အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2014

အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါး သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံးတွင် ယနေ့ အမှုရင်ဆိုင်မည်

Photo: အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် အပါအ၀င် သံဃာငါးပါး သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံးတွင် ယနေ့ အမှုရင်ဆိုင်မည်
Friday, June 27, 2014

အမှုရင်ဆိုင်ရမည့် လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် ဦးပညာစာရ၊ ဦးသုန္ဒရသီရိ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒတို့အား ဇွန် ၂၆ ရက်က တွေ့ရစဉ်
အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာငါးပါးသည် သင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ၂ဝ၁၄ ခုနှစ် ဇွန် ၂၇ ရက်တွင် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။
 
“တတိယအကြိမ် ရုံးချိန်းမှာ ပုဒ်မ ၁၄ နဲ့ ပတ်သက်တဲ့အမှုကို တရားလိုကို စတင်စစ်ဆေးဖွယ်ရာ ရှိပါတယ်” ဟု လန်ဒန်ဆရာတော် ဦးဥတ္တရအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ဗြိတိသျှသံရုံးမှ ငှားရမ်းထားသည့် ရှေ့နေ ဦးနေလက ဆိုသည်။
 
၂ဝ၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် တာမွေတရားရုံး၌ သံဃာငါးပါးအား ပထမအကြိမ် လူဝတ်လဲရုံးထုတ်ခဲ့ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဇွန် ၂ဝ ရက်တွင် ဒုတိယအကြိမ်အဖြစ် တရားရုံးထုတ်စစ်ဆေးခဲ့ပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။တတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုအဖြစ် ယခု ၂၇ ရက်တွင် ရဟန်းဝတ်ဖြင့် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
 
“တရားရုံးမှာ ဖြေရှင်းနည်းက သီးသန့်မရှိဘူး။ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာပါတဲ့အတိုင်း တရားလိုကိုစစ်မယ်။ တရားလိုစစ်ပြီးရင် တရားလိုဘက်ကပြတဲ့ သက်သေတွေကိုစစ်မယ်။ တရားလိုပြသက်သေတွေကို စစ်ပြီးရင် စွဲချက်တင်သင့်လား မတင်သင့်လား၊ မတင်သင့်ဘူးထင်ရင် တရားရှင် လွှတ်မယ်။ စွဲချက်တင်သင့်တယ်လို့ ယူဆရင် တရားခံဘက်ကို စစ်မယ်။ ပြီးရင် အပြီးသတ် အမိန့်ချမယ်။ အပြီးသတ်အမိန့်ချတဲ့အခါ အပြစ်ရှိရင် အပြစ်ပေးမယ်။ မရှိရင် တရားသေလွှတ်မယ်။ 
လက်ရှိ ဒါက မြန်မာပြည်မှာစစ်ဆေးနေတဲ့အပိုင်းပါပဲ။ အဲဒီအပိုင်းနဲ့ သွားဖို့များပါတယ်။ ဒါပေမဲ့ ကြားထဲမှာ ဒီအမှုကို တရားလိုဘက်က ပြန်ရုပ်သိမ်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ မရုပ်သိမ်းရင် တရားသူကြီးက ဆုံးအောင်စစ်ရလိမ့်မယ်။ 
သင်္ကန်းဝတ်နဲ့ တရားရုံးမှာ စစ်လေ့ရှိပါတယ်။ အမှုစစ်တာက နှစ်မျိုးရှိတယ်။ အရပ်ဘက် တရားရုံးနဲ့စစ်ရတဲ့အမှုက အရပ်ဘက်တရားရုံးမှာ စစ်တယ်။ ဝိနိစ္ဆယရုံးနဲ့စစ်ရမယ့်အမှုက ဝိနိစ္ဆယရုံးမှာ စစ်တယ်။ သူ့စီရင်ပိုင်ခွင့်တွေအရ ခွဲထားတယ်။ ဝိနိစ္ဆယခုံရုံးကိုသွားရမယ့် အမှုအမျိုးအစားက ဘာသာရေးနဲ့ဆိုင်တဲ့ဟာတွေဆို သွားရတယ်။ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ကိစ္စမျိုးဆိုရင် ရာဇဝတ်တရားရုံးက စစ်တယ်” ဟု တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောကြားသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...