အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

ပြင်ဦးလွင်မှ ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲ ပြင်ဆင်မှုမြင်ကွင်း

နက်ဖြန် ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲ အတွက် ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူး ကံသာ မီးပုံးပျံကွင်းတွင် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။

ရဲကားတစ်စီးပေါ်မှ အကောက်ခွန်မဲ့ အိမ်သုံးဆေးဝါးများ တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကိုင်းကျေးရွာတွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသော ရဲကားပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ အိမ်သုံးဆေးဝါးပစ္စည်း များကို ဖမ်းဆီးရမိကြောင်း ကလေးဝမြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးသန်းက ပြောကြားသည်။တမူးမြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် ရဲတပ်ကြပ်ကြီး မျိုးသန့် မောင်းနှင်လာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တံဆိပ်ပါ တမူးခရိုင် ရဲတပ်ဖွဲ့ပိုင် ဟိုင်းလပ်ယာဉ်အပြာရောင် (ယာဉ်အမှတ်-

အမျိုးသမီးတဦးကို ဆဲမှုနဲ့ဖမ်းချုပ်ပြီး အာမခံပေးဖို့ ပိုက်ဆံတောင်း

အမျိုးသမီးတဦးကို ဆဲမှုနဲ့ဖမ်းချုပ်ပြီး အာမခံပေးဖို့အတွက် ငပုတောမြို့နယ် ရဲစခန်းက ငွေကျပ် ၂ သောင်းခွဲတောင်းခံခဲ့တဲ့ဖြစ်ရပ် ယခုလ ၄ ရက်နေ့က ငပုတောမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ငပုတောမြို့ ရွှေဝါထွန်းရပ်ကွက်မှာနေတဲ့ မကျော့ခိုင်ကို သူ့ရဲ့ခဲအို(အစ်မယောက်ျား) ဖြစ်တဲ့ ကိုဖုန်းကျော်က ဆဲဆို၊ ခြိမ်းခြောက်၊ ရမ်းကားတာတွေလုပ်တဲ့အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အတွက် မကျော့ခိုင်ဟာ

ရတနာပုံတယ်လီပို့မှ တယ်လီဖုန်း အော်ပရေတာအဖြစ် စတင်ဆောင်ရွက် ပါက တယ်လီဖုန်းကတ်များ အခမဲ့ပေးမည်

ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ငန်းစတင်လုပ်ကိုင်ပါက တယ်လီဖုန်းလိုင်းကတ်များ အခမဲ့ပေးဝေသွားရန် အစီအစဉ်ရှိကြောင်း ရတနာပုံတယ်လီပို့ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်း၏ ပြောကြားချက်အရ သိရသည်။ “လုပ်ငန်းစပြီဆိုတာနဲ့ ဖုန်းကတ်တွေကို အလကားဝေပေးသွားဖို့ ရည်ရွယ်ထားတာရှိပါတယ်။ ဘယ်လောက်အတိုင်းအတာထိ ပေးမလဲဆိုတာ ကတော့ အန်ကယ်တို့လည်း အခု နိုင်ငံခြားက Consultant လုပ်မယ့် သူတွေကို ဖိတ်ခေါ်ထားတာ ရှိတယ်။ သူတို့ ထဲက ကုမ္ပဏီတစ်ခုကို ရွေး ပြီးတော့ နောက်ပိုင်းလုပ်ငန်းလုပ်မယ့် လုပ်ငန်းတွေအားလုံးကို သူတို့

အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှုရပ်ဆိုင်းမည်ဟု အလုပ်သမားဒုဝန်ကြီးပြော

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက မလေးရှားနိုင်ငံသို့အလုပ်သမားစေလွှတ်မှုများရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းအလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံရောကမြန်မာနိုင်ငံသားများအကြမ်းဖက်မှုများနေရပြီး ဇွန် ၅ ရက်ထိ မြန်မာနိုင်ငံသား
လေးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရ ကြောင်း သတင်းရရှိသည်။
“မလေးရှားမှာ ဆက်ပြီးတော့ ပြဿနာတွေထပ်ဖြစ်နေရင်တော့ အလုပ်သမားစေလွှတ်မှုတွေကို

UMFCCI အလုပ်အမှုဆောင်နှင့် ဗဟိုအမှုဆောင်များ ရွေးချယ်ပွဲ ယခုလ ၁၅ ရက်နေ့ ကျင်းပမည်

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ အလုပ်အမှုဆောင်နှင့် ဗဟိုအမှုဆောင်များ
ရွေးချယ်ပွဲကို ယခုလ ၁၅ ရက်နေ့တွင် အသင်းအဖွဲ့ မှတ်တမ်းများ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း UMFCCI က သတင်းထုတ်ပြန်သည်။
ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာပြီး စနစ်တကျ ရှိစေရန်အတွက် အတွေ့အကြုံ များသော

စစ်မှုထမ်းရတော့မယ့် ဆောင်းဂျွန်ကီ

ပရိသတ် အကြိုက် ကိုရီးယားသရုပ် ဆောင်များ တစ်ဦးပြီး တစ်ဦး စစ်မှုထမ်း အလှည့်ကျသည်မှာ နှစ်တိုင်းလိုပင် ဖြစ် သည်။ ၂ဝ၁၁ ခုနှစ်တွင် ဟွန်ဘင်း၊ ၂ဝ၁၂ ခုနှစ်တွင် လီဂျီဟွန်း၊ ယခုနှစ်တွင် ဆောင်းဂျွန်ကီ (ဆောင်ကျန်ကွမ် အရှုပ် တော်ပုံ) စသည့် နာမည်ကြီး မင်းသားများ အစဉ်လိုက် စစ်မှုထမ်း ရလျက်ရှိသည်။ ဟွန်ဘင်းသည် ‘SecretGarden’ ရုပ်ရှင်ဖြင့် ကျော်ကြားလာခဲ့ပြီး ရုပ်ရှင် ဇာတ်ကားများ

" ကမ္ဘာကျော် မန်ယူကစားသမားများပါဝင်မည့်ခြေစမ်းပွဲ MRTV တွင်တိုက်ရိုက်လွှင့်မည်"

မန်ယူကစားသမားဟောင်းများ ပါဝင်ကစားကြမယ့်ရန်ပုံငွေပွဲခြေစမ်းပွဲကို ဇွန်လ ၉ ရက်နေ့မှာ ရန်ကုန်မြို့၊ သုဝဏ္ဍအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်
 ၎င်းရန်ပုံငွေ ခြေစမ်းပွဲတွင် မန်ယူကစားသမားဟောင်းများဖြစ်သည့် အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊ လီရှပ်၊

သူရဦးရွှေမန်း ပထမဆုံးအမေရိကခရီးစဉ် ယနေ့စတင်

ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် စတင်တာဝန်ယူတော့မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အမေရိကန် အစိုးရတို့၏ ဖိတ်ကြားချက်အရ ပထမဆုံးအမေရိက ခရီးစဉ်သွားရောက်ရန် ယနေ့ (ဇွန်လ ၈ ရက်နေ့) မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံးထံမှ သိရသည်။ သူရဦးရွှေမန်း၏ ခရီးစဉ်တွင် ဝါရှင်တန်မြို့တော်၊ နယူးယောက်၊ ဆန်ဖရန်စစ္စကိုနှင့် ကုလသမဂ္ဂရုံး တို့သို့ သွားရောက် မည်ဖြစ်ပြီး

ဂျပန်က မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးချေးငွေ ကန်ဒေါ်လာ ၅၂၈ သန်းကျော် ပေးအပ်

မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် ထောက်ပံ့မှုများစွာ ပေးအပ်နေသော ဂျပန်နိုင်ငံက ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းသုံးရပ်အတွက် ချေးငွေ ဂျပန်ယန်း ၅၂ ဒသမ ၀၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂၈ သန်းကျော်) ကိုပေးအပ်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် မြန်မာအစိုးရတို့ ယနေ့(ဇွန်လ ၇ရက်) လက်မှတ်ရေးထိုး လိုက်ကြောင်း ဂျပန် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ နှစ်ရှည်ချေးငွေမှာ နှစ်ပေါင်း ၂၅နှစ်နောက်ပိုင်း ပထမဆုံး ပြန်လည် ပေးအပ်သည့်

အစ္စရေးစစ်သားများ၏ လူမှုရေးအွန်လိုင်းကွန်ရက် အသုံးပြုမှုပိတ်ပင်ရန် စစ်တပ်စီစဉ်

အစ္စရေး လျှို့ဝှက်တပ်ဖွဲ့ဝင်အချို့၏ လူမှုရေးအွန်လိုင်းကွန်ရက်အသုံးပြုမှုကို လုံးဝပိတ်ပင်ရန် သို့မဟုတ် ကန့်သတ်ရန် အစ္စရေးတပ်မတော်က စီစဉ်နေခြင်းဖြစ်ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။
 အတွင်းခံအင်္ကျီများသာ ဝတ်ဆင်ပြီး စစ်လက်နက်ပစ္စည်းများ ကိုင်ဆောင် ထားသည့် အစ္စရေး အမျိုးသမီးတပ်ဖွဲ့ဝင်အချို့၏ ဓာတ်ပုံများ ဖေ့ဘုတ် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များ၏ လူမှုရေး အွန်လိုင်း ကွန်ရက်အသုံးပြုမှုကို ပိတ်ပင်မည်ဟု သတင်းများ ထွက်ပေါ်လာခြင်း ဖြစ် သည်။
တပ်ဖွဲ့ဝင်များ၏ လူမှုရေးကွန်ရက် အသုံးပြုမှုများကြောင့် အစ္စရေး တပ်မတော်တွင် အရှက်ရစရာများဖြင့်

မိတ္ထီလာကျောင်းများ လုံခြုံရေးတိုးမြှင့်

မတ်လအတွင်း ပဋိပက္ခဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ရှိ ကျောင်းများကို လုံခြုံရေးတိုးမြှင့်ထားပြီး ကျောင်းသူကျောင်းသား များ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာကျောင်းများရှိ ဆရာ၊ ဆရာမများက အချိန်ပြည့်တာဝန်ယူ ဆောင်ရွက်နေကြောင်း အဆိုပါမြို့နယ် ပညာရေးမှူးရုံး၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ "မိတ္ထီလာရဲ့ အစည်ကားဆုံး နေရာခုနစ်ခုမှာ ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ချထားတယ်။ အထူးသဖြင့် ကျောင်းတက်

ကလေးငယ်များ ကိုယ်ထူကိုယ်ထလုပ်ဆောင်တတ်ရေး Yaung Global Leaders အဖွဲ့က ရှေ့ဆောင် လမ်းပြပေးမည်

ကမ္ဘာလုံးဆိုင်ရာ လူငယ်ခေါင်းဆောင်များအဖွဲ့ ( Yaung Global Leaders)သည် နေပြည်တော်ဒေသတွင်းရှိ ကျောင်းနှစ်ကျောင်းမှ ကလေးငယ်များကို အာဟာရဖြည့်တင်းပေးခြင်းနှင့် ကျောင်းတွင်းဥယျာဉ်များ တည်ဆောက်ပေးခြင်းများကို စမ်းသပ်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
 " ကမ္ဘာ့စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ မူလတန်းကျောင်းတွေမှာ အာဟာရ တိုက်ကျွေးရေး အစီအစဉ်၊နောက် စဉ်ဆက်မပြတ် ပြည့်ဖြိုးမြဲကျောင်းတွင်း စိုက်ခင်းတွေ၊

စင်ကာပူသို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့မည်

စင်ကာပူနိုင်ငံသို့ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်နှင့် မြောင်းမြနယ် ထွက် ပေါ်ဆန်းဆန်များ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဆန် တင်ပို့ရန် စီစဉ်လျက်ရှိသည့် မန္တလေးမြို့တော်အခြေစိုက် ဟိန်းစိုး ထရေးဒင်း မှ လုပ်ငန်းရှင် ဦးစိုင်းစိုးလွင်က ပြောကြားသည်။ အဆိုပါ ဆန်ဝယ်ယူမည့် စင်ကာပူနိုင်ငံအခြေစိုက် ဆန်ကုမ္ပဏီသည် နိုင်ငံ တကာသို့ ဆန်တင်ပို့လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဆန်အရောင်းအဝယ် စာချုပ် ချုပ်ဆိုကာ

မူလတန်းဆင့်ဆရာများ ခံစားခွင့်လစာ ထပ်တိုးဖွယ်ရှိ

ပညာရေးဝန်ကြီးဌာနက မူလတန်းပြဆရာ၊ ဆရာမများအတွက် လစာ ခံစားခွင့်တို့ကို ယခုပညာသင်နှစ်တွင် ထပ်မံတိုးမြှင့်ပေးရန်စီစဉ်လျက် ရှိကြောင်း ပညာရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခင်ပညာသင်နှစ်က စတင်ပြီး လုပ်သက် ၁၅ နှစ်နှင့်အထက်ရှိ မူလတန်းပြ ဆရာများကို အလယ်တန်းပြ လစာနှုန်းထားတိုးပေးခဲ့ရာ ယခုနှစ်တွင် လုပ်သက် ၁၀နှစ်နှင့် အထက်ရှိ မူလတန်းပြဆရာများ လစာတိုးမြှင့်ရေး ကို ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ယခုလစာခံစားခွင့် အစီအစဉ်တွင် အလယ်တန်းနှင့်အထက်တန်းအဆင့်

ရန်ကုန်မြို့တွင် စိမ်းလန်းမြေဧရိယာလျော့ကျလာ၍ ပန်းခြံအသစ်များ ထပ်မံတည်ဆောက်မည်

စိမ်းလန်းမြေဧရိယာ လျော့ကျလာသော ရန်ကုန်မြို့တော်တွင် ပန်းခြံအသစ်များ ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ပြီး လက်ရှိပန်းခြံများကိုလည်း ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း မေ ၅ ရက်က Chatrium Hotel တွင်ပြုလုပ်သော ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း'' နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် JICA ၏ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အဖွဲ့ခေါင်းဆောင် Mr. Koji YAMADA က ပြောကြားခဲ့သည်။ရန်ကုန်မြို့တော်တွင် စိမ်းလန်းစိုပြေသည့် မြေဧရိယာ လျော့ကျလာပြီး ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း စိမ်းလန်းမြေဧရိယာ ၁၀၂.၁ km2

အိန္ဒိယမှ Johnson ပေါင်ဒါတွင် ကင်ဆာဖြစ်နိုင်သည့်ဓာတ် ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ Johnson သည် ထိုင်းပစ္စည်းဖြစ်ကြောင်း ရှင်းလင်း

အိန္ဒိယအစိုးရမှ Johnson and Johnson ကိုယ်လိမ်းပေါင်ဒါနှင့် ပတ်သက်၍ သုံးစွဲရန် မသင့်ကြောင်း မတ်လနှောင်းပိုင်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးသည့် Johnson and Johnson ကုမ္ပဏီအနေဖြင့် ၄င်းတို့ကုမ္ပဏီမှ ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများသည် ထိုင်းနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများသာဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ရှင်းလင်းပြောကြားခဲ့သည်။''လက်ရှိပြည်တွင်းမှာ ဖြန့်ဖြူးနေတဲ့ ပေါင်ဒါကတော့ အိန္ဒိယက ထုတ်လုပ်တဲ့

ဟန်ထွန်း – ခေါင်းနဲ့ပန်း (2013) [Album]

http://myanmarmp3album.com/2013/06/07/41631/

http://www.ehlar.com/2013/06/han-tun-khaung-nae-pann-album.html

ကျောင်းသားကျောင်းသူအရွယ် လူငယ်များ ဆေးလိပ်နှင့် ကွမ်းစားသုံးမှုနှုန်း မြင့်တက်

မြန်မာ ကျောင်းသား ကျောင်းသူအရွယ် လူငယ်များအကြား ဆေးလိပ်နှင့် ကွမ်းစားသုံးမှုနှုန်း မြင့်တက်နေကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
 မြန်မာနိုင်ငံရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများ၏ စီးကရက် သောက်သုံးနှုန်းမှာ ၂၀၀၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Global Youth Tabacco Survey တွင် ဖော်ပြချက်အရ ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ သို့သော် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ပြန်လည်ကောက်ခံခဲ့ရာတွင် ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာပြီး ဆေးရွက်ကြီးပါသည့် ကွမ်းစားသုံးမှု နှုန်းမှာလည်း

မိုးရွာတိုင်း ရေကြီးနေသော ရန်ကုန်မြို့ ရေနုတ်မြောင်း စနစ်အား အဆင့်မြှင့်ရန် အဆိုပြု

မိုးရွာတိုင်း ရေကြီးနေသော ရန်ကုန်မြို့တော်၏ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများ ချမှတ်ခြင်းနှင့် ရေနုတ်မြောင်း စနစ်များအား အဆင့်မြှင့်တင်ရန် အတွက် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း'' တွင် အဆိုပြုချက်များအရ သိရသည်။
ရန်ကုန်မြို့တော်တွင် နှစ်စဉ်မိုးရာသီ ကာလရောက်တိုင်း မိုးရွာသွန်းနေချိန်အတွင်း ရေကြီးရေလျံမှုများ ဖြစ်ပွားနေကြောင်း၊ ရန်ကုန်မြို့တော်ရှိ ရေမြောင်းအများစုမှာ အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် သက်တမ်းကြာမြင့်ကာ ရေဆင်းနိုင်မှု အားနည်းခြင်းနှင့်

၁၀ တန်းအောင်တို့အတွက် Singapore Scholarships

စင်ကာပူ ပညာရေးဝန်ကြီးဋ္ဌာန (Ministry of Education)မှာ အရှေ့တောင် အာရှနိုင်ငံတွေက လူငယ်လူရွယ်လေးတွေအတွက် စကော်လာ ပေးထားပါတယ်။  မြန်မာနိုင်ငံလည်း ဒီအထဲမှာပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေပြီးတော့ နောက်ထပ် ၄ နှစ်လောက်အထိ ပေးထားမယ်လို့ ဆိုပါတယ်။  ဒီ စကော်လာ ရွေးချယ်ခံခဲ့ရရင်တော့ စင်ကာပူမှာ ကျောင်းတက်ခွင့်ရပြီးတော့ Singapore-Cambridge General Certificate of Education Advance Level (GCE-A Level) ဒါမှမဟုတ် ဒါနဲ့ ညီမျှတဲ့ အသိအမှတ်ပြု

Smart ဗီဇာ အတွက် အာဆီယံ ၄ နိုင်ငံ သဘောတူ

ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အတွက် အလွယ်တကူ သွားလာ နိုင်မယ့် ဗီဇာမျိုး ထုတ်ပေး နိုင်ရေး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့ သဘောတူ လက်မှတ် ရေးထိုး လိုက်ကြ ပါတယ်။၎ နိုင်ငံ ခရီးသွား မြှင့်တင် ရေးမှာ သဘော တူညီချက် အခေါ် ကတော့ Smart Visa ဖြစ်ပြီး၊ ခရီးသွား လာရေး လွယ်ကူမှု ရှိအောင် လမ်းစ ရှာဖွေ လုပ်ကိုင် သွားဖို့ သဘောတူ ခဲ့တာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်း ဥက္ကဌ ဦးအောင်မြတ်ကျော်က ပြောပါတယ်။မြန်မာ၊ လော၊ ကမ္ဘောဒီးယား နဲ့

မွတ်စလင်ဒုက္ခသည်တွေ နေရာပြောင်းရွှေ့ ဖို့ ငြင်းဆန်

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း စစ်တွေမြို့ အနောက်ဘက် ဒုက္ခသည်စခန်းတွေ မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ ကို ပေါက်တောမြို့နယ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ စီစဉ်ရာမှာ မပြောင်းလိုကြပဲ ငြင်းဆန်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုပြောကြား ပါတယ်။စစ်တွေမြို့နားမှာ ဒုက္ခသည်စခန်းပေါင်း ၈ ခုဝန်းကျင်ရှိပြီး သဲချောင်းကျေးရွာအနီး ပေါက်တော ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ပေါက်တောမြို့

အိုဘားမားထံ ကြက်ဆူဆီအဆိပ်ပါ စာပေးပို့မှုဖြင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီး

အမေရိကန်သမ္မတ ဘာရတ် အိုဘားမား၊ နယူးယောက်ခ်မြို့တော်ဝန် မိုက်ခ် ဘလွန်းဘတ်ဂ်နှင့် တရားမဝင်လက်နက်ဆန့်ကျင်ရေးအဖွဲ့မှ ဒါရိုက်တာတို့ လိပ်မူ၍ ကြက်ဆူဆီအဆိပ် ပါဝင်သော စာသုံးစောင် ပေးပို့ခဲ့မှုနှင့် ဆက်စပ်၍ တက္ကဆက်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။တက္ကဆက်ပြည်နယ်၊ နယူးဘော်စတွန်တွင် နေထိုင်သည့် ရှန်နွန် ရော်ဂျာဂက်စ် ရစ်ချတ်ဒ်ဆန်

ဆိုင်ကယ်နှင့် ကားထိပ် တိုက်ရင်ဆိုင်မှုဖြစ်ပွား

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အုတ်တွင်းမှတောင်ငူဘက်အထွက် မိုင်တိုင် ၁၆၆/၇ သုသာန်ဘုန်းကြီးကျောင်းအနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် တောင်ငူဘက်မှမောင်းနှင်လာသော ၆ဂ/ ၁၄ ဘီးပါမော်တော်ယာဉ်နှင့် အုတ်တွင်းဘက်မှမောင်းနှင်လာသော ဆိုင်ကယ်တို့ ဇွန်လ(၇)ရက် ညနေ(၃း၀၀)နာရီကျော်ခန့်တွင် ထိပ်တိုက်ခိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်လာသူ

နွမ်းပါးသူနှင့် အရေးပေါ်လူနာ အစိုးရက အခမဲ့ ကုသနေပြီ

ရံပုံငွေနည်းပါးသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြုပြင်ပြောင်းလဲ မှုများ စတင်လိုက်သည့် နောက်တွင် မြန်မာနိုင်ငံ မှ ပြည်သူ့ဆေးရုံကြီးများ တွင် ဆင်းရဲနွမ်းပါးသော လူနာများအတွက် ဆေးဝါးများအခမဲ့ပေးနေပြီဖြစ်သည်။ ယခင်က ကျင့်သုံးခဲ့သော ကုသမှုခံယူရာတွင် အသုံးပြုသည့် ဆေးနှင့် ဆေးပစ္စည်း များအတွက် လူနာဖက်မှ ကျခံရသည့် စနစ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
ဆေးနှင့် ဆေးပစ္စည်းများ ၀ယ်ယူနိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန၏ အထူး

စံကောင်း ပီနံစက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ လွှတ်တော်အထိ တင်မည်

လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန်ရှိ စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှု ရရှိထားသော်လည်း အလုပ်ရှင် ဘက်မှ သဘောတူညီထားသော အချက်တချို့ လိုက်နာမှု မရှိသောကြောင့် ယင်းစက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်းက ပြည်ထောင်စု လွှတ်တော်သို့ တိုင်ကြားမည်ဟု သိရသည်။ပီနံအိတ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်းက ဇွန် ၆ ရက်နေ့တွင် ရန်ကုန် တော်ဝင်နှင်းဆီခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ အထက်ပါ အတိုင်း

ဘရိတ်ချို့ယွင်းချက်ကြောင့် တိုယိုတာကားများ ပြန်လည်သိမ်းယူမည်

ဂျပန်အခြေစိုက် တိုယိုတာ ကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်းရှိ ၄င်းကုမ်္ပဏီထုတ်နှစ်မျိုးစပ် မော်တော်ကား အစီးရေ နှစ်သိန်းလေးသောင်းကျော်ကိုပြန် လည်သိမ်းယူသွားမယ်လို့ ကြေညာခဲ့ကြောင်း သိရပါတယ်။
အခုလို ပြန်လည် သိမ်းယူသွားဖို့ စီစဉ်ရတာဟာ မော်တော်ကားတွေမှာရှိတဲ့ ဘရိတ်တွေကြောင့် ဖြစ်ပါတယ်။ ပြန်လည် သိမ်းယူသွားမယ့် မော်တော်ကားမော်ဒယ် အမျိုးအစားတွေကတော့ ၂၀၀၉ခုနှစ် မတ်လနဲ့ အောက်တိုဘာလ အတွင်းက ထုတ်လုပ်ခဲ့တဲ့ Prius နဲ့ Lexus HS 250h တို့ ဖြစ်

တရုတ်ပြည်တွင် တည်ဆောက်သော ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်

တရုတ်ပြည် တောင်အလယ်ပိုင်း Hunan ပြည်နယ်၊ Changsha မြို့ မှာ တည်ဆောက်မယ့် မိုးမျှော်အဆောက်အအုံ ဖြစ်ပါတယ်။ အမြင့်ပေ ၂၇၄၉ ပေရှိပြီး ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံကြီး တစ်ခု ဖြစ်လာမှာပါ။ အထပ်ပေါင်း ၂၂၀ ပါဝင်ပါတယ်။ ယခုနှစ်ဇွန်လ မှစတင်တည်ဆောက်ပြီး ၇ လအတွင်း အပြီးသတ်ဖို့ ယာထားပါတယ်။ ကုမ္မဏီက Broad Sustainable Building ဖြစ်ပါတယ်။ တရုတ်ပြည်က ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုပါ။ ၄၈ နာရီအတွက် ၁၅ ထပ်ဟိုတယ် အပြီးဆောက်တဲ့

အုန်းရည်၏ ကျန်းမာရေး ကောင်းကျိုးများ

တစ်ချိန်တုန်းက အုန်းရေကို Universal donor အနေနဲ့ အသုံးပြု ပါတယ်။ ဘယ်လို သွေးအမျိုးအစားကိုမဆို အရေးပေါ်လိုအပ်ရင် အုန်းရေကို ထည့်ခဲ့ ကြပါတယ်။
အထူးသဖြင့် ပစိဖိတ်စစ်ကာလအတွင်းက စစ်သားပေါင်း ထောင်သောင်းချီ ကို အုန်းရည်နဲ့ ကယ်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့အထိလည်း သွေးမရနိုင်တဲ့ အရေးပေါ်အခြေအနေမှာ အုန်းရည်ကို အသုံးပြုနေမှု

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက်သော်လည်း အမှိုက်ကောက်သမား ဘဝ ပြန်ရောက်သူ

သက္ကရာဇ် ၂၀၀၂ ခုနှစ်တုန်းကပါ။ ဗြိတိန်နိုင်ငံက Michael Carroll လို့ အမည်ရတဲ့ အမှိုက်ကောက်သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက်သမားဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက

တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပြီ

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယနေ့ (၈)ရက် နံနက် တစ်နာရီမထိုးမီ အချိန်ကတည်းကပင် ရန်ကုန်မြို့ရှိ အထက်တန်းကျောင်း(၇) တွင် ကြေညာလိုက် ပြီဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြေညာချက် ထုတ်ပြန်ပေးသော ကျောင်းများမှာ

မလေးရှားမြန်မာသံရုံးက အကူအညီမပေးဟု မလေးရောက်မြန်မာများဆို

မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများအား ယခုလဆန်းပိုင်းမှ စတင်ကာ မြန်မာနိုင်ငံသား အမည်ခံ ဘင်္ဂါံလီလူမျိုးများက အကြောင်းမဲ့ အကြမ်းဖက် သတ်ဖြတ်မှုများပြုလုပ်နေကြသည့် အတွက် မလေးရောက် မြန်မာနိုင်ငံသားများအတွက် အသက်ဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေနေကို ယင်းနိုင်ငံရှိ မြန်မာသံရုံးက အကူညီ တစ်စုံ...တစ်ရာမျှ မပေးကြောင်း မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေ သူများက ပြောကြသည်။
“အခု လိုက်သတ်နေတာက အဲဒီ့နိုင်ငံသားတွေ မဟုတ်ဘူး။ မြန်မာနိုင်ငံသား အမည်ခံထားပြီး အဲဒီမှာ

မြန်မာငွေ ဘယ်လောက်တန်သလဲ (ဆောင်းပါး)

နိုင်ငံတစ်ခုရဲ့ ငွေကြေးတန်ဖိုး ဆိုတာဟာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကို အခြေခံ ခြုံငုံပြီးမှ ဈေးကွက် အလိုကျ ဖြစ်ပေါ် လာတာပါ။ ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက် အခြေအနေတွေ  ပြည်တွင်း နိုင်ငံရေးနဲ့ နိုင်ငံတကာရဲ့ အပြောင်းအလဲ တွေကြောင့် ဖြစ်ပေါ် လာတဲ့ ဈေးကွက်ရဲ့အပြောင်းအလဲတွေကို ကြည့်ပြီး ဗဟိုဘဏ်နဲ့ သက်ဆိုင်ရာ အစိုးရဌာန တွေဟာ Monetary Policy (ငွေကြေးဆိုင်ရာမူဝါဒ)တွေကို သင့်တော် သလို ချမှတ် လုပ်ကိုင် ကြရပါတယ်။
ငွေကြေးဆိုင်ရာ မူဝါဒမှာဆိုရင် Contractionary Monetary Policy (ငွေကျုံ့စေတဲ့ မူဝါဒ)နှင့်

မိန်းကလေးတွေ လမ်းမှားမရောက်အောင်

(ဆရာကောင်းသန့်နှင့်အင်တာဗျူး)
မိန်းကလေးတွေ လမ်းမှားရောက်နိုင်တဲ့ အဓိက အကြောင်းတရားတစ်ခုက ဆင်းရဲခြင်းပါပဲ။ မွန်းကျပ်နေတဲ့သူဆိုရင်တော့ ထိန်းသိမ်းဖို့ခက်တယ်။ ဒီကြားထဲမှာ ပိုက်ဆံချမ်းသာတဲ့လူတွေကလည်း နည်းမျိုးစုံနဲ့ ပိုက်ဆံချမ်းသာနေတော့ ငွေတန်ဖိုးကို ဂရုမစိုက်ဘဲ အဲဒီငွေတွေနဲ့ အစားကောင်းတွေ ဘယ်လိုစားရမလဲဆိုပြီး လိုက်ရှာနေတာ။ ဆရာတို့မြန်မာပြည်မှာ တွင်တွင်ကျယ်

စွမ်းအင်လုပ်ကွက် သစ်များ နှစ်မကုန်မီ လိုင်စင်ချပေးမည်

မြန်မာနိုင်ငံက ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ကဏ္ဍနှင့်ပတ်သက်ပြီး ကမ်းလွန် လုပ်ကွက် နောက်ထပ် ၂၀ ကျော်ကို ယခုနှစ် မကုန်မီ လုပ်ငန်းလိုင်စင် ချပေးမည်ဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် ဇွန်လ ၅ ရက်နေ့က စတင်ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် မြန်မာ့စွမ်းအင်ကဏ္ဍဆိုင်ရာ အစီရင် ခံစာတစောင်ကို ယမန်နေ့က ထုတ်ပြန်ရာတွင် ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။
“New Energy Architecture: Myanmar” ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံက ယမန်နှစ် အတွင်း ကမ်းလွန်လုပ်ကွက် လိုင်စင်ချပေးရေး အတွက် တင်ပြလာသည့်

Master Plan ပြီးပေမယ့် ရန်ကုန်မြို့ ဖွံ့ဖြိုးရေးဥပဒေ မရှိသေး

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာ စီမံကိန်းကို ၂၀၄၀ ခုနှစ်တွင် အပြီး တည်ဆောက်လုပ်ကိုင်ရန် Master Plan ကို ရေးဆွဲထားပြီးဖြစ်သော် လည်း မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းဥပဒေ မရှိသေးကြောင်း စီမံကိန်းကို ပူးတွဲတာဝန်ယူနေသော ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ထုတ်ဖော်ပြောဆိုသည်။ “မြန်မာပြည်မှာ မြို့ပြစီမံကိန်းနဲ့ ပတ်သက်တဲ့ ဥပဒေ မရှိသေးပါဘူး။ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဥပဒေ ၂၄ ချက်က မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ထားတယ်”ဟု (JICA)၏

တရုတ်နိုင်ငံ လီကွန်းဗုဒ္ဓစွယ်တော်ပွားသုံးဆူကို ပြီးခဲ့တဲ့နှစ်က မြတ်စွယ်တော်ပင့်ဆောင်ခဲ့တဲ့ လမ်းဟောင်းအတိုင်းရန်ကုန်ကို ပင့်ဆောင်လာပါမယ်။

ဇွန်လ ရ ရက်နေ့ည မူဆယ်၊၊ ဇွန်လ ၈ ရက်နေည လားရှိုး၊ ဇွန်လ ၉ ရက်နေ့ည မန္တလေး မဟာမုနိ၊ ဇွန်လ ၁၀ ရက်နေ့ကို နေပြည်တော် ဥပ္ပါ့  သန္တိစေတီတော်၊ ဇွန်လ ၁၁ ရက်နေ့ည ပဲခူး တို့မှာ ပင့်ဆောင်မှာဖြစ်ပြီး ရန်ကုန်ကိုဇွန်လ ၁၂ ရက်နေ့မှာ ရောက်ရှိပြီး အပူဇော်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

The Modern News Journal

ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကားပေါ်မှ တရားမ၀င်ကုန်ပစ္စည်းများဖမ်းမိ

ကလေးဝမြို့ ဆိပ်ကမ်း၊ ဇက်ပေါ်တွင် တမူးခရိုင်ရဲတပ်ဖွဲ့မှူး၏ကားနှင့် စူပါကာစတန်ကား ၈စ်/၂၀၃၆ေ ပၚမွ တရားမ၀င် ကုန်ပစ္စည်းများကို ဇွန်လ ငါးရက်နေ့ နံနက် ဆယ်နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
 “ကျွန်တော်တို့က သတင်းရလို့ အဖွဲ့စုံ စောင့်ဖမ်းခဲ့တာပါ။ ကလေးဝမြို့က ရဲဌာနကိုတောင် သတင်း မပို့ခဲ့ပါဘူး။ ရဲကို သတင်းပေးလိုက်ရင် လမ်း ကြောင်း ပြောင်းသွားမှာစိုးလို့ပါ။
တမူးခရိုင်ရဲမှူးရဲ့ကားကို ရဲတပ်ကြပ်ကြီး တစ်ဦးက မောင်းလာတာပါ။ အခုတမူးခရိုင် ရဲမှူးရဲ့

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...