အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

မူလတန်းဆင့်ဆရာများ ခံစားခွင့်လစာ ထပ်တိုးဖွယ်ရှိ

ပညာရေးဝန်ကြီးဌာနက မူလတန်းပြဆရာ၊ ဆရာမများအတွက် လစာ ခံစားခွင့်တို့ကို ယခုပညာသင်နှစ်တွင် ထပ်မံတိုးမြှင့်ပေးရန်စီစဉ်လျက် ရှိကြောင်း ပညာရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခင်ပညာသင်နှစ်က စတင်ပြီး လုပ်သက် ၁၅ နှစ်နှင့်အထက်ရှိ မူလတန်းပြ ဆရာများကို အလယ်တန်းပြ လစာနှုန်းထားတိုးပေးခဲ့ရာ ယခုနှစ်တွင် လုပ်သက် ၁၀နှစ်နှင့် အထက်ရှိ မူလတန်းပြဆရာများ လစာတိုးမြှင့်ရေး ကို ဆွေးနွေးလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ယခုလစာခံစားခွင့် အစီအစဉ်တွင် အလယ်တန်းနှင့်အထက်တန်းအဆင့် ဆရာများ အကျုံးဝင်မှုမရှိကြောင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသော မူလတန်းပြဆရာများအတွက် တရားဝင် အကြောင်းကြားစာများကို လာမည့် စက်တင်ဘာလပိုင်းတွင် ထုတ်ပြန်သွားဖွယ်ရှိကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ထို့အပြင် လစာတိုးမြှင့်ခွင့်တွင် မပါဝင်သည့် အသက် ၅၈ နှစ်နှင့် အထက် မူလတန်းပြဆရာ ပင်စင်ကို အလယ်တန်းပြဆရာခံစားခွင့်ပင်စင် အတိုင်းပေးအပ်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

အစိုးရသစ်လက်ထက်တွင် ပညာရေးဝန်ကြီးဌာနအနေနှင့် ဆရာဆရာမများ အရည်အချင်းမြှင့်တင်ရေး၊ စီမံခန့်ခွဲရေးအပိုင်းတို့တွင် ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် လစာနှုန်းထားခံစားခွင့်နည်းပါးသော မူလတန်းပြဆရာများအတွက် ဦးစားပေး စီမံဆောင်ရွက်လျက်ရှိသည်။

ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း အခြေခံပညာနှင့် ဆရာအတတ်သင်ပညာ ကဏ္ဍအတွက် သာမန် အသုံးစရိတ် ငွေကျပ် ၆၂၉,၄၃၈ ဒသမ ၄၀၅ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၁၀၄,၅၂၂ ဒသမ ၀၆၀ သန်း သုံးစွဲခွင့်ရရှိထားသည်။

The Voice

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...