အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

အရှေ့တောင်အာရှ လိင်ကျွန်များဘဝ

ထိုင်းနိုင်ငံ ပက်ပုံးလမ်းတွင် ဖြစ်သည်။ ပေါ့ပ်ဂီတသံတွေက လွင့်ပျံ့ ထွက်လာသည်။သူမအမည်က မိုင်းလီ။ အသက် ၂၄ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံမြောက်ပိုင်း
ချင်းရိုင်မြို့က အပျော်မယ်လေးတစ်ယောက် ဖြစ်သည်။ နက်မှောင်သည့် ဆံပင်ရှည်ရှည် နှင့် နှစ်လိုဖွယ် မျက်နှာထားရှိသည်။ သူမ ဘဝနှင့် သူမအလှက မထင်ရက်စရာ ဖြစ်သည်။ ထိုင်းတက္ကသိုလ် တစ်ခုတွင်တိရစ္ဆာန် ဆေးကု ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၉၉၇ ခုနှစ် အာရှစီးပွား ပျက်ကပ်တွင် မိသားစုဘဝပျက်ပြီး သူမလည်း ဤဘဝသို့ ရောက်ခဲ့ရသည်ဟု ဆိုသည်။မိုင်းလီကဲ့သို့ ထိုင်းနိုင်ငံရှိ အမျိုးသမီး ပေါင်းများစွာ ဘဝတွေပျက်ခဲ့ရသည်။ စီးပွားပျက်မှု

မဟာဆန် အမည်ပေးမိ၍ သီရိလင်္ကာ မိုးလေဝသ ပညာရှင် တောင်းပန်ရ

မေလလယ်က အိန္ဒိယ သမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကာ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများသို့ ဖြတ်သန်းတိုက်ခတ်သွားသော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အား မဟာဆန် (Mahasen)ဟု အမည်ပေးလိုက်သည့်အပေါ် သီရိလင်္ကာရှိ ထိပ်တန်း မိုးလေဝသ ပညာရှင်များက တောင်းပန်လိုက်ရသည်။အကြောင်းမှာ သီရိလင်္ကာ နိုင်ငံတွင် အေဒီ ၄ ရာစုက အုပ်ချုပ်သွားသော ဘုရင်မင်းမြတ်၏ အမည် (King Mahasen)အား ယခုကဲ့သို့ သဘာဝကပ်ဘေးကြီးတခုအတွက် သုံးလိုက်ခြင်းအပေါ် နိုင်ငံရေးသမားများနှင့် လယ်သမားအဖွဲ့များက

မြောက်ဥက္ကလာရှိ ကြိုးတံတား ပျက်ကျမှုကြောင့် ယာယီပိတ်ထား

ယနေ့ နံနက် ၉နာရီခွဲ အချိန်က မြောက်ဥက္ကလာပ မြို့နယ်နှင့် မြောက် ဒဂုံမြို့နယ် တို့အား ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းဖြတ် လူကူးကြိုးတံတား အား ချောင်းအတွင်းသွား သဲစုပ် စက်လှေ တစ်စီးက ၀င်ရောက်တိုက်မိမှုကြောင့် ကြိုးတံတား ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မြောက်ဥက္ကလာပ မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
" ကြိုးတံတား ပျက်ကျမှုကြောင့် ထိခိုက်သေဆုံးတာတော့ မရှိပါဘူး တံတားက စက်လှေနဲ့ ၀င်တိုက်ခံရတဲ့အတွက် ဆိုင်းကြိုး ၁၃ ကြိုး ပျက်သွားပြီး တစ်ဖက်စောင်း ပျက်သွားတဲ့အတွက် ဒီတံတားကို

မူဆလင်ကုလားများ လက်နက်အဖြစ် အသုံးပြုသော စကားလုံးများ

1 - လူအခွင့်အရေးဆိုသော စကားလုံး
===========
လူအခွင့်အရေးကို ကာဗာယူပြီး သူတို့မူဆလင်အားနည်းနေသော နေရာများတွင် အင်အားစုခြင်း၊
(က) ရသလောက်မိန်းမယူပြီး ကလေးမွေးခြင်း၊

(ခ)ဘာသာတူကုလားများကို ခိုးသွင်းခြင်း၊

(ဂ)ခိုးဝင်လာသည့် ကုလားများအား အကာအကွယ်ပေးခြင်း၊ထောက်ပံ့ပေ့းခြင်း။များကိုပြုလုပ်ပြီး

မြန်မာ့ဆန် ဥရောပတွင် ဈေးကွက် ဆက်ချဲ့

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးပြီးတဲ့နောက် မြန်မာနိုင်ငံက ထွက်တဲ့ ဆန်ကို ဥရောပနိုင်ငံတွေထဲ ဈေးကွက် ဆက်လက် ချဲ့ထွင်ဖို့ ခြေလှမ်းပြင်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်တွေကို ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရုရှားနဲ့ ဘယ်ဂျီယံ နိုင်ငံတွေကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ထဲမှာ တင်ပို့နေပြီး လာမယ့် ဘဏ္ဍာနှစ်တွေမှာ တိုးချဲ့ပို့ဆောင်ဖို့ ဆက်သွယ်ကြိုးပမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။“အခုလို Sanction ပွင့်လာတော့ ကျနော်တို့ အနေနဲ့လည်း ဈေးကွက်ကို

"မွန်ပြည်နယ်တွင် ၁၅ဝဝ တန်ဖုန်း ကျပ် ၅ဝဝဝဝ အထိဈေးပေါက်နေ"

မွန်ပြည်နယ်အတွင်း ကျပ် ၁၅ဝဝ တန် ဖုန်းကတ်များ ရောင်းချပေးသော်လည်း မဲပေါက်ချိန်အထိ မစောင့်ဆိုင်း နိုင်မှုကြောင့် ပြင်ပပေါက်ဈေး ကျပ် ၅ဝဝဝဝ အထိ ဖြစ်နေ ကြောင်း မော်လ မြိုင်မြို့ခံတစ် ဦးက ပြောသည် ပြည်သူများအတွက် ရရှိသော ခွဲတမ်းများထဲမှ ဧပြီလ အတွင်းက ရရှိထားသော ရပ်/ကျေး ၁၁ ခုကို ဖယ်ပြီး ကျန်ရပ်/ကျေး ၃ဝ ခုအတွက် ခွဲဝေပေးခဲ့ကြောင်း၊ ရပ်/ ကျေးများသို့ ခွဲဝေရာတွင် အိမ်ထောင်စုလူဦးရေအရ ခွဲဝေပေးခြင်းဖြစ်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူး တစ်ဦး တည်း၏ ဆုံးဖြတ်ချက်ဖြင့် မရောင်းချဘဲ ရပ်/ကျေး အထောက်အကူပြု ကော်မတီဝင်များနှင့် ပူးပေါင်းညှိနှိုင်း ပြီး မဲစနစ်ဖြင့်

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုရန် ကျန်ရှိနေသေးသော ကေအိုင်အိုအဖွဲ့သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးနား မနောကွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့အဖြစ် ပြုလုပ်ခဲ့သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် ဆွေးနွေးခဲ့ ပြီးနောက် ပထမဆုံးအကြိမ် ပြည်တွင်း၌ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ဖြစ်သည်။
ယနေ့ဆွေးနွေးပွဲ ပြုလုပ်နေစဉ် သတင်းမီဒီယာများကို ဝင်ရောက်သတင်းယူခွင့် မပြုခဲ့သော်လည်း

ဖယ်ရှားခံ အရာထမ်းများ နေရာတွင် လူသစ်များ အစားထိုးခန့်

သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးဟု ဆိုကာ အငြိမ်းစားပေး ဖယ်ရှားလိုက်သော ညွှန်ကြားရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး၏ ရာထူးနေရာများတွင် လူသစ်များ အစားထိုးခန့် အပ်လိုက်ကြောင်း သတင်းရရှိသည်။သမ္မတ ဦးသိန်းစိန်က ညွှန်ကြားရေးမှူးချုပ် ၅ ဦး၊ ပါမောက္ခချုပ် ၁ ဦးတို့ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးကာ ရာထူးမှ ဖယ်ရှားလိုက်ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအ၀င် အစိုးရ

မြန်မာ အတက် ထိုင်း အကျ

ပြီးခဲ့သော ကြာသပတေးနေ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင် နာဝပ်ထ ရာသည် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် သူ၏ အိမ်တော်တွင် တွေ့ဆုံ ခဲ့ပြီး ထားဝယ် မဟာစီမံကိန်းတွင် ဂျပန် က ရင်းနှီးမြှုပ်နှံရန် တိုက် တွန်းခဲ့၏။ ဂျပန် ဝန်ကြီးချုပ်က နောက်နေ့တွင် ရန်ကုန်သို့ သွားရောက်ပြီး စီးပွားရေး အကူအညီ နှင့် ရေရှည် စီးပွားရေး တိုးတက်မှု စီမံကိန်း များစွာ၊ တန်ဖိုး အမေရိကန် ဒေါ်လာ တစ်ဘီလျံ နီးပါးပေးမည် ဖြစ် ၏။ ဂျပန်ရော မြန်မာနိုင်ငံပါ သီလဝါ ဆိပ်ကမ်း တည်ထောင်ရန် စိတ်ကူးရှိ ကြ ၏။ လောလောဆယ် ထားဝယ် ဖွံ့ဖြိုးမှု စီမံကိန်းကို မလုပ်ကြသေး။ထို ရက်သတ္တပတ်၏ အတော အတွင်းမှာပင်

INVEST 94B တောင်ဘက်သို့ ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ပြန်လည်ရောက်ရှိ

94B သည် မေလ ၂၉ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ အင်အားပိုမိုကောင်းလာခြင်း လျော့သွားခြင်း မရှိပဲ လွန်ခဲ့သည့် ၆ နာရီအတွင်း တောင်ဘက်သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားကာ အနီးဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ၏ တောင်ဘက် မိုင် ၄ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၁၁၅ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ၂၄၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်-အနောက်တောင်ဘက် မိုင် ၁၈ဝ ခန့် ကွာဝေးသည့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း

ရဲတိုက်က လူသိရှင်ကြား တောင်းပန်ပါက အမှုအားပြန်လည် ရုတ်သိမ်းပေးမည် ဟုဆို



ဗိုလ်တစ်ထောင်မြို့နယ် စိန့်မေရီ ခရစ်ယာန် ဘုရားကျောင်းရှေ့၌ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့သော သရုပ်ဆောင် ရဲတိုက်က လူသိရှင်ကြား တရားဝင် ပြန်လည်တောင်းပန် ပါက အမှုအား ပြန်လည် ရုတ်သိမ်းပေးသွားမည်ဟု ဘုရားကျောင်းသာသနာ့ အကျိုးဆောင်အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လားရှိုးတွင်မီးရှို့ခံရမည့် အစ္စလာမ်ဘာသာဝင်ပိုင် လုပ်ငန်းများ စာရင်းထွက်ပေါ်

လားရှိုးမွတ်စလင်မ်များအား အကြမ်းဖက်တိုက်ခိုက်မှုကို ဘာသာရေး အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ယနေ့နံနက်ပိုင်းတွင်လည်းဆက်လက်ပြုလုပ်နေ ပြီး ယနေ့နေ့လည် ၂ နာရီဝန်းကျင်အချိန်တွင် အမှတ် ၂ ရပ်ကွက် သုခလမ်း ရှိ အစ္စလာမ်ဘာသာဝင်ပိုင် လားရှိုး ဓါတ်ပုံတိုက် ကိုမီးရှို့တော့မည်ဖြစ်ကြောင်း ဘေးကပ်လျှက်ရှိ ဗုဒ္ဓဘာသာဝင်ပိုင် အင်တာနက် ဆိုင်သို့ အကြမ်းဖက်သမားများက လာရောက်

ရခိုင်ပြည်အနံ NLD ရုံးများရုပ်သိမ်းပေးရန်ရခိုင်လူငယ်များ မှဆောင်ရွက်သွားမည်။

ရခိုင်ပြည်အနှံဖွင့်လှစ်ထားသွာအမျိုးသားNLDအားရခိုင်ပြည်မှအပြီးပိုင်ဖျက်သိမ်းသွားရန်ဆောင်ရွက်
သွားမည်ဖြစ်ကြောင်းရခိုင်မျိုးချစ်လူငယ်များအသင်းမှသိရပါသည်။ကျွန်တော်တို့ကဗုဒ္ဓဘာသာလူမျိုးများ
ဘာသာမပျောက်ရအောင်ငါတိုလူငယ်တွေမှာတာဝန်ရှိတယ်ဘင်္ဂလီ ကုလားတွေကို အားပေးနေတယ် NLD ပါတီကိုကျွန်တော်တိုလူမျိုးတွေလက်မခံနိုင်ပါNLDကခေါင်းဆောင်တွေကုလားသားဖောက်နှုန်းတွေကိုမထိန်း
ချုပ်သင့်ဘူးဆိဲု့ခေါင်းဆောင်တွေ ဘင်္ဂလီကုလားတွေကို မြန်မာနှိင်ငံ အနှံသွားလာခွင့် တားမြစ်ထားတာ

ကယ်လီဖိုးနီးယားရှိ Disneyland တွင် အသေးစား ပေါက်ကွဲမှုဖြစ်

ကယ်လီဖိုးနီးယားရှိ Disneyland အပန်းဖြေ ဥယျာဉ်တွင် အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ယင်းသည် ရေခဲခြောက်ကြောင့်ဖြစ်ပြီး အကြမ်းဖက်မှု မဟုတ်ကြောင်း ရဲများက ပြောကြား...
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ Disneyland အပန်းဖြေ ဥယျာဉ်တွင် အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ယင်းသည် ရေခဲခြောက်ကြောင့်ဖြစ်ပြီး အကြမ်းဖက်မှု မဟုတ်ကြောင်း ရဲများက ပြောကြားခဲ့သည်။ အင်္ဂါနေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် Walt Disney ကုမ္ပဏီမှ

စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကတိပြု

ရန်ကုန်ရှိ စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း လျှပ်စစ်မီးလုံးဝမရရှိနေမှုအား ယခုလကုန်တွင် အတတ်နိုင်ဆုံး ဖြေရှင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ကတိပြုပြောကြား လိုက်သည်။ဦးမြင့်ဆွေက “အခုလောလောဆယ်တော့ဦးစားပေးအနေနဲ့ အအေးခန်းစက်ရုံတွေကိုပေးထား တယ်။ ထပ်ပြီးတော့ ရနိုင်သလောက်ထပ်ပေးဖို့လျှပ်စစ်ဝန်ကြီးကိုတောင်းဆိုထားတယ်။ ဒီလကုန်ရင်မီးရမယ်။ ၂၄နာရီရအောင်တော့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်" ဟု ပြောကြားသည်။
ယင်းနှင့်စပ်လျဉ်း၍ ဦးမြင့်ဆွေက မေလ၂၈ရက်တွင် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ကျင်းပသည့်

ပုဒ်မ (၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများ နေအိမ်အပြင်သို့မထွက်ရဲ

လားရှိုးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှု ဆက်လက်မဖြစ်ပေါ်စေရန် လုံခြုံရေး အပြည့်ဖြင့် စောင့်ကြည့်လျက် ရှိပြီး ပုဒ်မ(၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများအနေဖြင့် နေအိမ်ပြောင်းရွှေ့သူ များ နှင့် အပြင်သို့ မထွက်ရဲသူများ ရှိနေကြောင်း သိရှိရသည်။
“ကြောက်တာပေါ့ အိမ်အပြင်ဘယ်လိုမှ မထွက်ရဲဘူး ၊ အိမ်မှာအရင်ရက်က ၀ယ်ထားတဲ့ ဟင်းချက်စရာတွေ ရှိနေသေးလို့ အဆင်ပြေနေသေးတယ်။ “ဟု လားရှိုးမြို့ ရပ်ကွက် (၁၀)နေ ဒေသခံတစ်ဦးက ပြောသည်။
ပဋိပက္ခဖြစ်ပွားရာရပ်ကွက်အချို့တွင် မေလ(၂၉)ရက်နေ့ နေ့လည်(၁၁)နာရီမတိုင်ခင်

သမ္မတဦးသိန်းစိန်နှင့် ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမည်

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး ထားသော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ကြောင့် RCSS/SSA ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဇွန်လ ပထမပတ်အတွင်း တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း RCSS/SSA မှ ဗိုလ်မှူးကြီး သိုက်ဦးက The Voice သို့ ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ ဇွန်လအတွင်း

ဧရာဝတီတိုင်းအနှံ့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲမည်ဟု လယ်သမားသမဂ္ဂပြော

လယ်သမားများထံမှ သိမ်းဆည်းထားသော လယ်ယာမြေများအား မိုးရာသီ စိုက်ပျိုးချိန်အမီ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက် ဆုံးရှုံးခဲ့သည့် လယ်ယာမြေများအား ထွန်တုံးတိုက်ပွဲ ဆင်နွှဲကာ ပြန်လည်ရယူလုပ်ကိုင်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂက ပြောဆိုလိုက်သည်။ “တောင်သူလယ်သမားတွေက ဌာနဆိုင်ရာတွေကို လူနဲ့စာနဲ့ အမျိုးမျိုးပြောတယ်။ ပြောတဲ့အခါ အာဏာပိုင်တွေက ကျနော်တို့လုပ်ပေးပါ့မယ်၊ စုံစမ်းစစ်ဆေးပေးပါ့မယ်၊ ခဏစောင့်ပါဦးဆိုလို့ စောင့်ခဲ့ပါတယ်။ အခုက မိုးရွာလာတဲ့အခါမှာ ကျနော်တို့ သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်ဆုံးသွားပါပြီ။ အဲတော့ တောင်သူတွေဟာ သူတို့ပိုင်တဲ့ လယ်ထဲကို သူတို့

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရည်အသွေးမြင့် Tourist Police များ မွေးထုတ်ပေးရန် လိုအပ်လာကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ အကြံပေးက ပြောကြား

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမှုကြောင့် နိုင်ငံခြားသား ခရီးသွားများ၏ လုံခြုံရေး ဆောင်ရွက်နိုင်ရန် အရည်အသွေးမြင့် Tourist Police များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ အကြံပေး Mr. Mark Wilson က ဆိုသည်။"မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားတွေ ပိုမိုဝင်ရောက် လာတယ်။ နိုင်ငံခြားသား ခရီးသွားတွေရဲ့ အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်လာလို့ရှိရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်လာနိုင်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ အရည်အသွေးမြင့်တဲ့ Tourist Police တွေ ရှိဖို့လိုအပ်ပါတယ်" ဟု Mr. Mark Wilson က ဆိုသည်။
မြန်မာ့ရဲတပ်ဖွဲ့ဝင်များ၏ အဓိက လိုအပ်ချက် အနေဖြင့် အင်္ဂလိပ်စာ သင်ကြားပေးရန် လိုအပ်ပြီး

မုံရွာတွင် မြန်မာ-အိန္ဒိယ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲ ကျင်းပ

မုံရွာမြို့ မြစန္ဒာခန်းမတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲကို မေ ၂၈ ရက်တွင် စတင်ကျင်းပရာ မဏိပူရ်မှ CM Manipur၊ ဒေသဆိုင်ရာ အာဏာပိုင်များ အပါအ၀င် ကာလကတ္တား၊ ပန်ဂျပ်၊ မွန်ဘိုင်း၊ အာသံအပါအ၀င် ပြည်နယ်အသီးသီးမှ ၀န်ထမ်းများ လာရောက်ခဲ့ကြောင်း သိရသည်။"မူလစာရင်း အရကတော့ မဏိပူရ်က ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် အိန္ဒိယနိုင်ငံက ၁၁၅ ဦး လာရောက်တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ထပ်တိုးလာတဲ့ အိန္ဒိယနိုင်ငံသားတွေလည်း ပါတယ်။ မြန်မာနဲ့ အိန္ဒိယ ကုန်သွယ်မှုအတွက် အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုတိုးတက်လာဖို့ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက်လမ်းပန်းဆက်သွယ်ရေး၊

အိပ်ရာထချိန် ခါးနာနေလျှင်

မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊ခုတင်နဲ့ အိပ်ရာတွေက ကိုယ်နဲ့ အဆင် မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဘယ်လို အကြံပေးလဲဆိုတော့
1) ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ ...

ပက်လက်အိပ်ရင် ခါးနာ တတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲ

နိုင်ငံတကာရွှေဈေး ပြန်တက်လာပြီးနောက် မြန်မာ့ရွှေဈေး ပုံမှန်သို့ ပြန်ရောက်

ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေအရောင်းအ၀ယ် ပြုလုပ်နေစဉ်
နိုင်ငံတကာ ရွှေဈေးကွက်၌ ရွှေအရောင်းအ၀ယ် ပြုလုပ်သည့် ဈေးနှုန်းများ အနည်းငယ် ပြန်လည်မြင့်တက်လာနေပြီး ပြည်တွင်းရွှေ ပေါက်ဈေးမှာလည်း ပုံမှန်ဈေးနှုန်းသို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။၂၀၁၃ ခုနှစ်၊ မေလအတွင်း၌ နိုင်ငံတကာ ဈေးနှုန်းမှာ အတက်အကျ မြန်ဆန်ခဲ့ခြင်းကြောင့် နိုင်ငံတကာဈေးနှင့် ဆက်နွှယ်လျက်ရှိသည့် ပြည်တွင်းရွှေဈေးမှာလည်း လိုက်ပါပြောင်းလဲ ခဲ့ရသည်။နိုင်ငံတကာ ရွှေဈေးမှာ ဧပြီလဆန်းပိုင်း၌ တစ်အောင်စလျှင်

စက်မှုဇုန် အချို့တွင် အလုပ်သမား အခွင့်အရေးအတွက် ရက်ရှည်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်

ယခုလအတွင်း လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင် အလုပ်သမား အခွင့်အရေး၊ လုပ်ခလစာ အခွင့်အရေးတို့အတွက် ရက်ရှည်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး လှိုင်သာယာစက်မှုဇုန် ၂၊ ရွှေလင်ပန်း စက်မှုဇုန်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ငွေပင်လယ် စက်မှုဇုန်တို့ရှိ စက်ရုံများတွင် အလုပ်သမား စုစုပေါင်း ၃၀၀၀ ၀န်းကျင်က မေ ၂၈ ရက်နေ့ထိ ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားနေသော စက်ရုံများမှာ လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ဘိုဆန်းပိုက် စက်ရုံ၊ ဟုန်စိန်ပီနံအိတ် စက်ရုံ၊ သုံးထပ်ကြီး အထည်ချုပ်စက်ရုံ၊ YesOne အထည်ချုပ်စက်ရုံ၊ ဆာကူရာ အထည်ချုပ်စက်ရုံ၊ Esquare ဖိနပ်စက်ရုံ၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊

ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီ ဖွဲ့စည်းခြင်း

အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသော ကရင် ငြိမ်းချမ်းရေး အဖွဲ့များသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရည်စူးပြီး ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီ တရပ်ကို ယမန်နေ့က ဖွဲ့စည်း ခဲ့သည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှအရာရှိ တစ်ဦးက ဆိုပါသည်။ “ ကျင်းပတဲ့ နေရာကKNLA ရဲ့ကော့ကရိတ် မြို့နယ်မှာ ရှိတဲ့ ထို့ကော်ကိုး စခန်းမှာပေါ့နော်။ အဖွဲ့က (၆) ဖွဲ့ တက်ပါတယ်။ အဓိက ကတော့ ကရင် ငြိမ်းချမ်းရေး အဖွဲ့တွေ အားလုံးပါတယ်။ ကရင် ညီညွတ်ရေးနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြသနာ ဖြေရှင်းဖို့ရယ် ပြီးတော့

ရော်နယ်လ်ဒိုကို လုပ်ခလစာအများဆုံး ကစားသမားဖြစ်စေရန် ရီးယဲလ် ဆန္ဒရှိ

ရီးယဲလ်မက်ဒရစ် အသင်းသည် ၎င်းတို့၏ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကမ္ဘာ့လုပ်ခလစာ အများဆုံး ဘောလုံးသမား ဖြစ်လာစေရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဘာနေဗျူးတွင် (၂၀၁၅)ခုနှစ်ထိသာ စာချုပ်သက်တမ်း ရှိနေသည့် ရော်နယ်လ်ဒိုအား ယခုနွေရာသီတွင် ရီးယဲလ်က ရောင်းထုတ်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ရော်နယ်လ်ဒိုသည် အခွန်ဆောင်ပြီး အသားတစ် တစ်နှစ်လုပ်ခ ပေါင်စတာလင် (၈)သန်း ရရှိနေသူလည်း ဖြစ်သည်။ ၎င်းကို မန်ချက်စတာ ယူနိုက်တက်နှင့် PSGအသင်းများက ချိတ်ဆက်နေပြီး ရော်နယ်လ်ဒို အနေဖြင့် အသင်းဟောင်း မန်ယူသို့

ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ခဲ့တဲ့ လူမှုအသိုင်းအ၀ိုင်း နှစ်ခုကို ခွဲခြားထားတဲ့ မူဝါဒကြောင့်၊ မူဆလင် လူမှုအသိုင်းအ၀ိုင်းတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလာပြီး ထိခိုက်မှုတွေ ရှိလာနေတယ်လို့ MSF နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ထုတ်ပြန်ပါတယ်။
MSF မြန်မာဌာနေအဖွဲ့ဟာ အဲ့ဒီဒုက္ခသည်တွေကို အကူအညီ ပေးလျက်ရှိရာမှာ၊ သူတို့ ကြုံတွေ့ သိမြင်ရတဲ့ အခြေအနေတွေအပေါ်မှာ အခုလို ထုတ်ပြန် ပြောဆိုတာ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။MSF အဖွဲ့အနေနဲ့ မကြာသေးခင်က ပဋိပက္ခတွေကြောင့်

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နယ်သာလန်နိုင်ငံ၊ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး H.E.Ms. M.H. Schultz van Haegen-Maas Geesteranusဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် နယ်သာလန်နိုင်ငံ၊ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး H.E.Ms. M.H. Schultz van Haegen-Maas Geesteranus ဦးဆောင်သော ကိုယ်စားလှယ်ဖွဲ့အား ယနေ့ မွန်းလွဲ (၁၅၀၀) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆယ်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းနှင့် တာဝန်ရှိသူများ

တစ်ကိုယ်တော်ဆန္ဒပြသူသရုပ်ဆောင် ရဲတိုက်သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူခံရ

သရုပ်ဆောင် ရဲတိုက်(ခ)လင်းထွန်းဦးအား သာသနာ ညှိုးနွမ်းအောင် ရည်ရွယ်ချက်အကြံအစည် အပြုအမှု လုပ်ဆောင်ခြင်းကြောင့် အမှုဖွင့်အရေးယူထားကြောင်း ဗိုလ်တထောင်ရဲစခန်းမှ သိရသည်။ဗိုလ်တထောင် စခန်းမှူး ဦးသာဇံ က ”ဗီဒီယိုသရုပ်ဆောင် ရဲတိုက်က ဘုရားကျောင်းဝင်းထဲကို ဝင်လာတယ်။ ဘုရားကျောင်းဝန်ထမ်းက ပြောပြတာ မရဘဲနဲ့ တံခါးဂျက်တွေကို အတင်းဆွဲ ဖွင့်ပြီး အထဲကို ဝင်သွားတယ်။ ပြီးတော့ ပြန်ထွက်သွားတယ်။ ၁၂ နာရီမှာ ဘုရားကျောင်းထဲကို ထပ်ဝင်လာတယ်။ ဘုရားကျောင်းအနောက်ဘက်က ဘုန်း တော်ကြီးတွေကို ပေးထားတဲ့ အခန်း တွေထဲကို ဖွင့်ပြီး ဝင်တယ်။ ၁၂ နာရီ ကနေ ဘုရားဝတ်ပြုနိုင်ကြောင်း ဘုရား ကျောင်းက ရှင်းပြပါတယ်။ ရဲတိုက်က ဘုရားစင်ကို

ကေအိုင်အိုနှင့် အပစ်ရပ် သဘောတူညီမှုရလျှင် တိုင်းရင်းသားအားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ ဇွန်လကုန်တွင်ကျင်းပမည်

ကေအိုင်အိုနှင့် အပစ်ရပ် သဘော တူညီမှု ပြုလုပ်နိုင်ပါက တိုင်းရင်းသား အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေး ပွဲကို ဇွန်လကုန်တွင် ပြုလုပ်မည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောကြားလိုက် သည်။ ကေအိုင်အိုနှင့် အစိုးရ အပစ်ရပ်ပျက်ပြားပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေး နွေးပွဲများကိုပြည်ပတွင်သာ ပြုလုပ်ခဲ့ရာ မှ ပထမဆုံးအဖြစ် မြစ်ကြီးနားတွင် မေ ၂၈ ရက်နေ့က ပြုလုပ်သည့် ပွဲ၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။မေလ ၂၈ ရက်နေ့မှ ၃ဝ ရက် နေ့အထိ ၃ ရက်ကြာ ဆွေးနွေးပွဲအစ မေ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီး ဦးအောင်မင်းက အဖွင့်မိန့်ခွန်းပြောရာ၌ ”နိုင်ငံတော် သမ္မတက တိုင်းရင်းသား

မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး သူများထဲတွင် လူရွှင်တော် ဒိန်းဒေါင်ဇနီး ပါဝင်

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မေ ၂၅ ရက်နေ့က တိမ်းမှောက်ခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးသူများထဲတွင် သရုပ်ဆောင် လူ ရွှင်တော် ဒိန်းဒေါင်၏ ဇနီး မအေးအေး မွန် ပါဝင်ကြောင်း သိရသည်။ရန်ကုန်-မန္တလေးအမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းရဲစခန်း အပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/၄ ဖာလုံ ခန့်တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ဘီးချော်မှုကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦီး ရှိခဲ့သည်။ သေဆုံးသူထဲမှ ငါးဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဖြူးမြို့၊ အနောက်ဘက်

အမေရိကန်နိုင်ငံ မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ပေးအပ်ခဲ့သော စစ်ရေယာဉ် BNS Somudro Joy ၏နောက်ကွယ်သို့မျှော်ကြည့်မိခြင်း

ဘင်္ဂလားဒေ့ရှ်ရေတပ်သည် အမေရိကန်ရေတပ်မှ မေလ (၂၃)ရက်နေ့က ပူပူနွေးနွေး လက်ဆောင်အဖြစ် ရရှိထားသော USCGC Jarvis (WHEC-725) စစ်ရေယာဉ်အား ယခုနှစ်ကုန်ပိုင်းခန့်တွင် BNS Somudro Joy အမည်ဖြင့် တပ်ဝင်အင်အားစာရင်း သွင်းတော့မည် ဖြစ်သည်။ စစ်ရေယာဉ်၏ သက်တမ်းမှာ နှစ်ပေါင်း(၄၀) ကျော်ခန့် ရှိပြီဖြစ်သော်လည်း နှစ်ပေါင်း(၂၀)ခန့်အကြာ ၁၉၉၀/၉၂ ခုနှစ်တွင် Fleet Rehabilitation and Modernization Program (FRAM) အရ ဒေါ်လာ (၅၅)သန်း အကုန်ကျခံကာ အကြီးစားမွမ်းမံပြင်ဆင်၍ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် Recommissioned ပြုလုပ်ထားသော

ကြံ့ခိုင်ရေးပါတီကို အရေးယူရန် တောင်ဥက္ကလာ ပြည်သူများ ဆန္ဒထုတ်ဖော်မည်

တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင် ပန်းခြံမြေနေရာကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က သိမ်းယူပြီး ကွန်ဒိုအိမ်ရာ တည်ဆောက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီ ဥပဒေအရ ကြံ့ခိုင်ရေးပါတီကို အရေးယူဆောင်ရွက်ပေးရန် တောင်ဥက္ကလာ ပြည်သူများက ဆန္ဒထုတ်ဖော် တောင်းဆို မည် ဖြစ်ကြောင်း သိရှိရသည်။၁၉၉၂ ခုနှစ် နိုင်ငံရေး ပါတီအဖြစ် အသွင်မပြောင်းမီ ကြံ့ခိုင်ရေး အသင်းက တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့် ပန်းခြံမြေနေရာကို အသင်းမြို့နယ်ရုံး အဖြစ် ဆောက်လုပ်ပြီး မြေကွက်ကို

ဆီးရီးယားကို ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ် ကူမည်

နိုင်ငံရပ်ခြားက ဆီးရီးယားအပေါ် စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာလျှင် တုံ့ပြန်ကာကွယ်ဖို့ အဆင့်မြင့် ဝေဟင်ပစ် မစ်ဇိုင်းဒုံးကျည်တွေ ဆီးရီးယားနိုင်ငံကို ပေးအပ်မှာဖြစ်ကြောင်း ထိပ်တန်း ရုရှားသံတမန်တစ်ဦးက ပြောကြားခဲ့ပါတယ်။ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လဗ်ရော့ဗ် (Sergei Ryabkov) က အဆင့်မြင့် S-300 လေယာဉ်ပစ် ဒုံးကျည်တွေကို ပေးပို့သွားမယ့်အကြောင်း အင်္ဂါနေ့က ပြောဆိုခဲ့ပြီး ဒါဟာ ဆီးရီးယားနိုင်ငံ တည်ငြိမ်မှုအတွက် ဖြစ်လိမ့်မယ်ဆိုပြီး ပြောပါတယ်။
မော်စကိုအနေနဲ့ ဒီလို လုပ်တာဟာ ဆီးရီးယားနိုင်ငံက ပဋိပက္ခတွေ ရပ်တန့်အောင် နိုင်ငံတကာက

ကမ္ဘာ့ပထမဆုံး Scan စက်ပါသော LG ကွန်ပြူတာ မောက်စ်

တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္မဏီ LG မှ ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ ပထမဆုံး အီလက်ထရောနစ် Gadget တစ်ခု ဖြစ်ပါတယ်။ Scan စက်ရော၊ ကွန်ပြူတာ မောကစ် အနေနဲ့ရော တစ်ခါတည်း အသုံးပြုရမှာ ဖြစ် ပါတယ်။LG LSM-100 Smart Scan Mouse Scanner လို့အမည်ပေးထားပြီး A3 အရွယ်အထိ Scan ဖတ်လို့ရပါတယ်။ မော့က်စ်ရဲ့ အောက်က မျက်နှာပြင် သေးသေးလေးနဲ့ ဘယ်လို Scan ဖတ်မလဲလို့ မေးခွန်း ထုတ်သူများ ရှိပါတယ်။ အမှန်တော့ Scan ဖတ်မယ့် စာရွက်ပေါ်က ခဲဖျက်ဖျက်သလို အပြည့်ပေါ်အောင် တစ်နေရာကနေ တစ်နေရာ နေရာ စုံ

ရဲတိုက်ဆန္ဒပြမှုအကြောင်း စိန်မေရီ ဘုရားကျောင်း Facebook မှာ ရှင်းလင်း

ရန်ကုန်က ခရစ်ယာန်ဘုရားကျောင်းတခုမှာ သရုပ်ဆောင်ရဲတိုက် ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အဲဒီ ဘုရားကျောင်းရဲ့ Facebook မှာ မနေ့ညက ကြေညာချက်တစောင် ဖော်ပြခဲ့ပါတယ်။
 အပြည့်အစုံကိုကူးယူ ဖော်ပြလိုက်ပါတယ်။

သရုပ်ဆောင်ရဲတိုက်၏ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်သည့်ဖြစ်ရပ်မှန်

စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ

အသံနှင့် စေခိုင်း၍ရသော ကားကို တိုယိုတာမှ ထုတ်လုပ်

တကယ် အသံနဲ့ စေခိုင်းလို့ရတဲ့ ကား ဖြစ်ပါတယ်။ ဒီအတွက် တိုယိုတာက Microsoft နဲ့ ပူးပေါင်းရယူထားတဲ့ နည်းပညာ ဖြစ်ပါတယ်။တစ်ယောက်စီး Smart Insect concept EV မီနီကားငယ်လေး ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ- အဆင့်မြင့် နည်းပညာပြပွဲမှာ ဝင်ရောက်ပြသပြီး လူကြိုက် များနေတဲ့ ကား ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ နဲ့ အနောက်မှာ Xbox -Kinect ကင်မရာကို တပ်ဆင်ထားပါတယ်။ စပီကာလည်း ပါဝင်ပါတယ်။ ကင်မရာ ကတော့ ဒရိုဘာရဲ့ လှုပ်ရှားမှုကို မှတ်သားပေးထားပါတယ်။ ယင်းလှုပ်ရှားမှု ကို ကင်မရာက မှတ်သားထားပေးပြီး သော့သုံးစရာမလိုပဲ Body ပြရုံနဲ့ အလို အလျောက် တံခါးပွင့်မှာ ဖြစ်ပါတယ်။ ရှေ့ ရော၊နောက်မှာပါ တပ်ထားတဲ့ မျက်နှာပြင်ကလည်း

ဆီးဂိမ်းမတိုင်မီ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရန် လိုအပ်

မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များ တိုးတက်လာသည့် အပြင် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲလည်း လက်ခံ ကျင်းပတော့မည် ဖြစ်သောကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ် မကျဆင်းရန် ရဲတပ်ဖွဲ့၏ စွမ်းရည်နှင့် ကျင့်သုံးနေသည့် ပုံစံများကို ပြုပြင်ပြောင်းလဲရေး လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွားများအတွက် သင်တန်းပေးနေသော ခရီးသွား ရဲတပ်ဖွဲ့သာမက ဒေသအနှံ့ရှိ ရဲတပ်ဖွဲ့များ၏ စွမ်းရည်နှင့် အခြေခံ လိုအပ်ချက်များကိုပါ မြှင့်တင်ရန် လိုအပ်ကြောင်း ခရီးသွားရဲများကို သင်တန်းပေးနေသော အမေရိကန်

KNU အတွက် ကရင်အဖွဲ့များရဲ့ တိုက်တွန်းချက်

မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ကရင်အမျိုးသားများ၏ ကံကြမ္မာအတွက် အဓိကထား ထည့်သွင်းစဉ်းစားရန်၊ နိုင်ငံရေး အရ အမြတ်ထုတ် အသုံးချခြင်း မခံရအောင် အထူးသတိပြုဆောင်ရွက်ရန် ကရင်အမျိုးသားအရေးဆောင် ရွက်နေကြသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်း ၄၀ကျော်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို တိုက်တွန်းလိုက်ကြသည်။ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ KNU ၏ လေးဝါးစခန်းတွင် တနင်္ဂနွေနေ့မှ စတင်ပြီး ၅ ရက်ကြာကျင်းပနေသည့် ၉ ကြိမ်မြောက် ကရင်အမျိုးသား

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအဖွဲ့၏ ရုံးခန်းဖွင့်လှစ်

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအဖွဲ့၏ရုံးခန်းဖွင့်ပွဲအခမ်းအနားကိုမေလ(၂၇)ရက်နေ့၊နံနက်
(၈)နာရီကပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့၊မင်္ဂလာရပ်ကွက်၊အိမ်အမှတ်(က)၊(၁၁၃)တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။ထိုအခမ်းအနားကိုပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊မြန်မာနိုင်ငံလက်ဖက်ကုန်သည်ကြီးများအသင်း၊စက်ရုံလုပ်ငန်းရှင်ကြီးများ
အသင်း၊အသေးစား၊အလတ်စားလုပ်ငန်းရှင်များအသင်းနှင့်ဒေသခံပြည်သူ(၂၀၀)ခန့်တက်ရောက်ခဲ့
ကြောင်းသိရသည်။လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအဖွဲ့ကိုမတ်လကစတင်ဖွဲ့စည်းခဲ့ပြီး

မြောက်ပိုင်း လူသတ်မှု ABSDF ကာယကံရှင်များနှင့် တွေ့ဆုံကြားနာမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က လွန်ခဲ့သော နှစ် ၂၀ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် သွေးထွက်သံယိုမှုများ၊ သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ပြန်လည်ဖော်ထုတ်ရန် ကာယကံရှင်များနှင့်တွေ့ဆုံကာ အချက်အလက်များ စတင်စုဆောင်းနေပြီ ဖြစ်ကြောင်း သိရသည်။လွန်ခဲ့သော ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက ကျောင်းသားတပ်ဦးအတွင်း သူလျှိုစစ်ဆေးဖော်ထုတ်ခြင်းများကြောင့် ကျောင်းသားများ သေဆုံးခဲ့ရခြင်းများ၏ အသေးစိတ် အချက်အလက်များကို ကာယကံရှင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ABSDF ၏

တရုတ်နှင့် စစ်ရေးဆက်ဆံမှု တိုးချဲ့မည်ဟု အိမ်ဖြူတော် လုံခြုံရေး အကြံပေး ပြောကြား

အမေရိကန်နိုင်ငံက လုံခြုံရေးကိစ္စများစွာတို့တွင် နှစ်နိုင်ငံတင်းမာမှုများ တိုးလာနေသော်လည်း တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရေး၊ ဓားပြများကို တန်ပြန်တိုက်ခိုက်ခြင်းနှင့် သဘာဝဘေးအတွက် ကူညီမည့် နယ်ပယ်များတွင် လက်တွဲလုပ်ကိုင်ခြင်းအပါအဝင် စစ်ရေးဆက်ဆံမှု ကိုလည်း တိုးချဲ့မည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားသည်။အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး တွန်ဒိုနီလန်က အမေရိကန်သမ္မတနှင့်တရုတ်သမ္မတတို့ တွေ့ဆုံပွဲမတိုင်မီနှစ်ပတ်လိုသေးသော အချိန်တွင်

ရှမ်းပြည်တောင်ပိုင်း လက်ဖက်ခင်းများ ဘိန်းခင်းအဖြစ်ပြောင်း

ရွှေဖီမိုးလွတ် လက်ဖက်လုပ်ငန်းနဲ့ နာမည်ကြီးခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းဒေသမှာ လက်ဖက်ပင်တွေအစား ဘိန်းပင်တွေ နေရာယူလာတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့က ပြောပါတယ်။
လက်ဖက်ဈေးကျဆင်းပြီး ဈေးကွက်မရှိတဲ့အတွက် ၀င်ငွေ အဆမတန်ပိုရတဲ့ ဘိန်းစိုက်ပျိုးရေး လုပ်ငန်းကို တောင်သူတွေ ပိုပြီး လုပ်ကိုင်လာကြတယ်လို့ ပင်လောင်းဒေသခံ ပအိုဝ်းလူငယ်အဖွဲ့ဝင် ခွန်ကံနာကျူက ပြောပါတယ်။“နဂိုနေရာ လက်ဖက်ခြံတွေ၊ တချို့က လိမ္မော်ခြံတွေ၊ လိမ္မော်က အခုနောက်ပိုင်း ဈေးကွက်မေကာင်းဘူးပေါ့။ တရုတ်ပြည်က ပန်းသီး၊ ပျားလိမ္မော်တွေ တအားဝင်လာတော့ စိုက်စားရတာ မကိုက်တော့ဘူး။ နောက် လက်ဖက်ခြောက်က ၁ ပိဿာ ၂၀၀၀၊ ၂၅၀၀ အလွန်ဆုံး။ သူတို့ စားဝတ်နေရး

"မြို့နယ်ကိုယ်စားလှယ် ဗီဒီယို ဖြန့်ချိရေး စနစ်(အသစ်) စမ်းသပ်မည့်အပေါ် ပြန်လည်သုံးသပ်သင့် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့က ကန့်ကွက်"

မြန်မာနိုင်ငံဗီဒီယိုအခြေခံအဖွဲ့ (ဗဟို)က ပြုလုပ်ကျင့်သုံးမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်ကိုယ်စားလှယ်ဗီဒီယိုဖြန့်ချိရေး စနစ်(အသစ်)အပေါ်အထိုက်အ လျောက်ကောင်းမွန်မှုရှိနေသေး သော ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို ဈေးကွက်ကိုယခုစနစ်ဖြ...င့်စတင် စမ်းသပ်မည့်အစားပျက်စီးယိုယွင်း နေသော အခြားပြည်နယ်နှင့်တိုင်း တစ်ခုတွင်အချိန်ယူစမ်းသပ်လုပ် ကိုင်၍ ထွက်ရှိလာသော အကောင်း အဆိုးကိုသရုပ်ခွဲပြီးမှသာလျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ စမ်းသပ်သင့်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးအခြေခံအဖွဲ့က မေ၂၂ ရက်နေ့ ထုတ်ပြန်ကြေညာခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး အခြေခံ အဖွဲ့၏ ထုတ်ပြန်ချက်စာတွင် ရန်ကုန် တိုင်းဒေသကြီး၌ ဗီဒီယိုဖြန့် ချိရောင်းချရမှု၊ ဇာတ်ကားတင်ယူမှု

ဇွန် ၂၅ ရက်နေ့မှာ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ အတိအကျ သိရမယ်

လွှတ်တော်က အရေးတကြီး ကော်မရှင်ဖွဲ့ လိုက်ရှာခဲ့တဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိနေပြီဖြစ်လို့ လာမယ့် ဇွန် ၂၅ ရက်နေ့မှာ အားလုံး သိရအောင် ဖွင့်ချတော့မှာ ဖြစ်ပါတယ်။
ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို မြန်မာ့အရေး စိတ်ဝင်စားသူတွေက မေးနေကြပြီး သူ့ကိုဘာကြောင့် လွှတ်တော်က ဒီလောက် အရေးတကြီး လိုက်ရှာနေရလဲ ဆိုတာကို အများက သိချင်နေကြပါတယ်။ဒေါက်တာ ဆိတ်ဖွားဆိုတဲ့သူဟာ ဒီနှစ် ဇန်န၀ါရီလထဲမှာ Above the Law ဆိုတဲ့ ဆောင်းပါးတပုဒ်ကို Myanmar Express လို့ခေါ်တဲ့ ၀က်ဘ်ဆိုက် တခုမှာရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ရုံသာမက

ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယူသင့်ပြီ

ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၂)ရပ်ကွက်ရှိ ကျူးကျော်အိမ်များအကြားတွင် ဆောက်ထားသော အိမ်လေးတစ်လုံး ထဲ၌ အသက် (၄၀)အရွယ် ကိုမောင်ဝင်းတစ်ယောက် လှဲနေသည်။ သူက အသက်ကို ဖြည်းညှင်းစွာ ရှုရင်းမှ ငယ်စဉ် ကလေးဘ၀ကပင် အဘိုးဖြစ်သူကို ကွမ်းဝယ်ပေးရာမှစပြီး (၉)နှစ်သားအရွယ်တွင် ကွမ်းစားတတ် လာခဲ့ကြောင်း ဆိုသည်။ သူ အသက်(၄၀) အရွယ်မှာတော့ အစာမျိုလမ်းကြောင်းကင်ဆာ ဝေဒနာကို ခံစားနေရပေပြီ။လွန်ခဲ့သော (၁)နှစ်ခန့်မှစကာ လည်ချောင်းများနာလာခြင်းနှင့် ခံတွင်းပျက်ခြင်းစသည့် လက္ခဏာများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း စီးပွားရေးမပြေလည်မှုကြောင့် ဝေဒနာများ ခံစားရပြီး (၅)လကျော် ကြာမှသာ ဆေးစစ်မှုခံရာမှ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...