မုံရွာမြို့ မြစန္ဒာခန်းမတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဒေသဆိုင်ရာ
ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲကို မေ ၂၈ ရက်တွင် စတင်ကျင်းပရာ မဏိပူရ်မှ
CM Manipur၊ ဒေသဆိုင်ရာ အာဏာပိုင်များ အပါအ၀င် ကာလကတ္တား၊ ပန်ဂျပ်၊
မွန်ဘိုင်း၊ အာသံအပါအ၀င် ပြည်နယ်အသီးသီးမှ ၀န်ထမ်းများ လာရောက်ခဲ့ကြောင်း
သိရသည်။"မူလစာရင်း အရကတော့ မဏိပူရ်က ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် အိန္ဒိယနိုင်ငံက
၁၁၅ ဦး လာရောက်တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ထပ်တိုးလာတဲ့
အိန္ဒိယနိုင်ငံသားတွေလည်း ပါတယ်။ မြန်မာနဲ့ အိန္ဒိယ ကုန်သွယ်မှုအတွက်
အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်မှု
ပိုမိုတိုးတက်လာဖို့ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက်လမ်းပန်းဆက်သွယ်ရေး၊
ကူးသန်းရောင်းဝယ်ရေး အရှိန်အဟုန် တိုးမြှင့်ကြဖို့ အဓိက ဆွေးနွေးကြတယ်" ဟု
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲတွင်
လိုက်ပါဆောင်ရွက်သူ တစ်ဦးက ပြောပြသည်။
"မြန်မာ-အိန္ဒိယ
နှစ်နိုင်ငံ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တွေ့ဆုံပွဲကို မေ ၂၈ ရက်မှာ
လုပ်သလို မြို့တော်ခန်းမမှာ အိန္ဒိယ-မြန်မာ ကုန်စည်ပြပွဲကိုလည်း မုံရွာမြို့
မြို့တော်ခန်းမမှာ မေ ၂၈ ရက် နံနက်ပိုင်းမှာပဲ စတင်ပြု လုပ်ကြပါတယ်။
အိန္ဒိယ ကုန်စည်တွေ ပြသသလို စစ်ကိုင်းတိုင်းဒေသကြီးက ဒေသထွက်ကုန်တွေ စပါး၊
နှမ်း၊ နေကြာ၊ ၀ါ၊ ကြံ၊ ပီလောပီနံ၊ သရက်၊ သခွားမွှေး၊ ဖရဲသီး၊
ကြက်သွန်ဖြူနီ၊ ပြောင်းဖူး၊ ဂျုံ၊ မြေပဲအပြင် အိန္ဒိယနဲ့ နှစ်နိုင်ငံ
ကုန်သွယ်မှုမှာ ပိုမိုအရေးပါလာမယ့် ပဲအမျိုးမျိုးဖြစ်တဲ့ မြေပဲ၊ ကုလားပဲ၊
ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ ထောပတ်ပဲ၊ ပဲလွန်း၊
စွန်တာနီပြာ၊ ပဲကြီးစတဲ့ ပဲတွေကိုလည်း အထွက်နှုန်းနဲ့တကွ ပြသနိုင်လို့
အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုအရေးပါလာမယ်လို့
မျှော်လင့်ပါတယ်" ဟု မုံရွာကုန်စည်ဒိုင် အသင်းသားတစ်ဦးက ပြောပြသည်။
EMG
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 29
(45)
- အရှေ့တောင်အာရှ လိင်ကျွန်များဘဝ
- မဟာဆန် အမည်ပေးမိ၍ သီရိလင်္ကာ မိုးလေဝသ ပညာရှင် တောင်း...
- မြောက်ဥက္ကလာရှိ ကြိုးတံတား ပျက်ကျမှုကြောင့် ယာယီပိတ်ထား
- မူဆလင်ကုလားများ လက်နက်အဖြစ် အသုံးပြုသော စကားလုံးများ
- မြန်မာ့ဆန် ဥရောပတွင် ဈေးကွက် ဆက်ချဲ့
- "မွန်ပြည်နယ်တွင် ၁၅ဝဝ တန်ဖုန်း ကျပ် ၅ဝဝဝဝ အထိဈေးေ...
- ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင...
- ဖယ်ရှားခံ အရာထမ်းများ နေရာတွင် လူသစ်များ အစားထိုးခန့်
- မြန်မာ အတက် ထိုင်း အကျ
- INVEST 94B တောင်ဘက်သို့ ရွေ့လျားပြီး ဘင်္ဂလားပင်လယ်ေ...
- ရဲတိုက်က လူသိရှင်ကြား တောင်းပန်ပါက အမှုအားပြန်လည် ရ...
- လားရှိုးတွင်မီးရှို့ခံရမည့် အစ္စလာမ်ဘာသာဝင်ပိုင် လုပ...
- ရခိုင်ပြည်အနံ NLD ရုံးများရုပ်သိမ်းပေးရန်ရခိုင်လူင...
- ကယ်လီဖိုးနီးယားရှိ Disneyland တွင် အသေးစား ပေါက်ကွ...
- စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်...
- ပုဒ်မ (၁၄၄)ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများ နေအိမ်အပြ...
- သမ္မတဦးသိန်းစိန်နှင့် ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ ...
- ဧရာဝတီတိုင်းအနှံ့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲမည်ဟု လယ်...
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရည်အသွေးမြင့် Tourist P...
- မုံရွာတွင် မြန်မာ-အိန္ဒိယ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်...
- အိပ်ရာထချိန် ခါးနာနေလျှင်
- နိုင်ငံတကာရွှေဈေး ပြန်တက်လာပြီးနောက် မြန်မာ့ရွှေဈေ...
- စက်မှုဇုန် အချို့တွင် အလုပ်သမား အခွင့်အရေးအတွက် ရက်...
- ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီ ဖွဲ့စ...
- ရော်နယ်လ်ဒိုကို လုပ်ခလစာအများဆုံး ကစားသမားဖြစ်စေရန...
- ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်
- ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နယ်သာလန်နိုင်ငံ၊ အခြေခံအဆောက...
- တစ်ကိုယ်တော်ဆန္ဒပြသူသရုပ်ဆောင် ရဲတိုက်သာသနာ ညှိုးန...
- ကေအိုင်အိုနှင့် အပစ်ရပ် သဘောတူညီမှုရလျှင် တိုင်းရင်...
- မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင...
- အမေရိကန်နိုင်ငံ မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ပေးအပ်ခ...
- ကြံ့ခိုင်ရေးပါတီကို အရေးယူရန် တောင်ဥက္ကလာ ပြည်သူမျာ...
- ဆီးရီးယားကို ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ် ကူမည်
- ကမ္ဘာ့ပထမဆုံး Scan စက်ပါသော LG ကွန်ပြူတာ မောက်စ်
- ရဲတိုက်ဆန္ဒပြမှုအကြောင်း စိန်မေရီ ဘုရားကျောင်း Faceb...
- အသံနှင့် စေခိုင်း၍ရသော ကားကို တိုယိုတာမှ ထုတ်လုပ်
- ဆီးဂိမ်းမတိုင်မီ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရန် လိုအပ်
- KNU အတွက် ကရင်အဖွဲ့များရဲ့ တိုက်တွန်းချက်
- လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအဖွဲ့၏ ရုံးခ...
- မြောက်ပိုင်း လူသတ်မှု ABSDF ကာယကံရှင်များနှင့် တွေ့...
- တရုတ်နှင့် စစ်ရေးဆက်ဆံမှု တိုးချဲ့မည်ဟု အိမ်ဖြူတော်...
- ရှမ်းပြည်တောင်ပိုင်း လက်ဖက်ခင်းများ ဘိန်းခင်းအဖြစ...
- "မြို့နယ်ကိုယ်စားလှယ် ဗီဒီယို ဖြန့်ချိရေး စနစ်(အသစ...
- ဇွန် ၂၅ ရက်နေ့မှာ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ အတိအကျ သ...
- ကွမ်းစားခြင်းကြောင့် ဝေဒနာခံစားနေရသူများကို နမူနာယ...
-
▼
May 29
(45)
-
▼
May
(981)