အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2014

အုပ်စု (G) က ဂျာမနီနဲ့ အမေရိကန် ရှုံးထွက်အဆင့်ကို တက်သွားပြီ

ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက် အဆင့်ကို အုပ်စု (G) က ဂျာမနီအသင်းနဲ့ အမေရိကန်အသင်းတို့ တက်သွားကြပြီဖြစ်ပါတယ်။ အုပ်စု ပွဲစဉ် ၃ ပွဲစီကစားအပြီးမှာတော့ ဂျာမနီက ၇ မှတ်နဲ့ အုပ်စု ပထမ အမေရိကန် အသင်းက ၄ မှတ်နဲ့ အုပ်စု ဒုတိယ အဖြစ် တက်ရောက်သွားတာဖြစ်ပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမနီက အမေရိကန်အသင်းကို သောမတ်မူလာရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိ

လိုက်ပြီး ပေါ်တူဂီ ကတော့ ဂါနာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ပေါ်တူဂီအသင်းနဲ့ ဂါနာအသင်းတို့ကတော့ ကျန်ခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီအသင်းက အုပ်စုဒုတိယနဲ့ တက်သွားတဲ့ အမေရိကန်အသင်းနဲ့ ရမှတ်တူပေမယ့် ပေးဂိုးကွာခြားချက်ကြောင့် ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - fifa.com
ဧရာဝတီ


အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...