အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

ဆိုင်ကယ်နှင့် ကားထိပ် တိုက်ရင်ဆိုင်မှုဖြစ်ပွား

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အုတ်တွင်းမှတောင်ငူဘက်အထွက် မိုင်တိုင် ၁၆၆/၇ သုသာန်ဘုန်းကြီးကျောင်းအနီး ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် တောင်ငူဘက်မှမောင်းနှင်လာသော ၆ဂ/ ၁၄ ဘီးပါမော်တော်ယာဉ်နှင့် အုတ်တွင်းဘက်မှမောင်းနှင်လာသော ဆိုင်ကယ်တို့ ဇွန်လ(၇)ရက် ညနေ(၃း၀၀)နာရီကျော်ခန့်တွင် ထိပ်တိုက်ခိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းနှင်လာသူ နေရာတွင်သေဆုံးသွားပြီး၊ ကားမှာအရှိန်လွန်ပြီး တဘက်ယာဉ်ကျောဘေးရှိ လမ်းဘေးသို့ထိုးကျကာတိမ်းမှောက်သွားသည်။

သေဆုံးသူဆိုင်ကယ်သမားထံမှ တယ်လီဖုန်းတစ်လုံးနှင့်ငွေသား ၇၃၄၅၀ိ/-ကျပ်တွေ့ရှိပြီး ထိုသေဆုံးသူဖုန်းနှင့်ဆက်သွယ်စုံစမ်းရာ သေဆုံးသူမှာ ဇေယျဝတီမြို့ မှ ကိုဒေ၀ါလားလာလူး(အဖ)ဦးဂျမ်ဗဂျာလာလူး၊ တောရှောက်မြစ်ရောင်းသူ၊ အသက်(၄၀)နှစ်ခန့်ဖြစ်ကြောင်း သိရှိထားသည်။

ယဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်သွားပြီး ကားထဲသို့ အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှစစ်ဆေးရာတွင် ကားထဲတွင်ကျန်ခဲ့သောဖုန်းမှ ဆက်သွယ်စုံစမ်းရာ ယာဉ်မောင်းမှာ ဦးဟန်ဇာ ဟုသိရှိထားသည်။

အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများမှ အခင်းဖြစ်ပွားမှုနှင့်ပါတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်

တောင်ငူသတင်းပုံရိပ်များ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...