အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

အစ္စရေးစစ်သားများ၏ လူမှုရေးအွန်လိုင်းကွန်ရက် အသုံးပြုမှုပိတ်ပင်ရန် စစ်တပ်စီစဉ်

အစ္စရေး လျှို့ဝှက်တပ်ဖွဲ့ဝင်အချို့၏ လူမှုရေးအွန်လိုင်းကွန်ရက်အသုံးပြုမှုကို လုံးဝပိတ်ပင်ရန် သို့မဟုတ် ကန့်သတ်ရန် အစ္စရေးတပ်မတော်က စီစဉ်နေခြင်းဖြစ်ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။
 အတွင်းခံအင်္ကျီများသာ ဝတ်ဆင်ပြီး စစ်လက်နက်ပစ္စည်းများ ကိုင်ဆောင် ထားသည့် အစ္စရေး အမျိုးသမီးတပ်ဖွဲ့ဝင်အချို့၏ ဓာတ်ပုံများ ဖေ့ဘုတ် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များ၏ လူမှုရေး အွန်လိုင်း ကွန်ရက်အသုံးပြုမှုကို ပိတ်ပင်မည်ဟု သတင်းများ ထွက်ပေါ်လာခြင်း ဖြစ် သည်။
တပ်ဖွဲ့ဝင်များ၏ လူမှုရေးကွန်ရက် အသုံးပြုမှုများကြောင့် အစ္စရေး တပ်မတော်တွင် အရှက်ရစရာများဖြင့် မကြာခဏကြုံတွေ့ခဲ့ရပြီး လက်ရှိဖြစ်ရပ်မှာ နောက်ဆုံးဖြစ်ပွားခဲ့သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။

သို့သော်လည်း လူမှုရေး အွန်လိုင်းကွန်ရက် အသုံးပြုမှုပိတ်ပင်ရန် စီစဉ်နေခြင်းမှာ အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများနှင့် ပတ်သက်မှု မရှိကြောင်း အစ္စရေး စစ်တပ်က ပြောကြားသွားသည်။

"သတင်းအချက်အလက် လုံခြုံရေးအတွက် ပိတ်ပင်မှုတွေပြုလုပ်ရတာပါ" ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားသည်။

အစ္စရေး တပ်ဖွဲ့ဝင်များကို အုပ်စု သုံးစုခွဲပြီး လူမှုရေး အွန်လိုင်းကွန်ရက် အသုံးပြုခွင့်ပေးရန် စီစဉ်နေကြောင်း အကြံပြုချက်မူကြမ်းတွင် ဖော်ပြထား သည်။

ထိပ်တန်း လျှို့ဝှက်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် အစ္စရေး စစ်သားများကို လူမှုရေး အွန်လိုင်းကွန်ရက် အသုံးပြုခွင့် လုံးဝ ပိတ်ပင် သွားမည်ဖြစ်ပြီး ထိပ်တန်း ကန့်သတ်အဆင့်မဟုတ်သည့် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသူများကို လူမှုအွန်လိုင်း အသုံးပြုခွင့်ပေး မည်ဖြစ်သော်လည်း စစ်အခြေစိုက် စခန်းများတွင် ဓာတ်ပုံရိုက်ခြင်း၊ စစ်ဝတ်စုံများဖြင့် ဓာတ်ပုံရိုက်ခြင်းများကို ကန့်သတ်ထားမည် ဖြစ်သည်။

သာမန်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကိုမူ လွတ်လပ်စွာ အွန်လိုင်းသုံးခွင့်ပြုမည်ဖြစ်သည်။

သို့သော်လည်း မည်သည့်အချိန်မှ စတင်ပြီး လူမှုရေး အွန်လိုင်းကွန်ရက် အသုံးပြုမှုကို ပိတ်ပင်မည်၊ မည်ကဲ့သို့ လိုက်နာကျင့်သုံးမည်၊ တားမြစ်ချက် ချိုးဖောက်သူများကို မည်ကဲ့သို့ အရေးယူမည်ဆိုသည်တို့ကို ရှင်းလင်း စွာ ဖော်ပြထားခြင်း မရှိသေးပေ။

စစ်အခြေစိုက်စခန်းများတွင် ရှိနေစဉ် လူမှုရေးကွန်ရက် အသုံးမပြုရန် အစ္စရေး တပ်မတော်က ၂၀၁၀ ပြည့်နှစ်အတွင်း ထုတ်ပြန် ပိတ်ပင်ခဲ့ဖူးသည်။

The Voice

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...