မြန်မာနိုင်ငံ ချန်ပီယံ လက်ဝှေ့ စိန်ခေါ်ပွဲကြီးတွင် လက်ဝှေ့ဟန်ရေး လာရောက်ပြသ ခဲ့သည့် တွေ့မရှောင် သည် ပွဲကြည့်သူ လက်ဝှေ့ပရိသတ်များ၏ တောင်းဆိုမှုကြောင့် မကြာမီ အချိန် တွင် လက်ဝှေ့ ပြန်ထိုး ရန် စဉ်းစားနေပြီ ဖြစ်ကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ်ကို ကြိုးဝိုင်းပေါ်မှ နေ၍ ပြောကြား ခဲ့ကြောင်း သိရသည်။
''ဒီဘက်ခေတ် Fighter လက်ဝှေ့သမား လေးတွေကို အားမရလို့ ဝါရင့်သမ္ဘာရင့် Fighter လက်ဝှေ့ သမားကြီး တစ်ယောက် အနေနဲ့ လက်ဝှေ့ ပြန်ထိုးဖို့ စဉ်းစားနေပါတယ်။ ပရိသတ်က တောင်း ဆို တာကြောင့်လည်း ကျွန်တော် လက်ဝှေ့ လောကထဲကို ပြန်ဝင်ဖို့ စဉ်းစားနေခြင်း ဖြစ်ပါတယ်။ ကျွန်တော် လက်ဝှေ့ လောကထဲကို ပြန်ဝင်လာတဲ့အခါမှာ ပရိသတ်တွေက ကျွန်တော့်ကို
အားပေးကြပါဦးလို့ ပြောချင်ပါတယ်'' ဟု တွေ့မရှောင်က မြန်မာ့ရိုးရာ လက်ဝှေ့ ပရိသတ် များကို ပြောကြား ခဲ့သည်။
တွေ့မရှောင်သည် လက်ရှိ အချိန်တွင် ထားဝယ်မြို့၌ အခြေချ နေထိုင် နေကြောင်း သိရသည်။ အဆိုပါ ပွဲတွင် လက်ဝှေ့ဟန်ရေး တက်ပြခဲ့သည့် တွေ့မရှောင်ကို ယင်းပွဲ စီစဉ်သူ ဖြစ်သည့် T&T Group မှ ဦးစိုးသန်းဝင်းက ဆုကြေးငွေကျပ် ငါးသိန်း ချီးမြှင့် ခဲ့ကြောင်း သိရသည်။
တွေ့မရှောင်သည် မြန်မာ့ရိုးရာ လက်ဝှေ့ သမိုင်း တစ်လျှောက်တွင် ဆယ်စုနှစ် တစ်ခုကြာ အောင်မြင် မှုကို ထိန်းသိမ်း နိုင်ခဲ့သည့် ဝါရင့် လက်ဝှေ့သမား တစ်ဦး ဖြစ်ကြောင်း သိရသည်။
မင်းသော်တာလွင်
မြ၀တီ
22 August, 2014
ပရိသတ် တောင်းဆိုမှုကြောင့် လက်ဝှေ့ ပြန်ထိုးဖို့ စဉ်းစားနေပြီလို့ ပြောလာတဲ့ တွေ့မရှောင်
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2014
(384)
-
▼
August
(42)
-
▼
Aug 22
(8)
- အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက...
- ကျောက်ပန်းတောင်းမြို့နယ် စိတ္တပါလဂူကျောင်း တောအုပ်တ...
- နိုင်ငံရဲ့ အငွေ့အသက်ပါတဲ့ သီချင်းလေးတွေကို သီဆိုြ...
- ပရိသတ် တောင်းဆိုမှုကြောင့် လက်ဝှေ့ ပြန်ထိုးဖို့ စဉ်...
- မြန်မာ ဇာတ်လမ်းတွေမှာ ကိုယ့်နိုင်ငံ ရိုးရာယဉ်ကျေးမ...
- ချင်းတိုင်းရင်းသားတို့၏ အမှတ်တံဆိပ် အောက်ချင်းငှက်...
- နိုင်ငံတကာပြိုင်ပွဲငါးခုအတွက် မြန်မာနိုင်ငံကိုယ်စာ...
- လှည်းကူးမြို့မှ အသက် ၆ဝကျော်အမယ်အိုတစ်ဦးအား ဓမ္မစေ...
-
▼
Aug 22
(8)
-
▼
August
(42)