မွန်ပြည်နယ်အတွင်း ကျပ် ၁၅ဝဝ တန် ဖုန်းကတ်များ ရောင်းချပေးသော်လည်း
မဲပေါက်ချိန်အထိ မစောင့်ဆိုင်း နိုင်မှုကြောင့် ပြင်ပပေါက်ဈေး ကျပ် ၅ဝဝဝဝ
အထိ ဖြစ်နေ ကြောင်း မော်လ မြိုင်မြို့ခံတစ် ဦးက ပြောသည် ပြည်သူများအတွက်
ရရှိသော ခွဲတမ်းများထဲမှ ဧပြီလ အတွင်းက ရရှိထားသော ရပ်/ကျေး ၁၁ ခုကို
ဖယ်ပြီး ကျန်ရပ်/ကျေး ၃ဝ ခုအတွက် ခွဲဝေပေးခဲ့ကြောင်း၊
ရပ်/ ကျေးများသို့ ခွဲဝေရာတွင် အိမ်ထောင်စုလူဦးရေအရ
ခွဲဝေပေးခြင်းဖြစ်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူး တစ်ဦး တည်း၏
ဆုံးဖြတ်ချက်ဖြင့် မရောင်းချဘဲ ရပ်/ကျေး အထောက်အကူပြု ကော်မတီဝင်များနှင့်
ပူးပေါင်းညှိနှိုင်း ပြီး မဲစနစ်ဖြင့် ရောင်းချရန် မှာကြား
ထားပြီးဖြစ်ကြောင်း၊ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး က
ပြောသည်။မေလအတွက် ရောင်းချပေးရန် ကျပ် ၁၅ဝဝ တန် ဆင်းကတ် ၁ဝ၈၅ဝ
ခု၊ မွန်ပြည်နယ်အတွက် ရရှိခဲ့ကြောင်း၊ မွန်ပြည်နယ်ရှိမြို့နယ် ၁ဝ
မြို့နယ်အနက် ဆက်သွယ် အသုံးပြု၍ရသော မြို့နယ် ၇ မြို့နယ်ကိုသာ ပြည်သူများ
အတွက်နှင့် ဝန်ထမ်းများအတွက်ဟူ၍ခွဲဝေ ချထားပေး ခဲ့ကြောင်း၊ ယခုလတွင်
မော်လမြိုင်မြို့နယ်၊ ပြည်သူများ အတွက် ဆင်းကတ် ၃၂၈၅ ကတ်နှင့်
ဝန်ထမ်းများအတွက် ၁၁ဝဝ ကတ်ရရှိကြောင်း သိရသည် ''ကျွန်တော်ကတော့
မဲမပေါက်လို့ မရလိုက်ဘူး။
တချို့ မစောင့်နိုင်တဲ့ လူတွေက လိုက်ဝယ်ကြတဲ့အတွက် ပြင်ပ ပေါက်ဈေး ကျပ် ၅ဝဝဝဝ လောက် ဖြစ်နေတယ်လို့ သိရတယ်။ နောက်လလည်း ထပ်ရဦးမှာပဲဟာ။ ဘာလို့ လိုက်ဝယ်နေ ကြလဲမသိဘူး'' ဟု ကွင်းရပ် ရပ်ကွက်မှ မဲမပေါက်သူတစ်ဦးက ပြောသည်။
ထူးထူး (မော်လမြိုင်)
Popular Myanmar News Journal
တချို့ မစောင့်နိုင်တဲ့ လူတွေက လိုက်ဝယ်ကြတဲ့အတွက် ပြင်ပ ပေါက်ဈေး ကျပ် ၅ဝဝဝဝ လောက် ဖြစ်နေတယ်လို့ သိရတယ်။ နောက်လလည်း ထပ်ရဦးမှာပဲဟာ။ ဘာလို့ လိုက်ဝယ်နေ ကြလဲမသိဘူး'' ဟု ကွင်းရပ် ရပ်ကွက်မှ မဲမပေါက်သူတစ်ဦးက ပြောသည်။
ထူးထူး (မော်လမြိုင်)
Popular Myanmar News Journal