဲငါးခုသို့ သွားရောက်ယှဉ်ပြိုင် ရန်အတွက် မြန်မာအလှမယ်ငါးဦး ရွေးချယ်ပွဲကြီးကို သြဂုတ် ၂၁ ရက် ည ၉ နာရီက ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပသည်။
အလှမယ်များ ရွေးချယ်နိုင်ရန် ဖေဖော်ဝါရီလမှစတင်ကာ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးငယ်များ၏ လျှောက်လွှာများကို လက်ခံပေးခဲ့ပြီး လျှောက်လွှာရှင် ၄၆၄ ဦး အနက်မှ ယှဉ်ပြိုင်ပွဲများအဆင့်ဆင့်ကျင်းပကာ အလှမယ်ငါးဦးကိုရွေးချယ်နိုင်ခဲ့ပြီဖြစ်ကြောင်း Miss Golden Land Myanmar Organization မှ CEO ကိုဝေယံ

လှည်းကူးမြို့မှ အသက် ၆ဝကျော်အမယ်အိုတစ်ဦးအား ဓမ္မစေတီခေါင်းလောင်းကို စောင့်ရှောက်နေသည်ဟုဆိုသောနဂါး ဝင်ပူးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟုဆို

Alennzayar's photo.

ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ဆယ်ယူရန် ကြိုးစားနေသည်မှာ ၁၃ရက်တိုင်ရှိ လာခဲ့ပြီဖြစ်သည်။
ယင်းသို့ သာကေတမြို့နယ်အ နီး လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ဆုံသည့်နေရာ၌ ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင် နေခြင်းကို စိတ်ဝင်စားသူအမြောက် အမြားရှိနေချိန်၌ ရန်ကုန်မြို့နှင့် မိုင်၂ဝကျော်ကွာဝေးသည့် လှည်းကူး မြို့နယ်တွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ နဂါးဝင်ပူးသည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်မှာ ခေါင်းလောင်း ကြီးကို စောင့်ရှောက်နေသည်ဟုဆို သော နဂါးမောင်နှမသုံးဖော်ထဲမှ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...