အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

ဂျပန်က မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးချေးငွေ ကန်ဒေါ်လာ ၅၂၈ သန်းကျော် ပေးအပ်

မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် ထောက်ပံ့မှုများစွာ ပေးအပ်နေသော ဂျပန်နိုင်ငံက ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းသုံးရပ်အတွက် ချေးငွေ ဂျပန်ယန်း ၅၂ ဒသမ ၀၅၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂၈ သန်းကျော်) ကိုပေးအပ်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် မြန်မာအစိုးရတို့ ယနေ့(ဇွန်လ ၇ရက်) လက်မှတ်ရေးထိုး လိုက်ကြောင်း ဂျပန် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ နှစ်ရှည်ချေးငွေမှာ နှစ်ပေါင်း ၂၅နှစ်နောက်ပိုင်း ပထမဆုံး ပြန်လည် ပေးအပ်သည့် ချေးငွေအစီအစဉ် ဖြစ်ကြောင်း၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သည့် ချေးငွေများမှာ ကြွေးဟောင်းများကို ရှင်းလင်းရန် အကူအညီပေးသည့် ချေးငွေများဖြစ်ကြောင်း၊ ယခုချေးငွေသည် အစီအစဉ်သစ်ဖြစ်ပြီး JICA ၏ ဖွံ့ဖြိုးရေး ချေးငွေအစီအစဉ် ပြန်လည်စတင်ခြင်းနှင့် ဂျပန်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သစ်များ မြန်မာနိုင်ငံတွင် အပြည့်အဝ ပြန်လည် လုပ်ဆောင်တော့မည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းသုံးရပ်မှာ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (အပိုင်း-၁)၊ အရေးပေါ် ပြန်လည် ထူထောင်ရေးနှင့် ပြုပြင်မွမ်းမံခြင်း စီမံကိန်း(အပိုင်း-၁) နှင့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအပိုင်း(၁) တို့ ဖြစ်သည်။

The Voice

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...