အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

စင်ကာပူသို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့မည်

စင်ကာပူနိုင်ငံသို့ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်နှင့် မြောင်းမြနယ် ထွက် ပေါ်ဆန်းဆန်များ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဆန် တင်ပို့ရန် စီစဉ်လျက်ရှိသည့် မန္တလေးမြို့တော်အခြေစိုက် ဟိန်းစိုး ထရေးဒင်း မှ လုပ်ငန်းရှင် ဦးစိုင်းစိုးလွင်က ပြောကြားသည်။ အဆိုပါ ဆန်ဝယ်ယူမည့် စင်ကာပူနိုင်ငံအခြေစိုက် ဆန်ကုမ္ပဏီသည် နိုင်ငံ တကာသို့ ဆန်တင်ပို့လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဆန်အရောင်းအဝယ် စာချုပ် ချုပ်ဆိုကာ ဆန်တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ယင်းကုမ္ပဏီနာမည်ကိုမူ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးဟု ၎င်းကဆိုသည်။

"ဒီလထဲ စာချုပ်ချုပ်ဖို့ လာဖို့ရှိတယ်။ အခု ဆန်နမူနာ ပို့ထားတယ်။ အစကိုတော့ ကွန်တိန်နာ သုံးလုံးနဲ့ ငါးလုံး ဝန်းကျင်လောက်တော့ ပို့ဖြစ်မယ်" ဟု ဦးစိုင်းစိုးလွင်က ဆိုသည်။

အဆိုပါ ပေါ်ဆန်းဆန်ပေါက်ဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၅ ခန့်ဈေးနှုန်း ရရှိနိုင်ပြီး လက်ရှိတွင် ဟိန်းစိုးထရေးဒင်းအနေဖြင့် စင်ကာပူနိုင်ငံသို့ ဆန်လတ်ကျိုး နှင့် ဆန်ကွဲ တင်ပို့လျက်ရှိကြောင်း၊ ဆန်လတ်ကျိုး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ ဝန်းကျင်ခန့် ဈေး ရရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

လက်ရှိ စင်ကာပူနိုင်ငံသို့ မုန့်လုပ်ငန်းသုံးဆန်နှင့် ယင်းနိုင်ငံရှိ စက်ရုံလုပ်သား များ စားသုံးသည့်ဆန်များ တင်ပို့လျက်ရှိပြီး ပေါ်ဆန်းဆန် တင်ပို့မှုမှာ အနည်းငယ်ခန့်သာရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမျိုးသူရအေးက ပြောကြားသည်။

ပြည်ပသို့ နယ်စပ်ထွက်ပေါက်မှ ဆန်တင်ပို့မှု များလျက်ရှိပြီး ရေကြောင်း မှတင်ပို့မှု နည်းလျက်ရှိရာ ကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ့ ၂၅ မှတ် ဆန်ပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀ မှ ၃၄၅ ဒေါ်လာ ခန့် ပေါက်ဈေးရှိကြောင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချသူများထံမှ သိရသည်။

The Voice

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...