ကေအိုင်အိုနှင့်
အပစ်ရပ် သဘော တူညီမှု ပြုလုပ်နိုင်ပါက တိုင်းရင်းသား အားလုံးပါဝင်သော
နိုင်ငံရေး ဆွေးနွေး ပွဲကို ဇွန်လကုန်တွင် ပြုလုပ်မည်ဟု
ဝန်ကြီးဦးအောင်မင်းက ပြောကြားလိုက် သည်။ ကေအိုင်အိုနှင့် အစိုးရ
အပစ်ရပ်ပျက်ပြားပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆွေး နွေးပွဲများကိုပြည်ပတွင်သာ ပြုလုပ်ခဲ့ရာ မှ ပထမဆုံးအဖြစ် မြစ်ကြီးနားတွင် မေ ၂၈ ရက်နေ့က ပြုလုပ်သည့် ပွဲ၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။မေလ ၂၈ ရက်နေ့မှ ၃ဝ ရက် နေ့အထိ ၃ ရက်ကြာ ဆွေးနွေးပွဲအစ မေ ၂၈ ရက်နေ့
နံနက်ပိုင်းတွင် ဝန်ကြီး ဦးအောင်မင်းက အဖွင့်မိန့်ခွန်းပြောရာ၌
”နိုင်ငံတော် သမ္မတက တိုင်းရင်းသား အားလုံးနဲ့ အပစ်အခတ်ရပ်စဲမှုကို တော်
တော်လေးလိုလားပါတယ်”ဟုပြောသ ည်။
ကေအိုင်အိုဘက်မှ ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောင်းလဲ
လာသော နိုင်ငံရေး အခြေအနေအရ ပြည်သူလူထု လိုအားတောင့်တသော အခြေအနေကို
ဖန်တီးမည်ဟု ပြော သည်။
ကုလသမဂ္ဂနှင့် တရုတ်သံအရာ ရှိတို့ လေ့လာသူအဖြစ် ပါဝင်သော ယခု ဆွေးနွေးပွဲတွင် ကေအိုင်အိုဘက်က ဦးစောလဂန်၊ ဗိုလ်ချုပ်ဂွမ်မော်အပါ အဝင် အင်အား ၃ဝ ခန့်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့ဝင် အင်အား ၂ဝ ကျော်နှင့် ကာ ကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာ
ကုန်လွှဲအပ်ထားသော ဒုတိယဗိုလ်ချုပ် ကြီး မြင့်စိုး ခေါင်းဆောင်သည့် စစ်ဖက် အရာရှိတို့ တက်ရောက်ခဲ့ကြသည်။ Myanmar Peace Center မှ ဒေါက်တာ မင်းဇော်ဦးက ”ဒီတစ်ခေါက် ဆွေးနွေးမှုက အရင်ထက်စာရင် ပိုအား ရတယ်။ ယုံကြည်မှုလည်းတိုးလာတယ်။ မေ ၂၈ ရက်အထိတော့ ဝိဝါဒ ကွဲပြားမှု သိပ်မရှိဘူး”ဟု ပြောသည်။
ယခုတစ်ခေါက်ဆွေးနွေးမှုမှာ အပစ်အခတ်ရပ်စဲရေး၊ စစ်ရှောင် ဒုက္ခ သည်များ နေရပ်ပြန်ကြရေးအတွက် ဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးနိုင်ရန် အပြန်အလှန် ဆွေးနွေး ကြခြင်းတို့ ပြု လုပ်ကြကြောင်း ၎င်းက ဆိုသည်။ ကေအိုင်အိုဘက်မှ ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ဦးစောလဂန်က ”တစ်ဖက်နဲ့ တစ်ဖက်အပြစ်တင်နေ့မဲ့ အစား ငြိမ်းချမ်းရေး ဖော်ဆောင်နိုင် ဖို့ပဲ မျှော်လင့်တယ်”ဟု ပြောသည်။ ပြည်တွင်း တွင် ဆွေးနွေးပွဲ ကျင်းပ နိုင်ခြင်းအပေါ် အရပ်ဖက် အဖွဲ့အစည်း များနှင့် ဒေသခံများက ကြိုဆိုကြပြီး၊ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ရလဒ် အပေါ် မျှော်လင့်နေသည်ဟု မြစ်ကြီးနား ဒေသခံအချို့က ပြောသည်။
Popular Myanmar News Journal