အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

"မြို့နယ်ကိုယ်စားလှယ် ဗီဒီယို ဖြန့်ချိရေး စနစ်(အသစ်) စမ်းသပ်မည့်အပေါ် ပြန်လည်သုံးသပ်သင့် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့က ကန့်ကွက်"

မြန်မာနိုင်ငံဗီဒီယိုအခြေခံအဖွဲ့ (ဗဟို)က ပြုလုပ်ကျင့်သုံးမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်ကိုယ်စားလှယ်ဗီဒီယိုဖြန့်ချိရေး စနစ်(အသစ်)အပေါ်အထိုက်အ လျောက်ကောင်းမွန်မှုရှိနေသေး သော ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို ဈေးကွက်ကိုယခုစနစ်ဖြ...င့်စတင် စမ်းသပ်မည့်အစားပျက်စီးယိုယွင်း နေသော အခြားပြည်နယ်နှင့်တိုင်း တစ်ခုတွင်အချိန်ယူစမ်းသပ်လုပ် ကိုင်၍ ထွက်ရှိလာသော အကောင်း အဆိုးကိုသရုပ်ခွဲပြီးမှသာလျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ စမ်းသပ်သင့်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးအခြေခံအဖွဲ့က မေ၂၂ ရက်နေ့ ထုတ်ပြန်ကြေညာခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး အခြေခံ အဖွဲ့၏ ထုတ်ပြန်ချက်စာတွင် ရန်ကုန် တိုင်းဒေသကြီး၌ ဗီဒီယိုဖြန့် ချိရောင်းချရမှု၊ ဇာတ်ကားတင်ယူမှု လျော့ချလာမှုများကြောင့်ရန်ကုန် တိုင်းဒေသကြီးအတွင်းဗီဒီယိုဖြန့်ချိမှုစနစ်ကိုပြောင်းလဲကျင့်သုံးမှု အသစ်(စည်းမျဉ်းစည်းကမ်း)များကို ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို) မှ စာအမှတ် ၁/ဗအခ/ဗဟို / ၂ဝ၁၃ (၁၂၄)။ ၁၇-၅-၂ဝ၁၃ နေ့စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့သို့ မိတ္တူပေးပို့ လာရာ-ယင်းစာတွင် ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)သည် ကျန်တိုင်း နှင့် ပြည်နယ်အားလုံး၌ ဗီဒီယိုဈေး ကွက်ကို ကောင်းမွန်စွာ ထိန်းသိမ်း နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်များတွင် ဗီဒိယိုဇာတ်ကား ရောင်းချမှုလျော့ကျလာနေပြီး ပျက် စီးနေသည်ဟု အစည်းအဝေးဆုံး ဖြတ်ချက်ချထားပါကြောင်း၊ထို့ ကြောင့်ရန်ကုန်တိုင်းဒေသ ကြီး ဗီဒီယို အခြေခံအဖွဲ့သည် ဗီဒီယိုအခြေခံ အဖွဲ့၏ အခြားပြည် နယ်နှင့်တိုင်းများ တွင် ဗီဒီယိုဈေး ကွက်ပြန်လည်ခိုင်မာ လာစေရေးကို မည်ကဲ့သို့ ပြုလုပ်ထား သည်ကိုလေ့လာသိရှိရန်အတွက် ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်သို့လေ့လာရေးဆင်း ခဲ့ရာ၌ လေ့လာတွေ့ရှိချက်အရ၊ သွားခဲ့ သည့် ခရီးစဉ် တိုင်း နှင့်ပြည် နယ် ၄ ခုလုံးရှိ ငှားရမ်း ရေး ဆိုင် များ အား လုံးနီးပါး သည် တရားဝင်ဆင်ဆာကတ်များ လုံးဝမပါရှိဘဲတရားဝင်သဖွယ်ငှား ရမ်းလုပ်ကိုင်နေကြသည်ကို တွေ့ရှိခဲ့ ရကြောင်း၊ထို့အတွက်ကြောင့် ဗီဒီယိုအခြေခံ အဖွဲ့(ဗဟို) အနေဖြင့် ဆိုးဆိုးဝါးဝါးပျက်စီးနေသောပြည် နယ်နှင့်တိုင်းများကိုလစ်လျူ ရှုပြီးဈေးကွက်ကောင်းမွန်နေသော မဟာရန်ကုန်ကိုဖြန့်ချိမှုစနစ်ကို ပြောင်းရန်ကြိုးစားနေမှုအပေါ် ကန့်ကွက်ပါကြောင်း၊ စနစ်တစ်ခုနှင့် တစ်ခုအပြောင်းအလဲတွင် အောင် မြင်မှုရှိသလိုပျက်စီးမှုလည်း ဖြစ်နိုင် ပါကြောင်း၊အထိုက်အလျောက်ကောင်းမွန်မှုရှိနေ သေးသော ရန်ကုန်တိုင်းဒေသကြီး ဈေးကွက်ကို ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို)မှ စနစ်သစ်စမ်းသပ်မည့်အစားပျက်စီးယိုယွင်းနေ သောအခြား ပြည်နယ်နှင့်တိုင်းတစ်ခု ကိုအချိန်ယူစမ်းသပ်လုပ်ကိုင်စေ၍ထွက် ရှိလာသော အဖြေ၏အကောင်းနှင့်အဆိုးကို သရုပ်ခွဲပြီးမှသာလျှင်ရန်ကုန် တိုင်းဒေသကြီးအားစမ်းသပ်သင့် ပါကြောင်းများပါဝင်သည်။

ထက်လူလူ

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...