အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

Pee Mak Phra Kanong พี่มาก พระโขนง ထိုင်းသရဲဟာသ ရုံတင်ကား ( 500 MB ) {mp4 Format}

အခုတစ်လောနာမည်ကြီးနေတဲ့.ထိုင်းသရဲကားဖြစ်ပါတယ်.... MP4 နဲ့ရော Online ပေါ်မှာပါ  ရရှိလာပါပြီ
အောက်ဆုံးမှာ Youtube Full Movie Link လေးပါ ထည့်ပေးထားပါတယ်--
MP4 ဆိုတော့ MKV မဟုတ်တဲ့ အတွက် file Size နည်းလို့ သိပ်ပြီးမကြည်တာ တောင်းပန်ပါတယ်နော်-- ဒီထက်ကောင်းတာတွေ့ရင် ထပ်တင်ပေးပါဦးမယ်
Watch Movie ကနေဒါင်းမယ်ဆိုရင်တော့ မိမိစက်မှာ Internet Download Manager နောက်ဆုံးVersion ဒါလေးကိုနှိပ်ကာ သွားဒေါင်းပြီး ထည့်ထားဖို့တော့လိုပါမယ်...ဒေါင်းနည်းကတော့မခက်ပါဘူး..

Microsoft ထိပ်တန်းခေါင်းဆောင်များ ဇွန် ၅ ရက် မြန်မာနိုင်ငံရောက်မည်

ကမ္ဘာ တစ်ဝန်း ဖွံ့ဖြိုးမှု နိမ့်ကျသည့် နိုင်ငံများ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ငွေကြေးနှင့်
နည်းပညာအကူအညီများ ထောက်ပံ့လျက် ရှိသည့် ကမ္ဘာထိပ်တန်း Software ကုမ္ပဏီ Microsoft မှ Corporate Vice President ဖြစ်သူ Mr.Dan`I Lewin နှင့် အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာ
နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) အမှုဆောင် ဦးထင်
အောင်ခိုင်က The Voice သို့ ပြောကြားသည်။
Mr.Lewin နှင့် အခြားခေါင်းဆောင်နှစ်ဦး ပါဝင်မည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်တွင်ကျင်းပမည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့အထိ

အနုပညာနဲ့ ပတ်သက်ရင် အားလုံးအဆင်ပြေတယ်ဆိုတဲ့ အိမ့်ချစ်

အနုပညာနဲ့ ပတ်သက်ရင် အားလုံးအဆင်ပြေတယ်ဆိုတဲ့ အိမ့်ချစ်တစ်ကိုယ်တော် တေးစီးရီးခွေ ထွက်ရှိခဲ့ပြီး ဖြစ်သလို အနုပညာ စင်မြင့်ထက်မှာ ကြိုးစားမှု အပြည့်နဲ့ လျှောက်လှမ်း နေသူလေး အိမ့်ချစ်ကို အနည်းငယ် မေးမြန်းကြည့်ခဲ့ ရာမှာတော့ အနုပညာနဲ့ ပတ်သက်ရင် အရာအားလုံး အဆင်ပြေကြောင်း အဆိုတော် အိမ့်ချစ်က ဖြေကြား သွားခဲ့ ပါတယ်။အဖေ့ ကျေးဇူးကြောင့် ဒီလောကမှာ ရပ်တည်နိုင် တာလား၊ ဦးချစ်နဲ့သဘော ကွဲလွဲမှုတွေ ရှိနေတယ်ဆို။ ဟုတ်ပါတယ်၊ ညီမတို့ မိသားစု ပြဿနာ လေးတွေ

စံချိန်တင် ပြည်ပတင်ပို့မှုအလွန် ပြည်တွင်းဆန်ဈေးကွက်

ရန်ကုန်မြစ်ကို ဖြတ်သန်းတိုက်ခတ်လာသည့် မိုးငွေ့ပါသည့် မနက်ခင်းလေသည် လူအုပ်ကြားထဲ တိုးဝင်လာသည်။အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက လက်ထဲမှ ဆန်စများကို ကြဲပက်လိုက်စဉ် ခိုတစ်ကောင်လန့်ပြီး ခုန်လိုက်သည်။ နေရာကား ရန်ကုန်ဆိပ်ကမ်းမြို့နယ် ဝါးတန်းဆိပ်ကမ်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်း ဆန်စပါးကုန်စည် ဒိုင်ရှေ့တွင်ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးကို အခြေခံထားသည့် မြန်မာနိင်ငံ၏ အဓိက ဆန်ဈေးကွက်ဖြစ်သည့် ရန်ကုန်ဆန် လက်ကားဈေးကွက်တွင် ဆန်ကြမ်းအနေဖြင့်မိုး၊ နွေနှစ်မျိုး၊ ဆန်ချောတွင် ပေါ်ကျွဲ၊ တောင်ပျံ၊ ပေါ်ဆန်း၊

ရုရှားနိုင်ငံအနေဖြင့် ယခုနှစ် နွေရာသီတွင် စစ်ရေးလေ့ကျင့်မှုပေါင်း ၅ဝဝ ပြုလုပ်သွားရန် စီစဉ်

ရုရှားနိုင်ငံ အနေဖြင့် ယခုနှစ် နွေရာသီတွင် စစ်ရေးလေ့ကျင့်မှုပေါင်း ၅ဝဝ အား ပြုလုပ်သွားရန် စီစဉ်ထား ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက ဇွန် ၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံရှိ မြေပြင်တပ်ဖွဲ့၊ ဝေဟင်တပ်ဖွဲ့နှင့် ရေပြင်တပ်ဖွဲ့များ အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကို ဦးတည်လျက် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အမျိုးအစားပေါင်း ၅ဝဝ အား

၈၈၈၈ ငွေရတုတွင်ပြခန်းများပါဝင်မည်

သြဂုတ်လအတွင်းကျင်းပမည့် ရှစ်လေးလုံးဒီမိုကရေစီ ၂၅ နှစ် ပြည့်ငွေရတုအခမ်းအနားတွင် ရှစ်လေးလုံး အရေးအခင်းကာလ အတွင်း ထုတ်ဝေခဲ့သော သတင်း စာ၊ စာစောင်နှင့် မှတ်တမ်း များကို ပြခန်းပြုလုပ်၍ပြသသွားမည်ဖြစ် ကြောင်း ကိုမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)က ပြောသည်။ “ပွဲရက်အတွင်းမှာ ၈၈ တုန်း က ထုတ်ခဲ့တဲ့ သတင်းစာတွေ၊ စာစောင်တွေ၊ ဓာတ်ပုံတွေ၊ မှတ်တမ်းတွေကို ပြခန်းလုပ်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ၎င်းကပြော သည်။ အဆိုပါပွဲတွင်အကြောင်း အမျိုးမျိုးကြောင့် ပြည်ပရောက် နေသော နိုင်ငံရေးသမားများနှင့်

ကျောင်းဖွင့်ရာသီတွင် ကျောင်းကြိုပို့ ဘတ်စ်များ ပြေးဆွဲလိုလျှင် မထသသို့ ဆက်သွယ်နိုင်ပြီ

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်အတွက် ကျောင်းကြိုပို့ ဘတ်စ်များ ပြေးဆွဲလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ – ဗဟို) ဥက္ကဋ္ဌက ပြောသည်။ “School Bus တွေက လိုအပ်တာအမှန်ပဲ။ အဲဒီစနစ်ကို တကယ် ကျင့်သုံးသင့်တယ်။ အခုဆွဲနေတဲ့ လိုက်ထရပ် တွေက ကလေးတွေအတွက် လုံခြုံမှုလည်းမရှိဘူး။ ဘတ်စ်ကား ဆွဲချင်သူတွေ ဆက်သွယ်ပေးပါ။ ပြေးဆွဲခွင့်

ဟံသာဝတီအောက်မေ့ဘွယ်အခမ်းအနားများကျင်းပ

မွန်တို့၏ရာဇဌာနီဟံသာဝတီ(ပဲခူး)နေပြည်တော်အားမြန်မာဘုရင်ဦးအောင်ဇေယျ(အလောင်းမင်းတရားကြီး) တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကောဇာသက္ကရာဇ် ၁၁၁၉ (သာသနာသက္ကရာဇ် ၂၃၀ဝ-ခရစ်သက္ကရာဇ် ၁၇၅၇) ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့ကို မွန်တိုင်းရင်းသားများအမှတ်ရသိရှိစေရန် ယင်းနေ့ရက်ရောက်ရှိတိုင်း အောက်မေ့ဘွယ်အခမ်းအနားများ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုင်းမြန်မာနယ်စပ် စံခလပူရီမြို့တွင်ကျင်းပခဲ့သောအခမ်းအနားသို့ တက်ရောက်ခဲ့သူ နိုင်အောင်ပိုင်က “မွန်တို့ရဲ့ အချုပ်အချာဟာ ရာဇဝင်ထဲမှာ မွန်နိုင်ငံတကယ်အခိုင်အမာရှိခဲ့တဲ့အကြောင်း

မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းမှုတွေ စတင်နေပြီလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပြောကြား

အမေရိကန် တပ်မတော်နဲ့ မြန်မာ့ တပ်မတော်အကြား မှန်ကန်တိကျတဲ့မူဝါဒတွေကို သေသေချာချာ သတ်မှတ်ပြီး ဆက်ဆံရေးကို စတင်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ချပ်ဟေဂယ်က ပြောကြားလိုက်ပါတယ်။စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ အာရှပစိဖိတ်ဒေသလုံခြုံရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာအမေရိကန်ပြည်ထောင်စုရဲ့အာရှပစိဖိတ်ဒေသလုံခြုံရေးအပေါ်သဘောထားနဲ့

သမ္မတ ဦးသိန်းစိန်ကို ထောက်ခံ ဆန္ဒပြ

သမ္မတကြီး ဦးသိန်းစိန်အားထောက်ခံ ဆန္ဒပြခြင်းကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း တွင်ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ နံနက်ပိုင်းက သမ္မတ ဦးသိန်းစိန်ဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားကို အစိုးရ၀န်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စိတ်ဝင်စားသူ နိုင်ငံသားတွေ အပါအ၀င် ပရိသတ် ၁ သောင်းကျော်

ဆင်းရဲမှု ၁၆ရာခိုင်နှုန်း လျော့ချရန် တရုတ်ပြည်မှ ချေးငွေအမေရိကန်ဒေါ်လာ သန်းတစ်ရာရရှိထား

လာမည့်၂၀၁၅ခုနှစ်တွင် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းအား ၂၆ရာခိုင်းနှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျော့ချရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက် ရှစ်နာရီတွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က

အမေရိကန်နိုင်ငံ ဟျူစတန်မြို့တွင် မီးလောင်မှုဖြစ်ပွား မီးသတ်သမား လေးဦး သေဆုံး ငါးဦး ဒဏ်ရာရ

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟျူစတန်မြို့ အနောက်တောင်ပိုင်းရှိ ဟိုတယ်တစ်ခုတွင် မေ ၃၁ ရက်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး မီးသတ်သမား လေးဦး သေဆုံး၍ အခြား လူငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်မှုသည် မြို့အနောက်တောင်ပိုင်းရှိ ဟိုတယ်၏ စားသောက်ဆိုင်နှင့် ကလပ်မှ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး နောက်ပိုင်း၌ အခြား အဆောက်အအုံများသို့

ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ

ဥာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ် ဖော်ပြထားပါတယ်။
၁။ မနက်စာ မစားခြင်း

မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။

၂။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့

NLD ဗဟိုကော်မီတီများ စွမ်းရည်မြင့် အလုပ်ရုံ ဆွေးနွေးပွဲ ရခိုင် ဗဟိုကော်မီတီဝင်များ တက်ရောက်

မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မီတီ ၀င်များ စွမ်းရည်မြှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ (၄) ဦး တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။ “ NLD မှာ ရခိုင်က ဗဟို ကော်မီတီ ၄ ဦးရှိပါတယ်။ ဦးညီပုရယ်၊ ဦးသိန်းမောင်၊ ဦးမောင်ကြွင်းအောင်နဲ့ ကျွန်တော် ဖြစ်ပါတယ်။ ကျွန်တော် ၄ ဦးစလုံး တက်ရောက်ခဲ့ပါတယ်” ဟု NLD

ပုဏ္ဍားကျွန်းမြို့နယ်တွင် ဆရာဝန် အလုံအလောက် မရှိ၍ ဒေသခံ လူထု အခက်တွေ့

“ ပုဏ္ဍားကျွန်းက လူတွေ နားစေး၊ ချောင်းဆိုးတာက အစ စစ်တွေကို သွားပြရတယ်။ ဒီမှာက ဆရာဝန် အလုံအလောက် မရှိတဲ့ အပြင် ကုသမူကလည်း အဆင်မပြေတာတွေ ရှိနေတော့ အသေးအဖွဲ့ ရောဂါက အစ စစ်တွေက ဆရာဝန်တွေကိုဘဲ အားကိုးနေကြရပါတယ်” ဟု ပုဏ္ဍားကျွန်း ဒေသခံ ဦးနေလင်းက ပြောသည်။ပုဏ္ဍားကျွန်းမြို့နယ်တွင် မြို့နယ်ဆေးရုံနှင့် ယိုးတရုတ် တိုက်နယ် ဆေးရုံ - (၂) ခု တည်ရှိသော်လည်း ပုဏ္ဍားကျွန်းမြို့ပေါ်တွင် ဆရာဝန် တစ်ဦးသာ ရှိပြီး ယိုးတရုတ် တိုက်နယ် ဆေးရုံတွင်

ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ

ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ လိုင်ဇာဌာနချုပ်သို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။ရှမ်းတိုင်းရင်းသားများသည် ရိုးရာဝတ်စုံများ ၀တ်ဆင်၍ "ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ် ရပ်စဲရေး အမြန်လက်မှတ် ရေးထိုးပါ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ်

ကျောင်းခန်းထဲတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် အမေရိကန်ကျောင်းသားတစ်ဦးကြံစည်

အသက် ၁၇ နှစ်အရွယ်ရှိ အမေရိကန်ကျောင်းသားတစ်ဦးသည် သူ၏ကျောင်းတွင် ပေါက်ကွဲစေ တတ်သော ပစ္စည်းများနှင့် သေနတ်များကိုသုံးကာ တိုက်ခိုက်ရန်ကြံစည်ကြောင်းစွပ်စွဲခံရသဖြင့် မေ ၂၈ ရက်တွင် တရားသူကြီးက အာမခံကြေးဒေါ်လာနှစ်သန်းပေးရန် ပြောခဲ့သည်။ ဂရန့်အကော့သည် သူ၏ ကျောင်းဖြစ်သော အိုရီဂွန်၏အနောက်မြောက်ဘက်တွင်ရှိသော Albany အထက်တန်းကျောင်း တွင် “ရုရှားနိုင်ငံသားရက်စက်တဲ့ လူသတ်သမားကဒီမှာပါ” ဟု ပြောကာ မီးလောင်ဗုံးတွင် လောင်စာ

ပြည်တွင်း တိုင်းရင်းသား ပါတီများ၏ ဖက်ဒရယ် ညီလာခံ

တိုင်းရင်းသား ပါတီ များဖြင့် စုဖွဲ့ထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NPF) မဟာမိတ် အဖွဲ့သည် လာမည့် ဇွန်လလယ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဖက်ဒရယ် ယူနီယံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် ရှိသည်ဟု ကျားဖြူ ပါတီ ဒုဥက္ကဌ စိုင်းဆောင်ဆီက ဆိုပါသည်။
 “ကျင်းပမှာက ဇွန်လ ၁၁၊ ၁၂ နှစ်ရက် တည်းပါ။ အဓိက ကတော့ ဖက်ဒရယ် ယူနီယံနဲ့ ပါတ်သက်တဲ့ ကော်မီတီ သစ် တစ်ခု ဖွဲ့စည်းဖို့ပါ။ တကယ်လို့ PR ရွေးကောက်ပွဲ စနစ်နဲ့ လုပ်လာမယ် ဆိုရင်

လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ဖားအံ မြို့နယ်ရှိ လယ်သိမ်း ခံရသူများအား ခေါ်ယူမေး မြန်း

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ရောက်ရှိလာသည့် နေပြည်တော်မှ လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့(၉) ဒေါက်တာဌေးဝင်း ဦးဆောင်သည့်အဖွဲ့သည် ဖားအံမြို့နယ်ရှိ လယ်ယာမြေသိမ်းဆည်း ခံရသူများအား မေလ ၃၁ရက်နေ့က ဖားအံခရိုင် အုပ်ချုပ်ရေးရုံးတွင် ခေါ်ယူမေး မြန်းသည်ဟု လယ်သမားများက ပြောသည်။ဖားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စုဝင် လက္ခဏရွာ အရှေ့ဘက်ရှိ ဘ၀သစ် အမှတ်(၇) ရဲဘက်အကျဉ်းစခန်းသည် ဒေသ ခံများ၏ လယ်မြေများကို ဧကပေါင်း

တိုင်းရင်းသားပေါင်းစုံပါဝင်သော ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် DKBA စီစဉ်

လက်ရှိ နိုင်ငံရေးအခြေအနေမှ သိသာမြင်သာသည့် တိုးတက်မှု ရရှိရန် ရည်ရွယ်ပြီး ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို လာမည့် ဇွန်လ ၁၅ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ရန် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)မှ စီစဉ်နေကြောင်း သိရသည်။လက်ရှိ ပြုလုပ်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ထင်ထားသမျှ တိုးတက်မှုများ မတွေ့ရှိရသေးသဖြင့် အဖွဲ့အစည်း ပေါင်းစုံမှ

ပညာ ယူရ မှာလား ဝေးဝေးက ရှောင်ရ မှာလား

တနင်္ဂနွေ ရုံးပိတ်ရက်တိုင်း မိသားစုနှင့်အတူ ရုပ်ရှင်၊ ဗီဒီယို ကြည့်ခြင်းဖြင့် အနားယူ အပန်း ဖြေလေ့ ရှိပါသည်။ အဘွားက ကိုရီးယား ဇာတ်လမ်းတွဲ များကို မနားတမ်း ကြည့်၏။ အမေ ကတော့
အိန္ဒိယ ဇာတ်လမ်းတွဲ များကို မနားတမ်း ကြည့်၏။ ဇနီးဖြစ်သူ ကမူ တရုတ် ဇာတ်လမ်းတွဲ များကို အားပေးသူ ဖြစ်သည်။သမီး နှစ်ယောက်က အကြိုက်ချင်း တူသည် ပြောရမလား။ မြန်မာ ဇာတ်ကား များကို နှစ်သက် ကြသည်။ အဖေနှင့် ကျွန်တော်တို့ နှစ်ယောက်က ပုံသေ မရှိဘဲ ကြုံရာ ကြည့်ကြ၏။ သို့သော်

တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဝေဖန်

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးမှာ ကသိကအောက်ဖြစ်လာတဲ့ Cyber အင်တာနက် တိုက်ခိုက်မှုကို တရုတ်အစိုးရက ကိုင်တွယ်ရေး အမေရိကန်ကဖိအားတွေဆက်ပြီး တိုးမြှင့်သွားမယ်လို့ Shangri-La လုံခြုံရေးဆွေးနွေးပွဲမှာ ဒီကနေ့

ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်

မေ ၁၂ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်သမ၀ါယမ ၀န်ကြီးဌာနက ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်မည့် ကျေးလက်ဒေသ ဖွံဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ပြီးခဲ့သည့် မေ ၁၂ ရက်ကလည်း မန္တလေးမြို့တွင် ပြုလုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်

အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ပထမနေ့၌ပင် အလုပ်လျှောက်သူ တစ်သောင်းကျော်ရှိပြီး အရည်အချင်း ကိုက်ညီပါက ချက်ချင်း အလုပ်ခန့်ပေး

တတိယအကြိမ် ကျင်းပပြုလုပ်သည့် အလုပ်အကိုင် အခွင့်အလမ်း ပြပွဲတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီ ၁၀ ခု အပါအ၀င် ပြည်တွင်းကုမ္ပဏီပေါင်း ၇၅ ခုတို့မှ ပါဝင်ပြသခဲ့ပြီး ပြခန်းပေါင်း ၁၂၁ ခန်း ပါဝင်ခဲ့ကာ ပထမဆုံးနေ့တွင်ပင် လာရောက်ကြည့်ရှု လျှောက်ထားသူဦးရေ တစ်သောင်းကျော်ခန့် ရှိကြောင်း မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးသန်းစိုး၏ ပြောပြချက်အရ သိရသည်။ ပြပွဲကို မေ ၃၁ ရက်မှ ဇွန် ၂ ရက်အထိ

နိုင်ငံကိုးခုမှ ဆရာဝန်များက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ ခွဲစိတ်မည်

နိုင်ငံပေါင်း ၉ နိုင်ငံမှ စေတနာရှင် ဆရာဝန်ကြီးများ ပါဝင်သည့် Operation Smile အဖွဲ့သည် မြန်မာနိုင်ငံအတွင်း မျက်နှာပုံပန်းမကျ ဖြစ်နေသည့် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့လာရောက် ခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ခွဲစိတ်ကုသမှု အစီအစဉ်ကို ဇွန် ၁၅ ရက် မှ ၂၂ ရက်အထိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ

မီးသတ်ဌာနချုပ်က လေယာဉ်မီးငြှိမ်း သတ်ခြင်းအား ဖော်ကာလေယာဉ်ဖြင့် လေ့ကျင့်မည်

လေယာဉ် မတော်တဆမှု ဖြစ်စဉ်များအတွက် လေ့ကျင့်မှုများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ဖော်ကာအမျိုးအစား လေယာဉ်ဖြင့် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောကြားခဲ့သည်။ "မြန်မာ့လေကြောင်း ပို့ဆောင်ရေးက အသုံးမပြုတော့တဲ့ ဖော်ကာအမျိုးအစား လေယာဉ်ကို လေ့ကျင့်ဖို့အတွက် နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့

အမေရိကန် မြန်မာစစ်ရေးဆက်ဆံမှု အကန့်အသတ်နဲ့ စတင်

အာဆီယံကာကွယ်ရေးဝန်ကြီးတွေကို ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စု ဟာဝါရီကျွန်းမှာ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။ Singapore နိုင်ငံမှာ ကျင်းပနေတဲ့ Shangri-La Dialogue 2013 ဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Hagel က အာရှ Pacific ဒေသလုံခြုံရေးအတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာ ခုလို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမှာ အမေရိကန်ရဲ့

လားရှိုး ပုဒ်မ ၁၄၄ ဖြေလျှော့

လာရှိုးမြို့မှာ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့လို့ မေလ၂၈ ရက်နေ့မှာပဲ ဒေသတွင်း အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို ဒီကနေ့မှာပဲ သတ်မှတ်ထားတဲ့အချိန်ထက် အနည်းငယ်ဖြေလျှော့ပေးတာတွေ ပြုလုပ်ပေးခဲ့တယ်လို့ လာရှိုးမြို့ အစိုးရ ပြောခွင့်ရှိသူတွေက ပြောပါတယ်။ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် နေရပ်နဲ့ အိုးအိမ်ခွန့်ခွာလာသူ အရေအတွက်ဟာလည်း ၁,၄၀၀ ကျော် ရှိနေပြီဖြစ်တဲ့အတွက် ဒီနေ့မှာပဲ လာရှိုးမြို့က အားကစားကွင်းကြီးထဲမှာ လူ ၃၀၀ ကျော်အတွက် နေရာချထားပေးတယ်လို့လည်း လားရှိုးမြို့နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးရုံးက

တူရကီ ဆန္ဒပြရင်ပြင်က ရဲတွေဆုတ်ခွာ

တူရကီနိုင်ငံမှာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်ပြင်တစ်ခုနေရာမှာ ဆိုင်ခန်းတွေ၊ ရုံးခန်းတွေ လူနေတိုက်ခန်းတွေ ဆောက်လုပ်တာကို ကန့်ကွက်တဲ့အနေနဲ့ ဒုတိယနေ့အဖြစ် ဆန္ဒပြကြတဲ့ အစ္စတန်ဘူလ်မြို့က နာမည်ကျော် Taksim ရင်ပြင်မှာ ဆန္ဒပြသူတွေနဲ့ ရဲကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အဲဒီနေရာကနေ ရဲတပ်ဖွဲ့ဝင်တွေ စတင် ဆုတ်ခွာပေးလိုက်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ရုံးရင်း ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒုတိယနေ့မှာ

အိုကလာဟိုးမား လေဆင် နှာမောင်း လူ ၉ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းကျတဲ့ Oklahoma ပြည်နယ် မှာ လေဆင်နှာမောင်းတွေ ထပ်ပြီးတိုက်ခတ်လို့ လူ(၉)ဦး သေဆုံးပြီး လူ (၇၅) ဦး ဒါဏ်ရာရရှိသွားပါတယ်။
မေလ(၂၀)ရက်နေ့က အင်အားပြင်းပြီး ကြီးမားတဲ့ လေဆင်နှာမောင်း တိုက်သွားလို့ လူ (၂၄) ဦး သေဆုံးခဲ့ ပြည်နယ်မြို့တော် Oklahoma City တဝိုက်မှာပဲ ဒီတခေါက်လည်း အထိအခိုက် အများဆုံးဖြစ်ပါတယ်။ သောကြာနေ့ က လေတွေသိပ်ပြင်းလို့ အဲဒါကိုရှောင်ဖို့ ကားနဲ့ထွက်ပြေးတဲ့သူတွေ အားလုံး လေကြောင်းက ရုတ်တရက်ပြောင်းသွားပြီး မုန်တိုင်းလမ်းကြောင်းနဲ့ တည့်တည့်တိုးမိကြလို့ အဲဒီထဲကသူတွေ အများကြီးပဲ

မြန်မာအစိုးရများ နဲ့ ဂျပန် ငွေကြေးအကူအညီ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ရဲ့  မြန်မာပြည်ခရီးမှာ ဗမာအစိုးရကို ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးဖို့နဲ့ ဆပ်ရမယ့်အကြွေး ဒေါ်လာသန်း ၂၀၀၀ ကို လျှော်ပြစ်ဖို့ ကတိပေးပါတယ်။ ဂျပန်နဲ့လုပ်မယ့် စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဝန်ကြီးချုပ်နဲ့ လိုက်ပါလာတဲ့ ဂျပန်ကုမ္မဏီ ကိုယ်စားလှယ်တွေနဲ့ မြန်မာကုမ္မဏီတွေ နားလည်းမှုစာချွန်လွှာ လက်မှတ်ရေးထိုးကြပတယ်။
ဂျပန်အကူအညီရလို့ တရုတ်ကိုကြီး မှီခိုနေရတဲ့ဘဝ နိဂုံးချုပ်ဖို့ အလားအလာရှိလာပြီလို့

အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံခြောက်မျိုးအား ကမ္ဘောဇကုမ္ပဏီ စတင်လုပ်ကိုင်

အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း IKBZ Insurance Co., Ltd အနေဖြင့် ငွေကျပ် ၄၆ ဘီလျံ မတည်ရင်းနှီးကာ အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံလုပ်ငန်း (၆)မျိုးကို စတင် လုပ်ကိုင်ခွင့် ရရှိပြီဖြစ်ကြောင်း ဇွန် ၁ ရက်၊ ဆီဒီုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အာမခံ ကိုယ်စားလှယ်များနှင့် တွေ့ ဆုံပွဲအခမ်းအနားတွင် ကမ္ဘောဇကုမ္ပဏီများ အုပ်စုမှ Managing Director ဦးညိုမြင့်က ပြောကြားခဲ့သည်။IKBZ Insurance Co.,Ltd အနေဖြင့် အာမခံလုပ်ငန်း ကြီးကြပ်ရေး

မြန်မာ၊ တရုတ်၊ ထိုင်းတို့မှ သဘာဝပတ်ဝန်းကျင် ပညာရှင်များ သံလွင်မြစ်ဝှမ်း ဒေသသို့ လာရောက်လေ့လာ

သံလွင်မြစ်ပေါ်တွင် ရေကာတာများ တည်ဆောက်ပါက ဖြစ်ပေါ်လာနိုင်သော လူမှုဘ၀ ပြဿနာများနှင့် ဂေဟစနစ် ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေကို သုတေသန ပြုလုပ်ရန် တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များအဖွဲ့  သံလွင်မြစ်ဝှမ်းဒေသဖြစ်သော မော်လမြိုင်မြို့ ၀န်းကျင်၊ ဘီလူးကျွန်း (ချောင်းဆုံ) ဒေသနှင့် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အထ္ထရံ မြစ်များဆုံရာ ဒေသများသို့ မေ ၃၁ ရက်က ကွင်းဆင်းလေ့လာ ခဲ့ကြသည်။အဆိုပါ အဖွဲ့သည် ဘီလူးကျွန်းဒေသ ကော့မုပွန်ကျေးရွာရှိ

လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ်ကျ

လမ်းမတော်မြို့နယ် ၀ါးတန်း ဇက်ဆိပ်တွင် ဟိုင်းလပ်ကားတစ်စီး RORO III ဇက်ပေါ်မှ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီတွင် လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ကိုသက်နိုင် မောင်းနှင်သော ဟိုင်းလပ် ၃ခ/အစိမ်းရောင် ယာဉ်သည် RORO III ဇက်ပေါ်သို့ မောင်းတက်ခဲ့ပြီး ရပ်ထားခဲ့ရာမှ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။
"အယ်ဒီ ဟိုင်းလပ်ကားက ပထမဆုံး ဇက်ပေါ်သို့ အရင်စတက်သွားပြီး အရှေ့ဆုံးမှာ ရပ်ထားတယ်။ နောက်ကားတွေ ဆက်တက်တဲ့ အခါမှာ တက်တဲ့အရှိန်ကြောင့် ဇက်ကလှုပ်ပြီး ဂျမ်းတုံးကိုကျော်၍ ရေထဲကို

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်း အောဘရိုက်နှင့် ဦးခွန်ထွန်းဦး၊ ဦးသိန်းညွန့်တို့ ရန်ကုန်မြို့၌ ယနေ့ (ဇွန် ၂) တွေ့ဆုံမည်

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်း အောဘရိုက်သည် ဇွန် ၂ ရက်(ယနေ့) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်တို့နှင့်ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်တွင် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။မက်ဒယ်လိန်း အောဘရိုက်သည်

မြန်မာနိုင်ငံတွင် တည်ရှိနေဆဲ ဥပဒေများကြောင့် စတော့အိတ်ချိန်း ဈေးကွက်တွင် ပြည်ပကုမ္ပဏီများ ပါဝင်ရန် ခက်ခဲနေ

မြန်မာနိုင်ငံတွင် လတ်တလော တည်ရှိနေသော ဥပဒေများကြောင့် စတော့အိတ်ချိန်း ဈေးကွက်တွင် ပြည်ပကုမ္ပဏီများ ပါဝင်ရန် ခက်ခဲနေသည်ဟု Myanmar Securities Exchange Centre Co., Ltd မှ အမှုဆောင် ဒါရိုက်တာ ဦးစိုးသိန်းက သုံးသပ်ပြောကြားသည်။"စတော့အိတ်ချိန်းဈေးကွက် ပေါ်ကာစမှာတော့ မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ ဥပဒေများနဲ့ စည်းမျဉ်းများကြောင့် နိုင်ငံခြားက ကုမ္ပဏီတွေ ပါဝင်လုပ်ကိုင်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ ၁၉၁၄ ခုနှစ် ကုမ္ပဏီများ အက်ဥပဒေက နိုင်ငံခြား

လူ့အခွင့်အရေးကို OIC နိုင်ငံတွေဆီမှာသွားတောင်းပါလို့ ရခိုင်လူငယ်တစ်ဦး ဒေါ်စုအိမ်ရှေ့မှာပြော

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မွတ်ဆလင်တွေဘက်လိုက်ပြီးလူ့အခွင့်အရေးအ ကြောင်းပြောနေမယ့်အစား OIC နိုင်ငံတွေမှာ လူ့အခွင့်အရေးသွားတောင်းပါလို့ ဇွန်လ ၁ ရက်နေ့မှာ ရခိုင်လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုစစ်ငြိမ်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။
“ ဒီနေ့တော့ ကျွန်တော်တို့လုပ်တာမဟုတ်ဘူး။ ဒါပေမယ့်

ဦးတေဇနှင့် ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်အတွင်းပါဝင်သူများ ဧဝရတ်တောင်တက် နှစ်ခြောက်ဆယ်ပြည့် အခမ်းအနားသို့တက်ရောက်ခဲ့

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မိမိတို့အဖွဲ့ မဒွယ်တောင်ပေါ်တွင် ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်အတွင်း မိမိတို့ကို ကယ်ဆယ်ရန်အတွက် ကြိုးပမ်းခဲ့သည့်အဖွဲ့တွင် နီပေါနိုင်ငံ၊ ခတ်တမန်ဒူ မြို့မှ Fish Tail Air သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နီပေါနိုင်ငံဟာ ဧဝရတ်တောင် တည်ရှိရာ နိုင်ငံဖြစ်တဲ...့အပြင် ရေခဲတောင်တက်သမားများ ဘေးအန္တရာယ်နဲ့ကြုံတွေ့ပါက လေကြောင်း ရဟတ်ယာဉ်များ အသုံးချကာ

“ ပြည်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် လက်ရှိဖြစ်ပေးနေသော မလေးရှားရောက် မြန်မာနိုင်ငံသားများအရေးနှင့် ပတ်သက်၍ ဖော်ပြထားချက် ”

မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ မြန်မာဘုန်းတော်ကြီးကျောင်း အနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်းမှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေသေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီသတင်းတွေနဲ့

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀မြှင့်တင်ရေးအခမ်းအနား

ဇွန် ၂ရက်နေ့တွင်ကျင်းပသော နိုင်ငံတော် သမ္မတ ၏"ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားသို့ အစိုးရ အဖွဲ့ ၀န်ကြီးများ ၊လွှတ်တော် ကိုယ်စားလှယ်များ နှင့် မိဘ ပြည်သူများအပါအ၀င် ပရိသတ် ၁၂၀၀၀ ခန့်တက်ရောက်လာကြကြောင်း လုံခြုံ ရေးတာဝန်ရှိသူများ၏ မှတ်တမ်းများအရ သိရသည်။

Popular

တူရကီ တွင် ဆန္ဒပြ သူ ၁၀၀၀ ကျော် ကို ဖမ်းဆီး

တူရကီ နိုင်ငံ တွင် အစိုးရ ဆန့် ကျင် ရေး ဆန္ဒ ပြ သူများ ကို ရဲ တပ် ဖွဲ့  ကရာဘာကျဉ်ဆန် ၊ မျက် ရည် ယို ဗုံး ၊ မီးသတ် ပိုက် များ ဖြင့် အင်အား သုံးနှိမ် နှင်း ရာ ၁၀၀ ကျော် ဒဏ်ရာ ရရှိ သည်။
အစ္စတန်ဘူလ် နှင့် အိဇ်မာ တွင် ဆန္ဒ ပြသူ တစ်ထောင်ကျော် ကို ဖမ်းဆီး ထား ပြီး ၀န်ကြီး ချုပ် တာရစ် အာဒိုဂန် က ဆန္ဒပြ မှု များ ရပ်တန့်  ရန် တောင်း ဆို ထား သည်။
လက်ရှိ အစိုးရသည် အာဏာရှင်ဆန် ပြီး အစ္စလာမ် ဘာသာရေး အလေ့အထများ ကို နိုင်ငံ ကျင့် သုံး ရန်

ဘာသာပေါင်းစုံ ကော်မတီ ထားဝယ်မှာ ဖွဲ့စည်း

တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ မကူးစက်လာစေဖို့အတွက် ဘာသာကြီးလေးခုက ကိုယ်စားလှယ် ၈ ဦးပါဝင်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဗဟိုကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ထားဝယ်မြို့ ဆိပ်ကမ်းသာခန်းမမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးမျက်နှာစုံညီတွေ့ဆုံပွဲမှာ ဖွဲ့စည်းလိုက်တာလို့ ကော်မတီဝင်တစ်ဦးက RFA ကို အခုလို ပြောပါတယ်။“ကျနော်တို့ ဒီကနေ့ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပြီး ပဋိပက္ခမဖြစ်ပေါ် လာရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဗဟိုကော်မတီတစ်ခုကို အဖွဲ့ဝင် ၈

မြစ်ကြီးနားက ပြန်လာ တဲ့ ကေအိုင်အိုခေါင်းဆောင်တွေ လိုင်ဇာမှာ ရှင်းလင်းပွဲလုပ်

မြစ်ကြီးနားကနေ လိုင်ဇာဌာနချုပ်ကို ပြန်ရောက်လာတဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ လိုင်ဇာပြည်သူလူထု၊ ဒုက္ခသည်နဲ့ ဌာနဆိုင်ရာအပါအ၀င် မဟာမိတ်တပ်ဖွဲ့တွေကို အစိုးရနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲလုပ်တယ်လို့ သိရပါတယ်။
 ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့နေ့လည် နှစ်နာရီမှာ မြစ်ကြီးနားကနေ လိုင်ဇာကိုရောက်လာပြီး ချက်ခြင်းဆိုသလို မြစ်ကြီးနားမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စု

မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ယခု ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၁၀၄၇၉ ဒသမ ၉၃ ထိ ကုန်သွယ်နိုင်ခဲ့၍ ၁၆ နှစ်အတွင်း အမြင့်ဆုံးဖြစ်

ထိုင်း-မြန်မာနယ်စပ် မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၁၀၄၇၉ ဒသမ ၉၃ ကုန်သွယ်မှု ပြုနိုင်ခဲ့ပြီး စတင်ဖွင့်လှစ်သည့် ၁၉၉၇ ခုနှစ်မှ ၁၆ နှစ်တာ ကာလအတွင်း ကုန်သွယ်မှုပမာဏ အမြင့်ဆုံး ကုန်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
 "စာရင်းဇယားတွေအရ ကြည့်မယ်ဆိုရင် ယခုနှစ် ကုန်သွယ်မှု ပြုနိုင်ခဲ့တဲ့ ပမာဏကတော့ ၁၆ နှစ်တာ ကာလအတွင်း အမြင့်ဆုံးပါပဲ။ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေ အနေနဲ့ အခွန်ရှောင်တဲ့ လမ်းကြောင်းက

ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်မည်

ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားကို ရန်ကုန်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။
 ငြိမ်းချမ်းရေးခေါ်သံ အခမ်းအနားကို နှစ်ရက်ခွဲကာ ပြုလုပ်မည်ဖြစ်ပြီး ဇွန် ၇ ရက်တွင် Central Hotel၊ ဇွန် ၉ ရက် နှစ်နှစ်ပြည့်သည့်နေ့တွင် အလုံမြို့နယ် အလုံလမ်းရှိ ပိုးကရင် သာသနာဝင်းတွင် ပြုလုပ်မည် ဖြစ်သည်။"ဇွန် ၇ ရက်ကတော့ သံတမန်တွေအတွက် ပြုလုပ်တာပါ။ ဇွန် ၉ ရက်ကတော့ မြန်မာနိုင်ငံ

နယ်စပ်များမှတစ်ဆင့် နှစ်လအတွင်း စက်သုံးဆီ တန်ချိန် ၈၀၀၀ နီးပါး တင်သွင်း၊ ထိုင်းနယ်စပ်တွင် ဘတ်ငွေတန်ဖိုး တက်၍ ဆီတစ်ဂါလန် ကျပ် ၃၀၀ ၀န်းကျင် မြင့်တက်

မြန်မာ-တရုတ်၊ မြန်မာ-ထိုင်း နယ်စပ်မှတစ်ဆင့် နှစ်လအတွင်း စက်သုံးဆီ တန်ချိန်ပေါင်း ၈၀၀၀ နီးပါး တင်သွင်းခဲ့ပြီး ဘတ်ငွေတန်ဖိုး မြင့်တက်၍ ထိုင်းမှတင်သွင်းရသည့် စက်သုံးဆီ ဈေးအနည်းငယ် မြင့်တက်ခဲ့သည်ဟု သိရသည်။နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ စက်သုံးဆီ တင်သွင်းရာတွင် ဒီဇယ်ဖြစ်စေ၊ အောက်တိန်းဖြစ်စေ တစ်လစ် (၄ လစ်လျှင် ၅ ဂါလန်နီးပါး ပါသည်) လျှင် ၄၀၀၀ ကျပ်အထိ ရှိလာကြောင်း

အီရတ်မှာ ပြည်တွင်းစစ် ဖြစ်တော့ မလား

အီရတ် နိုင်ငံမှာ ပြီးခဲ့တဲ့ မေလ အတွင်း အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် သေဆုံး ခဲ့ရသူ လူပေါင်း ၁ ထောင်ကျော် ရှိပြီး၊ လူပေါင်း ၂၄၀၀ လောက် ဒဏ်ရာ ရရှိခဲ့ တယ်လို့ ကုလသမဂ္ဂ ကနေ သတင်း ထုတ်ပြန် ထားပါတယ်။၂၀၀၆ ၂၀၀၇ ခုနှစ်တွေ အတွင်း ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွား ခဲ့တဲ့ ဂိုဏ်းဂဏ အုပ်စုကွဲ အကြမ်းဖက် မှုတွေ နောက်ပိုင်း၊ အခု မေလ အကြမ်းဖက် မှုတွေဟာ အဆိုးဝါး ဆုံး ဖြစ်ပါတယ်။
ဒီအတွက် အီရတ် နိုင်ငံဟာ ပြည်တွင်းစစ် ဖြစ်ဖို့ ဦးတည် နေပြီလား ဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွား

ဆန္ဒပြမှုတွေ ရပ်ဖို့ တူရကီ ဝန်ကြီးချုပ် ပန်ကြား

တူရကီ နိုင်ငံမှာ နှစ်ပေါင်း များစွာ အတွင်း အဆိုးဝါး ဆုံးသော ဆန္ဒပြ မှုတွေ ဖြစ်ပွား နေရာ၊ တူရကီ ဝန်ကြီးချုပ် ရာဆပ် တာရစ် အာဒိုဂန် က အဲဒီ ဆန္ဒပြ မှုတွေ ချက်ခြင်း ရပ်ကြဖို့ကို ပန်ကြားလိုက် ပါတယ်။
ဆန္ဒပြ သူတွေက အစ္စတန်ဘူးလ် မြို့လယ်က တက်ဆင် ရင်ပြင် ပြန်လည် ဖွံဖြိုးရေး လုပ်ငန်းတွေ အပေါ် ကန့်ကွက် ဆန္ဒပြ နေကြတာ ဖြစ်ပြီး၊ မစ္စတာ အာဒိုဂန် ကတော့ ရှေ့ဆက် လုပ်ဆောင် သွားဖို့ စိတ် ပိုင်းဖြတ် ပြီးသား ဖြစ်ပါတယ်။ရိုင်းစိုင်းတဲ့ အစွန်းရောက် သမားတွေကို သူ အရှုံးမပေးဘူး လို့ တူရကီ

တရုတ်မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းပြီးပြီလို့ CNPCပြော

တရုတ်နဲ့ မြန်မာ နိုင်ငံကြား သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု ပြီးဆုံးသွားပြီး ရေနံ ပိုက်လိုင်းလည်း ပြီးလုနီးပါး ဖြစ်နေပြီလို့ တရုတ် နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ CNPC က ပြောပါတယ်။တရုတ် နိုင်ငံကနေ မလက္ကာ ရေလက်ကြားကို ဖြတ်ကျော် တည်ဆောက်ထားတဲ့ ဒီပိုက်လိုင်းတွေဟာ မဟာဗျူဟာ အရ အရေးပါပြီး မြန်မာ ကမ်းရိုးတမ်းက မဒေးကျွန်းနဲ့ အိန္ဒိယ သမုဒ္ဒရာ

စွမ်းအင်ရှာဖို့ ရှီကျင်းပင် ကယ်ရီဘီယံ ရောက်

တရုတ် သမ္မတ ရှီကျင်းပင်ဟာ Trinidad and Tobago ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဒါဟာ ကရီဘီယံ ဒေသက တိုင်းပြည်တခုကို သွားရောက်တဲ့ တရုတ်ခေါင်းဆောင်တယောက်ရဲ့ ပထမဆုံး ခရီး ဖြစ်ပါတယ်။စွမ်းအင် ကဏ္ဍမှာ ပူးပေါင်း တိုးမြှင့် လုပ်ကိုင်သွားဖို့ကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ အဓိကထား

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...