အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2014

အမေရိကန် သမ္မတ အိုဘားမား
ဆီးရီးယားမှာ ရှိတဲ့ အတိုက်အခံ လက်နက်ကိုင်တွေ ကို၊ လေ့ကျင့်ပေးဖို့ နဲ့ လက်နက် တပ်ဆင်ပေး ဖို့၊ ဒေါ်လာ သန်း ၅၀ဝ အသုံးပြုခွင့် ကို၊ အမေရိကန် ကွန်ဂရက်စ် လွှတ်တော် ထံကနေ၊ သမ္မတ အိုဘားမား က တောင်းဆို လိုက်ပါ တယ်။
အဲ့ဒီ့ ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေး သမားတွေ ဟာ၊ ဆီးရီးယား အစိုးရကိုရော၊ အယ်လ်ကိုင်းဒါး အဖွဲ့နဲ့ အဆက်အစပ် ရှိပြီး အီရတ် နိုင်ငံထဲကို ပါ ဝင်ထွက်လို့ရအောင် နယ်မြေတွေ ထိန်းချူပ်ထားနိုင် တဲ့ အိုင်းဇစ် စစ်သွေးကြွ အုပ်စုကိုပါ၊ တိုက်ခိုက်

ထိုင်းနိုင်ငံရောက်ရွှေ.ပြောင်းမြန်မာအလုပ်သမားတို. သိသင့်သော ၄ နှစ်ပြည့်ဗီဇာအကြောင်း

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီး ယခုအခါ နောက်ထပ် သက်တမ်း (၂) နှစ်ကို ထိုင်းနိုင်ငံ အစိုးရမှ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် တရားဝင် သက်တမ်းတိုးပေးလျှက်ရှိပါသည်။
ထိုသို. မိမိတို.နေထိုင်ခွင့် (ဗီဇာ) သက်တမ်းတိုးရာတွင် အထူးသတိပြုသင့်သည့်အချက်များ ( ၅ ) ချက်ရှိပြီး

လူကုန်ကူးခံရသူ မြန်မာ ၆ ဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက နာနတ်သီး စက်ရုံမှာ လူကုန်ကူး ခံထားရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ မြန်မာ အလုပ်သမား အရေး ကူညီသူတွေ ပူးပေါင်းပြီး ဒီကနေ့ မနက်ပိုင်းက ကယ်တင်နိုင်ခဲ့သလို လူပွဲစား မြန်မာနိုင်ငံသား ဇနီးမောင်နှံ ကိုလည်း ဖမ်းဆီးနိုင်ခဲ့ တယ်လို့ သိရပါတယ်။
လူပွဲစားဇနီး မောင်နှံဟာ ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၁၂၀ ကျော်ဝေးတဲ့ ကန်ချနပူရီခရိုင် ထာ့မကာမြို့နယ် အတွင်းက VITA နာနတ်သီးစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံသား ၁၃ ယောက်ကို ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ အလည်ဗီဇာနဲ့

အုပ်စု (G) က ဂျာမနီနဲ့ အမေရိကန် ရှုံးထွက်အဆင့်ကို တက်သွားပြီ

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက် အဆင့်ကို အုပ်စု (G) က ဂျာမနီအသင်းနဲ့ အမေရိကန်အသင်းတို့ တက်သွားကြပြီဖြစ်ပါတယ်။ အုပ်စု ပွဲစဉ် ၃ ပွဲစီကစားအပြီးမှာတော့ ဂျာမနီက ၇ မှတ်နဲ့ အုပ်စု ပထမ အမေရိကန် အသင်းက ၄ မှတ်နဲ့ အုပ်စု ဒုတိယ အဖြစ် တက်ရောက်သွားတာဖြစ်ပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမနီက အမေရိကန်အသင်းကို သောမတ်မူလာရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိ

အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါး သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံးတွင် ယနေ့ အမှုရင်ဆိုင်မည်

Photo: အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါး သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံးတွင် ယနေ့ အမှုရင်ဆိုင်မည်
Friday, June 27, 2014

အမှုရင်ဆိုင်ရမည့် လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် ဦးပညာစာရ၊ ဦးသုန္ဒရသီရိ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒတို့အား ဇွန် ၂၆ ရက်က တွေ့ရစဉ်
အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးသည် သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ၂ဝ၁၄ ခုနှစ် ဇွန် ၂၇ ရက်တွင် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။
 
“တတိယအကြိမ် ရုံးချိန်းမှာ ပုဒ်မ ၁၄ နဲ့ ပတ်သက်တဲ့အမှုကို တရားလိုကို စတင်စစ်ဆေးဖွယ်ရာ ရှိပါတယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဗြိတိသျှသံရုံးမှ ငှားရမ်းထားသည့် ရှေ့နေ ဦးနေလက ဆိုသည်။
 
၂ဝ၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တာမွေတရားရုံး၌ သံဃာငါးပါးအား ပထမအကြိမ် လူဝတ်လဲရုံးထုတ်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဇွန် ၂ဝ ရက်တွင် ဒုတိယအကြိမ်အဖြစ် တရားရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။တတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုအဖြစ် ယခု ၂၇ ရက်တွင် ရဟန်းဝတ်ဖြင့် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
 
“တရားရုံးမှာ ဖြေရှင်းနည်းက သီးသန့်မရှိဘူး။ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာပါတဲ့အတိုင်း တရားလိုကိုစစ်မယ်။ တရားလိုစစ်ပြီးရင် တရားလိုဘက်ကပြတဲ့ သက်သေတွေကိုစစ်မယ်။ တရားလိုပြသက်သေတွေကို စစ်ပြီးရင် စွဲချက်တင်သင့်လား မတင်သင့်လား၊ မတင်သင့်ဘူးထင်ရင် တရားရှင် လွှတ်မယ်။ စွဲချက်တင်သင့်တယ်လို့ ယူဆရင် တရားခံဘက်ကို စစ်မယ်။ ပြီးရင် အပြီးသတ် အမိန့်ချမယ်။ အပြီးသတ်အမိန့်ချတဲ့အခါ အပြစ်ရှိရင် အပြစ်ပေးမယ်။ မရှိရင် တရားသေလွှတ်မယ်။ 
လက်ရှိ ဒါက မြန်မာပြည်မှာစစ်ဆေးနေတဲ့အပိုင်းပါပဲ။ အဲဒီအပိုင်းနဲ့ သွားဖို့များပါတယ်။ ဒါပေမဲ့ ကြားထဲမှာ ဒီအမှုကို တရားလိုဘက်က ပြန်ရုပ်သိမ်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မရုပ်သိမ်းရင် တရားသူကြီးက ဆုံးအောင်စစ်ရလိမ့်မယ်။ 
သင်္ကန်းဝတ်နဲ့ တရားရုံးမှာ စစ်လေ့ရှိပါတယ်။ အမှုစစ်တာက နှစ်မျိုးရှိတယ်။ အရပ်ဘက် တရားရုံးနဲ့စစ်ရတဲ့အမှုက အရပ်ဘက်တရားရုံးမှာ စစ်တယ်။ ဝိနိစ္ဆယရုံးနဲ့စစ်ရမယ့်အမှုက ဝိနိစ္ဆယရုံးမှာ စစ်တယ်။ သူ့စီရင်ပိုင်ခွင့်တွေအရ ခွဲထားတယ်။ ဝိနိစ္ဆယခုံရုံးကိုသွားရမယ့် အမှုအမျိုးအစားက ဘာသာရေးနဲ့ဆိုင်တဲ့ဟာတွေဆို သွားရတယ်။ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ကိစ္စမျိုးဆိုရင် ရာဇဝတ်တရားရုံးက စစ်တယ်” ဟု တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြားသည်။

Eleven Media Group
အမှုရင်ဆိုင်ရမည့် လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် ဦးပညာစာရ၊ ဦးသုန္ဒရသီရိ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒတို့အား ဇွန် ၂၆ ရက်က တွေ့ရစဉ်
အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးသည် သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ၂ဝ၁၄ ခုနှစ် ဇွန် ၂၇ ရက်တွင် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။
“တတိယအကြိမ် ရုံးချိန်းမှာ ပုဒ်မ ၁၄ နဲ့ ပတ်သက်တဲ့အမှုကို တရားလိုကို စတင်စစ်ဆေးဖွယ်ရာ ရှိပါတယ်” ဟု

အမြန်လမ်းတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ မိုင် ၄၀ လျှင် တစ်ခုထားရန် စီစဉ်

Photo: အမြန်လမ်းတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ မိုင် ၄၀ လျှင် တစ်ခုထားရန် စီစဉ်
Friday, June 27, 2014

မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်မတော်တ ဆမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အ တွက် ကျန်းမာရေးစောင့်ရှောက် မှုစခန်းများကို မိုင် ၄၀ လျှင် တစ် ခုထားရှိပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ယခုလ ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အမြန်လမ်းမ ကြီးနှင့်ပတ်သက်၍ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးမြန်းမှုကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုး တင့်က ဖြေကြားရာတွင် အထက် ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ လမ်းမကြီးအား နိုင်ငံတကာ အဆင့်မီပြုပြင်နိုင် ရေးအတွက် အမေရိကန်၊ ဂျပန် နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာ နှင့် ငွေကြေးအကူအညီများ ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိကာ ၃၆၆ မိုင် ကျော်ရှည်လျားသော လမ်းမကြီး အား အဆင့်မြှင့်တင်နိုင်ရေး အမြန်ဆုံး  ဆောင်ရွက်မည်  ဖြစ် ကြောင်း ဦးစိုးတင့်က ပြောသည်။

‘‘အမြန်လမ်းက ယာဉ်တိုက် မှု၊ ယာဉ်တိမ်းမှောက်မှုတွေလည်း  မကြာခဏ ဖြစ်တယ်။ တချို့နေ ရာတွေမှာဆိုရင် လမ်းပေါ်မှာ ဘလောက်တုံးတွေချပြီး အနုကြမ်းစီးတဲ့ပုံစံတွေအထိ ဖြစ်နေတယ်။ ဒါကြောင့် ဒီလမ်းမကြီးပေါ်မှာ ဖြတ်သန်းနေတဲ့ မော်တော်ယာဉ်တွေ ဘေးအန္တရာယ် ကင်းရှင်းဖို့နဲ့ အဆင့်မြင့်လမ်း ဖြစ်လာဖို့ ဘယ်လိုလုပ်မလဲဆိုတာ မေးခွန်းမေးတာ ဖြစ်ပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးက ပြောသည်။

အမြန်လမ်းအန္တရာယ် ကင်း ရှင်းရေးအတွက် သတ်မှတ်မိုင် နှုန်းထက်  ပိုမိုမောင်းနှင်သော ယာဉ်များအား အရှိန်တိုင်းကိရိ ယာဖြင့် စစ်ဆေးအရေးယူခဲ့ရာ ၂၀၁၃ ဧပြီမှ ယနေ့အထိ ယာဉ်အစီးရေး ၂၆၀၀ ကျော်ကို အရေးယူ ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။

‘‘ကပ်တုံးများ  ဖြုတ်ယူပြီး ယာဉ်များကို အန္တရာယ်ဖြစ်စေရန် ကြံရွယ်ပြီး လုယက်ရန်ကြံစည်သူ များကို ဖော်ထုတ်အရေးယူခဲ့ရာ ထောင်ဒဏ် သုံးနှစ် သုံးလချမှတ် ခဲ့ပြီး အလားတူဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် အမြန် လမ်းမကြီးတစ်လျှောက် နေ့၊ ည မပြတ် လှည့်ကင်း၊ ရပ်ကင်း၊ ၀ပ် ကင်းများနဲ့ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဦးစိုးတင့်က ပြော ကြားသည်။

 ဖော်ပြပါ လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုများ မကြာ ခဏဖြစ်ပေါ်လေ့ရှိပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ရာဇာမင်းယာဉ် တိမ်းမှောက်မှုသည် အမြန်လမ်း မပေါ်တွင် ဖြစ်ပွားသည့် ယာဉ် တိမ်းမှောက်မှုများအနက် လူအ သေအပျောက်အများဆုံး တိမ်း မှောက်မှု ဖြစ်သည်။

အမြန်လမ်းတစ်နေရာတွင် တွေ့ရသည့် ယာဉ်တစ်စီး (ဓာတ်ပုံ −မျိုးမင်းဦး)
7Day Daily
မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်မတော်တ ဆမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အ တွက် ကျန်းမာရေးစောင့်ရှောက် မှုစခန်းများကို မိုင် ၄၀ လျှင် တစ် ခုထားရှိပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ယခုလ ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အမြန်လမ်းမ ကြီးနှင့်ပတ်သက်၍ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးမြန်းမှုကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုး တင့်က

“မြန်မာသံ သီချင်းတွေနဲ့ အောင်မြင်တဲ့ အဆိုတော် တယောက် ဖြစ်ချင်တယ်”

တေးသံရှင် ဝင်းလဲ့ချယ်ရီ
လက်ရှိတေးစီးရီးဈေးကွက်မှာ တေးစီးရီးတွေ တခွေပြီးတခွေ ထွက်နေသူတွေ ရှိကြသလို၊ လူငယ်မျက်နှာသစ် အဆိုရှင် တွေလည်း တဦးပြီးတဦး ဂီတလောက ရေစီးထဲ တိုးဝင်မျောပါလာနေကြတာ တွေ့ရပါတယ်။ ကိုယ်သန်ရာသန်ရာ ဂီတ အမျိုးအစား တွေနဲ့အတူ ဂီတနယ်ပယ်ထဲ ခြေချ လာနေကြတဲ့ သူတွေထဲမှာမှ ထူးထူးခြားခြား လူငယ် မြန်မာသံ အဆိုရှင်တဦးဖြစ်တဲ့ ဝင်းလဲ့ချယ်ရီကလည်း

ထိုင်းတွင် Cobra Gold စစ်ရေး လေ့ကျင့်မှု ပြောင်းရွှေ့ရန် အမေရိကန် စဉ်းစား

ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက ထိုင်းနိုင်ငံ ချွန်ဘူရီ ခရိုင် အတွင်း Cobra Gold စစ်ရေးလေ့ကျင့်မှု (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)
ထိုင်းနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိသော အမေရိကန်-ထိုင်း ဦးဆောင်သည့် ရွှေမြွေဟောက်(Cobra Gold) နိုင်ငံစုံ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လာမည့်နှစ်တွင် အခြား တနိုင်ငံ၌ ကျင်းပရန် အမေရိကန်ဘက်က စဉ်းစားနေကြောင်း သိရသည်။
အမေရိကန်အနေဖြင့် လာမည့်နှစ် ရွှေမြွေဟောက် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို အခြား နောက်တနိုင်ငံတွင် ကျင်းပရန် စဉ်းစား နေ သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးဖြစ်သူ Scot Marciel က ကွန်ဂရက်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...